ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ ၅ ဦးထဲက တစ်ဦး COVID ကူးခံထားရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုက္ခသည်စခန်းမှာ တွေ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့။ (ဇွန် ၂၉၊ ၂၀၁၈)
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက လှဖိုးခေါင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ တစ်ဦးတွေ့ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာတဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ ယာယီဆောက် လုပ်ထားတဲ့ လှဖိုးခေါင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ရောဂါပိုးကူးစက်ခံထားသူ တစ်ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေရှ့်ဘက်က အဲဒီ မွတ်ဆလင်ဒုက္ခသည် ငါး ဦးဟာ မေလ ၃၀ ရက်နေ့တုန်းက တရားမဝင် နယ်စပ်ဖြတ်ကျော်လာတာကို သက်ဆိုင်ရာ ဖမ်းဆီးပြီး လှဖိုးခေါင်ဒုက္ခသည်စခန်းကို ပို့ဆောင်ထားတာဖြစ်ပါတယ်။ အဲဒီထဲက တစ်ဦးမှာ COVID - 19 ရောဂါပိုးတွေ့ရှိရတာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှာ COVID -19 ရောဂါကူးစက်ခံထားရသူတွေ အများအပြားရှိနေတာကြောင့် ပြန်ဝင်လာတဲ့ သူတွေကို သက်ဆိုင်ရာအဏာပိုင်တွေအနေနဲ့ သေသေချာချာ လုပ်ဆောင်သင့်သလို လက်ရှိအချိန်မှာ ပြန်ဝင်လာသူတွေမှာ ရောဂါပိုး ပါလာတာကြောင့် စိုးရိမ်ရတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။

"ငါးယောက်ဝင်လာတာမှာ တစ်ယောက်တွေ့တယ်ဆိုတော့ နောက်လေးယောက်ကတော့ မတွေ့ဘဲ နေပါ့မလား။ တော်တော်လေး စိုးရိမ်ရတယ်။ အခုမောင်တော အခြေအနေဆိုရင် တော်တော်လေး စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေပြီ။ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် တံခါးကို ဖွင့်ထားတာ။ သူတို့မှာ လူဦးရေ ထူတပ်တယ် လူဦးရေ ထူထပ်တော့ သူတို့က အဲဒီတံခါးကို ရောဂါတွေလည်း အများကြီး ကူးစက်ခံနေရတာဆိုတော့ ဒီဘက်ကို ခိုးဝင်လာကြတာ။ သူတို့ဘက်ကတော့ ဘယ်သူသေသေငတေမာရင် ပြီးရော ဆိုပြီး သူတို့ဘက်မှာ လူလျှော့ဖို့ ပဲလိုတယ်လေ ဒီဘက်ကလူတွေက အဲလောက်ထိမစဉ်းစားဘဲ လက်ခံတာကိုယ်တိုင်က ဘယ်လိုဦးနှောက်နဲ့ ဒီမောင်တောမြို့ကို အုပ်ချုပ်နေကြတာလဲဆိုတာကိုတော့ မသိဘူးဗျ။"

အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူတွေကို တက်နိုင်သလောက် သေသေချာချာ စိစစ်ဆောင်ရွက် နေတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

"အစောင့်တွေကတော့ လုပ်ထားတာပဲ ဧရိယာကြီးက အကျယ်ကြီးပဲလေ။ စိုးရိမ်တာကတော့ ကျုပ်တို့ အုပ်ချုပ်တဲ့ သူတွေက ပိုပြီးတော့ စိုးရိမ်တာပေါ့နော်။ဒီမှာ တမနက်လုံး မနားရဘူးလုပ်နေတာနော်။ ကျနော်တို့လည်း နိုင်သလောက်တော့ တားစီးနေတာပဲလေ။ ဖမ်းဆီးအရေးယူတာတွေ လုပ်လို့မရဘူးလေ အခုက COVID -19 ညွန်ကြားချက်အရ ပြန်ဝင်လာတဲ့ သူတွေကို လှဖိုးခေါင်မှာ quarantine လုပ်ပြီးတော့ သူတို့ရဲ့ အာခေါင်တို့ပတ် နှာခေါင်းတို့ပတ်တို့ယူပြီး စစ်ဆေးတော့မှာ ရောဂါကူးစက်ခံထားရတာကို သိတာလေ။"

လက်ရှိ လှဖိုးခေါင်ဒုက္ခသည်စခန်းကို ပြန်ဝင်လာတဲ့ ငါးယောက်ထဲက ရောဂါပိုးကူးစက်ခံထားရသူကို မောင်တောပြည်သူ့ဆေးရုံကြီးမှာ ထားရှိပြီး ကျန် လေးယောက်ကိုတော့ လှဖိုးခေါင် စခန်းမှာပဲ quarantine ထားရှိပြီး စောင့်ကြည့်နေတယ်လို့ ဦးစိုးအောင်က ဆက်ပြောပါတယ်။

"လောလောဆယ်မှာတော့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ မောင်တောပြည့်သူ့ဆေးရုံကြီးမှာ quarantine သီးခြားလုပ်သွားပြီးတော့ ဆေးကုသဖို့ ဆက်လုပ်သွားမှာပေါ့။ ကျန်တဲ့လေးယောက်ကတော့ negative ဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်အရ quarantine နေရာမှာပဲ ထားပြီးတော့ ထပ်စစ်မယ်၊ ထပ်စစ်လို့မတွေ့ရင်တော့ quarantine ၂၁ ရက်ပဲ ထပ်လုပ်သွားမယ်။ ရောဂါရှိတဲ့ လူကိုပဲ စောင့်ကြည့်လို့ရတာလေ မရှိတဲ့သူတွေကိုတော့ စောင့်ကြည့်ပြီး ဆေးကုဖို့မှ မလိုတာနော်။"

လက်ရှိအချိန်မှာမောင်တောနဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း COVID-19 ရောဂါပိုးကူးစက်ခံ ထားရသူတွေ အများအပြားရှိနေသလို မောင်တောမှာလည်း အခုလက်ရှိ ကူးစက်ခံထားရသူတွေ့ရှိတာကြောင့် စိုးရိမ်ရတယ်လို့ မောင်တောဒေသခံ မာမွတ်ကပြောပါတယ်။

"စိုးရိမ်မှုတော့ ရှိပါတယ်။ နိုင်ငံတကာမှာ စဖြစ်ကတည်းက ကျနော်တို့က စိုးရိမ်နေကြတာပါ။ မောင်တော်မြို့မှာတော့ ထွေအုပ်တို့က ဘယ်လိုနေထိုင်ရမယ် မိသားစုနဲ့ ဘယ်လိုနေထိုင်ရမလဲ ဆိုတာကို အချိန်နဲ့ တပြေးညီ လုပ်ဆောင်ပေးနေတာတွေ ရှိပါတယ်။"

ဘင်္ဂလားဒေ့ရ်ှဘက်ခြမ်းရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာလည်း COVID-19 ရောဂါပိုးကူးစက်ခံရသူ ၃၀ ဝန်းကျင် ရှိနေတာကြောင့် အဲဒီစခန်းတွေအတွင်းမှာလည်း ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ပျံ့နှံ့မှု စိုးရိမ်မှုတွေရှိနေပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲ ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအတွက် နိုင်ငံတကာက ဖိအားပေးခဲ့တာကြောင့် မြန်မာအစိုးရဘက်ကလည်း ရိုဟင်ဂျာအသုံးအနှုန်း လက်မခံပေမဲ့လို့ ဘင်္ဂလားဒေ့ရ်ှနဲ့ သဘောတူထားတဲ့အတိုင်း တရားဝင် ကြိုဆိုလက်ခံရေးတွေကို မြန်မြန်ဆန်ဆန်လုပ်သွားဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း အစီအစဉ်တွေစဖို့ အဆင်မပြေသေးတာကြောင့် တစ်ဦးစ၊ နှစ်ဦးစ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်ဝင်လာကြတဲ့ ဒုက္ခသည်တွေ ရှိနေတာပါ။

လတ်တလောအားဖြင့်တော့ ဒုက္ခသည်တွေ စီစစ်လက်ခံရေး နှစ်နိုင်ငံအစီအစဉ်ကို ယာယီဆိုင်းငံထားသလို၊ ဒုက္ခသည်တွေ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်လာနိုင်တဲ့ အစီအစဉ်ကိုလည်း ကိုဗစ်အရေးပေါ်အခြေနေကြောင့် မြန်မာဘက်က ရပ်ဆိုင်းထားပါတယ်။

သက်နိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
ဘဂၤလားေဒ့ရွ္ဘက္က ျပန္ဝင္လာသူ ၅ ဦးထဲက တစ္ဦး COVID ကူးခံထားရ

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္အတြင္းက လွဖိုးေခါင္ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းမွာ COVID-19 ေရာဂါပိုး ကူးစက္ခံထားရသူ တစ္ဦးေတြ႕ရွိတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကတဲ့ အေျခအေနကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္အတြင္းက ဘဂၤလားေဒ့ရွ္က ျပန္ဝင္လာတဲ့ ဒုကၡသည္ေတြကို လက္ခံဖို႔ ယာယီေဆာက္ လုပ္ထားတဲ့ လွဖိုးေခါင္ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းမွာ ေရာဂါပိုးကူးစက္ခံထားသူ တစ္ဦးရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးက ထုတ္ျပန္ထားပါတယ္။

ဘဂၤလားေဒရွ႕္ဘက္က အဲဒီ မြတ္ဆလင္ဒုကၡသည္ ငါး ဦးဟာ ေမလ ၃၀ ရက္ေန႔တုန္းက တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္လာတာကို သက္ဆိုင္ရာ ဖမ္းဆီးၿပီး လွဖိုးေခါင္ဒုကၡသည္စခန္းကို ပို႔ေဆာင္ထားတာျဖစ္ပါတယ္။ အဲဒီထဲက တစ္ဦးမွာ COVID - 19 ေရာဂါပိုးေတြ႕ရွိရတာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ဘဂၤလားေဒ့ရွ္ဘက္မွာ COVID -19 ေရာဂါကူးစက္ခံထားရသူေတြ အမ်ားအျပားရွိေနတာေၾကာင့္ ျပန္ဝင္လာတဲ့ သူေတြကို သက္ဆိုင္ရာအဏာပိုင္ေတြအေနနဲ႔ ေသေသခ်ာခ်ာ လုပ္ေဆာင္သင့္သလို လက္ရွိအခ်ိန္မွာ ျပန္ဝင္လာသူေတြမွာ ေရာဂါပိုး ပါလာတာေၾကာင့္ စိုးရိမ္ရတယ္လို႔ ေမာင္ေတာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္အုန္းက ေျပာပါတယ္။

"ငါးေယာက္ဝင္လာတာမွာ တစ္ေယာက္ေတြ႕တယ္ဆိုေတာ့ ေနာက္ေလးေယာက္ကေတာ့ မေတြ႕ဘဲ ေနပါ့မလား။ ေတာ္ေတာ္ေလး စိုးရိမ္ရတယ္။ အခုေမာင္ေတာ အေျခအေနဆိုရင္ ေတာ္ေတာ္ေလး စိုးရိမ္ရတဲ့ အေျခအေန ျဖစ္ေနၿပီ။ ဘဂၤလားေဒ့ရွ္မွာဆိုရင္ တံခါးကို ဖြင့္ထားတာ။ သူတို႔မွာ လူဦးေရ ထူတပ္တယ္ လူဦးေရ ထူထပ္ေတာ့ သူတို႔က အဲဒီတံခါးကို ေရာဂါေတြလည္း အမ်ားႀကီး ကူးစက္ခံေနရတာဆိုေတာ့ ဒီဘက္ကို ခိုးဝင္လာၾကတာ။ သူတို႔ဘက္ကေတာ့ ဘယ္သူေသေသငေတမာရင္ ၿပီးေရာ ဆိုၿပီး သူတို႔ဘက္မွာ လူေလွ်ာ့ဖို႔ ပဲလိုတယ္ေလ ဒီဘက္ကလူေတြက အဲေလာက္ထိမစဥ္းစားဘဲ လက္ခံတာကိုယ္တိုင္က ဘယ္လိုဦးေႏွာက္နဲ႔ ဒီေမာင္ေတာၿမိဳ႕ကို အုပ္ခ်ဳပ္ေနၾကတာလဲဆိုတာကိုေတာ့ မသိဘူးဗ်။"

အစိုးရအေနနဲ႔ ဘဂၤလားေဒ့ရွ္ဘက္က ျပန္ဝင္လာသူေတြကို တက္ႏိုင္သေလာက္ ေသေသခ်ာခ်ာ စိစစ္ေဆာင္႐ြက္ ေနတယ္လို႔ ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။

"အေစာင့္ေတြကေတာ့ လုပ္ထားတာပဲ ဧရိယာႀကီးက အက်ယ္ႀကီးပဲေလ။ စိုးရိမ္တာကေတာ့ က်ဳပ္တို႔ အုပ္ခ်ဳပ္တဲ့ သူေတြက ပိုၿပီးေတာ့ စိုးရိမ္တာေပါ့ေနာ္။ဒီမွာ တမနက္လုံး မနားရဘူးလုပ္ေနတာေနာ္။ က်ေနာ္တို႔လည္း ႏိုင္သေလာက္ေတာ့ တားစီးေနတာပဲေလ။ ဖမ္းဆီးအေရးယူတာေတြ လုပ္လို႔မရဘူးေလ အခုက COVID -19 ၫြန္ၾကားခ်က္အရ ျပန္ဝင္လာတဲ့ သူေတြကို လွဖိုးေခါင္မွာ quarantine လုပ္ၿပီးေတာ့ သူတို႔ရဲ႕ အာေခါင္တို႔ပတ္ ႏွာေခါင္းတို႔ပတ္တို႔ယူၿပီး စစ္ေဆးေတာ့မွာ ေရာဂါကူးစက္ခံထားရတာကို သိတာေလ။"

လက္ရွိ လွဖိုးေခါင္ဒုကၡသည္စခန္းကို ျပန္ဝင္လာတဲ့ ငါးေယာက္ထဲက ေရာဂါပိုးကူးစက္ခံထားရသူကို ေမာင္ေတာျပည္သူ႔ေဆး႐ုံႀကီးမွာ ထားရွိၿပီး က်န္ ေလးေယာက္ကိုေတာ့ လွဖိုးေခါင္ စခန္းမွာပဲ quarantine ထားရွိၿပီး ေစာင့္ၾကည့္ေနတယ္လို႔ ဦးစိုးေအာင္က ဆက္ေျပာပါတယ္။

"ေလာေလာဆယ္မွာေတာ့ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္အရ ေမာင္ေတာျပည့္သူ႔ေဆး႐ုံႀကီးမွာ quarantine သီးျခားလုပ္သြားၿပီးေတာ့ ေဆးကုသဖို႔ ဆက္လုပ္သြားမွာေပါ့။ က်န္တဲ့ေလးေယာက္ကေတာ့ negative ျဖစ္တဲ့အတြက္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫြန္ၾကားခ်က္အရ quarantine ေနရာမွာပဲ ထားၿပီးေတာ့ ထပ္စစ္မယ္၊ ထပ္စစ္လို႔မေတြ႕ရင္ေတာ့ quarantine ၂၁ ရက္ပဲ ထပ္လုပ္သြားမယ္။ ေရာဂါရွိတဲ့ လူကိုပဲ ေစာင့္ၾကည့္လို႔ရတာေလ မရွိတဲ့သူေတြကိုေတာ့ ေစာင့္ၾကည့္ၿပီး ေဆးကုဖို႔မွ မလိုတာေနာ္။"

လက္ရွိအခ်ိန္မွာေမာင္ေတာနဲ႔ ထိစပ္ေနတဲ့ ဘဂၤလားေဒ့ရွ္ဘက္မွာလည္း COVID-19 ေရာဂါပိုးကူးစက္ခံ ထားရသူေတြ အမ်ားအျပားရွိေနသလို ေမာင္ေတာမွာလည္း အခုလက္ရွိ ကူးစက္ခံထားရသူေတြ႕ရွိတာေၾကာင့္ စိုးရိမ္ရတယ္လို႔ ေမာင္ေတာေဒသခံ မာမြတ္ကေျပာပါတယ္။

"စိုးရိမ္မႈေတာ့ ရွိပါတယ္။ ႏိုင္ငံတကာမွာ စျဖစ္ကတည္းက က်ေနာ္တို႔က စိုးရိမ္ေနၾကတာပါ။ ေမာင္ေတာ္ၿမိဳ႕မွာေတာ့ ေထြအုပ္တို႔က ဘယ္လိုေနထိုင္ရမယ္ မိသားစုနဲ႔ ဘယ္လိုေနထိုင္ရမလဲ ဆိုတာကို အခ်ိန္နဲ႔ တေျပးညီ လုပ္ေဆာင္ေပးေနတာေတြ ရွိပါတယ္။"

ဘဂၤလားေဒ့ရ္ွဘက္ျခမ္းရွိေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းထဲမွာလည္း COVID-19 ေရာဂါပိုးကူးစက္ခံရသူ ၃၀ ဝန္းက်င္ ရွိေနတာေၾကာင့္ အဲဒီစခန္းေတြအတြင္းမွာလည္း ကို႐ိုနာဗိုင္းရပ္ပိုး ကူးစက္ပ်ံ႕ႏွံ႔မႈ စိုးရိမ္မႈေတြရွိေနပါတယ္။

ရခိုင္ျပည္နယ္ကေန ဘဂၤလားေဒ့ရ္ွႏိုင္ငံထဲ ထြက္ေျပးသြားၾကတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ျပန္လည္လက္ခံေရးအတြက္ ႏိုင္ငံတကာက ဖိအားေပးခဲ့တာေၾကာင့္ ျမန္မာအစိုးရဘက္ကလည္း ႐ိုဟင္ဂ်ာအသုံးအႏႈန္း လက္မခံေပမဲ့လို႔ ဘဂၤလားေဒ့ရ္ွနဲ႔ သေဘာတူထားတဲ့အတိုင္း တရားဝင္ ႀကိဳဆိုလက္ခံေရးေတြကို ျမန္ျမန္ဆန္ဆန္လုပ္သြားဖို႔ ျပင္ဆင္ခဲ့ပါတယ္။

ဒါေပမဲ့ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္အတိုင္း အစီအစဥ္ေတြစဖို႔ အဆင္မေျပေသးတာေၾကာင့္ တစ္ဦးစ၊ ႏွစ္ဦးစ ကိုယ့္အစီအစဥ္နဲ႔ ကိုယ္ျပန္ဝင္လာၾကတဲ့ ဒုကၡသည္ေတြ ရွိေနတာပါ။

လတ္တေလာအားျဖင့္ေတာ့ ဒုကၡသည္ေတြ စီစစ္လက္ခံေရး ႏွစ္ႏိုင္ငံအစီအစဥ္ကို ယာယီဆိုင္းငံထားသလို၊ ဒုကၡသည္ေတြ ကိုယ့္အစီအစဥ္နဲ႔ ကိုယ္ျပန္လာႏိုင္တဲ့ အစီအစဥ္ကိုလည္း ကိုဗစ္အေရးေပၚအေျခေနေၾကာင့္ ျမန္မာဘက္က ရပ္ဆိုင္းထားပါတယ္။

သက္ႏိုင္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/bangla-covid-mm/5448856.html
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ ၅ ဦးထဲက တစ်ဦး COVID ကူးခံထားရ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ ၅ ဦးထဲက တစ်ဦး COVID ကူးခံထားရ Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.