မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ဦးပိုင်ကုမ္ပဏီကို ဂျပန် Kirin က စာရင်းစစ်ခိုင်းမည်


(Unicode)⤵⤵⤵
ဂျပန် KIRIN ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်လိမိတက် ကုမ္ပဏီကို စာရင်းစစ်နိုင်ရေး အတွက် နာမည်ကြီး Deloitteကုမ္ပဏီကို ငှားရမ်းအသုံးပြုသွားမယ်လို့ ဂျပန် အဖျော် ယမကာ ကုမ္ပဏီ Kirin Holdings က သောကြာနေ့က ပြောပါတယ်။

မြန်မာ့ စီးပွားရေး ဦးပိုင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတဲ့ မြန်မာစစ်တပ်ကို ငွေကြေး လွှဲပြောင်းပေးအပ်နေတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေအပေါ် စစ်ဆေးနိုင်ရေးအတွက် KIRIN ကုမ္ပဏီက အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ Asia Nikkei သတင်း ကပြောပါတယ်။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးကော်မရှင်ကလည်း ဦးပိုင်ကုမ္ပဏီကို တပ်မတော်ရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေ ပိုင်ဆိုင်ပြီး ကုမ္ပဏီအပေါ် သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုရှိတယ်လို့လည်း ၂၀၁၉ ခုနှစ်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဂျပန်က ထိပ်တန်း ဘီယာကုမ္ပဏီဖြစ်တဲ့ KIRIN က Myanmar Brewery နဲ့Mandalay Brewery တို့နဲ့အတူ ဖက်စပ်လုပ်ငန်းရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ထားတာပါ။ အဲဒီ ကုမ္ပဏီ ၂ ခုရဲ့ ရှယ်ယာတွေကို အမေရိကန် ဒေါ်လာ ၅၆၄ သန်းနဲ့ ၂၀၁၅ နဲ့ ၂၀၁၇ တို့မှာ အသီးသီး ဝယ်ယူထားခဲ့တာဖြစ်ပါတယ်။ Myanmar Brewery ကို မြန်မာ့စီးပွားရေး ဦးပိုင်က ၁၉၉၅ ခုနှစ်က တည်ထောင်ခဲ့တာပါ။

တကယ်လို့ Audit လုပ်ပြီး စုံစမ်းစစ်ဆေးချက်တွေအရ စွပ်စွဲချက်တွေကို မဖြေရှင်းနိုင်ဘူးဆိုရင်တော့ဂျပန် KIRIN ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံအတွင်းက သူ့ရဲ့ စီးပွားရေး ဗျူဟာကို ပြန်လည် သုံးသပ်ရမှာလည်း ဖြစ်ပါတယ်။

KIRIN ကုမ္ပဏီအနေနဲ့ ဦးပိုင်နဲ့ စီးပွားဆက်ဆံရေးကို ပြန်လည် သုံးသပ်မှု တစိတ်တပိုင်း အဖြစ် ဖက်စပ်လုပ်ငန်းတွေကို ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးရွေးချယ်စရာ တစ်ခြားနည်းလမ်းတွေ ကို စူးစမ်း ရှာဖွေနေတယ်လို့လည်း သောကြာနေ့က ထုတ်ပြန်တဲ့ ကုမ္ပဏီရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

မြန်မာ့တပ်မတော်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်တာကြောင့် KIRIN ဟာ လူ့အခွင့်အရေး အဖွဲ့ အစည်းတွေရဲ့ ဖိအားပေးမှုတွေကို ခံနေရတာပါ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း အမေရိကန်နိုင်ငံက စတုတ္ထ အကြီးဆုံး ဘီယာ ချက်လုပ်တဲ့ New Belgium Brewingကုမ္ပဏီကို ဝယ်ယူဖို့ ကြိုးစားတုန်းက အဲဒီကုမ္ပဏီရဲ့ ရှယ်ယာပိုင်ရှင်တွေ အနေနဲ့ KIRIN ကို လက်မခံဘဲ ကန့်ကွက်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေးခဲ့ပါတယ်။

ဦးပိုင်က လွှဲပြောင်းပေးတဲ့ ငွေကြေးနဲ့ အရပ်သား အစိုးရရဲ့ အုပ်ချုပ်မှုအောက်က တပ်မတော်က ကင်းလွတ်ခွင့် ပိုပြီး ရနေတယ်လို့ ဖော်ပြထားတဲ့ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး ကော်မရှင်ရဲ့ အစီရင်ခံစာကို တုန့်ပြန်တဲ့အနေနဲ့ KIRIN ကုမ္ပဏီက ဦးပိုင်ရဲ့ ဘဏ္ဍာရေးနဲ့ စီမံခန့်ခွဲမှု အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်ဖို့ တောင်းဆိုခဲ့ပေမဲ့ ဦးပိုင်ရဲ့ ထုတ်ပြန်ချက်တွေက ပြည့်စုံ လုံလောက်မှု မရှိဘူးလို့ KIRIN ကုမ္ပဏီက ပြောပါတယ်။

၂၀၁၉ ခုနှစ်အတွင်း Myanmar Brewery ဟာ မြန်မာကျပ်ငွေ ၄၅၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၂၅ သန်း) ဝင်ငွေရှိခဲ့ပြီး အမြတ်အစွန်း ကျပ်ငွေ ၁၇၉ ဘီလီယံ ရရှိခဲ့ကြောင်းKIRIN က ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------
(Zawgyi)⤵⤵⤵
ျမန္မာစစ္တပ္နဲ႔ ဆက္ႏြယ္ေနတဲ့ ဦးပိုင္ကုမၸဏီကို ဂ်ပန္ Kirin က စာရင္းစစ္ခိုင္းမည္

ဂ်ပန္ KIRIN ကုမၸဏီနဲ႔ ဖက္စပ္လုပ္ကိုင္ေနတဲ့ ျမန္မာ့ စီးပြားေရး ဦးပိုင္လိမိတက္ ကုမၸဏီကို စာရင္းစစ္ႏိုင္ေရး အတြက္ နာမည္ႀကီး Deloitteကုမၸဏီကို ငွားရမ္းအသုံးျပဳသြားမယ္လို႔ ဂ်ပန္ အေဖ်ာ္ ယမကာ ကုမၸဏီ Kirin Holdings က ေသာၾကာေန႔က ေျပာပါတယ္။

ျမန္မာ့ စီးပြားေရး ဦးပိုင္က လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိတဲ့ ျမန္မာစစ္တပ္ကို ေငြေၾကး လႊဲေျပာင္းေပးအပ္ေနတယ္ဆိုတဲ့ စြပ္စြဲ ခ်က္ေတြအေပၚ စစ္ေဆးႏိုင္ေရးအတြက္ KIRIN ကုမၸဏီက အခုလို လုပ္ေဆာင္တာျဖစ္တယ္လို႔ Asia Nikkei သတင္း ကေျပာပါတယ္။ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးေကာ္မရွင္ကလည္း ဦးပိုင္ကုမၸဏီကို တပ္မေတာ္ရဲ႕ အဆင့္ျမင့္ေခါင္းေဆာင္ေတြ ပိုင္ဆိုင္ၿပီး ကုမၸဏီအေပၚ သူတို႔ရဲ႕ ဩဇာလႊမ္းမိုးမႈရွိတယ္လို႔လည္း ၂၀၁၉ ခုႏွစ္ထုတ္ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဂ်ပန္က ထိပ္တန္း ဘီယာကုမၸဏီျဖစ္တဲ့ KIRIN က Myanmar Brewery နဲ႔Mandalay Brewery တို႔နဲ႔အတူ ဖက္စပ္လုပ္ငန္းရဲ႕ ရွယ္ယာ ၅၁ ရာခိုင္ႏႈန္းပိုင္ဆိုင္ထားတာပါ။ အဲဒီ ကုမၸဏီ ၂ ခုရဲ႕ ရွယ္ယာေတြကို အေမရိကန္ ေဒၚလာ ၅၆၄ သန္းနဲ႔ ၂၀၁၅ နဲ႔ ၂၀၁၇ တို႔မွာ အသီးသီး ဝယ္ယူထားခဲ့တာျဖစ္ပါတယ္။ Myanmar Brewery ကို ျမန္မာ့စီးပြားေရး ဦးပိုင္က ၁၉၉၅ ခုႏွစ္က တည္ေထာင္ခဲ့တာပါ။

တကယ္လို႔ Audit လုပ္ၿပီး စုံစမ္းစစ္ေဆးခ်က္ေတြအရ စြပ္စြဲခ်က္ေတြကို မေျဖရွင္းႏိုင္ဘူးဆိုရင္ေတာ့ဂ်ပန္ KIRIN ကုမၸဏီအေနနဲ႔ ျမန္မာႏိုင္ငံအတြင္းက သူ႔ရဲ႕ စီးပြားေရး ဗ်ဴဟာကို ျပန္လည္ သုံးသပ္ရမွာလည္း ျဖစ္ပါတယ္။

KIRIN ကုမၸဏီအေနနဲ႔ ဦးပိုင္နဲ႔ စီးပြားဆက္ဆံေရးကို ျပန္လည္ သုံးသပ္မႈ တစိတ္တပိုင္း အျဖစ္ ဖက္စပ္လုပ္ငန္းေတြကို ပိုင္ဆိုင္မႈနဲ႔ ပတ္သက္ၿပီးေ႐ြးခ်ယ္စရာ တစ္ျခားနည္းလမ္းေတြ ကို စူးစမ္း ရွာေဖြေနတယ္လို႔လည္း ေသာၾကာေန႔က ထုတ္ျပန္တဲ့ ကုမၸဏီရဲ႕ ေၾကညာခ်က္မွာ ပါရွိပါတယ္။

ျမန္မာ့တပ္မေတာ္နဲ႔ ဆက္ႏြယ္ေနတဲ့ ကုမၸဏီနဲ႔ ဖက္စပ္လုပ္ကိုင္တာေၾကာင့္ KIRIN ဟာ လူ႔အခြင့္အေရး အဖြဲ႕ အစည္းေတြရဲ႕ ဖိအားေပးမႈေတြကို ခံေနရတာပါ။ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလအတြင္း အေမရိကန္ႏိုင္ငံက စတုတၳ အႀကီးဆုံး ဘီယာ ခ်က္လုပ္တဲ့ New Belgium Brewingကုမၸဏီကို ဝယ္ယူဖို႔ ႀကိဳးစားတုန္းက အဲဒီကုမၸဏီရဲ႕ ရွယ္ယာပိုင္ရွင္ေတြ အေနနဲ႔ KIRIN ကို လက္မခံဘဲ ကန႔္ကြက္ဖို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက ဖိအားေပးခဲ့ပါတယ္။

ဦးပိုင္က လႊဲေျပာင္းေပးတဲ့ ေငြေၾကးနဲ႔ အရပ္သား အစိုးရရဲ႕ အုပ္ခ်ဳပ္မႈေအာက္က တပ္မေတာ္က ကင္းလြတ္ခြင့္ ပိုၿပီး ရေနတယ္လို႔ ေဖာ္ျပထားတဲ့ကုလသမဂၢအခ်က္အလက္ရွာေဖြေရး ေကာ္မရွင္ရဲ႕ အစီရင္ခံစာကို တုန႔္ျပန္တဲ့အေနနဲ႔ KIRIN ကုမၸဏီက ဦးပိုင္ရဲ႕ ဘ႑ာေရးနဲ႔ စီမံခန႔္ခြဲမႈ အေသးစိတ္ အခ်က္အလက္ေတြ ထုတ္ျပန္ဖို႔ ေတာင္းဆိုခဲ့ေပမဲ့ ဦးပိုင္ရဲ႕ ထုတ္ျပန္ခ်က္ေတြက ျပည့္စုံ လုံေလာက္မႈ မရွိဘူးလို႔ KIRIN ကုမၸဏီက ေျပာပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း Myanmar Brewery ဟာ ျမန္မာက်ပ္ေငြ ၄၅၂ ဘီလီယံ (အေမရိကန္ ေဒၚလာ ၃၂၅ သန္း) ဝင္ေငြရွိခဲ့ၿပီး အျမတ္အစြန္း က်ပ္ေငြ ၁၇၉ ဘီလီယံ ရရွိခဲ့ေၾကာင္းKIRIN က ထုတ္ျပန္တဲ့ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/japan-kirin-audit-to-myanmar-company/5451777.html
မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ဦးပိုင်ကုမ္ပဏီကို ဂျပန် Kirin က စာရင်းစစ်ခိုင်းမည် မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ဦးပိုင်ကုမ္ပဏီကို ဂျပန် Kirin က စာရင်းစစ်ခိုင်းမည် Reviewed by THITHTOOLWIN on 08:27 Rating: 5
Powered by Blogger.