ဆန္ဒပြပွဲတွေကိုင်တွယ်ပုံပျော့ညံ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို သမ္မတ Trump ဝေဖန်


(Unicode)⤵⤵⤵
အမေရိကန် ပြည်ထောင်စု မင်နီဆိုးတား ပြည်နယ်Minneapolis မြို့မှာ လူဖြူရဲတပ်ဖွဲ့ဝင် တဦးကြောင့် လူမည်း အမျိုးသား တဦး သေဆုံးခဲ့ရပြီးနောက် နိုင်ငံတဝန်း ဒါဇင်နဲ့ချီတဲ့ မြို့တွေမှာ ၆ ည ဆက်တိုက် ပရမ်းပတာ ဆန္ဒပြပွဲတွေ ဖြစ်နေတာမှာ ဆန္ဒပြသူတွေကို ဖမ်းဆီး ဖြိုခွဲဖို့ သမ္မတ Donald Trump က တောင်းဆိုလိုက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ ပျော့ညံ့တယ်လို့လည်း တနလာင်္နေ့မှာ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

တနင်္ဂနွေနေ့ ညက ဆန္ဒပြပွဲတွေက ငြိမ်းချမ်းစွာ စတင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ရဲတွေ၊ တခြား အာဏာပိုင်တွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီးနောက်မှာတော့ ဆန္ဒပြသူတွေကို ပိုပြီး တင်းတင်းကြပ်ကြပ် ကိုင်တွယ်ရမယ်လို့ အမေရိကန် သမ္မတက ပြည်နယ် အုပ်ချုပ်ရေးမှူးတွေကို ဗွီဒီယိုရုပ်သံနဲ့ လုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး အများစုဟာ ပျော့ညံ့ကြောင်း၊ လူတွေကို ဖမ်း၊ စုံစမ်းဖော်ထုတ်ပြီး ထောင် ၁၀နှစ် ချလိုက်ရင် ဒါမျိုး နောက်ထပ် မတွေ့ရတော့ဘူးလို့ သမ္မတက ပြောဆိုခဲ့ပါတယ်။ ဝါရှင်တန် ဒီစီက သမ္မတအိမ်ဖြူတော်ရှေ့ လမ်းမှာလည်း ဆန္ဒပြပွဲ ဖြစ်ခဲ့ပါတယ်။

အမေရိကန် မြို့ကြီး တချို့မှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ဆန္ဒပြသူတွေကို ဖြိုခွဲခဲ့သလိုဘဲ တချို့ ဆန္ဒပြသူတွေကလည်း ရဲကားတွေကို မီးရှို့၊ ဈေးဆိုင်တွေကို ဖောက်ထွင်း လုယက်ခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------
(Zawgyi)⤵⤵⤵
ဆႏၵျပပြဲေတြကိုင္တြယ္ပုံေပ်ာ့ညံ့ေၾကာင္း ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြကို သမၼတ Trump ေဝဖန္

အေမရိကန္ ျပည္ေထာင္စု မင္နီဆိုးတား ျပည္နယ္Minneapolis ၿမိဳ႕မွာ လူျဖဴရဲတပ္ဖြဲ႕ဝင္ တဦးေၾကာင့္ လူမည္း အမ်ိဳးသား တဦး ေသဆုံးခဲ့ရၿပီးေနာက္ ႏိုင္ငံတဝန္း ဒါဇင္နဲ႔ခ်ီတဲ့ ၿမိဳ႕ေတြမွာ ၆ ည ဆက္တိုက္ ပရမ္းပတာ ဆႏၵျပပြဲေတြ ျဖစ္ေနတာမွာ ဆႏၵျပသူေတြကို ဖမ္းဆီး ၿဖိဳခြဲဖို႔ သမၼတ Donald Trump က ေတာင္းဆိုလိုက္ၿပီး ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြဟာ ေပ်ာ့ညံ့တယ္လို႔လည္း တနလာေနၤ့မွာ ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။

တနဂၤေႏြေန႔ ညက ဆႏၵျပပြဲေတြက ၿငိမ္းခ်မ္းစြာ စတင္ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ရဲေတြ၊ တျခား အာဏာပိုင္ေတြနဲ႔ ဆႏၵျပသူေတြၾကား ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ၿပီးေနာက္မွာေတာ့ ဆႏၵျပသူေတြကို ပိုၿပီး တင္းတင္းၾကပ္ၾကပ္ ကိုင္တြယ္ရမယ္လို႔ အေမရိကန္ သမၼတက ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေတြကို ဗြီဒီယို႐ုပ္သံနဲ႔ လုပ္တဲ့ ေဆြးေႏြးပြဲမွာ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး အမ်ားစုဟာ ေပ်ာ့ညံ့ေၾကာင္း၊ လူေတြကို ဖမ္း၊ စုံစမ္းေဖာ္ထုတ္ၿပီး ေထာင္ ၁၀ႏွစ္ ခ်လိုက္ရင္ ဒါမ်ိဳး ေနာက္ထပ္ မေတြ႕ရေတာ့ဘူးလို႔ သမၼတက ေျပာဆိုခဲ့ပါတယ္။ ဝါရွင္တန္ ဒီစီက သမၼတအိမ္ျဖဴေတာ္ေရွ႕ လမ္းမွာလည္း ဆႏၵျပပြဲ ျဖစ္ခဲ့ပါတယ္။

အေမရိကန္ ၿမိဳ႕ႀကီး တခ်ိဳ႕မွာ ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးေတြ၊ ရာဘာက်ည္ဆံေတြနဲ႔ ဆႏၵျပသူေတြကို ၿဖိဳခြဲခဲ့သလိုဘဲ တခ်ိဳ႕ ဆႏၵျပသူေတြကလည္း ရဲကားေတြကို မီးရႈိ႕၊ ေစ်းဆိုင္ေတြကို ေဖာက္ထြင္း လုယက္ခဲ့ၾကပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/trump-comment-on-governor-weakness/5445495.html
ဆန္ဒပြပွဲတွေကိုင်တွယ်ပုံပျော့ညံ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို သမ္မတ Trump ဝေဖန် ဆန္ဒပြပွဲတွေကိုင်တွယ်ပုံပျော့ညံ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို သမ္မတ Trump ဝေဖန် Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.