တပ်နဲ့ RCSS တိုက်ပွဲကြောင့် ကျောက်မဲမှာ အရပ်သား တစ်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ


(Unicode)⤵⤵⤵
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ RCSS/SSA တိုက်ပွဲကြောင့် အရပ်သား တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရပြီး ရွာသားငါးရာကျော် နေရပ်စွန့် ခွာနေရပါတယ်။

ဇွန်လ ၂၈ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ ကျောက်မဲမြို့နယ် ပန်ကျန်းကျေးရွာအတွင်း လက်နက်ကြီးကျည်ကျခဲ့လို့ လုံးစုလို့ခေါ်တဲ့ အသက်ငါးဆယ်အရွယ် အမျိုးသား သေဆုံးခဲ့ပြီး အသက် ငါးဆယ်အရွယ် အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်အွမ်ခေးက RFA ကို ပြောပါတယ်။

ကျောက်မဲမြို့ SNLD ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဝင်းကတော့ တိုက်ပွဲကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရသလို ရွာသား သုံးရာလောက် နေရပ်စွန့်ခွာနေရတယ်လို့ ပြောပါတယ်။

ဒီနေ့ညနေပိုင်းမှာလည်း ဒေသခံတချို့ ထပ်မံထွက်ပြေးလာတာကြောင့် စစ်ဘေးဒုက္ခသည် ငါးရာကျော် ရှိနေပြီဖြစ်ပါတယ်။

တိုက်ပွဲအတွင်းမှာ တပ်မတော်ဘက်က ဒေသခံရွာသားတွေကို လမ်းပြအနေနဲ့ ခေါ်ဆောင်တာ ကားတွေ ချောဆွဲတာမျိုးရှိလို့ ကျောက်မဲ စကခ လို့ခေါ်တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်ခဲ့ရာမှာ ရွာသားအချို့ ပြန်လွတ်လာတာရှိတယ်လို့ လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်နေချိန် ကျေးရွာမှာ ပိုးစာပင်စိုက်ဖို့ ကျန်နေခဲ့တဲ့ အမျိုးသားတစ်ဦးကို တပ်ဖက်က ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် ဒဏ်ရာရခဲ့တဲ့အတွက် ဒီကနေ့မနက်မှ ကျောက်မဲဆေးရုံကို ရောက်လာတယ်လို့ ဒေသခံက ပြောပါတယ်။

လက်နက်ကြီးကျလို့ သေဆုံးသူကို နောင်ပိန်ကျေးရွာမှာပဲ သဂြိၤုဟ်လ်မှာဖြစ်ပြီး ဒဏ်ရာရသူ အမျိုးသမီးကိုလည်း နောင်ပိန် တိုက်နယ်ဆေးရုံမှာပဲ ဆေးကုသမှုပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RCSS က ကျောက်မဲမြို့နယ်အတွင်း ဇွန်လ ၂၆ ရက်နေ့က မူးယစ်ဆေးဝါးတွေ မီးရှို့တဲ့ အခမ်းအနားပြုလုပ်ဖို့အတွက် တပ်မတော်ဖက်ကို အကြောင်းကြားခဲ့ပြီး လုံခြုံရေးအတွက် တပ်အင်အားတွေ ကြိုတင်ချထားခဲ့ရာမှာ ဇွန်လ ၂၅ ရက်နေ့လောက်ကတည်းက စစ်ရေးတင်းမာလာပြီး တိုက်ပွဲအနည်းငယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၆ ရက်မှာတော့ တိုက်ပွဲမရှိခဲ့ပေမယ့် ဇွန်လ ၂၇ နေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့ ဒီမနက်မှာတော့ ပန်ကန်းရွာဘက်ကို တပ်မတော်က ပစ်ခတ်ခဲ့တာလို့ RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးက ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ ဇွန်လ ၂၅ ရက် နောက်ပိုင်းထဲက ဟဲကွီး၊ ပြိန်းနင်းရွာတဝိုက် တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာရှိသလို စစ်ကား ၂၁ စီးနဲ့ စစ်အင်အား တိုးချဲ့ချထားတာကြောင့် ဟဲကွီးနဲ့ ပြိန်းနင်ရွာသားတွေ တိမ်းရှောင်နေရတယ်လို့ အကူအညီပေးနေတဲ့ ကျောက်မဲ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒီမနက်မှာတော့ နောင်ပိန်ကျေးရွာကိုလည်း ရွာသားတစ်ရာကျော် တိမ်းရှောင်လာတဲ့အတွက်  ထွက်ပြေးနေရသူ သုံးရာကျော်ရှိ နေပြီဖြစ်ပါတယ်။

တိုက်ပွဲနဲ့နီးတဲ့ ကျေးရွာတွေက ရွာသားအချို့လည်း ထပ်မံထွက်ပြေးလာနိုင်တယ်လို့ ဒေသခံက ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒီမနက် တိုက်ပွဲအခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်းပြချက်နဲ့ RCSS ဘက်က NCA စာချုပ်ပါအချက်ကို ဖောက်ဖျက်ပြီး နယ်မြေကျော်လွန်လာတဲ့အတွက် တိုက်ပွဲဖြစ်တာရှိတယ်လို့ ပြောပါတယ်။

RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းအွမ်ခေးက တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကျောက်မဲမှာရှိတဲ့ RCSS ဆက်ဆံရေးရုံးကနေ သက်ဆိုင်ရာ စစ်တိုင်းတွေကို နောက်နောင်မှာ အခုလို အပစ်ရပ် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေ မလုပ်ဖို့ စာပေးပို့ ညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။

ဒီနှစ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲငယ်ပေါင်း ဆယ်ကြိမ်ကျော်အထိ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိတပ်မတော်နဲ့ RCSS တို့ တိုက်ပွဲဖြစ်နေတဲ့ ဟဲကွီး၊ ပြိန်းနင်ကျေးရွာတွေအနီး ပြီးခဲ့တဲ့ ၂၀၁၆ မေလက တပ်မတော်နဲ့ ရှမ်းလက်နက်ကိုင်နောက်တစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ရွာသား သုံးဦးထက်မနည်း သေဆုံးခဲ့သလို ပျောက်ဆုံးနေသူတွေလည်း ဒီနေ့အထိ သတင်းမရတော့ဘူးလို့ ကျောက်မဲမြို့နယ် SNLD ပါတီ လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ပြောပါတယ်။

ကံသာ / RFA Burmese
-----------------------------

(Zawgyi)⤵⤵⤵
တပ္နဲ႔ RCSS တိုက္ပြဲေၾကာင့္ ေက်ာက္မဲမွာ အရပ္သား တစ္ဦး ေသ၊ ႏွစ္ဦး ဒဏ္ရာရ

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွာ တပ္မေတာ္နဲ႔ RCSS/SSA တိုက္ပြဲေၾကာင့္ အရပ္သား တစ္ဦး ေသဆုံး၊ ႏွစ္ဦး ဒဏ္ရာရၿပီး ႐ြာသားငါးရာေက်ာ္ ေနရပ္စြန႔္ ခြာေနရပါတယ္။

ဇြန္လ ၂၈ ရက္ေန႔ ဒီကေန႔မနက္ပိုင္းမွာ ေက်ာက္မဲၿမိဳ႕နယ္ ပန္က်န္းေက်း႐ြာအတြင္း လက္နက္ႀကီးက်ည္က်ခဲ့လို႔ လုံးစုလို႔ေခၚတဲ့ အသက္ငါးဆယ္အ႐ြယ္ အမ်ိဳးသား ေသဆုံးခဲ့ၿပီး အသက္ ငါးဆယ္အ႐ြယ္ အမ်ိဳးသမီး တစ္ဦး ဒဏ္ရာရခဲ့တယ္လို႔ RCSS ေျပာခြင့္ရ ဒုတိယ ဗိုလ္မႉးႀကီး စိုင္အြမ္ေခးက RFA ကို ေျပာပါတယ္။

ေက်ာက္မဲၿမိဳ႕ SNLD ပါတီ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းထြန္းဝင္းကေတာ့ တိုက္ပြဲေၾကာင့္ အရပ္သားတစ္ဦး ေသဆုံးၿပီး တစ္ဦး ဒဏ္ရာရသလို ႐ြာသား သုံးရာေလာက္ ေနရပ္စြန႔္ခြာေနရတယ္လို႔ ေျပာပါတယ္။

ဒီေန႔ညေနပိုင္းမွာလည္း ေဒသခံတခ်ိဳ႕ ထပ္မံထြက္ေျပးလာတာေၾကာင့္ စစ္ေဘးဒုကၡသည္ ငါးရာေက်ာ္ ရွိေနၿပီျဖစ္ပါတယ္။

တိုက္ပြဲအတြင္းမွာ တပ္မေတာ္ဘက္က ေဒသခံ႐ြာသားေတြကို လမ္းျပအေနနဲ႔ ေခၚေဆာင္တာ ကားေတြ ေခ်ာဆြဲတာမ်ိဳးရွိလို႔ ေက်ာက္မဲ စကခ လို႔ေခၚတဲ့ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ တာဝန္ရွိသူေတြ ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ရာမွာ ႐ြာသားအခ်ိဳ႕ ျပန္လြတ္လာတာရွိတယ္လို႔ လႊတ္ေတာ္ ကိုယ္စားလွယ္က ေျပာပါတယ္။

ဒီကေန႔ မနက္ပိုင္းမွာေတာ့ တိုက္ပြဲျဖစ္ေနခ်ိန္ ေက်း႐ြာမွာ ပိုးစာပင္စိုက္ဖို႔ က်န္ေနခဲ့တဲ့ အမ်ိဳးသားတစ္ဦးကို တပ္ဖက္က ႐ိုက္ႏွက္စစ္ေဆးခဲ့တာေၾကာင့္ ဒဏ္ရာရခဲ့တဲ့အတြက္ ဒီကေန႔မနက္မွ ေက်ာက္မဲေဆး႐ုံကို ေရာက္လာတယ္လို႔ ေဒသခံက ေျပာပါတယ္။

လက္နက္ႀကီးက်လို႔ ေသဆုံးသူကို ေနာင္ပိန္ေက်း႐ြာမွာပဲ သၿဂိၤုဟ္လ္မွာျဖစ္ၿပီး ဒဏ္ရာရသူ အမ်ိဳးသမီးကိုလည္း ေနာင္ပိန္ တိုက္နယ္ေဆး႐ုံမွာပဲ ေဆးကုသမႈေပးေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

RCSS က ေက်ာက္မဲၿမိဳ႕နယ္အတြင္း ဇြန္လ ၂၆ ရက္ေန႔က မူးယစ္ေဆးဝါးေတြ မီးရႈိ႕တဲ့ အခမ္းအနားျပဳလုပ္ဖို႔အတြက္ တပ္မေတာ္ဖက္ကို အေၾကာင္းၾကားခဲ့ၿပီး လုံၿခဳံေရးအတြက္ တပ္အင္အားေတြ ႀကိဳတင္ခ်ထားခဲ့ရာမွာ ဇြန္လ ၂၅ ရက္ေန႔ေလာက္ကတည္းက စစ္ေရးတင္းမာလာၿပီး တိုက္ပြဲအနည္းငယ္ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

ဇြန္လ ၂၆ ရက္မွာေတာ့ တိုက္ပြဲမရွိခဲ့ေပမယ့္ ဇြန္လ ၂၇ ေန႔မွာ ထိေတြ႕တိုက္ပြဲျဖစ္ခဲ့ၿပီး ဇြန္လ ၂၈ ရက္ေန႔နဲ႔ ၂၉ ရက္ေန႔ ဒီမနက္မွာေတာ့ ပန္ကန္း႐ြာဘက္ကို တပ္မေတာ္က ပစ္ခတ္ခဲ့တာလို႔ RCSS ေျပာခြင့္ရ ဒုတိယဗိုလ္မႉးႀကီး စိုင္းအြမ္ေခးက ေျပာပါတယ္။

စစ္ေရးတင္းမာေနတဲ့ ဇြန္လ ၂၅ ရက္ ေနာက္ပိုင္းထဲက ဟဲကြီး၊ ၿပိန္းနင္း႐ြာတဝိုက္ တပ္မေတာ္ဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာရွိသလို စစ္ကား ၂၁ စီးနဲ႔ စစ္အင္အား တိုးခ်ဲ႕ခ်ထားတာေၾကာင့္ ဟဲကြီးနဲ႔ ၿပိန္းနင္႐ြာသားေတြ တိမ္းေရွာင္ေနရတယ္လို႔ အကူအညီေပးေနတဲ့ ေက်ာက္မဲ ေဒသခံတစ္ဦးက RFA ကို ေျပာပါတယ္။

ဒီမနက္မွာေတာ့ ေနာင္ပိန္ေက်း႐ြာကိုလည္း ႐ြာသားတစ္ရာေက်ာ္ တိမ္းေရွာင္လာတဲ့အတြက္  ထြက္ေျပးေနရသူ သုံးရာေက်ာ္ရွိ ေနၿပီျဖစ္ပါတယ္။

တိုက္ပြဲနဲ႔နီးတဲ့ ေက်း႐ြာေတြက ႐ြာသားအခ်ိဳ႕လည္း ထပ္မံထြက္ေျပးလာႏိုင္တယ္လို႔ ေဒသခံက ေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ဒီမနက္ တိုက္ပြဲအေျခအေနကို မသိရေသးဘူးလို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကေတာ့ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး အေၾကာင္းျပခ်က္နဲ႔ RCSS ဘက္က NCA စာခ်ဳပ္ပါအခ်က္ကို ေဖာက္ဖ်က္ၿပီး နယ္ေျမေက်ာ္လြန္လာတဲ့အတြက္ တိုက္ပြဲျဖစ္တာရွိတယ္လို႔ ေျပာပါတယ္။

RCSS ေျပာခြင့္ရ ဒုတိယ ဗိုလ္မႉးႀကီး စိုင္းအြမ္ေခးက တိုက္ပြဲျဖစ္ပြားမႈနဲ႔ ပတ္သက္ၿပီး ေက်ာက္မဲမွာရွိတဲ့ RCSS ဆက္ဆံေရး႐ုံးကေန သက္ဆိုင္ရာ စစ္တိုင္းေတြကို ေနာက္ေနာင္မွာ အခုလို အပစ္ရပ္ လက္မွတ္ထိုးထားတဲ့အဖြဲ႕ေတြအေပၚ တိုက္ခိုက္မႈေတြ မလုပ္ဖို႔ စာေပးပို႔ ညႇိႏႈိင္းသြားမယ္လို႔ ေျပာပါတယ္။

ဒီႏွစ္အတြင္း တပ္မေတာ္နဲ႔ တိုက္ပြဲငယ္ေပါင္း ဆယ္ႀကိမ္ေက်ာ္အထိ ျဖစ္ခဲ့တယ္လို႔လည္း ဆိုပါတယ္။

လက္ရွိတပ္မေတာ္နဲ႔ RCSS တို႔ တိုက္ပြဲျဖစ္ေနတဲ့ ဟဲကြီး၊ ၿပိန္းနင္ေက်း႐ြာေတြအနီး ၿပီးခဲ့တဲ့ ၂၀၁၆ ေမလက တပ္မေတာ္နဲ႔ ရွမ္းလက္နက္ကိုင္ေနာက္တစ္ဖြဲ႕ျဖစ္တဲ့ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP တပ္ေတြ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ၿပီး ႐ြာသား သုံးဦးထက္မနည္း ေသဆုံးခဲ့သလို ေပ်ာက္ဆုံးေနသူေတြလည္း ဒီေန႔အထိ သတင္းမရေတာ့ဘူးလို႔ ေက်ာက္မဲၿမိဳ႕နယ္ SNLD ပါတီ လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းထြန္းဝင္းက ေျပာပါတယ္။

ကံသာ / RFA Burmese
https://www.rfa.org/burmese/news/rscc-army-fighting-in-kyaukme-06292020053449.html
တပ်နဲ့ RCSS တိုက်ပွဲကြောင့် ကျောက်မဲမှာ အရပ်သား တစ်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ တပ်နဲ့ RCSS တိုက်ပွဲကြောင့် ကျောက်မဲမှာ အရပ်သား တစ်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.