ဆူပူလုယက်မှုတွေရပ်တန့်ဖို့ အရပ်ဘက်၊ စစ်ဘက်အင်အား အသုံးပြုမည်ဟု သမ္မတ Trump ပြေ


(Unicode)⤵⤵⤵
အမေရိကန် ပြည်ထောင်စု အတွင်း အကြမ်းဖက် ဆန္ဒပြသူတွေရဲ့ လုပ်ရပ်တွေဟာ ပြည်တွင်း အကြမ်းဖက် လုပ်ရပ်တွေလို့ သမ္မတ Donald Trump က ပြောဆိုလိုက်ပြီး နိုင်ငံတဝန်း ဥပဒေမဲ့ ဆူပူအုံကြွမှုတွေကို အဆုံးသတ်မယ်လို့ တနလာင်္နေ့ ညနေခင်းမှာဘဲ သမ္မတက အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

ဆူပူအုံကြွမှုတွေနဲ့ လုယက်မှုတွေ ရပ်တန့်ဖို့၊ ဖျက်ဆီးမှုတွေ မီးရှို့မှုတွေ အဆုံးသတ်ဖို့၊ ဥပဒေ လိုက်နာတဲ့ အမေရိကန်တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ အတွက် ပြည်ထောင်စု အစိုးရရဲ့ အရပ်ဘက် စစ်ဘက် အင်အားတွေကို အစွမ်းကုန် အသုံးပြုသွားမယ်လို့ သမ္မတ Trump က ပြောပါတယ်။

တနလာင်္နေ့ ညနေခင်းက သမ္မတ အိမ်ဖြူတော် နှင်းဆီဥယျာဉ်မှာ သမ္မတ Trump မိန့်ခွန်း မပြောခင် သတင်းရယူဖို့ တက်ရောက်နေကြတဲ့ သတင်းထောက်တွေ ကျယ်ကျယ်လောင်လောင် ပေါက်ကွဲသံတွေ ကြားခဲ့ရပါတယ်။ သမ္မတ အိမ်ဖြူတော် အနီးက Lafayette ပန်းခြံ ပတ်လည်မှာ မျက်ရည်ယိုဗုံးတွေ အများကြီး ပစ်ခွဲလိုက်တဲ့ အသံတွေ ဖြစ်ပြီး အဓိကရုန်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို တွန်းထုတ်ခဲ့ပါတယ်။

ရာဘာကျည်တွေလည်း သုံးခဲ့သလို မြင်းစီး ရဲတွေလည်း ဆန္ဒပြသူတွေကို ကူညီရှင်းလင်းခဲ့ပါတယ်။ မြို့တော် ဝါရှင်တန် ဒီစီမှာ ညနေ ၇ နာရီကစလို့ ညမထွက်ရ အမိန့် သက်ရောက်တာ ဖြစ်ပြီး ညနေ ၆နာရီခွဲ ကျော်ကျော်မှာ လုံခြုံရေး တာဝန်ရှိသူတွေက အခုလို ဆောင်ရွက်တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------------
(Zawgyi)⤵⤵⤵
ဆူပူလုယက္မႈေတြရပ္တန႔္ဖို႔ အရပ္ဘက္၊ စစ္ဘက္အင္အား အသုံးျပဳမည္ဟု သမၼတ Trump ေျပာ

အေမရိကန္ ျပည္ေထာင္စု အတြင္း အၾကမ္းဖက္ ဆႏၵျပသူေတြရဲ႕ လုပ္ရပ္ေတြဟာ ျပည္တြင္း အၾကမ္းဖက္ လုပ္ရပ္ေတြလို႔ သမၼတ Donald Trump က ေျပာဆိုလိုက္ၿပီး ႏိုင္ငံတဝန္း ဥပေဒမဲ့ ဆူပူအုံႂကြမႈေတြကို အဆုံးသတ္မယ္လို႔ တနလာေနၤ့ ညေနခင္းမွာဘဲ သမၼတက အခိုင္အမာ ေျပာဆိုလိုက္ပါတယ္။

ဆူပူအုံႂကြမႈေတြနဲ႔ လုယက္မႈေတြ ရပ္တန႔္ဖို႔၊ ဖ်က္ဆီးမႈေတြ မီးရႈိ႕မႈေတြ အဆုံးသတ္ဖို႔၊ ဥပေဒ လိုက္နာတဲ့ အေမရိကန္ေတြရဲ႕ အခြင့္အေရးကို ကာကြယ္ေပးဖို႔ အတြက္ ျပည္ေထာင္စု အစိုးရရဲ႕ အရပ္ဘက္ စစ္ဘက္ အင္အားေတြကို အစြမ္းကုန္ အသုံးျပဳသြားမယ္လို႔ သမၼတ Trump က ေျပာပါတယ္။

တနလာေနၤ့ ညေနခင္းက သမၼတ အိမ္ျဖဴေတာ္ ႏွင္းဆီဥယ်ာဥ္မွာ သမၼတ Trump မိန႔္ခြန္း မေျပာခင္ သတင္းရယူဖို႔ တက္ေရာက္ေနၾကတဲ့ သတင္းေထာက္ေတြ က်ယ္က်ယ္ေလာင္ေလာင္ ေပါက္ကြဲသံေတြ ၾကားခဲ့ရပါတယ္။ သမၼတ အိမ္ျဖဴေတာ္ အနီးက Lafayette ပန္းၿခံ ပတ္လည္မွာ မ်က္ရည္ယိုဗုံးေတြ အမ်ားႀကီး ပစ္ခြဲလိုက္တဲ့ အသံေတြ ျဖစ္ၿပီး အဓိက႐ုန္း ႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ကလည္း ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြကို တြန္းထုတ္ခဲ့ပါတယ္။

ရာဘာက်ည္ေတြလည္း သုံးခဲ့သလို ျမင္းစီး ရဲေတြလည္း ဆႏၵျပသူေတြကို ကူညီရွင္းလင္းခဲ့ပါတယ္။ ၿမိဳ႕ေတာ္ ဝါရွင္တန္ ဒီစီမွာ ညေန ၇ နာရီကစလို႔ ညမထြက္ရ အမိန႔္ သက္ေရာက္တာ ျဖစ္ၿပီး ညေန ၆နာရီခြဲ ေက်ာ္ေက်ာ္မွာ လုံၿခဳံေရး တာဝန္ရွိသူေတြက အခုလို ေဆာင္႐ြက္တာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/trump-say-act-of-domestic-terror-/5445488.html
ဆူပူလုယက်မှုတွေရပ်တန့်ဖို့ အရပ်ဘက်၊ စစ်ဘက်အင်အား အသုံးပြုမည်ဟု သမ္မတ Trump ပြေ ဆူပူလုယက်မှုတွေရပ်တန့်ဖို့ အရပ်ဘက်၊ စစ်ဘက်အင်အား အသုံးပြုမည်ဟု သမ္မတ Trump ပြေ Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.