မောင်တော ကိုဗစ်-၁၉လူနာဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်း ကပြန်ဝင်လာသူ

လူနာ အမှတ် ၂၃၄ ဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ပြန်ဝင်လာသူ
(Unicode)⤵⤵⤵
မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မောင်တောမြို့ မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိတဲ့လူနာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ မိမိသဘောနဲ့ ပြန်ဝင်လာသူဖြစ်တယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ဘီဘီစီကိုပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာခဲ့ကြတဲ့ မွတ်ဆလင် တွေထဲမှာ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ ဇွန်လ ၄ ရက် ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန် ချက် အရသိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က တစ်ဖက်နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာခဲ့သူ မိသားစု ၅ ဦးရှိပြီး အဲ့ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ထန်ခါလီ ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့သူတွေဖြစ်ကာ မောင်တောမြို့နယ် ဦးရှည်ကျကျေးရွာကို ရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဘီဘီစီကို ပြောပါတယ်။

ပြန်လည်ဝင်ရောက်လာခဲ့သူငါးဦးတို့ကို သူတို့ရောက်ရှိနေတဲ့ ဦးရှည်ကျကျေးရွာကနေ သွားရောက်ခေါ်ယူခဲ့ပြီး လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းမှာ ကော်ရန်တင်းထားရှိကာ အဲ့ဒီလူတွေဆီက တို့ဖတ်နမူနာတွေကို စစ်ဆေးတဲ့အခါမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူတစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ပြန်ဝင်လာသူတွေဟာ တစ်ဖက်နိုင်ငံကိုထွက်ပြေးရောက်ရှိနေရာကနေ မေလ ၃၀ ရက်နေ့မှာ မိမိဆန္ဒအလျောက် ပြန်လည်ဝင် ရောက်လာခဲ့ကြတာဖြစ်ပြီး အခုလိုမျိုး ပြန်လည်ဝင်ရောက်လာခဲ့သူတွေဟာ မောင်တောမြို့နယ်အတွင်းမှာ တော်တော် များများရှိနေတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။
ပိုးတွေ့လူနာကို မောင်တော ဆေးရုံမှာ ကုသမှုခံယူနေ
အဲ့ဒီလိုပြန်လည်ဝင်ရောက်လာခဲ့ကြသူတွေကို ဝင်ရောက်လာခဲ့တာနဲ့ချက်ချင်း လှဖိုးခေါင် ကြားစခန်းမှာ ကော်ရန်တင်းထားရှိပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မောင်တော ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

"၃၀ ရက်နေ့ကဝင်လာတယ်။ ငါးယောက်ရှိတယ်။ နိုင်ငံတော်ညွှန်ကြားချက်အတိုင်း အုပ်ချုပ်ရေးမှူးတွေကို ကျန်းမာရေး ပညာပေးတွေဆောင်ရွက်ထားတဲ့အတွက် သူတို့ပြန်ဝင်ရောက်လာတာနဲ့ ကျွန်တော်တို့ချက်ချင်းသိတယ်။ သူတို့ကို လှဖိုးခေါင်းကြားစခန်းမှာထားတယ်။ ကျန်းမာရေးကတော့ အခြေအနေကောင်းနေပါတယ်။"လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီလူတွေဟာ မောင်တောမြို့နယ်အတွင်းမှာနေထိုင်ခဲ့ကြသူတွေဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ARSA အကြမ်းဖက်မှုဖြစ်စဉ် နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားခဲ့ကြသူတွေလည်း ဖြစ်ကြပါတယ်။

အခုလိုမျိုး တစ်ဖက်နိုင်ငံကနေ မိမိဆန္ဒအလျောက်ဝင်ရောက်လာတဲ့သူတွေရှိနေပြီး အဲ့ဒီလူတွေမှာ ရောဂါပိုးကူးစက်ခံထား ရသူတွေကို စစ်ဆေးတွေ့ရှိနေတဲ့အတွက် မောင်တောဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေလည်းရှိနေကြတာဖြစ်ပါတယ်။
တစ်ဖက်နိုင်ငံမှာ ကိုဗစ်၁၉ရောဂါဖြစ်ပွားမှု နှုန်းမြင့်မားနေတဲ့ အတွက် ပြန်လည်ဝင်ရောက်လာမယ့် လမ်းတွေကို ပိတ်ထားဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကို ပြောဆိုထားပြီးဖြစ်ပေမယ့် တစ်စုံတရာ အလေးထားဆောင်ခြင်းမရှိတဲ့အတွက် အခုလိုမျိုး မောင်တောမြို့နယ်အတွင်းကို ရောဂါပိုးကူးစက်ခံထားရသူတွေ ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။

အဲ့ဒီလူတွေဟာ နှစ်နိုင်ငံသဘောတူညီချက်နဲ့ တရားဝင်ပို့ဆောင်ပေးသူတွေမဟုတ်ဘဲ မိမိဆန္ဒအလျောက်ဝင်ရောက်လာခဲ့ ကြသူတွေဖြစ်ပြီး သူတို့ဝင်ရောက်လာခဲ့တဲ့လမ်းတွေထဲက ရေတပ်နဲ့ ကုန်းပေါ်မှာ နယ်ခြားစောင့်တပ်စခန်း တွေလည်းရှိနေတဲ့အတွက် အခုလိုအချိန်မျိုးမှာ ဝင်ရောက်လာနေကြတာကို တားဆီးထားသင့်တယ်လို့ ဦးမောင်အုန်းက ပြောပါတယ်။

အခုလိုမျိုး တရားမဝင် ပြန်လည်ဝင်ရောက်လာခဲ့ကြသူတွေကို ပို့ဆောင်ပေးတဲ့ ကူးတို့စက် လှေတွေကိုလည်းဖမ်းဆီးအရေးယူတာမျိုးတွေမရဘူးလို့ ဆိုပါတယ်။

" ဒီလူတွေဟာ နှစ်ဖက်ချစ်ကြည်ရေးနဲ့ဝင်လာတာမဟုတ်ဘူး။ ခိုးဝင်လာကြတာ။ အဲ့ဒီကိစ္စကို ကျွန်တော်တို့ စိုးရိမ်ပူပန်လို့ အမြဲတမ်းပြောတယ်။ အခုဖြစ်လာပြီ။ ဘာလုပ်ရမလဲ သူတို့အနေနဲ့ စဉ်းစားဖို့လိုလာပြီ။ ။"လို့ ဦးမောင်အုန်းက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုတွေနဲ့ကြုံနေရပြီး သေဆုံးသူ တွေလည်းရှိနေကာ ရခိုင်ပြည်နယ်အတွင်းက ထွက်ပြေးသွားတဲ့ မွတ်ဆလင်တွေနေထိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတွေမှာလည်း ရောဂါပိုး ကူးစက်ခံထားရသူတွေ ရှိသလို သေဆုံးမှုတွေလည်းရှိနေပါတယ်။

ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်မှုဖြစ်ပွားနေတဲ့ သုံးလတာကာအတွင်းမှာ ရခိုင်ပြည်နယ်အတွင်းကို တစ်ဖက်နိုင်ငံက ပြန်လည်ဝင်ရောက်လာသူပေါင်း ၈၀ လောက်ထိရှိနေပြီး အဲ့ဒီလူတွေ အားလုံးကိုတော့ လှဖိုးခေါင် ကြားစခန်းမှာ ကော်ရန်တင်းထားရှိပြီးစစ်ဆေးစောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ ဦးစိုးအောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ သုံးဦးအထိရှိနေပြီဖြစ်ကာ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ သံတွဲမြို့နဲ့ တောင်ကုတ်မြို့နယ်တွေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက မောင်တောမြို့နယ်တွေမှာ ပိုးတွေ့လူနာတွေ တွေ့ရှိထားတဲ့အတွက် ကျန်တဲ့နေရာတွေအတွက်လည်း စိုးရိမ်နေရတယ်လို့ ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာဦးဆောင် ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် ၁ သိန်း ၆ သောင်းကျော်ရှိနေပြီး အဲ့ဒီဒုက္ခသည်တွေဟာ စခန်းတွေမှာ စုပြုံနေထိုင်နေကြရတာကြောင့် အခုလိုမျိုး ကိုဗစ် ၁၉ ဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ မတားဆီးနိုင်ခဲ့လို့ရှိရင် တော်တော်လေးကို အထိနာသွားမယ့် အနေအထားမျိုးကို တွေ့နေရတယ်လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

မိမိဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာခဲ့ကြသူတွေထဲမှာ လက်ခံရေးစခန်းတွေကို မရောက်လာဘဲ ပျောက်သွားသူတွေလည်းရှိနေတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်က ပြောဆိုပေမယ့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ ဝင်လာသူတွေကိုအကုန်သိပြီး အားလုံးကို လှဖိုးခေါင် ကော်ရန်တင်မှာ ထိန်းသိမ်းထားတယ်လို့ ပြောဆိုပါတယ်။

BBC Burmese
----------------------------------
(Zawgyi)⤵⤵⤵
ေမာင္ေတာ ကိုဗစ္-၁၉လူနာဟာ ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္း ကျပန္ဝင္လာသူ

ျမန္မာ နဲ႔ ဘဂၤလားေဒ့ရွ္ နယ္စပ္ေမာင္ေတာၿမိဳ႕ မွာ ကို႐ိုနာဗိုင္းရပ္စ္ ပိုးေတြ႕ရွိတဲ့လူနာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္စခန္းကေန မိမိသေဘာနဲ႔ ျပန္ဝင္လာသူျဖစ္တယ္လို႔ ေမာင္ေတာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္အုန္းက ဘီဘီစီကိုေျပာပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းနဲ႔ နယ္နိမိတ္ထိစပ္ေနတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံကေန ျပန္လည္ဝင္ေရာက္လာခဲ့ၾကတဲ့ မြတ္ဆလင္ ေတြထဲမွာ အသက္ ၃၈ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးမွာ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္ခံထားရတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနကေန ဇြန္လ ၄ ရက္ ဒီကေန႔မနက္ပိုင္းမွာ ထုတ္ျပန္ ခ်က္ အရသိရပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၃၀ ရက္ေန႔က တစ္ဖက္ႏိုင္ငံကေန ျပန္လည္ဝင္ေရာက္လာခဲ့သူ မိသားစု ၅ ဦးရွိၿပီး အဲ့ဒီလူေတြဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္းက ထန္ခါလီ ဒုကၡသည္စခန္းမွာ ေနထိုင္ခဲ့သူေတြျဖစ္ကာ ေမာင္ေတာၿမိဳ႕နယ္ ဦးရွည္က်ေက်း႐ြာကို ေရာက္ရွိလာခဲ့ၾကတာျဖစ္တယ္လို႔ ေမာင္ေတာခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ဘီဘီစီကို ေျပာပါတယ္။

ျပန္လည္ဝင္ေရာက္လာခဲ့သူငါးဦးတို႔ကို သူတို႔ေရာက္ရွိေနတဲ့ ဦးရွည္က်ေက်း႐ြာကေန သြားေရာက္ေခၚယူခဲ့ၿပီး လွဖိုးေခါင္ ျပန္လည္လက္ခံေရးစခန္းမွာ ေကာ္ရန္တင္းထားရွိကာ အဲ့ဒီလူေတြဆီက တို႔ဖတ္နမူနာေတြကို စစ္ေဆးတဲ့အခါမွာ ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူတစ္ဦးကို စစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

အဲ့ဒီ ျပန္ဝင္လာသူေတြဟာ တစ္ဖက္ႏိုင္ငံကိုထြက္ေျပးေရာက္ရွိေနရာကေန ေမလ ၃၀ ရက္ေန႔မွာ မိမိဆႏၵအေလ်ာက္ ျပန္လည္ဝင္ ေရာက္လာခဲ့ၾကတာျဖစ္ၿပီး အခုလိုမ်ိဳး ျပန္လည္ဝင္ေရာက္လာခဲ့သူေတြဟာ ေမာင္ေတာၿမိဳ႕နယ္အတြင္းမွာ ေတာ္ေတာ္ မ်ားမ်ားရွိေနတယ္လို႔ ေမာင္ေတာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္အုန္းက ေျပာပါတယ္။

အဲ့ဒီလိုျပန္လည္ဝင္ေရာက္လာခဲ့ၾကသူေတြကို ဝင္ေရာက္လာခဲ့တာနဲ႔ခ်က္ခ်င္း လွဖိုးေခါင္ ၾကားစခန္းမွာ ေကာ္ရန္တင္းထားရွိၿပီး စစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔ ေမာင္ေတာ ခ႐ိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။

"၃၀ ရက္ေန႔ကဝင္လာတယ္။ ငါးေယာက္ရွိတယ္။ ႏိုင္ငံေတာ္ၫႊန္ၾကားခ်က္အတိုင္း အုပ္ခ်ဳပ္ေရးမႉးေတြကို က်န္းမာေရး ပညာေပးေတြေဆာင္႐ြက္ထားတဲ့အတြက္ သူတို႔ျပန္ဝင္ေရာက္လာတာနဲ႔ ကြၽန္ေတာ္တို႔ခ်က္ခ်င္းသိတယ္။ သူတို႔ကို လွဖိုးေခါင္းၾကားစခန္းမွာထားတယ္။ က်န္းမာေရးကေတာ့ အေျခအေနေကာင္းေနပါတယ္။"လို႔ ေမာင္ေတာခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ဘီဘီစီကို ေျပာပါတယ္။

အဲ့ဒီလူေတြဟာ ေမာင္ေတာၿမိဳ႕နယ္အတြင္းမွာေနထိုင္ခဲ့ၾကသူေတြျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့တဲ့ ARSA အၾကမ္းဖက္မႈျဖစ္စဥ္ ေနာက္ပိုင္းမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံကိုထြက္ေျပးသြားခဲ့ၾကသူေတြလည္း ျဖစ္ၾကပါတယ္။

အခုလိုမ်ိဳး တစ္ဖက္ႏိုင္ငံကေန မိမိဆႏၵအေလ်ာက္ဝင္ေရာက္လာတဲ့သူေတြရွိေနၿပီး အဲ့ဒီလူေတြမွာ ေရာဂါပိုးကူးစက္ခံထား ရသူေတြကို စစ္ေဆးေတြ႕ရွိေနတဲ့အတြက္ ေမာင္ေတာေဒသခံေတြအေနနဲ႔ စိုးရိမ္မႈေတြလည္းရွိေနၾကတာျဖစ္ပါတယ္။

တစ္ဖက္ႏိုင္ငံမွာ ကိုဗစ္၁၉ေရာဂါျဖစ္ပြားမႈ ႏႈန္းျမင့္မားေနတဲ့ အတြက္ ျပန္လည္ဝင္ေရာက္လာမယ့္ လမ္းေတြကို ပိတ္ထားဖို႔အတြက္ သက္ဆိုင္ရာအဖြဲ႕အစည္းေတြက တာဝန္ရွိသူေတြကို ေျပာဆိုထားၿပီးျဖစ္ေပမယ့္ တစ္စုံတရာ အေလးထားေဆာင္ျခင္းမရွိတဲ့အတြက္ အခုလိုမ်ိဳး ေမာင္ေတာၿမိဳ႕နယ္အတြင္းကို ေရာဂါပိုးကူးစက္ခံထားရသူေတြ ေရာက္ရွိလာခဲ့တာျဖစ္တယ္လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္အုန္းက ေျပာပါတယ္။

အဲ့ဒီလူေတြဟာ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္နဲ႔ တရားဝင္ပို႔ေဆာင္ေပးသူေတြမဟုတ္ဘဲ မိမိဆႏၵအေလ်ာက္ဝင္ေရာက္လာခဲ့ ၾကသူေတြျဖစ္ၿပီး သူတို႔ဝင္ေရာက္လာခဲ့တဲ့လမ္းေတြထဲက ေရတပ္နဲ႔ ကုန္းေပၚမွာ နယ္ျခားေစာင့္တပ္စခန္း ေတြလည္းရွိေနတဲ့အတြက္ အခုလိုအခ်ိန္မ်ိဳးမွာ ဝင္ေရာက္လာေနၾကတာကို တားဆီးထားသင့္တယ္လို႔ ဦးေမာင္အုန္းက ေျပာပါတယ္။

အခုလိုမ်ိဳး တရားမဝင္ ျပန္လည္ဝင္ေရာက္လာခဲ့ၾကသူေတြကို ပို႔ေဆာင္ေပးတဲ့ ကူးတို႔စက္ ေလွေတြကိုလည္းဖမ္းဆီးအေရးယူတာမ်ိဳးေတြမရဘူးလို႔ ဆိုပါတယ္။

" ဒီလူေတြဟာ ႏွစ္ဖက္ခ်စ္ၾကည္ေရးနဲ႔ဝင္လာတာမဟုတ္ဘူး။ ခိုးဝင္လာၾကတာ။ အဲ့ဒီကိစၥကို ကြၽန္ေတာ္တို႔ စိုးရိမ္ပူပန္လို႔ အၿမဲတမ္းေျပာတယ္။ အခုျဖစ္လာၿပီ။ ဘာလုပ္ရမလဲ သူတို႔အေနနဲ႔ စဥ္းစားဖို႔လိုလာၿပီ။ ။"လို႔ ဦးေမာင္အုန္းက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ ကိုဗစ္ ၁၉ ေရာဂါပိုး ကူးစက္ျပန႔္ပြားမႈေတြနဲ႔ႀကဳံေနရၿပီး ေသဆုံးသူ ေတြလည္းရွိေနကာ ရခိုင္ျပည္နယ္အတြင္းက ထြက္ေျပးသြားတဲ့ မြတ္ဆလင္ေတြေနထိုင္ေနၾကတဲ့ ဘဂၤလားေဒ့ရွ္ဘက္က ဒုကၡသည္စခန္းေတြမွာလည္း ေရာဂါပိုး ကူးစက္ခံထားရသူေတြ ရွိသလို ေသဆုံးမႈေတြလည္းရွိေနပါတယ္။

ကိုဗစ္ ၁၉ ေရာဂါပိုး ကူးစက္မႈျဖစ္ပြားေနတဲ့ သုံးလတာကာအတြင္းမွာ ရခိုင္ျပည္နယ္အတြင္းကို တစ္ဖက္ႏိုင္ငံက ျပန္လည္ဝင္ေရာက္လာသူေပါင္း ၈၀ ေလာက္ထိရွိေနၿပီး အဲ့ဒီလူေတြ အားလုံးကိုေတာ့ လွဖိုးေခါင္ ၾကားစခန္းမွာ ေကာ္ရန္တင္းထားရွိၿပီးစစ္ေဆးေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနတယ္လို႔ ဦးစိုးေအာင္က ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ပိုးကူးစက္ခံရသူ သုံးဦးအထိရွိေနၿပီျဖစ္ကာ ရခိုင္ျပည္နယ္ေတာင္ပိုင္းေဒသ သံတြဲၿမိဳ႕နဲ႔ ေတာင္ကုတ္ၿမိဳ႕နယ္ေတြနဲ႔ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသက ေမာင္ေတာၿမိဳ႕နယ္ေတြမွာ ပိုးေတြ႕လူနာေတြ ေတြ႕ရွိထားတဲ့အတြက္ က်န္တဲ့ေနရာေတြအတြက္လည္း စိုးရိမ္ေနရတယ္လို႔ ရခိုင္အမ်ိဳးသားပါတီ မူဝါဒေရးရာဦးေဆာင္ ေကာ္မတီ ေျပာေရးဆိုခြင့္ရွိသူ ေဒၚေအးႏုစိန္က ဆိုပါတယ္။

ရခိုင္ျပည္နယ္အတြင္း စစ္ေရးပဋိပကၡေတြေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးေနၾကရတဲ့ စစ္ေဘးဒုကၡသည္ ၁ သိန္း ၆ ေသာင္းေက်ာ္ရွိေနၿပီး အဲ့ဒီဒုကၡသည္ေတြဟာ စခန္းေတြမွာ စုၿပဳံေနထိုင္ေနၾကရတာေၾကာင့္ အခုလိုမ်ိဳး ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ ကူးစက္ခံရမႈေတြ မတားဆီးႏိုင္ခဲ့လို႔ရွိရင္ ေတာ္ေတာ္ေလးကို အထိနာသြားမယ့္ အေနအထားမ်ိဳးကို ေတြ႕ေနရတယ္လို႔ ေဒၚေအးႏုစိန္က ေျပာပါတယ္။

မိမိဆႏၵအေလ်ာက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကေန ျပန္လည္ဝင္ေရာက္လာခဲ့ၾကသူေတြထဲမွာ လက္ခံေရးစခန္းေတြကို မေရာက္လာဘဲ ေပ်ာက္သြားသူေတြလည္းရွိေနတယ္လို႔ ေမာင္ေတာၿမိဳ႕နယ္ ျပည္နယ္လြတ္ေတာ္ကိုယ္စားလွယ္က ေျပာဆိုေပမယ့္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္ကေတာ့ ဝင္လာသူေတြကိုအကုန္သိၿပီး အားလုံးကို လွဖိုးေခါင္ ေကာ္ရန္တင္မွာ ထိန္းသိမ္းထားတယ္လို႔ ေျပာဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52922445
မောင်တော ကိုဗစ်-၁၉လူနာဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်း ကပြန်ဝင်လာသူ မောင်တော ကိုဗစ်-၁၉လူနာဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်း ကပြန်ဝင်လာသူ Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.