အိန္ဒိယပြန် သံဃာ ၂ ပါးမှာကိုရိုနာပိုးတွေ့

မေလ ၂၇ ရက်နေ့ အိန္ဒိယကပြန်ရောက်လာကြပြီး စစ်ကိုင်းမှာ ကွာရန်တင်းဝင်နေ
(Unicode)⤵⤵⤵
ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၄ရက်နေ့ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံက ထပ်တိုးလူနာ အမှတ် ၂၃၅ နဲ့၂၃၆ လူနာ ၂ ဦးဟာ သံဃာတော်တွေ ဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီ သံဃာတော် နှစ်ပါးဟာ သီတဂူ ဝိပဿနာ အကယ်ဒမီမှာ ကွာရန်တင်းထားရှိတဲ့ အိန္ဒိယပြန် သံဃာတော်၂ ပါးဖြစ်ပြီးတော့ သူတို့ဆီမှာ ကိုဗစ် ၁၉ ရောဂါ ပိုး တွေ့ရှိတာဖြစ်တယ်လို့ လည်း ဇွန်လ ၄ရက် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့မေလ ၂၈ ရက်က စစ်ကိုင်း သီတဂူ ဝိပဿနာ အကယ်ဒမီကို အိန္ဒိယ ကနေ လေကြောင်းခရီးနဲ့ ပြန်လည်ရောက်ရှိလာသူတွေ ရှိပြီး သံဃာတော် ၅၈ ပါး၊ သီလရှင် ၈ ပါးနဲ့ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၆၇ ဦးဖြစ် တယ်လို့လည်း သိရပါတယ်။

အဲဒီ့ ကိုရိုနာပိုးတွေ့ လူနာတွေကို စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် Isolated Ward ကို ပြောင်းရွှေ့ပြီး သီးသန့် ဆက်လက်ကုသသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါ ရှိပါတယ်။
အိန္ဒိယနိုင်ငံက တတိယအသုတ် နဲ့ပြန်လာကြ
ရဟန်းသံဃာနဲ့ သီလရှင် ၆၇ ဦးဟာ အိန္ဒိယနိုင်ငံက တတိယအသုတ်အဖြစ် ပြန်လည် ရောက်ရှိလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အိန္ဒိယပြန် ၃ ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက မေလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၂၅ ရက်နေ့ကလည်း အိန္ဒိယပြန် တစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ် တွေ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခုထပ်တွေ့ရသူ နှစ်ဦးက မေလ ၂၇ ရက်နေ့က တတိယ အသုတ်ဖြစ် ပြန်ရောက်လာသူတွေ ထဲကဖြစ်ပြီးတော့ အိန္ဒိယပြန် သံဃာ တွေထဲ မှာ အခုကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့တဲ့ သံဃာနှစ်ပါးဟာ ပထမဆုံးပိုးတွေ့တာလည်း ဖြစ်ပါတယ်။
မေလ ၂၄ ရက် နေ့ က ရန်ကုန်လေဆိပ်ကနေ အိန္ဒိယပြန် တစ်ရာကျော်ပြန်ဝင်လာ
နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာသံရုံး၊ နယူးဒေလီမြို့နဲ့ မြန်မာနိုင်ငံက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းညှိနှိုင်း ပြီး အိန္ဒိယနိုင်ငံ မှာ အခက်အခဲ ကြုံတွေ့နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်လျက်ရှိရာမှာ မေလ ၁၉ ရက်နေ့ က ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား ၉၅ ဦး ခေါ်ဆောင်ခဲ့ပြီးဖြစ်ပြီး မေလ ၂၄ ရက်နေ့ ဒုတိယသုတ်အဖြစ် မြန်မာနိုင်ငံသား ၁၂၃ ဦး ကို မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မေလ ၂၇ ရက်မှာ တတိယအသုတ်အဖြစ် လည်း အိန္ဒိယနိုင်ငံ၊ ဂါယာမြို့နဲ့ အနီးအနားဒေသတွေမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ် ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဇွန် ၄ရက် ညပိုင်းအထိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၃၆ ဦး ရှိပြီး ရောဂါပိုးကင်းစင်လာသူ ၁၄၈ ဦး၊ သေဆုံးသူ ၆ ဦး ရှိ တယ်လို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

BBC Burmese
----------------------------------
(Zawgyi)⤵⤵⤵
အိႏၵိယျပန္ သံဃာ ၂ ပါးမွာကို႐ိုနာပိုးေတြ႕

က်န္းမာေရးဝန္ႀကီးဌာနက ဇြန္လ ၄ရက္ေန႔ ထုတ္ျပန္တဲ့ ျမန္မာႏိုင္ငံက ထပ္တိုးလူနာ အမွတ္ ၂၃၅ နဲ႔၂၃၆ လူနာ ၂ ဦးဟာ သံဃာေတာ္ေတြ ျဖစ္တယ္လို႔ စစ္ကိုင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉးဦးစီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အဲဒီ သံဃာေတာ္ ႏွစ္ပါးဟာ သီတဂူ ဝိပႆနာ အကယ္ဒမီမွာ ကြာရန္တင္းထားရွိတဲ့ အိႏၵိယျပန္ သံဃာေတာ္၂ ပါးျဖစ္ၿပီးေတာ့ သူတို႔ဆီမွာ ကိုဗစ္ ၁၉ ေရာဂါ ပိုး ေတြ႕ရွိတာျဖစ္တယ္လို႔ လည္း ဇြန္လ ၄ရက္ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး စစ္ကိုင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးစီးဌာန ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ၿပီးခဲ့တဲ့ေမလ ၂၈ ရက္က စစ္ကိုင္း သီတဂူ ဝိပႆနာ အကယ္ဒမီကို အိႏၵိယ ကေန ေလေၾကာင္းခရီးနဲ႔ ျပန္လည္ေရာက္ရွိလာသူေတြ ရွိၿပီး သံဃာေတာ္ ၅၈ ပါး၊ သီလရွင္ ၈ ပါးနဲ႔ အမ်ိဳးသမီး ၁ ဦး၊ စုစုေပါင္း ၆၇ ဦးျဖစ္ တယ္လို႔လည္း သိရပါတယ္။

အဲဒီ့ ကို႐ိုနာပိုးေတြ႕ လူနာေတြကို စစ္ကိုင္းၿမိဳ႕၊ ျပည္သူ႔ေဆး႐ုံႀကီး အထူးၾကပ္မတ္ကုသေဆာင္ Isolated Ward ကို ေျပာင္းေ႐ႊ႕ၿပီး သီးသန္႔ ဆက္လက္ကုသသြားမယ္လို႔လည္း ထုတ္ျပန္ခ်က္မွာပါ ရွိပါတယ္။

ရဟန္းသံဃာနဲ႔ သီလရွင္ ၆၇ ဦးဟာ အိႏၵိယႏိုင္ငံက တတိယအသုတ္အျဖစ္ ျပန္လည္ ေရာက္ရွိလာခဲ့ၾကသူေတြ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ျမန္မာႏိုင္ငံကို ျပန္ေရာက္လာတဲ့ အိႏၵိယျပန္ ၃ ဦးမွာ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး ေတြ႕တယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ေမလ ၂၆ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။

ေမလ ၂၅ ရက္ေန႔ကလည္း အိႏၵိယျပန္ တစ္ဦးမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ေတြ႕ရတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

အခုထပ္ေတြ႕ရသူ ႏွစ္ဦးက ေမလ ၂၇ ရက္ေန႔က တတိယ အသုတ္ျဖစ္ ျပန္ေရာက္လာသူေတြ ထဲကျဖစ္ၿပီးေတာ့ အိႏၵိယျပန္ သံဃာ ေတြထဲ မွာ အခုကို႐ိုနာ ဗိုင္းရပ္စ္ပိုးေတြ႕တဲ့ သံဃာႏွစ္ပါးဟာ ပထမဆုံးပိုးေတြ႕တာလည္း ျဖစ္ပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနဟာ ျမန္မာသံ႐ုံး၊ နယူးေဒလီၿမိဳ႕နဲ႔ ျမန္မာႏိုင္ငံက သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြနဲ႔ ပူးေပါင္းညႇိႏႈိင္း ၿပီး အိႏၵိယႏိုင္ငံ မွာ အခက္အခဲ ႀကဳံေတြ႕ေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြကို ကယ္ဆယ္ေရး ေလယာဥ္ေတြနဲ႔ ျပန္လည္ေခၚေဆာင္လ်က္ရွိရာမွာ ေမလ ၁၉ ရက္ေန႔ က ပထမအသုတ္အျဖစ္ ျမန္မာႏိုင္ငံသား ၉၅ ဦး ေခၚေဆာင္ခဲ့ၿပီးျဖစ္ၿပီး ေမလ ၂၄ ရက္ေန႔ ဒုတိယသုတ္အျဖစ္ ျမန္မာႏိုင္ငံသား ၁၂၃ ဦး ကို ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (Myanmar National Airlines-MNA) ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္လည္ေခၚေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ေမလ ၂၇ ရက္မွာ တတိယအသုတ္အျဖစ္ လည္း အိႏၵိယႏိုင္ငံ၊ ဂါယာၿမိဳ႕နဲ႔ အနီးအနားေဒသေတြမွာ ရွိတဲ့ ျမန္မာႏိုင္ငံသားေတြကို ျပန္လည္ေခၚ ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

ဇြန္ ၄ရက္ ညပိုင္းအထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါ ဓာတ္ခြဲ အတည္ျပဳလူနာ ၂၃၆ ဦး ရွိၿပီး ေရာဂါပိုးကင္းစင္လာသူ ၁၄၈ ဦး၊ ေသဆုံးသူ ၆ ဦး ရွိ တယ္လို႔ က်န္းမာေရး နဲ႔ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/52922447
အိန္ဒိယပြန် သံဃာ ၂ ပါးမှာကိုရိုနာပိုးတွေ့ အိန္ဒိယပြန် သံဃာ ၂ ပါးမှာကိုရိုနာပိုးတွေ့ Reviewed by THITHTOOLWIN on 04:14 Rating: 5
Powered by Blogger.