George Floyd သေဆုံးမှုမှာ တာဝန်ရှိတဲ့ ရဲအရာရှိအပေါ် စွဲချက် တိုးမြှင့်

George Floyd သေဆုံးမှုမှာတာဝန်ရှိတဲ့ ရဲအရာရှိဟောင်း Derek Chauvin
(Unicode)⤵⤵⤵
အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်က လူအမည်းအမျိုးသား George Floyd သေဆုံးမှုမှာ အဓိကတာဝန်ရှိတဲ့ ရဲအရာရှိဟောင်း Derek Chauvin ကို အရင်က စွဲထားတဲ့ တတိယအဆင့် လူသတ်မှုကနေ ဒုတိယအဆင့် လူသတ်မှုစွဲချက်အဖြစ် ပြောင်းလဲတိုးမြှင့်လိုက်ကြောင်း Minnesota ပြည်နယ် ရှေ့နေချုပ် Keith Ellison က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ အခြား တာဝန်ရှိတဲ့ ရဲအရာရှိဟောင်းသုံဦးကိုလည်း ဒုတိယအဆင့် လူသတ်မှုမြောက်အောင် အားပေးကူညီမှု ဆိုတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးအရေးယူလိုက်ပါတယ်။
Minnesota ပြည်နယ် ရှေ့နေချုပ် Keith Ellison
အခုလို ရဲအရာဟောင်းလေးဦးအပေါ် ပြည်နယ်အစိုးရဘက်က စွဲချက်အသစ်တွေတင်ပြီး အရေးယူမယ့် လုပ်ရပ်က George Floyd သေဆုံးမှုမှာ တရားမျှတရေး နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေကို ဘယ်လောက်ထိ ငြိမ်သက်သွားနိုင်မလဲ။ George Floyd မိသားစုဘက်ကရော ကျေနပ်နိုင်မလား။

လက်ရှိအရေးပေါ်ဖြစ်နေတဲ့ အမေရိကန်က လူထုဆန္ဒပြပွဲတွေကို အနီးကပ်စောင့်ကြည့် သုံးသပ်တင်ပြနေတဲ့ ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်း။ ။ ဒီဆက်သွယ်မေးမြန်းမှု မတိုင်ခင်မှာ မိနစ်ပိုင်းအတွင်းမှာ Minnesota ပြည်နယ်မှာ George Floyd သေဆုံးသွားတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ပြည်နယ်ရှေ့နေချုပ်ကနေ သတင်းစာ ရှင်းလင်းပွဲ လုပ်သွားပါတယ်။ အထူးသဖြင့် George Floyd သေဆုံးသွားတဲ့ ဖြစ်ရပ်မှာ တာဝန်အရှိဆုံး ရဲအရာရှိ အပေါ်မှာ စွဲချက်တင်ထားတဲ့ Third degree murder ကနေပြီးတော့ Second degree murder အဖြစ်ကို တိုးမြှင့်ပြီး စွဲချက်တင်လိုက်ပါတယ်။ အဲဒီအပေါ်မှာ ရှင်းပြပေးပါရှင့်။

ဦးကျော်ဇံသာ။ ။ အမေရိကန်ပြည်ထောင်စု အထူးသဖြင့် Minnesota ပြည်နယ်ရဲ့ ဥပဒေ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ လူသတ်မှု ၃ ဆင့် ၊ ပထမအဆင့် ဒုတိယအဆင့် တတိယအဆင့် ဆိုတာ ရှိပါတယ်။ ပထမအဆင့် ဆိုတာဟာ မလို မုန်းတီးတဲ့ စိတ်ကြိုတင်ရှိပြီးတော့ ကြိုတင်ကြံစည် ပြီးတော့ သတ်တဲ့ကိစ္စပါ ဒါက ပထမအဆင့် လူသတ်မှု ဖြစ်ပါတယ်။

ဒုတိယအဆင့် လူသတ်မှုကတော့ မလိုမုန်းတီးတဲ့ စိတ်နဲ့ ကြိုတင်ကြံစည် စရာမလိုဘူး ။ လုပ်လိုက်ရင် သေသွားနိုင်တယ်ဆိုတာ သိပြီးတော့ လုပ်လိုက်တာ ။ ဥပမာ အားဖြင့် လူအုပ်ထဲကို သေနတ်နဲ့ ပစ်လိုက်တယ် ဘယ်သူ့ကိုမှ မုန်းလို့ မဟုတ်ဘူး ။ ဒါပေမယ့် သေနတ်နဲ့ ပစ်ရင် သေမှာပဲဆိုတာ သိနေတယ် အဲဒီလိုလုပ်ရင် ဒုတိယအဆင့် လူသတ်မှုမြောက်လို့ စွဲချက်တင်နိုင်ပါတယ်။

တတိယအဆင့် ကတော့ အဲဒီ ၂ ခုလောက် မပြင်းထန်ဘူး ၊ ပြစ်မှုကို ကူးလွန်တာဖြစ်တယ် ။ ဒါပေမယ့် ကြိုတင်ကြံစည်တာတွေ ၊ မလို မုန်းတီးတာတွေ မပါပဲ ဖြစ်သွားတဲ့ လူသတ်မှုလို့ ခေါ်တယ် အဲဒီလို ၃ ဆင့် ခွဲထားပါတယ်။ အဲဒီအထဲမှာ အခုက အရင် တတိယအဆင့်နဲ့ စွဲထားတာကနေ ဒုတိယအဆင့် လုပ်လိုက်ရင် သေမယ်ဆိုတာ သိရဲ့သားနဲ့ လုပ်တယ်ဆိုတာနဲ့ စွဲဆိုမှုကို အဆင့်မြှင့်လိုက်တာ ဖြစ်ပါတယ်။

မအင်ကြင်း။ ။ နောက်တချက်က George Floyd ကို ဖမ်းတဲ့အချိန်မှာ အားလုံးပေါင်း ရဲအရာရှိ ၄ ယောက်ပေါ့နော်။ ကျန်တဲ့ ၃ ယောက်ကိုလည်း အခု စွဲချက်အသစ်တွေ ထပ်ပြီးတော့ တင်လိုက်တယ်။ အဲဒီအပေါ်မှာရော အန်ကယ် ရှင်းပြပေးပါ။

ဦးကျော်ဇံသာ။ ။ အဲဒီ ၃ ယောက်မှာ တယောက်ကိုတော့ အခုပြီးသွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ် ဒုတိယ ရဲမင်းကြီးက ပြောသွားတယ် ၊ တယောက်ကတော့ ဖမ်းပြီးပြီ ကျန်တဲ့ ၂ ယောက်ကိုလည်း ဒီညနေ ဖမ်းဖို့ လုပ်နေတယ်လို့ ပြောပါတယ်။ အဲဒီ ၃ ယောက်ကို တင်တဲ့စွဲချက်ကတော့ ဒုတိယအဆင့်လူသတ်မှု ကျူးလွန်တဲ့ ကိစ္စမှာ အားပေးကူညီမှုနဲ့ သူတို့ကို စွဲဖို့ ဖြစ်ပါတယ်။ ဆိုတော့ သူတို့ကလည်း ဘယ်လိုပုံစံမျိုး လာမယ်ဆိုတာကတော့ စောစောကပြောသလို တရားရုံးမှာ ဆက်ပြီးလုပ်ရမယ့်ကိစ္စဖြစ်တယ်။ ဆိုတော့ ၄ ယောက်လုံး တရားစွဲဆိုခံရမယ့်သဘော ၊ အမှုကို ရင်ဆိုင်ရတော့မယ့်သဘောဖြစ်ပါတယ်။

မအင်ကြင်း။ ။ ဒီလို စွဲချက်အသစ်တွေအပေါ်မှာ သေဆုံးသွားတဲ့ George Floyd ရဲ့ မိသားစုတွေဘက်က သူတို့ ဘယ်လို မြင်မလဲရှင့်။

ဦးကျော်ဇံသာ။ ။ အခု ပြည်နယ်ရှေ့နေချုပ် ထွက်ပြီးမပြောခင်မှာ ပြည်နယ် Governor က စွဲချက်တွေကို မြှင့်မယ်လို့ ကြိုပြီးတော့ ပြောထားတာဖြစ်ပါတယ်။ ဆိုတော့ အဲဒီသတင်းကို အခြေခံပြီးတော့ George Floyd ရဲ့ မိသားစု ရှေ့နေက သတင်းထောက်တွေကို ပြောသွားတာ ကြားလိုက်ရပါတယ်။ သူတို့လိုချင်တာက ပထမအဆင့် လူသတ်မှုအထိ လိုချင်တယ် သို့သော်လည်း ပြည်နယ်ရှေ့နေချုပ်က လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း တက်တက်ကြွကြွဆောင်ရွက်တဲ့သူ ဖြစ်တဲ့အတွက်ကြောင့် သူက ဒီကိစ္စကို ဆက်လက်ပြီး စဉ်းစားဦးမယ်ဆိုပြီး သူ့ကို ပြောတယ်ဆိုပြီးတော့ မိသားစု ရှေ့နေက ပြောသွားတာတွေ့ရပါတယ်။

ဒါပေမယ့် လောလောဆည်မှာတော့ ပထမအဆင့် လူသတ်မှုအဆင့်ဖြစ်တယ်ပေါ့ သူတို့ မျှော်မှန်းထားတာက။ သူတို့အတွက်ကတော့ တော်တော်လေး ကျေနပ်မယ့်ပုံရှိတယ်။ ရှေ့နေပြောတဲ့ စကားကို ကြည့်ချင်းအားဖြင့် သူတို့ လောလောဆည်မှာ တေ်ာတော်အားရကျေနပ်သွားမယ့် သဘောရှိတယ်လို့ ထင်ရပါတယ်။

မအင်ကြင်း။ ။ ဆိုတော့ လွှမ်းခြုံပြီးတော့ ကြည့်မယ်ဆိုရင ် Minnesota ပြည်နယ်ရှေ့နေချုပ် ပြည်နယ်အစိုးရဘက်ကနေပြီးတော့ George Floyd သေဆုံးမှုနဲ့ ပတ်သက်ပြီး သူတို့ တရားရင်ဆိုင်ဖို့ ကိစ္စတွေ ၊ တရားစွဲဆိုတဲ့ ကိစ္စတွေ လုပ်ဆောင်ချက်တွေအပေါ်မှာ အဲဒါတွေက ဘယ်လောက်အထိ ငြိမ်သက်သွားနိုင်ဖို့ ရှိမလဲရှင့်။

ဦးကျော်ဇံသာ။ ။ အရှိန်လျှော့သွားမယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ဒါကို စောင့်ကြည့်နေကြတာ ။အစက လုပ်ထားတာကို သူတို့ မကျေနပ်ဘူး ။ အခုတဆင့် တိုးမြင့်ပြီးတော့ အရေးယူဖို့ လုပ်လိုက်တယ်ဆိုတော့ တောင်းဆိုနေတဲ့ လူတွေရဲ့ စိတ်ထဲမှာတော့ နည်းနည်းပါးပါး ကျေနပ်မှု ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့် Minnesota ပြည်နယ်ရှေ့နေချုပ်ပြောတဲ့ စကားမှာလည်းပါပါတယ် “ဒါက ငါတို့ သစ်ပင်တပင်ကို လှုပ်လိုက်တာပဲဖြစ်သေးတယ် ။ အသီးတွေတော့ ကြွေကျလာမှာပဲ ဒါပေမယ့် Institution တည်ဆောက်ရမယ် ။ ဒါမျိုး နောင်မှာ မဖြစ်ရအောင် Institution တည်ဆောက်ဖို့အထိ ဆက်ပြီးလုပ်ရမှာဖြစ်တယ်” ဆိုပြီး သူပြောသွားတာ တွေ့ရပါတယ်။ ဆိုတော့ ဆန္ဒပြတောင်းဆိုနေတဲ့ သူတွေကလည်း အဲလို လိုချင်မယ်တူပါတယ်။ဒီလို ခွဲခြားဆက်ဆံ ပြုမှုတာတွေကို သူတို့ မလိုချင်ဘူး၊ တန်းတူညီမျှမှုတွေ Equality ၊ Justice ကို အာမခံတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် Institution တွေ အခိုင်အမာ တည်ဆောက်နိုင်အောင်အထိ သူတို့ တောင်းဆိုမယ်လို့ ထင်ပါတယ်။ ပြင်းပြင်းထန်ထန် စည်းရုံးတာတွေ မဟုတ်ရင်တောင်မှ တနည်းနည်းနဲ့ ဆက်ပြီးတော့ ကြိုးပမ်း မယ်လို့ထင်ပါတယ်။

မအင်ကြင်း။ ။ ဟုတ်ကဲ့ပါ ကျေးဇူးအများကြီးတင်ပါတယ်။

အမေရိကန်က လူထုဆန္ဒပြပွဲတွေကို အနီးကပ်စောင့်ကြည့် သုံးသပ်တင်ပြနေတဲ့ ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းခဲ့တာပါ။

အင်ကြင်းနိုင် / ဦးကျော်ဇံသာ  / ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
George Floyd ေသဆုံးမႈမွာ တာဝန္ရွိတဲ့ ရဲအရာရွိအေပၚ စြဲခ်က္ တိုးျမႇင့္

အေမရိကန္ျပည္ေထာင္စု Minnesota ျပည္နယ္က လူအမည္းအမ်ိဳးသား George Floyd ေသဆုံးမႈမွာ အဓိကတာဝန္ရွိတဲ့ ရဲအရာရွိေဟာင္း Derek Chauvin ကို အရင္က စြဲထားတဲ့ တတိယအဆင့္ လူသတ္မႈကေန ဒုတိယအဆင့္ လူသတ္မႈစြဲခ်က္အျဖစ္ ေျပာင္းလဲတိုးျမႇင့္လိုက္ေၾကာင္း Minnesota ျပည္နယ္ ေရွ႕ေနခ်ဳပ္ Keith Ellison က ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပြဲမွာ ေၾကညာခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ အျခား တာဝန္ရွိတဲ့ ရဲအရာရွိေဟာင္းသုံဦးကိုလည္း ဒုတိယအဆင့္ လူသတ္မႈေျမာက္ေအာင္ အားေပးကူညီမႈ ဆိုတဲ့ စြဲခ်က္ေတြနဲ႔ ဖမ္းဆီးအေရးယူလိုက္ပါတယ္။

အခုလို ရဲအရာေဟာင္းေလးဦးအေပၚ ျပည္နယ္အစိုးရဘက္က စြဲခ်က္အသစ္ေတြတင္ၿပီး အေရးယူမယ့္ လုပ္ရပ္က George Floyd ေသဆုံးမႈမွာ တရားမွ်တေရး ႏိုင္ငံတဝွမ္း ဆႏၵျပပြဲေတြကို ဘယ္ေလာက္ထိ ၿငိမ္သက္သြားႏိုင္မလဲ။ George Floyd မိသားစုဘက္ကေရာ ေက်နပ္ႏိုင္မလား။

လက္ရွိအေရးေပၚျဖစ္ေနတဲ့ အေမရိကန္က လူထုဆႏၵျပပြဲေတြကို အနီးကပ္ေစာင့္ၾကည့္ သုံးသပ္တင္ျပေနတဲ့ ဗြီအိုေအ အယ္ဒီတာ ဦးေက်ာ္ဇံသာကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္း။ ။ ဒီဆက္သြယ္ေမးျမန္းမႈ မတိုင္ခင္မွာ မိနစ္ပိုင္းအတြင္းမွာ Minnesota ျပည္နယ္မွာ George Floyd ေသဆုံးသြားတဲ့ ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီးေတာ့ ျပည္နယ္ေရွ႕ေနခ်ဳပ္ကေန သတင္းစာ ရွင္းလင္းပြဲ လုပ္သြားပါတယ္။ အထူးသျဖင့္ George Floyd ေသဆုံးသြားတဲ့ ျဖစ္ရပ္မွာ တာဝန္အရွိဆုံး ရဲအရာရွိ အေပၚမွာ စြဲခ်က္တင္ထားတဲ့ Third degree murder ကေနၿပီးေတာ့ Second degree murder အျဖစ္ကို တိုးျမႇင့္ၿပီး စြဲခ်က္တင္လိုက္ပါတယ္။ အဲဒီအေပၚမွာ ရွင္းျပေပးပါရွင့္။

ဦးေက်ာ္ဇံသာ။ ။ အေမရိကန္ျပည္ေထာင္စု အထူးသျဖင့္ Minnesota ျပည္နယ္ရဲ႕ ဥပေဒ အဓိပၸါယ္ဖြင့္ဆိုခ်က္အရ လူသတ္မႈ ၃ ဆင့္ ၊ ပထမအဆင့္ ဒုတိယအဆင့္ တတိယအဆင့္ ဆိုတာ ရွိပါတယ္။ ပထမအဆင့္ ဆိုတာဟာ မလို မုန္းတီးတဲ့ စိတ္ႀကိဳတင္ရွိၿပီးေတာ့ ႀကိဳတင္ႀကံစည္ ၿပီးေတာ့ သတ္တဲ့ကိစၥပါ ဒါက ပထမအဆင့္ လူသတ္မႈ ျဖစ္ပါတယ္။

ဒုတိယအဆင့္ လူသတ္မႈကေတာ့ မလိုမုန္းတီးတဲ့ စိတ္နဲ႔ ႀကိဳတင္ႀကံစည္ စရာမလိုဘူး ။ လုပ္လိုက္ရင္ ေသသြားႏိုင္တယ္ဆိုတာ သိၿပီးေတာ့ လုပ္လိုက္တာ ။ ဥပမာ အားျဖင့္ လူအုပ္ထဲကို ေသနတ္နဲ႔ ပစ္လိုက္တယ္ ဘယ္သူ႔ကိုမွ မုန္းလို႔ မဟုတ္ဘူး ။ ဒါေပမယ့္ ေသနတ္နဲ႔ ပစ္ရင္ ေသမွာပဲဆိုတာ သိေနတယ္ အဲဒီလိုလုပ္ရင္ ဒုတိယအဆင့္ လူသတ္မႈေျမာက္လို႔ စြဲခ်က္တင္ႏိုင္ပါတယ္။

တတိယအဆင့္ ကေတာ့ အဲဒီ ၂ ခုေလာက္ မျပင္းထန္ဘူး ၊ ျပစ္မႈကို ကူးလြန္တာျဖစ္တယ္ ။ ဒါေပမယ့္ ႀကိဳတင္ႀကံစည္တာေတြ ၊ မလို မုန္းတီးတာေတြ မပါပဲ ျဖစ္သြားတဲ့ လူသတ္မႈလို႔ ေခၚတယ္ အဲဒီလို ၃ ဆင့္ ခြဲထားပါတယ္။ အဲဒီအထဲမွာ အခုက အရင္ တတိယအဆင့္နဲ႔ စြဲထားတာကေန ဒုတိယအဆင့္ လုပ္လိုက္ရင္ ေသမယ္ဆိုတာ သိရဲ႕သားနဲ႔ လုပ္တယ္ဆိုတာနဲ႔ စြဲဆိုမႈကို အဆင့္ျမႇင့္လိုက္တာ ျဖစ္ပါတယ္။

မအင္ၾကင္း။ ။ ေနာက္တခ်က္က George Floyd ကို ဖမ္းတဲ့အခ်ိန္မွာ အားလုံးေပါင္း ရဲအရာရွိ ၄ ေယာက္ေပါ့ေနာ္။ က်န္တဲ့ ၃ ေယာက္ကိုလည္း အခု စြဲခ်က္အသစ္ေတြ ထပ္ၿပီးေတာ့ တင္လိုက္တယ္။ အဲဒီအေပၚမွာေရာ အန္ကယ္ ရွင္းျပေပးပါ။

ဦးေက်ာ္ဇံသာ။ ။ အဲဒီ ၃ ေယာက္မွာ တေယာက္ကိုေတာ့ အခုၿပီးသြားတဲ့ သတင္းစာရွင္းလင္းပြဲမွာ ျပည္နယ္ ဒုတိယ ရဲမင္းႀကီးက ေျပာသြားတယ္ ၊ တေယာက္ကေတာ့ ဖမ္းၿပီးၿပီ က်န္တဲ့ ၂ ေယာက္ကိုလည္း ဒီညေန ဖမ္းဖို႔ လုပ္ေနတယ္လို႔ ေျပာပါတယ္။ အဲဒီ ၃ ေယာက္ကို တင္တဲ့စြဲခ်က္ကေတာ့ ဒုတိယအဆင့္လူသတ္မႈ က်ဴးလြန္တဲ့ ကိစၥမွာ အားေပးကူညီမႈနဲ႔ သူတို႔ကို စြဲဖို႔ ျဖစ္ပါတယ္။ ဆိုေတာ့ သူတို႔ကလည္း ဘယ္လိုပုံစံမ်ိဳး လာမယ္ဆိုတာကေတာ့ ေစာေစာကေျပာသလို တရား႐ုံးမွာ ဆက္ၿပီးလုပ္ရမယ့္ကိစၥျဖစ္တယ္။ ဆိုေတာ့ ၄ ေယာက္လုံး တရားစြဲဆိုခံရမယ့္သေဘာ ၊ အမႈကို ရင္ဆိုင္ရေတာ့မယ့္သေဘာျဖစ္ပါတယ္။

မအင္ၾကင္း။ ။ ဒီလို စြဲခ်က္အသစ္ေတြအေပၚမွာ ေသဆုံးသြားတဲ့ George Floyd ရဲ႕ မိသားစုေတြဘက္က သူတို႔ ဘယ္လို ျမင္မလဲရွင့္။

ဦးေက်ာ္ဇံသာ။ ။ အခု ျပည္နယ္ေရွ႕ေနခ်ဳပ္ ထြက္ၿပီးမေျပာခင္မွာ ျပည္နယ္ Governor က စြဲခ်က္ေတြကို ျမႇင့္မယ္လို႔ ႀကိဳၿပီးေတာ့ ေျပာထားတာျဖစ္ပါတယ္။ ဆိုေတာ့ အဲဒီသတင္းကို အေျခခံၿပီးေတာ့ George Floyd ရဲ႕ မိသားစု ေရွ႕ေနက သတင္းေထာက္ေတြကို ေျပာသြားတာ ၾကားလိုက္ရပါတယ္။ သူတို႔လိုခ်င္တာက ပထမအဆင့္ လူသတ္မႈအထိ လိုခ်င္တယ္ သို႔ေသာ္လည္း ျပည္နယ္ေရွ႕ေနခ်ဳပ္က လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း တက္တက္ႂကြႂကြေဆာင္႐ြက္တဲ့သူ ျဖစ္တဲ့အတြက္ေၾကာင့္ သူက ဒီကိစၥကို ဆက္လက္ၿပီး စဥ္းစားဦးမယ္ဆိုၿပီး သူ႔ကို ေျပာတယ္ဆိုၿပီးေတာ့ မိသားစု ေရွ႕ေနက ေျပာသြားတာေတြ႕ရပါတယ္။

ဒါေပမယ့္ ေလာေလာဆည္မွာေတာ့ ပထမအဆင့္ လူသတ္မႈအဆင့္ျဖစ္တယ္ေပါ့ သူတို႔ ေမွ်ာ္မွန္းထားတာက။ သူတို႔အတြက္ကေတာ့ ေတာ္ေတာ္ေလး ေက်နပ္မယ့္ပုံရွိတယ္။ ေရွ႕ေနေျပာတဲ့ စကားကို ၾကည့္ခ်င္းအားျဖင့္ သူတို႔ ေလာေလာဆည္မွာ ေတ္ာေတာ္အားရေက်နပ္သြားမယ့္ သေဘာရွိတယ္လို႔ ထင္ရပါတယ္။

မအင္ၾကင္း။ ။ ဆိုေတာ့ လႊမ္းၿခဳံၿပီးေတာ့ ၾကည့္မယ္ဆိုရင ္ Minnesota ျပည္နယ္ေရွ႕ေနခ်ဳပ္ ျပည္နယ္အစိုးရဘက္ကေနၿပီးေတာ့ George Floyd ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး သူတို႔ တရားရင္ဆိုင္ဖို႔ ကိစၥေတြ ၊ တရားစြဲဆိုတဲ့ ကိစၥေတြ လုပ္ေဆာင္ခ်က္ေတြအေပၚမွာ အဲဒါေတြက ဘယ္ေလာက္အထိ ၿငိမ္သက္သြားႏိုင္ဖို႔ ရွိမလဲရွင့္။

ဦးေက်ာ္ဇံသာ။ ။ အရွိန္ေလွ်ာ့သြားမယ္လို႔ ေျပာႏိုင္မယ္ ထင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လူေတြက ဒါကို ေစာင့္ၾကည့္ေနၾကတာ ။အစက လုပ္ထားတာကို သူတို႔ မေက်နပ္ဘူး ။ အခုတဆင့္ တိုးျမင့္ၿပီးေတာ့ အေရးယူဖို႔ လုပ္လိုက္တယ္ဆိုေတာ့ ေတာင္းဆိုေနတဲ့ လူေတြရဲ႕ စိတ္ထဲမွာေတာ့ နည္းနည္းပါးပါး ေက်နပ္မႈ ရရွိမွာျဖစ္ပါတယ္။

ဒါေပမယ့္ Minnesota ျပည္နယ္ေရွ႕ေနခ်ဳပ္ေျပာတဲ့ စကားမွာလည္းပါပါတယ္ “ဒါက ငါတို႔ သစ္ပင္တပင္ကို လႈပ္လိုက္တာပဲျဖစ္ေသးတယ္ ။ အသီးေတြေတာ့ ေႂကြက်လာမွာပဲ ဒါေပမယ့္ Institution တည္ေဆာက္ရမယ္ ။ ဒါမ်ိဳး ေနာင္မွာ မျဖစ္ရေအာင္ Institution တည္ေဆာက္ဖို႔အထိ ဆက္ၿပီးလုပ္ရမွာျဖစ္တယ္” ဆိုၿပီး သူေျပာသြားတာ ေတြ႕ရပါတယ္။ ဆိုေတာ့ ဆႏၵျပေတာင္းဆိုေနတဲ့ သူေတြကလည္း အဲလို လိုခ်င္မယ္တူပါတယ္။ဒီလို ခြဲျခားဆက္ဆံ ျပဳမႈတာေတြကို သူတို႔ မလိုခ်င္ဘူး၊ တန္းတူညီမွ်မႈေတြ Equality ၊ Justice ကို အာမခံတဲ့ လူ႔အဖြဲ႕အစည္းျဖစ္ေအာင္ Institution ေတြ အခိုင္အမာ တည္ေဆာက္ႏိုင္ေအာင္အထိ သူတို႔ ေတာင္းဆိုမယ္လို႔ ထင္ပါတယ္။ ျပင္းျပင္းထန္ထန္ စည္း႐ုံးတာေတြ မဟုတ္ရင္ေတာင္မွ တနည္းနည္းနဲ႔ ဆက္ၿပီးေတာ့ ႀကိဳးပမ္း မယ္လို႔ထင္ပါတယ္။

မအင္ၾကင္း။ ။ ဟုတ္ကဲ့ပါ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

အေမရိကန္က လူထုဆႏၵျပပြဲေတြကို အနီးကပ္ေစာင့္ၾကည့္ သုံးသပ္တင္ျပေနတဲ့ ဗြီအိုေအ အယ္ဒီတာ ဦးေက်ာ္ဇံသာကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းခဲ့တာပါ။

အင္ၾကင္းႏိုင္ / ဦးေက်ာ္ဇံသာ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/george-floyd-case-second-degree-murder-to-the-police-officer-/5448209.html
George Floyd သေဆုံးမှုမှာ တာဝန်ရှိတဲ့ ရဲအရာရှိအပေါ် စွဲချက် တိုးမြှင့် George Floyd သေဆုံးမှုမှာ တာဝန်ရှိတဲ့ ရဲအရာရှိအပေါ် စွဲချက် တိုးမြှင့် Reviewed by THITHTOOLWIN on 08:32 Rating: 5
Powered by Blogger.