မလေးရှားမှာ မြန်မာတွေ နေရပ်မပြန်ရဘဲ ဒုက္ခရောက်နေ

မလေးရှားနိုင်ငံ Kuala Lumpur မြို့က Twin Towers ရှေ့နားက ဖြတ်သွားတဲ့ နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသမီးတဦး။ (မတ် ၁၈၊ ၂၀၂၀)
(Unicode)⤵⤵⤵
မလေးရှား ထိန်းသိမ်းရေး စခန်းမှာရှိနေတဲ့ မြန်မာနိုင်ငံသား အယောက် ၃,၀၀၀ ကျော်ကို နှစ်နိုင်ငံ စစ်ဆေးမှုတွေ သေချာလုပ်ပြီးသွားမှ မြန်မာဘက်က ပြန်လက်ခံသွားဖို့ ရှိတယ်ဆိုတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ဆက်ပေးမှာပါ။

ရက်လွန်နေထိုင်သူတွေနဲ့ ပြစ်ချက်ရှိလို့ ထိန်းသိမ်းခံထားသူ မြန်မာနိုင်ငံသား အယောက် ၃,၀၀၀ ကျော်စာရင်းကို မလေးရှားအစိုးရဘက်က ပေးပို့ထားပေမဲ့ စစ်ဆေးတာတွေ လုပ်ပြီးမှ ပြန်လက်ခံသွားမယ်လို့ မလေးရှားမြန်မာသံရုံးက သံရုံးအုပ် ဦးကိုကိုလွင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ညှိနှိုင်းတုန်း ရှိသေးတယ်။ မလေးဘက်နဲ့ ကျနော်တို့အစိုးရဘက် ညှိနှိုင်းတုန်း ရှိသေးတယ်။ မြန်မာနိုင်ငံသားတွေ မှန်၊ မမှန်ပေါ့။ သူက အကျဉ်းထောင်တွေထဲက ကျနော်တို့ကို ၃,၂၂၁ ယောက်ရှိပါတယ်လို့ သူကပြောပေမဲ့လို့ ဒီဟာကို ကိုယ့်နိုင်ငံသားတွေ မှန်ရဲ့လား၊ မမှန်ဘူးလားဆိုတာ ကျနော်တို့ စိစစ်မှုတွေ လုပ်ရဦးမှာပေါ့နော်။”

ထိန်းသိမ်းရေး စခန်းကသူတွေကို မလေးရှားအစိုးရဘက်က ကုန်ကျစရိတ်ခံပြီး ပြန်ပို့ပေးမယ်လို့ ကမ်းလှမ်းထားပေမဲ့ လက်ခံဖို့ အဆင်မပြေသေးဘူးဆိုတာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က စာပြန်ခဲ့တယ်လို့ မလေးရှားသတင်း မီဒီယာတခုက အမည်မဖော်လိုသူတဦးက ဗွီအိုအေကို ပြောပါတယ်။

COVID-19 ရောဂါ မလေးရှား အကျဉ်းထောင်တွေထိ ကူးစက်နေလို့ မြန်မာနိုင်ငံသားတွေ ပြန်ခေါ်ဖို့ ကြန့်ကြာနေရကြောင်း မြန်မာသံရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာအစိုးရက ထိန်းသိမ်းရေးစခန်းသူတွေကို စစ်ဆေးတာ ကြန့်ကြာနေသလို ပြန်ဖို့စောင့်ဆိုင်းနေတဲ့ ထောင်နဲ့ချီတဲ့ ပြင်ပက သူတွေအတွက်လည်း လုပ်ဆောင်တာ နှေးကွေးနေကြောင်း မလေးရောက်မြန်မာတွေက တုံ့ပြန်ကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ပထမတခေါက်ခေါ်တုန်းကလည်း ထောင်ကျတဲ့သူတွေနဲ့ ကိုယ်ဝန်သမားတွေကို ခေါ်တာပေါ့ အဲလိုပြောတယ်။ ကျန်တဲ့သူတွေ မပါဘူးပေါ့နော်။ ဆိုတော့ ညီမတို့တွေ မပါပြန်ဘူးပေါ့။ ပြန်ချင်တဲ့သူတွေက တပုံကြီးဖြစ်နေတာ၊ သိတယ်မလား ငိုကာ၊ ရယ်ကာ ဒုက္ခတွေရောက်နေကြ။ စားစရာမဲ့၊ သောက်စရာမဲ့။ ငတ်နေတဲ့သူတွေလည်း အများကြီးပဲ၊ နောက်လမ်းဘေးမှာလည်း ကိုယ်တွေ တဦးတည်းမဟုတ်ဘူး အများကြီး။”

ကွာလာလမ်ပူမြို့က မြန်မာလုပ်သား မယုစန္ဒာပြောသွားတာပါ။

မြန်မာအများစုလုပ်နေတဲ့ စက်ရုံတွေ၊ စားသောက်ဆိုင်တွေက မလေးရှားမှာ ပုံမှန်မလည်ပတ်သေးပါဘူး။ အလုပ်လက်မဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်း များလာနေပါတယ်။ ကွာလာလမ်ပူမြို့၊ ဆလာမ်ကောက ကိုအောင်ဇော်ကလည်း အခုလိုပြောပါတယ်။

“Overstay သမားတွေနဲ့ အဓိက ဒုက္ခရောက်နေတာကတော့ ကိုယ်ဝန်သည်တွေပေါ့၊ တချို့ကိုယ်ဝန်သည်တွေဆိုရင် မီးဖွားဖို့ အချိန်ကပ်နေပြီ။ လေယာဉ်မရှိလို့ မပြန်ရတာတွေရှိတယ်။ ဒါလေးကို ကျနော်တို့ အစိုးရက ကူညီမယ်ဆိုရင်တော့ ပိုဝမ်းသာတာပေါ့။”

မြန်မာအစိုးရက ကယ်ဆယ်ရေးလေယာဉ်နဲ့ မေလ ၈ ရက်မှာ မြန်မာနိုင်ငံသား အယောက် ၁၀၀၊ မေလ ၂၀မှာ ဒုတိယအကြိမ် ၁၇၅ ယောက်ကို ပြန်ခေါ်ခဲ့ပါတယ်။ မလေးရှားအစိုးရကလည်း ထိန်းသိမ်းရေးစခန်းက မြန်မာ ၃၉၁ ယောက်ကို သူ့အစီအစဉ်နဲ့ မေလ ၁၁ ရက်ကပြန်ပို့ပေးခဲ့ပါတယ်။ ထိန်းသိမ်းရေးစခန်းကသူတွေ၊ ပြင်ပမှာ ဒုက္ခရောက်လို့ပြန်ချင်သူအရေအတွက်က သောင်းနဲ့ချီ ရှိနိုင်တယ်လို့ မြန်မာလူမှုကူညီရေး အသိုင်းအဝန်းက ခန့်မှန်းထားပါတယ်။

 ဇော်ထက်  / ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------------
(Zawgyi)⤵⤵⤵
မေလးရွားမွာ ျမန္မာေတြ ေနရပ္မျပန္ရဘဲ ဒုကၡေရာက္ေန

မေလးရွား ထိန္းသိမ္းေရး စခန္းမွာရွိေနတဲ့ ျမန္မာႏိုင္ငံသား အေယာက္ ၃,၀၀၀ ေက်ာ္ကို ႏွစ္ႏိုင္ငံ စစ္ေဆးမႈေတြ ေသခ်ာလုပ္ၿပီးသြားမွ ျမန္မာဘက္က ျပန္လက္ခံသြားဖို႔ ရွိတယ္ဆိုတဲ့ သတင္းကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ဆက္ေပးမွာပါ။

ရက္လြန္ေနထိုင္သူေတြနဲ႔ ျပစ္ခ်က္ရွိလို႔ ထိန္းသိမ္းခံထားသူ ျမန္မာႏိုင္ငံသား အေယာက္ ၃,၀၀၀ ေက်ာ္စာရင္းကို မေလးရွားအစိုးရဘက္က ေပးပို႔ထားေပမဲ့ စစ္ေဆးတာေတြ လုပ္ၿပီးမွ ျပန္လက္ခံသြားမယ္လို႔ မေလးရွားျမန္မာသံ႐ုံးက သံ႐ုံးအုပ္ ဦးကိုကိုလြင္က ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ ညႇိႏႈိင္းတုန္း ရွိေသးတယ္။ မေလးဘက္နဲ႔ က်ေနာ္တို႔အစိုးရဘက္ ညႇိႏႈိင္းတုန္း ရွိေသးတယ္။ ျမန္မာႏိုင္ငံသားေတြ မွန္၊ မမွန္ေပါ့။ သူက အက်ဥ္းေထာင္ေတြထဲက က်ေနာ္တို႔ကို ၃,၂၂၁ ေယာက္ရွိပါတယ္လို႔ သူကေျပာေပမဲ့လို႔ ဒီဟာကို ကိုယ့္ႏိုင္ငံသားေတြ မွန္ရဲ႕လား၊ မမွန္ဘူးလားဆိုတာ က်ေနာ္တို႔ စိစစ္မႈေတြ လုပ္ရဦးမွာေပါ့ေနာ္။”

ထိန္းသိမ္းေရး စခန္းကသူေတြကို မေလးရွားအစိုးရဘက္က ကုန္က်စရိတ္ခံၿပီး ျပန္ပို႔ေပးမယ္လို႔ ကမ္းလွမ္းထားေပမဲ့ လက္ခံဖို႔ အဆင္မေျပေသးဘူးဆိုတာ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနဘက္က စာျပန္ခဲ့တယ္လို႔ မေလးရွားသတင္း မီဒီယာတခုက အမည္မေဖာ္လိုသူတဦးက ဗြီအိုေအကို ေျပာပါတယ္။

COVID-19 ေရာဂါ မေလးရွား အက်ဥ္းေထာင္ေတြထိ ကူးစက္ေနလို႔ ျမန္မာႏိုင္ငံသားေတြ ျပန္ေခၚဖို႔ ၾကန႔္ၾကာေနရေၾကာင္း ျမန္မာသံ႐ုံး တာဝန္ရွိသူေတြက ေျပာပါတယ္။ ျမန္မာအစိုးရက ထိန္းသိမ္းေရးစခန္းသူေတြကို စစ္ေဆးတာ ၾကန႔္ၾကာေနသလို ျပန္ဖို႔ေစာင့္ဆိုင္းေနတဲ့ ေထာင္နဲ႔ခ်ီတဲ့ ျပင္ပက သူေတြအတြက္လည္း လုပ္ေဆာင္တာ ေႏွးေကြးေနေၾကာင္း မေလးေရာက္ျမန္မာေတြက တုံ႔ျပန္ၾကပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္ ပထမတေခါက္ေခၚတုန္းကလည္း ေထာင္က်တဲ့သူေတြနဲ႔ ကိုယ္ဝန္သမားေတြကို ေခၚတာေပါ့ အဲလိုေျပာတယ္။ က်န္တဲ့သူေတြ မပါဘူးေပါ့ေနာ္။ ဆိုေတာ့ ညီမတို႔ေတြ မပါျပန္ဘူးေပါ့။ ျပန္ခ်င္တဲ့သူေတြက တပုံႀကီးျဖစ္ေနတာ၊ သိတယ္မလား ငိုကာ၊ ရယ္ကာ ဒုကၡေတြေရာက္ေနၾက။ စားစရာမဲ့၊ ေသာက္စရာမဲ့။ ငတ္ေနတဲ့သူေတြလည္း အမ်ားႀကီးပဲ၊ ေနာက္လမ္းေဘးမွာလည္း ကိုယ္ေတြ တဦးတည္းမဟုတ္ဘူး အမ်ားႀကီး။”

ကြာလာလမ္ပူၿမိဳ႕က ျမန္မာလုပ္သား မယုစႏၵာေျပာသြားတာပါ။

ျမန္မာအမ်ားစုလုပ္ေနတဲ့ စက္႐ုံေတြ၊ စားေသာက္ဆိုင္ေတြက မေလးရွားမွာ ပုံမွန္မလည္ပတ္ေသးပါဘူး။ အလုပ္လက္မဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြလည္း မ်ားလာေနပါတယ္။ ကြာလာလမ္ပူၿမိဳ႕၊ ဆလာမ္ေကာက ကိုေအာင္ေဇာ္ကလည္း အခုလိုေျပာပါတယ္။

“Overstay သမားေတြနဲ႔ အဓိက ဒုကၡေရာက္ေနတာကေတာ့ ကိုယ္ဝန္သည္ေတြေပါ့၊ တခ်ိဳ႕ကိုယ္ဝန္သည္ေတြဆိုရင္ မီးဖြားဖို႔ အခ်ိန္ကပ္ေနၿပီ။ ေလယာဥ္မရွိလို႔ မျပန္ရတာေတြရွိတယ္။ ဒါေလးကို က်ေနာ္တို႔ အစိုးရက ကူညီမယ္ဆိုရင္ေတာ့ ပိုဝမ္းသာတာေပါ့။”

ျမန္မာအစိုးရက ကယ္ဆယ္ေရးေလယာဥ္နဲ႔ ေမလ ၈ ရက္မွာ ျမန္မာႏိုင္ငံသား အေယာက္ ၁၀၀၊ ေမလ ၂၀မွာ ဒုတိယအႀကိမ္ ၁၇၅ ေယာက္ကို ျပန္ေခၚခဲ့ပါတယ္။ မေလးရွားအစိုးရကလည္း ထိန္းသိမ္းေရးစခန္းက ျမန္မာ ၃၉၁ ေယာက္ကို သူ႔အစီအစဥ္နဲ႔ ေမလ ၁၁ ရက္ကျပန္ပို႔ေပးခဲ့ပါတယ္။ ထိန္းသိမ္းေရးစခန္းကသူေတြ၊ ျပင္ပမွာ ဒုကၡေရာက္လို႔ျပန္ခ်င္သူအေရအတြက္က ေသာင္းနဲ႔ခ်ီ ရွိႏိုင္တယ္လို႔ ျမန္မာလူမႈကူညီေရး အသိုင္းအဝန္းက ခန႔္မွန္းထားပါတယ္။

 ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/malaysia-covid-myanmar-migrant/5450604.html
မလေးရှားမှာ မြန်မာတွေ နေရပ်မပြန်ရဘဲ ဒုက္ခရောက်နေ မလေးရှားမှာ မြန်မာတွေ နေရပ်မပြန်ရဘဲ ဒုက္ခရောက်နေ Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.