ရှမ်းနဲ့ဧရာဝတီတိုင်းက ကိုယ်ဝန်ဆောင်နဲ့၂နှစ်အောက်ကလေးတွေကို အစိုးရကငွေကြေး ထောက်ပံ့မယ်

ကိုယ်ဝန်ဆောင်မိခင်နှင့် ၂နှစ်အောက်ကလေးတွေအတွက် ထောက်ပံ
(Unicode)⤵⤵⤵
အစိုးရက ထောက်ပံ့ပေးနေတဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်နဲ့ ၂နှစ်အောက်ကလေးငယ်တွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့အစီအစဉ်မှာ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းကိုပါထပ်မံတိုးမြှင့်ထောက်ပံ့ပေး သွားဖို့စီစဉ်နေပြီလို့ လူမှုဝန်ထမ်းဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ဘီဘီစီကိုပြောပါ တယ်။

ဒီထောက်ပံ့မှုဟာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ လူမှုကာကွယ် စောင့်ရှောက်ရေး အစီအစဉ်အောက်ကနေ ချင်း၊ရခိုင်၊ နာဂ၊ ကရင်ပြည်နယ် ကယား ပြည်နယ်တွေက ကိုယ်ဝန်ဆောင်မိခင်လောင်းတွေနဲ့ တစ်လကို ကျပ်တစ်သောင်းခွဲနှုန်းနဲ့ ၃လတစ်ကြိမ် ထောက်ပံ့ပေးနေတဲ့ အစီအစဉ်အတွက် နောက်ထပ်ဒေသတွေထပ်မံတိုးချဲ့ထောက်ပံ့ပေးသွားမှာလည်းဖြစ်ပါတယ်။

' ' အဓိက အာဟာရဆိုင်ရာအညွှန်းကိန်းတွေပေါ်အခြေခံပြီးပဲရွေးတာပါ။ ထပ်တိုးတဲ့နေရာတွေက ထောက်ပံ့မှုအကျုံးဝင်တဲ့စာရင်းကို ဇူလိုင် ၁ရက်နေ့မှာ စကောက်ပါမယ်။ ထောက်ပံ့မှုကိုတော့ သြဂုတ်လမှာ ပေးသွားမယ်။ တိုးချဲ့လိုက်တဲ့နေရာက အကျုံးဝင်သူတွေအနေနဲ့ ဇူလိုင် ၁ရက်နေ့ကစပြီး ရပ်ကျေးစာရေးတွေဆီမှာ စာရင်းပေးသွားရမှာဖြစ်ပါတယ်'' လို့ ဦးကျော်လင်းထင်ကပြောပါတယ်။

ထပ်တိုးတဲ့ဒေသတွေက ကိုယ်ဝန်ဆောင်နဲ့ ၂နှစ်အောက်ကလေးငယ်တွေကို ဧပြီလကနေ စတင်ထောက်ပံ့ ပေးဖို့ သတ်မှတ်ထားတာဖြစ်တဲ့အတွက် ၂၀၂၀ ဧပြီလမှာမွေးဖွားတဲ့ကလေးငယ်တွေကနေ ဒီထောက်ပံ့မှု မှာ အကျုံးဝင်မှာဖြစ်ပါတယ်။
ထောက်ပံ့မှုအစီအစဉ် ကိုတိုးချဲ့ဖို့ရှိ
' ' ၂၀၂၀-၂၁ တစ်နှစ်စာအတွက်လက်ရှိအကောင်အထည်ဖော်နေတဲ့ နေရာတွေအပါအဝင် အခု၂၀၁၉-၂၀မှာ ထပ်တိုးတဲ့ ရှမ်း၊ ဧရာဝတီရှိတယ်။ ပြီးတဲ့အခါ ၂၀၂၀-၂၁ မှာ ဆက်လက်တိုးချဲ့ဖို့ ပလန်မှာပါတဲ့ ကချင်ပြည်နယ် အပါအဝင် လက်ရှိ လူမှုရေးပင်စင်ပေးနေတာတွေရှိတယ်။ ဒါတွေအားလုံးပေါင်းရင်တော့ ပလန်အတိုင်းဆိုရင်တော့ ရန်ပုံငွေက ၁၁၇ ဘီလီယံခန့်မှန်းတွက်ချက်ထားပါတယ်။''လို့ တစ်နှစ်အတွင်း ထောက်ပံ့သုံးစွဲသွားမယ့် ရန်ပုံငွေပမာဏကို ဦးကျော်လင်းထင်ကပြောပြပါတယ်။

ဒီထောက်ပံ့မှုအစီအစဉ်မှာ ကချင်ပြည်နယ်အတွင်းက ကိုယ်ဝန်ဆောင်တွေနဲ့ ၂နှစ်အောက်ကလေးငယ် တွေကိုလည်း လာမယ့် ၂၀၂၀ -၂၁ ဘဏ္ဍနှစ်အတွင်း ထပ်မံတိုးချဲ့ထောက်ပံ့သွားဖို့ လျာထားတယ်လို့ လည်း သိရပါတယ်။

' ' ဒီအစီအစဉ်မှာ အကျုံးဝင်သူတိုင်း ထောက်ပံ့မှုရစေဖို့အတွက် ရှမ်းမှာဆိုလည်း တိုင်းရင်းသား လက်နက်ကိုင် တွေကြီးစိုးတဲ့ အထူးဒေသတွေလိုနေရာတွေကအစ အားလုံးရနိုင်စေဖို့ ညှိနှိုင်းမှုတွေစလုပ်နေပါပြီ။ တချို့နေရာ တွေမှာလည်း ပြီးပါပြီ။''လို့ လူမှုဝန်ထမ်းဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်လင်းထက်က ထောက်ပံ့မှု အကျုံးဝင်သူတိုင်းရနိုင်စေဖို့ လုပ်ဆောင်နေတဲ့အခြေအနေကိုလည်းရှင်းပြပါတယ်။

ဒီထောက်ပံ့မှုဟာ မွေးဖွားလာတဲ့ ကလေးငယ်တွေ ဖွံ့ဖြိုးတိုးတက်မှု၊ ကြီးထွားမှုကို ရည်ရွယ်ပြီး အာဟာရ ဖြည့်စွက်တဲ့ အစားအသောက်တွေ ဝယ်ယူစားသောက်နိုင်အောင် ရည်ရွယ် ထောက်ပံ့ပေးတာဖြစ် တယ်လို့ လည်းသိရပါတယ်။

BBC Burmese
----------------------------------------------
(Zawgyi)⤵⤵⤵
ရွမ္းနဲ႔ဧရာဝတီတိုင္းက ကိုယ္ဝန္ေဆာင္နဲ႔၂ႏွစ္ေအာက္ကေလးေတြကို အစိုးရကေငြေၾကး ေထာက္ပံ့မယ္

အစိုးရက ေထာက္ပံ့ေပးေနတဲ့အစီအစဥ္တစ္ခုျဖစ္တဲ့ ကိုယ္ဝန္ေဆာင္နဲ႔ ၂ႏွစ္ေအာက္ကေလးငယ္ေတြကို ေငြေၾကးေထာက္ပံ့ေပးေနတဲ့အစီအစဥ္မွာ ရွမ္းျပည္နယ္နဲ႔ ဧရာဝတီတိုင္းကိုပါထပ္မံတိုးျမႇင့္ေထာက္ပံ့ေပး သြားဖို႔စီစဥ္ေနၿပီလို႔ လူမႈဝန္ထမ္းဦးစီးဌာနက ၫႊန္ၾကားေရးမႉး ဦးေက်ာ္လင္းထင္က ဘီဘီစီကိုေျပာပါ တယ္။

ဒီေထာက္ပံ့မႈဟာ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနရဲ႕ လူမႈကာကြယ္ ေစာင့္ေရွာက္ေရး အစီအစဥ္ေအာက္ကေန ခ်င္း၊ရခိုင္၊ နာဂ၊ ကရင္ျပည္နယ္ ကယား ျပည္နယ္ေတြက ကိုယ္ဝန္ေဆာင္မိခင္ေလာင္းေတြနဲ႔ တစ္လကို က်ပ္တစ္ေသာင္းခြဲႏႈန္းနဲ႔ ၃လတစ္ႀကိမ္ ေထာက္ပံ့ေပးေနတဲ့ အစီအစဥ္အတြက္ ေနာက္ထပ္ေဒသေတြထပ္မံတိုးခ်ဲ႕ေထာက္ပံ့ေပးသြားမွာလည္းျဖစ္ပါတယ္။

' ' အဓိက အာဟာရဆိုင္ရာအၫႊန္းကိန္းေတြေပၚအေျခခံၿပီးပဲေ႐ြးတာပါ။ ထပ္တိုးတဲ့ေနရာေတြက ေထာက္ပံ့မႈအက်ဳံးဝင္တဲ့စာရင္းကို ဇူလိုင္ ၁ရက္ေန႔မွာ စေကာက္ပါမယ္။ ေထာက္ပံ့မႈကိုေတာ့ ၾသဂုတ္လမွာ ေပးသြားမယ္။ တိုးခ်ဲ႕လိုက္တဲ့ေနရာက အက်ဳံးဝင္သူေတြအေနနဲ႔ ဇူလိုင္ ၁ရက္ေန႔ကစၿပီး ရပ္ေက်းစာေရးေတြဆီမွာ စာရင္းေပးသြားရမွာျဖစ္ပါတယ္'' လို႔ ဦးေက်ာ္လင္းထင္ကေျပာပါတယ္။

ထပ္တိုးတဲ့ေဒသေတြက ကိုယ္ဝန္ေဆာင္နဲ႔ ၂ႏွစ္ေအာက္ကေလးငယ္ေတြကို ဧၿပီလကေန စတင္ေထာက္ပံ့ ေပးဖို႔ သတ္မွတ္ထားတာျဖစ္တဲ့အတြက္ ၂၀၂၀ ဧၿပီလမွာေမြးဖြားတဲ့ကေလးငယ္ေတြကေန ဒီေထာက္ပံ့မႈ မွာ အက်ဳံးဝင္မွာျဖစ္ပါတယ္။

' ' ၂၀၂၀-၂၁ တစ္ႏွစ္စာအတြက္လက္ရွိအေကာင္အထည္ေဖာ္ေနတဲ့ ေနရာေတြအပါအဝင္ အခု၂၀၁၉-၂၀မွာ ထပ္တိုးတဲ့ ရွမ္း၊ ဧရာဝတီရွိတယ္။ ၿပီးတဲ့အခါ ၂၀၂၀-၂၁ မွာ ဆက္လက္တိုးခ်ဲ႕ဖို႔ ပလန္မွာပါတဲ့ ကခ်င္ျပည္နယ္ အပါအဝင္ လက္ရွိ လူမႈေရးပင္စင္ေပးေနတာေတြရွိတယ္။ ဒါေတြအားလုံးေပါင္းရင္ေတာ့ ပလန္အတိုင္းဆိုရင္ေတာ့ ရန္ပုံေငြက ၁၁၇ ဘီလီယံခန႔္မွန္းတြက္ခ်က္ထားပါတယ္။''လို႔ တစ္ႏွစ္အတြင္း ေထာက္ပံ့သုံးစြဲသြားမယ့္ ရန္ပုံေငြပမာဏကို ဦးေက်ာ္လင္းထင္ကေျပာျပပါတယ္။

ဒီေထာက္ပံ့မႈအစီအစဥ္မွာ ကခ်င္ျပည္နယ္အတြင္းက ကိုယ္ဝန္ေဆာင္ေတြနဲ႔ ၂ႏွစ္ေအာက္ကေလးငယ္ ေတြကိုလည္း လာမယ့္ ၂၀၂၀ -၂၁ ဘ႑ႏွစ္အတြင္း ထပ္မံတိုးခ်ဲ႕ေထာက္ပံ့သြားဖို႔ လ်ာထားတယ္လို႔ လည္း သိရပါတယ္။

' ' ဒီအစီအစဥ္မွာ အက်ဳံးဝင္သူတိုင္း ေထာက္ပံ့မႈရေစဖို႔အတြက္ ရွမ္းမွာဆိုလည္း တိုင္းရင္းသား လက္နက္ကိုင္ ေတြႀကီးစိုးတဲ့ အထူးေဒသေတြလိုေနရာေတြကအစ အားလုံးရႏိုင္ေစဖို႔ ညႇိႏႈိင္းမႈေတြစလုပ္ေနပါၿပီ။ တခ်ိဳ႕ေနရာ ေတြမွာလည္း ၿပီးပါၿပီ။''လို႔ လူမႈဝန္ထမ္းဦးစီးဌာနက ၫႊန္ၾကားေရးမႉး ဦးေက်ာ္လင္းထက္က ေထာက္ပံ့မႈ အက်ဳံးဝင္သူတိုင္းရႏိုင္ေစဖို႔ လုပ္ေဆာင္ေနတဲ့အေျခအေနကိုလည္းရွင္းျပပါတယ္။

ဒီေထာက္ပံ့မႈဟာ ေမြးဖြားလာတဲ့ ကေလးငယ္ေတြ ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ႀကီးထြားမႈကို ရည္႐ြယ္ၿပီး အာဟာရ ျဖည့္စြက္တဲ့ အစားအေသာက္ေတြ ဝယ္ယူစားေသာက္ႏိုင္ေအာင္ ရည္႐ြယ္ ေထာက္ပံ့ေပးတာျဖစ္ တယ္လို႔ လည္းသိရပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53222323
ရှမ်းနဲ့ဧရာဝတီတိုင်းက ကိုယ်ဝန်ဆောင်နဲ့၂နှစ်အောက်ကလေးတွေကို အစိုးရကငွေကြေး ထောက်ပံ့မယ် ရှမ်းနဲ့ဧရာဝတီတိုင်းက ကိုယ်ဝန်ဆောင်နဲ့၂နှစ်အောက်ကလေးတွေကို အစိုးရကငွေကြေး ထောက်ပံ့မယ် Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.