လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ အပစ်ရပ်ကြေညာချက် တပ်မတော်ပယ်ချ

MNDAA ကိုးကန့်တပ်ဖွဲ့ဝင်တချို့။ (မတ် ၂၁၊ ၂၀၁၅)
(Unicode)⤵⤵⤵
မြန်မာစစ်တပ်နဲ့ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကနေ အပစ်ရပ်ကာလ ၃ လ ထပ်မံတိုးပြီး ကမ်းလှမ်းကြေညာချက်ထုတ်ပြန်တဲ့အပေါ် တပ်မတော်ဘက်က အယုံကြည်မရှိကြောင်း တုံ့ပြန်ပြောဆိုတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့၊ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့တွေကနေ ဇွန်လ ၁ ရက်ကနေ သြဂုတ်လ ၃၁ ရက်အထိ နောက်ထပ် ၃ လ တဘက်သတ် အပစ်ရပ်ကြောင်း တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ အပစ်ရပ်ကြေညာချက်အပေါ် ယုံကြည်နိုင်စရာ မရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့က တပ်မတော်အနေနဲ့က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် ဒါတွေကို တချိန်တုန်းကလည်းကျနော်တို့ထုတ်ပြန်ခဲ့ပြီးသားပါ။ လေးလ အပစ်ရပ်ခဲ့ပြီးဖြစ်တယ်။ အခု နောက်ဆုံးအကြိမ်အနေနဲ့က ကျနော်တို့ ၃ လကျော်အကြာ သြဂုတ်လ ၃၁ ရက်နေ့အထိ ဆောင်ခဲ့ပြီးဖြစ်တယ်။ အဲဒီအချိန်တွင်းမှာပဲ TNLA ဆိုရင် တပ်မတော်က အုပ်ချုပ်မှုယာဉ်တန်းကို မကြာမီရက်ပိုင်းအတွင်းက လမ်းပေါ်အထိ တက်လာပြီးတော့တာ ရည်ရွယ်ချက်ရှိရှိနဲ့ မိုင်းခွဲတိုက်ခိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်နေတာရှိတယ်။ AA ဆိုလို့ရှိရင်လည်း ဒီရက်ပိုင်းအတွင်း သဇင်မြိုင်ရဲစခန်းကိုတိုက်ခိုက်ခဲ့တယ်။ ဒီအဖွဲ့ရဲ့လုပ်ရပ်က ယုံကြည်နိုင်စရာလည်း မရှိဘူး။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့က ယုံကြည်ဖို့အတွက်တော်တော်ခဲယဉ်းနေတယ်လို့ ပြောချင်ပါတယ်။”

AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ ရဲစခန်းတွေကိုပစ်မှတ်ထားတိုက်ခိုက်နေတာ ချင်းပြည်နယ် ပလက်ဝမြို့ ဆက် သွယ်ရေးလမ်းကြောင်း ကုလားတန်မြစ်ကြောင်း လမ်းကြောင်းလုံခြုံရေးနဲ့ ကုလားတန်မြစ်ကူးတံတား၊ လမ်းဖောက် လုပ်ရေးစီမံကိန်းကို နှောင့်ယှက်နေတာကြောင့် ထုတ်ပြန်ချက်အပေါ်ယုံကြည်နိုင်စရာ မရှိဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာ့တပ်မတော်နဲ့ နှစ်ဦးနှစ်ဘက် အပစ်ရပ်ဖို့ကမ်းလှမ်းတာ ပါဝင်နေတဲ့အပေါ် တပ်မတော်ရဲ့ သဘောထားကိုတော့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုဆက်ပြောပါတယ်။

“တပ်မတော်အနေနဲ့ရော နိုင်ငံတော်အစိုးရအနေနဲ့ရော တဒင်္ဂငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတာ မဟုတ်ဘူး။ ထာဝရငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတာဖြစ်တယ်။ ငြိမ်းချမ်းရေးလမ်းကြောင်းတော့ ဖွင့်ပေးထားတယ်။ ဒီကြားထဲမှာ NRPC ဘက်က အစိုးရဘက်ကကမ်းလှန်းခဲ့တာရှိတယ်။ သူတို့ကိုယ်တိုင်သတင်းစာရှင်းလင်းပွဲမှာ ပြောပြီး ဖြစ်တယ်။ တုံ့ပြန်မှုက အားရစရာ မရှိဘူးလို့ပြောပြီးဖြစ်တယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့က ကျနော်အနေနဲ့ သီးခြားတော့ မှတ်ချက်ပေးစရာ မရှိဘူး။”

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကနေ ခြောက် ကြိမ်မြောက် အပစ်ရပ်ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ အဖွဲ့ပြောခွင့်ရ ခိုင်သုခက အခုလိုပြောပါတယ်။

“အရင်တုန်းကနေပြီးတော့ မြန်မာစစ်တပ်ဘက်က ထုတ်ပြန်ခဲ့တဲ့ သူတို့ တဘက်သတ်အပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ချက်တွေထဲမှာ ကြိုတင်ကန့်သတ်ချက်တွေ အများကြီးပါနေတဲ့အတွက်ကြောင့်မို့လို့ အပစ်ခတ်တွေဟာ ဘယ်တော့မှ ရပ်ပစ်ခဲ့တာ မရှိဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ကနေပြီးတော့ ဒီဟာတွေအားလုံးကို သုံးသပ်ပြီးတော့မှ အကောင်းဆုံး အနေအထားနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ ထုတ်ပြန်တာဖြစ်တယ်ခင်ဗျ။”

တပ်မတော်ကနေ စစ်တိုင်းကြီး ၅ ခုမှာ အပစ်ရပ်ကြောင်းကြေညာထားပေမဲ့ ရခိုင်ပြည်နယ်အတွင်း အကြုံးဝင်ခြင်း မရှိတာကြောင့် မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

ဒီနေ့မှာလည်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့အဝင် တံတားအနီးမှာ တပ်မတော်ယာဉ်တန်းမိုင်းဆွဲခံရလို့ မြန်မာစစ်တပ်ဘက်က ထိခိုက်မှု တချို့ရှိခဲ့တယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ပုဏ္ဏားကျွန်းမှာ ဒီနေ့ နေ့လယ် ၁၁ နာရီကျော်ကျော်လောက်မှာ ပုဏ္ဏားကျွန်းမြို့ဝင်တံတား ကင်းချောင်းနားလေးမှာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာပဲ တပ်မတော်က လုံခြုံရေးစစ်ကြောင်းတခုကို AA က ရီမုမိုင်းတလုံးနဲ့ မိုင်းထောင်မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ရှိတယ်။ တပ်မတော်ကအချို့ ကျနော်တို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိပါတယ်ဗျ။”

AA ဘက်ကတော့ ဒီဖြစ်စဉ်ကို မသိရသေးဘူးလို့ ခိုင်သုခက ဆိုပါတယ်။

အခုလို တဘက်သတ် အပစ်ရပ်ကမ်းလှမ်းချက်ကို မြန်မာ့တပ်မတော်ဘက်က လက်မခံဘဲ တိုင်းရင်းသားဒေသတွေမှာ ဆက်ပြီး ထိုးစစ်ဆင်မှုလုပ်ဆောင်နေမယ်ဆိုရင် ညီနောင်မဟာမိတ် ၃ ဖွဲ့က လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ သတိပေးဖေါ်ပြထားပါတယ်။

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့အနေနဲ့ အပစ်ရပ်ကာလသက်တမ်းတိုးရတာဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ချောမွေ့ထိရောက်စေဖို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းစေဖို့နဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးမှာ အထောက်ကူ ပြုစေဖို့အတွက် ဖြစ်တယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ကိုနိုင်ကွန်းအိန်  / ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------------
(Zawgyi)⤵⤵⤵
လက္နက္ကိုင္အဖြဲ႕ ၃ ဖြဲ႕ အပစ္ရပ္ေၾကညာခ်က္ တပ္မေတာ္ပယ္ခ်

ျမန္မာစစ္တပ္နဲ႔ စစ္ေရးတင္းမာေနဆဲျဖစ္တဲ့ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ကေန အပစ္ရပ္ကာလ ၃ လ ထပ္မံတိုးၿပီး ကမ္းလွမ္းေၾကညာခ်က္ထုတ္ျပန္တဲ့အေပၚ တပ္မေတာ္ဘက္က အယုံၾကည္မရွိေၾကာင္း တုံ႔ျပန္ေျပာဆိုတဲ့အေၾကာင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးပါမယ္။

ေျမာက္ပိုင္းညီေနာင္မဟာမိတ္ ၃ ဖြဲ႕ျဖစ္တဲ့ TNLA တအာင္းပေလာင္တပ္ဖြဲ႕၊ AA ရခိုင္လက္နက္ကိုင္တပ္ဖြဲ႕၊ MNDAA ကိုးကန႔္တပ္ဖြဲ႕ေတြကေန ဇြန္လ ၁ ရက္ကေန ၾသဂုတ္လ ၃၁ ရက္အထိ ေနာက္ထပ္ ၃ လ တဘက္သတ္ အပစ္ရပ္ေၾကာင္း တနလၤာေန႔မွာ ေၾကညာခဲ့ပါတယ္။

ေျမာက္ပိုင္းညီေနာင္မဟာမိတ္ ၃ ဖြဲ႕ရဲ႕ အပစ္ရပ္ေၾကညာခ်က္အေပၚ ယုံၾကည္ႏိုင္စရာ မရွိဘူးလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔က တပ္မေတာ္အေနနဲ႔က ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးနဲ႔ ထာဝရၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ခ်က္ ဒါေတြကို တခ်ိန္တုန္းကလည္းက်ေနာ္တို႔ထုတ္ျပန္ခဲ့ၿပီးသားပါ။ ေလးလ အပစ္ရပ္ခဲ့ၿပီးျဖစ္တယ္။ အခု ေနာက္ဆုံးအႀကိမ္အေနနဲ႔က က်ေနာ္တို႔ ၃ လေက်ာ္အၾကာ ၾသဂုတ္လ ၃၁ ရက္ေန႔အထိ ေဆာင္ခဲ့ၿပီးျဖစ္တယ္။ အဲဒီအခ်ိန္တြင္းမွာပဲ TNLA ဆိုရင္ တပ္မေတာ္က အုပ္ခ်ဳပ္မႈယာဥ္တန္းကို မၾကာမီရက္ပိုင္းအတြင္းက လမ္းေပၚအထိ တက္လာၿပီးေတာ့တာ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ မိုင္းခြဲတိုက္ခိုက္ၿပီး လက္နက္ႀကီး၊ လက္နက္ငယ္နဲ႔ ပစ္ခတ္ေနတာရွိတယ္။ AA ဆိုလို႔ရွိရင္လည္း ဒီရက္ပိုင္းအတြင္း သဇင္ၿမိဳင္ရဲစခန္းကိုတိုက္ခိုက္ခဲ့တယ္။ ဒီအဖြဲ႕ရဲ႕လုပ္ရပ္က ယုံၾကည္ႏိုင္စရာလည္း မရွိဘူး။ ဒီေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး တပ္မေတာ္အေနနဲ႔က ယုံၾကည္ဖို႔အတြက္ေတာ္ေတာ္ခဲယဥ္းေနတယ္လို႔ ေျပာခ်င္ပါတယ္။”

AA အဖြဲ႕အေနနဲ႔ ရခိုင္ျပည္နယ္မွာ ရဲစခန္းေတြကိုပစ္မွတ္ထားတိုက္ခိုက္ေနတာ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ ဆက္ သြယ္ေရးလမ္းေၾကာင္း ကုလားတန္ျမစ္ေၾကာင္း လမ္းေၾကာင္းလုံၿခဳံေရးနဲ႔ ကုလားတန္ျမစ္ကူးတံတား၊ လမ္းေဖာက္ လုပ္ေရးစီမံကိန္းကို ေႏွာင့္ယွက္ေနတာေၾကာင့္ ထုတ္ျပန္ခ်က္အေပၚယုံၾကည္ႏိုင္စရာ မရွိဘူးလို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း ကဆိုပါတယ္။

ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ျမန္မာ့တပ္မေတာ္နဲ႔ ႏွစ္ဦးႏွစ္ဘက္ အပစ္ရပ္ဖို႔ကမ္းလွမ္းတာ ပါဝင္ေနတဲ့အေပၚ တပ္မေတာ္ရဲ႕ သေဘာထားကိုေတာ့ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုဆက္ေျပာပါတယ္။

“တပ္မေတာ္အေနနဲ႔ေရာ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ေရာ တဒဂၤၿငိမ္းခ်မ္းေရးအတြက္ လုပ္ေဆာင္ေနတာ မဟုတ္ဘူး။ ထာဝရၿငိမ္းခ်မ္းေရးအတြက္ လုပ္ေဆာင္ေနတာျဖစ္တယ္။ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေတာ့ ဖြင့္ေပးထားတယ္။ ဒီၾကားထဲမွာ NRPC ဘက္က အစိုးရဘက္ကကမ္းလွန္းခဲ့တာရွိတယ္။ သူတို႔ကိုယ္တိုင္သတင္းစာရွင္းလင္းပြဲမွာ ေျပာၿပီး ျဖစ္တယ္။ တုံ႔ျပန္မႈက အားရစရာ မရွိဘူးလို႔ေျပာၿပီးျဖစ္တယ္။ ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့က က်ေနာ္အေနနဲ႔ သီးျခားေတာ့ မွတ္ခ်က္ေပးစရာ မရွိဘူး။”

ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ကေန ေျခာက္ ႀကိမ္ေျမာက္ အပစ္ရပ္ထုတ္ျပန္ခဲ့တာနဲ႔ ပတ္သက္လို႔ အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက အခုလိုေျပာပါတယ္။

“အရင္တုန္းကေနၿပီးေတာ့ ျမန္မာစစ္တပ္ဘက္က ထုတ္ျပန္ခဲ့တဲ့ သူတို႔ တဘက္သတ္အပစ္ခတ္ရပ္စဲေရး ထုတ္ျပန္ခ်က္ေတြထဲမွာ ႀကိဳတင္ကန႔္သတ္ခ်က္ေတြ အမ်ားႀကီးပါေနတဲ့အတြက္ေၾကာင့္မို႔လို႔ အပစ္ခတ္ေတြဟာ ဘယ္ေတာ့မွ ရပ္ပစ္ခဲ့တာ မရွိဘူး။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ကေနၿပီးေတာ့ ဒီဟာေတြအားလုံးကို သုံးသပ္ၿပီးေတာ့မွ အေကာင္းဆုံး အေနအထားနဲ႔ ၿငိမ္းခ်မ္းေရးကို ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ က်ေနာ္တို႔ ထုတ္ျပန္တာျဖစ္တယ္ခင္ဗ်။”

တပ္မေတာ္ကေန စစ္တိုင္းႀကီး ၅ ခုမွာ အပစ္ရပ္ေၾကာင္းေၾကညာထားေပမဲ့ ရခိုင္ျပည္နယ္အတြင္း အႀကဳံးဝင္ျခင္း မရွိတာေၾကာင့္ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႔အၾကား တိုက္ပြဲေတြ ျပင္းထန္စြာ ျဖစ္ပြါးေနဆဲျဖစ္ပါတယ္။

ဒီေန႔မွာလည္း ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕အဝင္ တံတားအနီးမွာ တပ္မေတာ္ယာဥ္တန္းမိုင္းဆြဲခံရလို႔ ျမန္မာစစ္တပ္ဘက္က ထိခိုက္မႈ တခ်ိဳ႕ရွိခဲ့တယ္လို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ပုဏၰားကြၽန္းမွာ ဒီေန႔ ေန႔လယ္ ၁၁ နာရီေက်ာ္ေက်ာ္ေလာက္မွာ ပုဏၰားကြၽန္းၿမိဳ႕ဝင္တံတား ကင္းေခ်ာင္းနားေလးမွာ ျပည္ေထာင္စုလမ္းမႀကီးေပၚမွာပဲ တပ္မေတာ္က လုံၿခဳံေရးစစ္ေၾကာင္းတခုကို AA က ရီမုမိုင္းတလုံးနဲ႔ မိုင္းေထာင္မိုင္းဆြဲ တိုက္ခိုက္ခဲ့တာ ရွိတယ္။ တပ္မေတာ္ကအခ်ိဳ႕ က်ေနာ္တို႔ ထိခိုက္ဒဏ္ရာရရွိမႈ ရွိပါတယ္ဗ်။”

AA ဘက္ကေတာ့ ဒီျဖစ္စဥ္ကို မသိရေသးဘူးလို႔ ခိုင္သုခက ဆိုပါတယ္။

အခုလို တဘက္သတ္ အပစ္ရပ္ကမ္းလွမ္းခ်က္ကို ျမန္မာ့တပ္မေတာ္ဘက္က လက္မခံဘဲ တိုင္းရင္းသားေဒသေတြမွာ ဆက္ၿပီး ထိုးစစ္ဆင္မႈလုပ္ေဆာင္ေနမယ္ဆိုရင္ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က လက္တုံ႔ျပန္သြားမွာျဖစ္တယ္လို႔ ေၾကညာခ်က္မွာ သတိေပးေဖၚျပထားပါတယ္။

ေျမာက္ပိုင္း မဟာမိတ္သုံးဖြဲ႕အေနနဲ႔ အပစ္ရပ္ကာလသက္တမ္းတိုးရတာဟာ ႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြး အေျဖရွာႏိုင္ဖို႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေခ်ာေမြ႕ထိေရာက္ေစဖို႔ ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ၿပီး ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းေစဖို႔နဲ႔ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးမွာ အေထာက္ကူ ျပဳေစဖို႔အတြက္ ျဖစ္တယ္လို႔ သူတို႔ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

ကိုႏိုင္ကြန္းအိန္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/aa-tnla-mndaa-cease-fire/5445829.html
လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ အပစ်ရပ်ကြေညာချက် တပ်မတော်ပယ်ချ လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ အပစ်ရပ်ကြေညာချက် တပ်မတော်ပယ်ချ Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.