ဘင်္ဂလားဒေ့ရှ် ကူးတို့သင်္ဘောနစ်မြုပ် ၂၃ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့ရှိ Buriganga မြစ်ထဲ နစ်မြုပ်ခဲ့တဲ့ ကူးတို့သင်္ဘာက သေဆုံးသွားသူတွေကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဇွန် ၂၉၊ ၂၀၂၀)
(Unicode)⤵⤵⤵
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့မှာ ဒီကနေ့ ကူးတို့သင်္ဘာတစင်း နစ်မြုပ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၃ ယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လူ ၅၀ လောက်လိုက်ပါလာတဲ့ ဒီသင်္ဘောက မြို့အနောက်တောင်ဘက် Buriganga မြစ်အတွင်း တခြား သင်္ဘောတစင်းနဲ့ တိုက်မိ နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တဦးက ရိုက်တာသတင်းကို ပြောတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့ရှိ Buriganga မြစ်ထဲ နစ်မြုပ်ခဲ့တဲ့ ကူးတို့သင်္ဘာက သေဆုံးသွားသူတွေကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဇွန် ၂၉၊ ၂၀၂၀)
ခရီးသည်တချို့ ကမ်းအထိ ရေကူးလွတ်မြောက်ခဲ့ပေမဲ့ တချို့ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းနဲ့ အခုထိတော့ အမျိုးသမီး ခြောက်ဦးနဲ့ ကလေးငယ် သုံးဦး အပါအဝင် သေဆုံးသူ ၂၃ ဦးရဲ့ အလောင်းတွေကို ရှာဖွေရရှိထားကြောင်းလည်း သူက ပြောပါတယ်။

မြေနိမ့်ဒေသဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြည်တွင်း ရေလမ်းနဲ့ ခရီးသွားတဲ့သူ အများအပြားရှိတာပါ။ ရေလမ်းကြောင်း အန္တရာယ်ကင်းရှင်းရေး စနစ်တွေ အားနည်းတာကြောင့် ကူးတို့သင်္ဘာနစ်မြုပ်မှုတွေဖြစ်လေ့ရှိပြီး နှစ်စဉ်လူ ရာနဲ့ချီ သေဆုံးကြရပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
-------------------------
(Zawgyi)⤵⤵⤵





https://burmese.voanews.com/a/bangladesh-ferry-accident/5481448.html
ဘင်္ဂလားဒေ့ရှ် ကူးတို့သင်္ဘောနစ်မြုပ် ၂၃ ဦးထက်မနည်း သေဆုံး ဘင်္ဂလားဒေ့ရှ် ကူးတို့သင်္ဘောနစ်မြုပ် ၂၃ ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.