George Floyd သေဆုံးမှုနဲ့ဆက်နွယ်တဲ့ နောက်ထပ်ရဲအရာရှိ ၃ ဦးကို ဖမ်းဝရမ်းထုတ်

George Floyd သေဆုံးမှုနဲ့ဆက်နွယ်ပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရဲအရာရှိ ၃ ဦး
Minneapolis ရဲ ၄ ဦး ရဲ့ ဖမ်းဆီးတာ ခံခဲ့ရတဲ့ အာဖရိကန်- အမေရိကန် အမျိုးသား George Floyd သေဆုံးရတာနဲ့ ပတ်သက်ပြီး ရဲတဦးကိုသာ စွဲချက်တင်ထားခဲ့ရာကနေ ဗုဒ္ဓဟူးနေ့မှာတော့ ကျန် ရဲ ၃ ဦးကိုပါ ဒုတိယ အဆင့် လူသတ်မှု ဖြစ်မြောက်စေရေး အတွက် အကူအညီပေးသူတွေ အဖြစ် စွဲချက် တင်လိုက်ကြောင်း Minnesota ပြည်နယ် ရှေ့နေချုပ် Keith Ellison က ကြေညာခဲ့ ပါတယ်။

မေလ ၂၅ ရက်နေ့ မှာ Floyd ကို ဖမ်းဆီးစဉ်က Derek Chauvin ကို Thomas Lane နဲ့ J.A. Keung တို့က အကူညီ ပေးခဲ့သလို Tou Thao ကတော့ သူတို့ ဘေးမှာ ရပ်နေခဲ့တာ ဖြစ်ပါတယ်။ အခု သူတို့ ၃ ဦးအတွက် ဖမ်းဝရမ်းတွေ ထုတ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် Chauvin အပေါ် မူလက တတိယ အဆင့် လူသတ်မှုနဲ့ ဒုတိယအဆင့် လူသေစေမှုနဲ့ ဖမ်းဆီးထားရာကနေ Floyd ရဲ့ အလောင်းကို စစ်ဆေးတဲ့ ဆေးစစ်ချက် ၂ ခု အရ ဒါဟာ လူသတ်မှုကြောင့် သေဆုံးရတယ် ဆိုတာကို တွေ့ရတဲ့ အတွက် သူ့ကို ဒုတိယအဆင့် လူသတ်မှုနဲ့ စွဲချက် ပြောင်းလဲခဲ့တယ်လို့လည်း ပြောပါတယ်။

Floyd သေဆုံးရမှုနဲ့ပတ်သက်ပြီး ဝါရှင်တန်ဒီစီ၊ နယူးရောက် အပါအဝင် အမေရိကန် တလွှား မြို့ကြီး အတော်များများမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာ ဗုဒ္ဓဟူးနေ့ပါ ဆိုရင် ၈ ရက် ရှိနေပြီဖြစ်ပါတယ်။ ဒီဆန္ဒပြမှုတွေဟာ အမေရိကန် နိုင်ငံတွင်းမှာသာမကပဲ အမေရိက တိုက်က ကနေဒါ၊ မက်ဆီကို၊ ဘရာဇီးလ် က Rio De Janerio နဲ့ အာဂျင်တီးနားက Buenos Aires မြို့ကြီးတွေကိုပါ ပြန့်နှံ့ သွားစေပါတယ်။ ဥရောပတိုက်မှာလည်း ကိုရိုနာဗိုင်းရပ်စေ်ကြောင့် ကန့်သတ်မှုတွေ ရှိနေတဲ့ ကြားက ဘာလင်၊ လန်ဒန်၊ Amsterdam မြို့ကြီးတွေမှာ ဆန္ဒပြ ကန့်ကွက်မှုတွေ ရှိနေသလို အာရှဒေသက Australia နဲ့ New Zealand နိုင်ငံတွေမှာပါ တွေ့ရတာပါ။

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကလည်း အမေရိကန် နိုင်ငံက ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး လူမည်းတွေရဲ့ အသက်ကိုလည်း တန်ဖိုးထားရမှာ ဖြစ်ကြောင်း နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပိုင်ခွင့်ရှိကြောင်း လွှတ်တော် အမတ်တွေရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဒီဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး လူထုရဲ့ ဒေါသထွက်မှုကို သူနားလည် ကြောင်းနဲ့ ဒီဖြစ်ရပ်အတွက် ဝမ်းနည်းမှုကို အမေရိကန် တနိုင်ငံ ထဲတင်မကပဲ ကမ္ဘာတလွှားမှာရော ဗြိတိန်နိုင်ငံမှာပါ ခံစားရတယ်လို့လည်း ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
------------------------------
George Floyd ေသဆုံးမႈနဲ႔ဆက္ႏြယ္တဲ့ ေနာက္ထပ္ရဲအရာရွိ ၃ ဦးကို ဖမ္းဝရမ္းထုတ္

Minneapolis ရဲ ၄ ဦး ရဲ႕ ဖမ္းဆီးတာ ခံခဲ့ရတဲ့ အာဖရိကန္- အေမရိကန္ အမ်ိဳးသား George Floyd ေသဆုံးရတာနဲ႔ ပတ္သက္ၿပီး ရဲတဦးကိုသာ စြဲခ်က္တင္ထားခဲ့ရာကေန ဗုဒၶဟူးေန႔မွာေတာ့ က်န္ ရဲ ၃ ဦးကိုပါ ဒုတိယ အဆင့္ လူသတ္မႈ ျဖစ္ေျမာက္ေစေရး အတြက္ အကူအညီေပးသူေတြ အျဖစ္ စြဲခ်က္ တင္လိုက္ေၾကာင္း Minnesota ျပည္နယ္ ေရွ႕ေနခ်ဳပ္ Keith Ellison က ေၾကညာခဲ့ ပါတယ္။

ေမလ ၂၅ ရက္ေန႔ မွာ Floyd ကို ဖမ္းဆီးစဥ္က Derek Chauvin ကို Thomas Lane နဲ႔ J.A. Keung တို႔က အကူညီ ေပးခဲ့သလို Tou Thao ကေတာ့ သူတို႔ ေဘးမွာ ရပ္ေနခဲ့တာ ျဖစ္ပါတယ္။ အခု သူတို႔ ၃ ဦးအတြက္ ဖမ္းဝရမ္းေတြ ထုတ္ခဲ့တယ္လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ Chauvin အေပၚ မူလက တတိယ အဆင့္ လူသတ္မႈနဲ႔ ဒုတိယအဆင့္ လူေသေစမႈနဲ႔ ဖမ္းဆီးထားရာကေန Floyd ရဲ႕ အေလာင္းကို စစ္ေဆးတဲ့ ေဆးစစ္ခ်က္ ၂ ခု အရ ဒါဟာ လူသတ္မႈေၾကာင့္ ေသဆုံးရတယ္ ဆိုတာကို ေတြ႕ရတဲ့ အတြက္ သူ႔ကို ဒုတိယအဆင့္ လူသတ္မႈနဲ႔ စြဲခ်က္ ေျပာင္းလဲခဲ့တယ္လို႔လည္း ေျပာပါတယ္။

Floyd ေသဆုံးရမႈနဲ႔ပတ္သက္ၿပီး ဝါရွင္တန္ဒီစီ၊ နယူးေရာက္ အပါအဝင္ အေမရိကန္ တလႊား ၿမိဳ႕ႀကီး အေတာ္မ်ားမ်ားမွာ ဆႏၵျပမႈေတြ ျဖစ္ပြားေနတာ ဗုဒၶဟူးေန႔ပါ ဆိုရင္ ၈ ရက္ ရွိေနၿပီျဖစ္ပါတယ္။ ဒီဆႏၵျပမႈေတြဟာ အေမရိကန္ ႏိုင္ငံတြင္းမွာသာမကပဲ အေမရိက တိုက္က ကေနဒါ၊ မက္ဆီကို၊ ဘရာဇီးလ္ က Rio De Janerio နဲ႔ အာဂ်င္တီးနားက Buenos Aires ၿမိဳ႕ႀကီးေတြကိုပါ ျပန႔္ႏွံ႔ သြားေစပါတယ္။ ဥေရာပတိုက္မွာလည္း ကို႐ိုနာဗိုင္းရပ္ေစ္ေၾကာင့္ ကန႔္သတ္မႈေတြ ရွိေနတဲ့ ၾကားက ဘာလင္၊ လန္ဒန္၊ Amsterdam ၿမိဳ႕ႀကီးေတြမွာ ဆႏၵျပ ကန႔္ကြက္မႈေတြ ရွိေနသလို အာရွေဒသက Australia နဲ႔ New Zealand ႏိုင္ငံေတြမွာပါ ေတြ႕ရတာပါ။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ကလည္း အေမရိကန္ ႏိုင္ငံက ဆႏၵျပမႈေတြနဲ႔ ပတ္သက္ၿပီး လူမည္းေတြရဲ႕ အသက္ကိုလည္း တန္ဖိုးထားရမွာ ျဖစ္ေၾကာင္း နဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပပိုင္ခြင့္ရွိေၾကာင္း လႊတ္ေတာ္ အမတ္ေတြရဲ႕ ေမးျမန္းခ်က္ကို ျပန္လည္ ေျဖၾကားခဲ့ပါတယ္။ ဒီဆႏၵျပမႈေတြနဲ႔ ပတ္သက္ၿပီး လူထုရဲ႕ ေဒါသထြက္မႈကို သူနားလည္ ေၾကာင္းနဲ႔ ဒီျဖစ္ရပ္အတြက္ ဝမ္းနည္းမႈကို အေမရိကန္ တႏိုင္ငံ ထဲတင္မကပဲ ကမာၻတလႊားမွာေရာ ၿဗိတိန္ႏိုင္ငံမွာပါ ခံစားရတယ္လို႔လည္း ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/george-floyd-death-arrest-warrant-to-additional-3-police-officer-/5448601.html
George Floyd သေဆုံးမှုနဲ့ဆက်နွယ်တဲ့ နောက်ထပ်ရဲအရာရှိ ၃ ဦးကို ဖမ်းဝရမ်းထုတ် George Floyd သေဆုံးမှုနဲ့ဆက်နွယ်တဲ့ နောက်ထပ်ရဲအရာရှိ ၃ ဦးကို ဖမ်းဝရမ်းထုတ် Reviewed by THITHTOOLWIN on 08:37 Rating: 5
Powered by Blogger.