ဆန္ဒပြပွဲတွေ စစ်တပ်နဲ့နှိမ်နှင်းမယ့် သမ္မတ Trump ရဲ့ အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီး ကန့်ကွက်

ကာကွယ်ရေးဝန်ကြီး Mark Esper ကို ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအတူ တွေ့ရစဉ် (ဇွန်လ ၁ ရက်နေ့ ၊ ၂၀၂၀)
(Unicode)⤵⤵⤵
ဒီသီတင်းပတ် အစောပိုင်းမှာ သမ္မတ ဒေါ်နယ်ထရမ့် အကြံပေးခဲ့သလို အမေရိကန်နိုင်ငံ တလွှားက ဆန္ဒပြမှုတွေ နှိမ်နင်းရာမှာ စစ်တပ်ကို သုံးဖို့ ကိစ္စကို သူမထောက်ခံဘူးလို့ ကာကွယ်ရေးဝန်ကြီး Mark Esper ကပြောပါတယ်။

အမေရိကန်နိုင်ငံမှာ သောင်းကျန်းမှု နှိမ်နင်းရေး ဥပဒေ Insurrection Act အရ ဆန္ဒပြမှုတွေကို နှိမ်နင်းဖို့ သမ္မအနေနဲ့ စစ်တပ်ကို စေလွှတ် အသုံးပြုနိုင်ပေမယ့် အခု ဒီဥပဒေကို သုံးဖို့ သူမထောက်ခံဘူးလို့ ဝန်ကြီး Esper က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ Minneapolis ရဲဌာနက ဖမ်းထားစဉ် အာဖရိကန် - အမေရိကန်အမျိုးသား George Floyd သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး လမ်းမတွေပေါ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာပါ။

အခုလို စစ်တပ်ကို သုံးတဲ့ ကိစ္စဟာ အရေးအကြီးဆုံး ဖြစ်လာပြီး သိပ်ကိုဆိုးဝါးတဲ့ အခြေနေကိုရောက်မှသာ သုံးဖို့၊ နောက်ဆုံးရွေးချယ်စရာ လမ်းပဲဖြစ်သင့်ကြောင်းနဲ့ အခု လက်ရှိ အခြေနေဟာ အဲဒီအနေထားထိ ရောက်မလာသေးဘူးလို့လည်း ဝန်ကြီး Esper က ပြောပါတယ်။

တကယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ သူတို့ရဲ့ ပြည်နယ်တွေကို မထိန်းနိုင်တော့ဘူးဆိုရင် စစ်တပ်ကို စေလွှတ်မှာဖြစ်ကြောင်း တနင်္လာနေ့က သမ္မတအိမ်ဖြူ နှင်းဆီဥယာဉ်မှာ သမ္မတထရမ့်က ပြောခဲ့တာဖြစ်ပါတယ်။ သမ္မတထရမ့်နဲ့အတူ အဲဒီအချိန်က ဝန်ကြီး Esper ပါ ရှိနေတာပါ။

George Floyd သေဆုံးရတာနဲ့ ပတ်သက်ပြီး Minneapolis ရဲဌာနရဲ့ လုပ်ရပ်တွေကို ရှုံ့ချကြောင်း ဝန်ကြီးက ပြောကြားခဲ့သလို Floyd ကို အမှတ်ရ ဂုဏ်ပြုတဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့နဲ့ ဒီသေဆုံးမှုအတွက် တာဝန်ခံ တာဝန်ယူမှု ရှိစေဖို့လည်း ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------
(Zawgyi)⤵⤵⤵
ဆႏၵျပပြဲေတြ စစ္တပ္နဲ႔ႏွိမ္ႏွင္းမယ့္ သမၼတ Trump ရဲ႕ အစီအစဥ္ကို ကာကြယ္ေရးဝန္ႀကီး ကန႔္ကြက္

ဒီသီတင္းပတ္ အေစာပိုင္းမွာ သမၼတ ေဒၚနယ္ထရမ့္ အႀကံေပးခဲ့သလို အေမရိကန္ႏိုင္ငံ တလႊားက ဆႏၵျပမႈေတြ ႏွိမ္နင္းရာမွာ စစ္တပ္ကို သုံးဖို႔ ကိစၥကို သူမေထာက္ခံဘူးလို႔ ကာကြယ္ေရးဝန္ႀကီး Mark Esper ကေျပာပါတယ္။

အေမရိကန္ႏိုင္ငံမွာ ေသာင္းက်န္းမႈ ႏွိမ္နင္းေရး ဥပေဒ Insurrection Act အရ ဆႏၵျပမႈေတြကို ႏွိမ္နင္းဖို႔ သမၼအေနနဲ႔ စစ္တပ္ကို ေစလႊတ္ အသုံးျပဳႏိုင္ေပမယ့္ အခု ဒီဥပေဒကို သုံးဖို႔ သူမေထာက္ခံဘူးလို႔ ဝန္ႀကီး Esper က ဗုဒၶဟူးေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ Minneapolis ရဲဌာနက ဖမ္းထားစဥ္ အာဖရိကန္ - အေမရိကန္အမ်ိဳးသား George Floyd ေသဆုံးခဲ့ရတာနဲ႔ပတ္သက္ၿပီး လမ္းမေတြေပၚမွာ ဆႏၵျပမႈေတြ ျဖစ္ပြားေနတာပါ။

အခုလို စစ္တပ္ကို သုံးတဲ့ ကိစၥဟာ အေရးအႀကီးဆုံး ျဖစ္လာၿပီး သိပ္ကိုဆိုးဝါးတဲ့ အေျခေနကိုေရာက္မွသာ သုံးဖို႔၊ ေနာက္ဆုံးေ႐ြးခ်ယ္စရာ လမ္းပဲျဖစ္သင့္ေၾကာင္းနဲ႔ အခု လက္ရွိ အေျခေနဟာ အဲဒီအေနထားထိ ေရာက္မလာေသးဘူးလို႔လည္း ဝန္ႀကီး Esper က ေျပာပါတယ္။

တကယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြအေနနဲ႔ သူတို႔ရဲ႕ ျပည္နယ္ေတြကို မထိန္းႏိုင္ေတာ့ဘူးဆိုရင္ စစ္တပ္ကို ေစလႊတ္မွာျဖစ္ေၾကာင္း တနလၤာေန႔က သမၼတအိမ္ျဖဴ ႏွင္းဆီဥယာဥ္မွာ သမၼတထရမ့္က ေျပာခဲ့တာျဖစ္ပါတယ္။ သမၼတထရမ့္နဲ႔အတူ အဲဒီအခ်ိန္က ဝန္ႀကီး Esper ပါ ရွိေနတာပါ။

George Floyd ေသဆုံးရတာနဲ႔ ပတ္သက္ၿပီး Minneapolis ရဲဌာနရဲ႕ လုပ္ရပ္ေတြကို ရႈံ႕ခ်ေၾကာင္း ဝန္ႀကီးက ေျပာၾကားခဲ့သလို Floyd ကို အမွတ္ရ ဂုဏ္ျပဳတဲ့အေနနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပၾကဖို႔နဲ႔ ဒီေသဆုံးမႈအတြက္ တာဝန္ခံ တာဝန္ယူမႈ ရွိေစဖို႔လည္း ေျပာၾကားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/us-defense-mark-esper-/5448232.html
ဆန္ဒပြပွဲတွေ စစ်တပ်နဲ့နှိမ်နှင်းမယ့် သမ္မတ Trump ရဲ့ အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီး ကန့်ကွက် ဆန္ဒပြပွဲတွေ စစ်တပ်နဲ့နှိမ်နှင်းမယ့် သမ္မတ Trump ရဲ့ အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီး ကန့်ကွက် Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.