မြေပုံမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃ ဦးဖမ်းဆီးခံရပြီး အုပ်ချုပ်ရေးမှူး ၆ဝ ကျော် နုတ်ထွက်


(Unicode)⤵⤵⤵
ရခိုင် အလယ်ပိုင်း မြေပုံမြို့နယ်မှာ လုံခြုံမှုမရှိတော့လို့ နုတ်ထွက်တယ်ဆိုပြီး မြို့ပေါ် ၉ ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စုပေါင်း ၆၂ ခုက အုပ်ချုပ်ရေးမှူးတွေ တာဝန်က နုတ်ထွက်ခဲ့ကြတယ်လို့ နုတ်ထွက်ရာမှာပါဝင်တဲ့ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စာတင်ပြီး ဒီကနေ့ ဇွန်လ ၅ ရက် နေ့လယ်ပိုင်းမှာ နုတ်ထွက်လိုက်ကြတယ်လို့ သူက ပြောပါတယ်။

မြေပုံမြို့နယ်တစ်ခုလုံးမှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးပေါင်း ၆၈ ဦးရှိတဲ့အနက် သုံးဦးက ဖမ်းဆီးခံထားပြီး ၆၂ ဦးက ဒီကနေ့ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

အဆက်အသွယ်မရတဲ့အတွက် ကျန်ခဲ့သူ အုပ်ချုပ်ရေးမှူးတချို့ရှိနေကြောင်းနဲ့ သူတို့အားလုံးလည်း နုတ်ထွက်ကြမယ့်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြေပုံမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးတို့ကို မေလ ၃၀ ရက် နဲ့ ဇွန်လ ၃ ရက်တို့ မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတာကြောင့် နောက်ထပ် ဖမ်းဆီးခံရမှုတွေဖြစ်ပွားလာမှာကို စိုးရိမ်ပြီး အခုလို တာဝန်ကနေ နုတ်ထွက်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၃၀ ရက်နေ့က အငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဇော်နဲ့ ရွာသစ်ကေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ကို ဖမ်းဆီးလိုက်ပြီး ဇွန်လ ၄ ရက်နေ့မှာလည်း မြေပုံမြို့ပေါ် မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ မြေပုံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီအုပ်ချုပ်ရေးမှူး သုံးဦးကို မြေပုံမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀-၅၂ တွေနဲ့ အမှုဖွင့် ရမန်ယူထားတယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့က နှစ်ဖက်ကြားမှာ မိမိရဲ့အသက်အိုးအိမ်စည်းဇိမ် လုံခြုံမှုမရှိသလို ခံစားရတာက တစ်ကြောင်း၊ နောက်ပြီးတော့ မိခင်ဌာနအကြီးအကဲတွေကလည်း ဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိပါ။

ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ နိုင်ငံတော်ကပေးအပ်ထားတဲ့ မူဝါဒလမ်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ အခက်အခဲရှိနေလို့ ကြောက်တာကတစ်ကြာင်း၊ စိုးရိမ်တာကတစ်ကြောင်း ဒါနဲ့ ထွက်ကြတာပါ"လို့ ရာထူးက နုတ်ထွက်ခဲ့သူ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အုပ်ချုပ်ရေးမှူး နေအိမ်တွေကို ရှာဖွေတာတွေ ရှိနေတဲ့အတွက် ကျန်တဲ့အုပ်ချုပ်ရေးမှူးတွေလည်း ဆက်လက်ပြီးဖမ်းဆီးခံလာရနိုင်တာကြောင့် တိမ်းရှောင်နေကြရတယ်လို့ အမည်မဖော်လိုတဲ့ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

လက်ရှိမှာအုပ်ချုပ်ရေးမှူးတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် အဲ့ဒီနုတ်ထွက်စာတွေကို ကိုယ်တိုင် သွားရောက်ပေးပို့ခဲ့ကြတာမျိုး မဟုတ်ဘဲ မြို့ပေါ်မှာ ယာယီစုရပ်တစ်ခုပြုလုပ်ပြီး ကိုယ်စားလွှဲပြီးတော့ သက်ဆိုင်ရာစာရွက်စာတမ်းတွေနဲ့ တံဆိပ်တုံးတွေကို ပေးပို့ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

နုတ်စာတင်တဲ့အခါမှာလည်း လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုတွေကြောင့် ၆၂ ဦးစလုံး တပြိုင်နက်တည်း ပေးပို့ခဲ့ကြတာမဟုတ်ဘဲ ပထမအသုတ်အဖြစ် ၅၁ ဦး၊ ဒုတိယအသုတ်အဖြစ် ၁၁ ဦးတို့ရဲ့ နုတ်ထွက်စာတွေကို ပေးပို့ခဲ့ကြတယ် လို့ ဆိုပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြတာနဲ့ပတ်သက်လို့ မြေပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကို ဘီဘီစီက အကြိမ်ကြိမ်ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်သွယ်မရရှိခဲ့ပါဘူး။

အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အစိုးရအဖွဲ့အစည်းတွေကို ပံ့ပိုးကူညီကြရသလို တစ်ဖက်အဖွဲ့အစည်းတွေက ခေါ်လို့ရှိရင် စိတ်ပါလို့ဖြစ်စေ ကြောက်လို့ဖြစ်စေ သွားရမှာဖြစ်ပြီး ဘယ်သူ့ကိုမှ လွန်ဆန်လို့မရကြောင်းနဲ့ အဲ့ဒီလိုအခြေအနေမျိုးကို အစိုးရအဖွဲ့အနေနဲ့ သဘောပေါက်ဖို့လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

ဖမ်းဆီးခံနေရတဲ့ အုပ်ချုပ်ရေးမှူး သုံးဦးကိုတော့ အစားအသောက် တွေကိုသွားပို့နေရပြီး စကားပြောခွင့် တွေ့ဆုံခွင့်မရရှိကြဘူးလို့ မိသားစုတွေကပြောပါတယ်။

"အုပ်ချုပ်ရေးမှူးတွေက အောက်ခြေမှာ ဒေသကို အုပ်ချုပ်နေတဲ့ စီမံခန့်ခွဲနေတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့တွေမရှိတော့ဘူးဆိုရင် အုပ်ချုပ်ရေးဌာနအနေနဲ့ ကျေးရွာနဲ့ အဆက်ပြတ်သွားတာပေါ့။ ဘယ်သူမှ တာဝန်ခံ လုပ်မယ့်သူ မရှိတော့ဘူး။ အဲ့ဒါအတွက်တော့ ဥပဒေစိုးမိုးမှု အားနည်းသွားမှာပေါ့"လို့ ဦးဖေသန်းက ပြောကြားပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တာဝန်က နုတ်ထွက်တာဟာ အုပ်ချုပ်ရေးယန္တရားကို ပျက်ပြားသွားအောင်လုပ်တာ မဟုတ်ဘဲ အခုလို နုတ်ထွက်တာတွေ ဖြစ်လာအောင် တမင်လုပ်နေသူတွေရဲ့ တာဝန်သာဖြစ်တယ်လို့ နုတ်ထွက်စာတင်ခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြေပုံမြို့ပေါ်မှာရှိတဲ့ စည်ပင်ကော်မတီဥက္ကဌ ဦးညွန့်ဝင်း၊ ကရုနာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးမောင်စိုးလှိုင် တို့ရဲ့နေအိမ်တွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ညအချိန်မှာလာရောက်ရှာဖွေမှုတွေပြုလပ်ခဲ့တယ်လို့ မြေပုံဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့မြို့နယ်တွေအတွင်းမှာ အခုလိုမျိုး အုပ်ချုပ်ရေးမှူးတွေ မကြာခဏဖမ်းဆီးခံကြရပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းကလည်း မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်တွေမှာလည်း အခုလိုမျိုး အုပ်ချုပ်ရေးမှူးတွေ စုပေါင်းနုတ်ထွက်ခဲ့ကြဖူးပါတယ်။

BBC Burmese
---------------------------------------
(Zawgyi)⤵⤵⤵
ေျမပုံမွာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး ၃ ဦးဖမ္းဆီးခံရၿပီး အုပ္ခ်ဳပ္ေရးမႉး ၆ဝ ေက်ာ္ ႏုတ္ထြက္

ရခိုင္ အလယ္ပိုင္း ေျမပုံၿမိဳ႕နယ္မွာ လုံၿခဳံမႈမရွိေတာ့လို႔ ႏုတ္ထြက္တယ္ဆိုၿပီး ၿမိဳ႕ေပၚ ၉ ရပ္ကြက္ အပါအဝင္ ေက်း႐ြာအုပ္စုေပါင္း ၆၂ ခုက အုပ္ခ်ဳပ္ေရးမႉးေတြ တာဝန္က ႏုတ္ထြက္ခဲ့ၾကတယ္လို႔ ႏုတ္ထြက္ရာမွာပါဝင္တဲ့ အမည္မေဖာ္လိုသူ အုပ္ခ်ဳပ္ေရးမႉးတစ္ဦးက ေျပာပါတယ္။

ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ စာတင္ၿပီး ဒီကေန႔ ဇြန္လ ၅ ရက္ ေန႔လယ္ပိုင္းမွာ ႏုတ္ထြက္လိုက္ၾကတယ္လို႔ သူက ေျပာပါတယ္။

ေျမပုံၿမိဳ႕နယ္တစ္ခုလုံးမွာ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးေပါင္း ၆၈ ဦးရွိတဲ့အနက္ သုံးဦးက ဖမ္းဆီးခံထားၿပီး ၆၂ ဦးက ဒီကေန႔ ႏုတ္ထြက္ခဲ့တာ ျဖစ္ပါတယ္။

အဆက္အသြယ္မရတဲ့အတြက္ က်န္ခဲ့သူ အုပ္ခ်ဳပ္ေရးမႉးတခ်ိဳ႕ရွိေနေၾကာင္းနဲ႔ သူတို႔အားလုံးလည္း ႏုတ္ထြက္ၾကမယ့္သူေတြ ျဖစ္တယ္လို႔ သိရပါတယ္။

ေျမပုံၿမိဳ႕နယ္အတြင္းက ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးနဲ႔ ၿမိဳ႕ေပၚရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွစ္ဦးတို႔ကို ေမလ ၃၀ ရက္ နဲ႔ ဇြန္လ ၃ ရက္တို႔ မွာ တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕ ပူးေပါင္းအဖြဲ႕က ဖမ္းဆီးၿပီး အၾကမ္းဖက္ဥပေဒနဲ႔ အမႈဖြင့္ အေရးယူထားတာေၾကာင့္ ေနာက္ထပ္ ဖမ္းဆီးခံရမႈေတြျဖစ္ပြားလာမွာကို စိုးရိမ္ၿပီး အခုလို တာဝန္ကေန ႏုတ္ထြက္ခဲ့ၾကတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ေမလ ၃၀ ရက္ေန႔က အငူေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ေဇာ္နဲ႔ ႐ြာသစ္ေကရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ျမင့္တို႔ကို ဖမ္းဆီးလိုက္ၿပီး ဇြန္လ ၄ ရက္ေန႔မွာလည္း ေျမပုံၿမိဳ႕ေပၚ ေျမာက္ပိုင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္သန္းကို ထပ္မံဖမ္းဆီးလိုက္တယ္လို႔ ေျမပုံၿမိဳ႕ နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ဘီဘီစီကို ေျပာပါတယ္။

အဲ့ဒီအုပ္ခ်ဳပ္ေရးမႉး သုံးဦးကို ေျမပုံၿမိဳ႕မရဲစခန္းမွာ ထိန္းသိမ္းထားၿပီး အၾကမ္းဖက္မႈ ဥပေဒပုဒ္မ ၅၀-၅၂ ေတြနဲ႔ အမႈဖြင့္ ရမန္ယူထားတယ္လို႔ ေျပာပါတယ္။

"ကြၽန္ေတာ္တို႔က ႏွစ္ဖက္ၾကားမွာ မိမိရဲ႕အသက္အိုးအိမ္စည္းဇိမ္ လုံၿခဳံမႈမရွိသလို ခံစားရတာက တစ္ေၾကာင္း၊ ေနာက္ၿပီးေတာ့ မိခင္ဌာနအႀကီးအကဲေတြကလည္း ဘာမွတာဝန္ယူမႈတာဝန္ခံမႈမရွိပါ။

ကြၽန္ေတာ္တို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြအေနနဲ႔ ႏိုင္ငံေတာ္ကေပးအပ္ထားတဲ့ မူဝါဒလမ္းစဥ္ေတြကို အေကာင္အထည္ေဖာ္ဖို႔ အခက္အခဲရွိေနလို႔ ေၾကာက္တာကတစ္ၾကာင္း၊ စိုးရိမ္တာကတစ္ေၾကာင္း ဒါနဲ႔ ထြက္ၾကတာပါ"လို႔ ရာထူးက ႏုတ္ထြက္ခဲ့သူ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ဒါ့အျပင္ တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕တို႔ ပူးေပါင္းၿပီး အုပ္ခ်ဳပ္ေရးမႉး ေနအိမ္ေတြကို ရွာေဖြတာေတြ ရွိေနတဲ့အတြက္ က်န္တဲ့အုပ္ခ်ဳပ္ေရးမႉးေတြလည္း ဆက္လက္ၿပီးဖမ္းဆီးခံလာရႏိုင္တာေၾကာင့္ တိမ္းေရွာင္ေနၾကရတယ္လို႔ အမည္မေဖာ္လိုတဲ့ ၿမိဳ႕ေပၚရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးက ေျပာပါတယ္။

လက္ရွိမွာအုပ္ခ်ဳပ္ေရးမႉးေတြဟာ ထြက္ေျပးတိမ္းေရွာင္ေနၾကရတဲ့အတြက္ အဲ့ဒီႏုတ္ထြက္စာေတြကို ကိုယ္တိုင္ သြားေရာက္ေပးပို႔ခဲ့ၾကတာမ်ိဳး မဟုတ္ဘဲ ၿမိဳ႕ေပၚမွာ ယာယီစုရပ္တစ္ခုျပဳလုပ္ၿပီး ကိုယ္စားလႊဲၿပီးေတာ့ သက္ဆိုင္ရာစာ႐ြက္စာတမ္းေတြနဲ႔ တံဆိပ္တုံးေတြကို ေပးပို႔ခဲ့ၾကတာျဖစ္တယ္လို႔ ဆိုပါတယ္။

ႏုတ္စာတင္တဲ့အခါမွာလည္း လမ္းပန္းဆက္သြယ္ေရး အဆင္မေျပမႈေတြေၾကာင့္ ၆၂ ဦးစလုံး တၿပိဳင္နက္တည္း ေပးပို႔ခဲ့ၾကတာမဟုတ္ဘဲ ပထမအသုတ္အျဖစ္ ၅၁ ဦး၊ ဒုတိယအသုတ္အျဖစ္ ၁၁ ဦးတို႔ရဲ႕ ႏုတ္ထြက္စာေတြကို ေပးပို႔ခဲ့ၾကတယ္ လို႔ ဆိုပါတယ္။

ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြ ႏုတ္ထြက္ၾကတာနဲ႔ပတ္သက္လို႔ ေျမပုံၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉးကို ဘီဘီစီက အႀကိမ္ႀကိမ္ဆက္သြယ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အဆက္သြယ္မရရွိခဲ့ပါဘူး။

အုပ္ခ်ဳပ္ေရးမႉးေတြအေနနဲ႔ အစိုးရအဖြဲ႕အစည္းေတြကို ပံ့ပိုးကူညီၾကရသလို တစ္ဖက္အဖြဲ႕အစည္းေတြက ေခၚလို႔ရွိရင္ စိတ္ပါလို႔ျဖစ္ေစ ေၾကာက္လို႔ျဖစ္ေစ သြားရမွာျဖစ္ၿပီး ဘယ္သူ႔ကိုမွ လြန္ဆန္လို႔မရေၾကာင္းနဲ႔ အဲ့ဒီလိုအေျခအေနမ်ိဳးကို အစိုးရအဖြဲ႕အေနနဲ႔ သေဘာေပါက္ဖို႔လိုအပ္ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

ဖမ္းဆီးခံေနရတဲ့ အုပ္ခ်ဳပ္ေရးမႉး သုံးဦးကိုေတာ့ အစားအေသာက္ ေတြကိုသြားပို႔ေနရၿပီး စကားေျပာခြင့္ ေတြ႕ဆုံခြင့္မရရွိၾကဘူးလို႔ မိသားစုေတြကေျပာပါတယ္။

"အုပ္ခ်ဳပ္ေရးမႉးေတြက ေအာက္ေျခမွာ ေဒသကို အုပ္ခ်ဳပ္ေနတဲ့ စီမံခန႔္ခြဲေနတဲ့ အဖြဲ႕အစည္းေတြ ျဖစ္ပါတယ္။ အဲ့ဒီအဖြဲ႕ေတြမရွိေတာ့ဘူးဆိုရင္ အုပ္ခ်ဳပ္ေရးဌာနအေနနဲ႔ ေက်း႐ြာနဲ႔ အဆက္ျပတ္သြားတာေပါ့။ ဘယ္သူမွ တာဝန္ခံ လုပ္မယ့္သူ မရွိေတာ့ဘူး။ အဲ့ဒါအတြက္ေတာ့ ဥပေဒစိုးမိုးမႈ အားနည္းသြားမွာေပါ့"လို႔ ဦးေဖသန္းက ေျပာၾကားပါတယ္။

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြ တာဝန္က ႏုတ္ထြက္တာဟာ အုပ္ခ်ဳပ္ေရးယႏၲရားကို ပ်က္ျပားသြားေအာင္လုပ္တာ မဟုတ္ဘဲ အခုလို ႏုတ္ထြက္တာေတြ ျဖစ္လာေအာင္ တမင္လုပ္ေနသူေတြရဲ႕ တာဝန္သာျဖစ္တယ္လို႔ ႏုတ္ထြက္စာတင္ခဲ့တဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးက ေျပာပါတယ္။

ဒါ့အျပင္ ေျမပုံၿမိဳ႕ေပၚမွာရွိတဲ့ စည္ပင္ေကာ္မတီဥကၠဌ ဦးၫြန႔္ဝင္း၊ က႐ုနာေရးကူညီမႈအသင္း အတြင္းေရးမႉး ဦးေမာင္စိုးလႈိင္ တို႔ရဲ႕ေနအိမ္ေတြကိုလည္း ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ညအခ်ိန္မွာလာေရာက္ရွာေဖြမႈေတြျပဳလပ္ခဲ့တယ္လို႔ ေျမပုံေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲေတြျဖစ္ပြားေနတဲ့ၿမိဳ႕နယ္ေတြအတြင္းမွာ အခုလိုမ်ိဳး အုပ္ခ်ဳပ္ေရးမႉးေတြ မၾကာခဏဖမ္းဆီးခံၾကရၿပီး ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္းကလည္း ေျမာက္ဦး၊ မင္းျပား၊ ေက်ာက္ေတာ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ေတြမွာလည္း အခုလိုမ်ိဳး အုပ္ခ်ဳပ္ေရးမႉးေတြ စုေပါင္းႏုတ္ထြက္ခဲ့ၾကဖူးပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52937102
မြေပုံမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃ ဦးဖမ်းဆီးခံရပြီး အုပ်ချုပ်ရေးမှူး ၆ဝ ကျော် နုတ်ထွက် မြေပုံမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃ ဦးဖမ်းဆီးခံရပြီး အုပ်ချုပ်ရေးမှူး ၆ဝ ကျော် နုတ်ထွက် Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.