ရန်ကုန်က နိုင်ဂျီးရီးယားနိုင်ငံသားများ နေထိုင်တဲ့နေရာကို ရဲဝင်စစ်


(Unicode)⤵⤵⤵
ရန်ကုန်၊ မရမ်းကုန်းမြို့နယ်မှာ နိုင်ဂျီးရီးယားနိုင်ငံသားတွေ နေထိုင်တဲ့  အထပ်မြင့် တိုက်ခန်းတချို့ကို ရဲတပ်ဖွဲ့က ဇွန်လ ၄ ရက်နေ့ မနေ့က ဝင်ရောက်ရှာဖွေပြီး နိုင်ဂျီးရီးယားနိုင်ငံ သားတစ်ဦးနဲ့ မြန်မာ အမျိုးသမီးတစ်ဦးတို့ကို မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုဒိတာအိမ်ရာ ၁ ၊ အဆောင် A  တိုက်ခန်းတွေကို ဝင်ရောက် စစ်ဆေးချိန်မှာ မူးယစ်ဆေး အရောင်းအဝယ်ရော၊ သုံးစွဲနေတာပါ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

တခြား နိုင်ဂျီးရီးယားနိုင်ငံသား တစ်ယောက်ရဲ့ နိုင်ငံကူးလက်မှတ်ကိုတော့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက သိမ်းသွားခဲ့ပြီး လာရောက်ဖြေရှင်း ခိုင်းထားတယ်လို့ မုဒိတာအိမ်ရာ အဆောင် A သာယာရေး ဥက္ကဋ္ဌ ဒေါ်ဥမ္မာကြည် က ပြောပါတယ်။

အရင်ကလည်း သူတို့ဟာ ပတ်ဝန်းကျင်က အမျိုးသမီးငယ်တွေကို ကာအိန္ဒြေပျက်ပြားအောင် လုပ်ဆောင်ခဲ့တာတွေရှိတယ်လို့လည်း ဆိုပါတယ်။

အဆောင် A မှာ နိုင်ငံခြားသားတွေနေထိုင်တဲ့ တိုက်ခန်း ၃၃ ခန်းရှိပြီး အဲဒီထဲမှာ နိုင်ဂျီးရီးယား နိုင်ငံသားတွေ နေထိုင်တဲ့ အခန်း ၁၀ ခန်း ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကတော့  မုဒိတာအိမ်ရာမှာ နိုင်ဂျီးရီးယားနိုင်ငံသား ဘောလုံးသမား သုံးယောက်လောက် နေထိုင်တယ်လို့ RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူ အပါအဝင် ကျန်တဲ့နိုင်ဂျီးရီးယားနိုင်ငံသားတွေရဲ့ အလုပ်အကိုင်ကို တိတိကျကျ မသိရသလို ဘယ်လိုဗီဇာအမျိုးအစားနဲ့ နေထိုင်နေတယ် ဆိုတာမသိရသေးဘူးလို့  လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

အနီးပတ်ဝန်းကျင်က စိစစ်ပေးစေချင်တဲ့အတွက် ဇန်နဝါရီလမှာ ဝန်ကြီးချုပ်ကို တင်ပြခဲ့သလို အခုလည်း ညွှန်ကြားစိစစ်ပေးဖို့ ဆက်တင်ပြသွားမယ်လို့ ဦးရန်ရှင်းက ပြောပါတယ်။

ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးလည်းဖြစ်၊ မရမ်းကုန်းရဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တဲ့ ဒေါ်မိုးမိုးစုကြည်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

RFA Burmese
-------------------------------------
(Zawgyi)⤵⤵⤵
ရန္ကုန္က ႏိုင္ဂ်ီးရီးယားႏိုင္ငံသားမ်ား ေနထိုင္တဲ့ေနရာကို ရဲဝင္စစ္

ရန္ကုန္၊ မရမ္းကုန္းၿမိဳ႕နယ္မွာ ႏိုင္ဂ်ီးရီးယားႏိုင္ငံသားေတြ ေနထိုင္တဲ့  အထပ္ျမင့္ တိုက္ခန္းတခ်ိဳ႕ကို ရဲတပ္ဖြဲ႕က ဇြန္လ ၄ ရက္ေန႔ မေန႔က ဝင္ေရာက္ရွာေဖြၿပီး ႏိုင္ဂ်ီးရီးယားႏိုင္ငံ သားတစ္ဦးနဲ႔ ျမန္မာ အမ်ိဳးသမီးတစ္ဦးတို႔ကို မူးယစ္ေဆးဝါး ေရာင္းဝယ္သုံးစြဲတယ္ဆိုတဲ့ သံသယနဲ႔ ဖမ္းဆီးလိုက္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မုဒိတာအိမ္ရာ ၁ ၊ အေဆာင္ A  တိုက္ခန္းေတြကို ဝင္ေရာက္ စစ္ေဆးခ်ိန္မွာ မူးယစ္ေဆး အေရာင္းအဝယ္ေရာ၊ သုံးစြဲေနတာပါ ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။

တျခား ႏိုင္ဂ်ီးရီးယားႏိုင္ငံသား တစ္ေယာက္ရဲ႕ ႏိုင္ငံကူးလက္မွတ္ကိုေတာ့ လူဝင္မႈႀကီးၾကပ္ေရး အရာရွိေတြက သိမ္းသြားခဲ့ၿပီး လာေရာက္ေျဖရွင္း ခိုင္းထားတယ္လို႔ မုဒိတာအိမ္ရာ အေဆာင္ A သာယာေရး ဥကၠ႒ ေဒၚဥမၼာၾကည္ က ေျပာပါတယ္။

အရင္ကလည္း သူတို႔ဟာ ပတ္ဝန္းက်င္က အမ်ိဳးသမီးငယ္ေတြကို ကာအိေျႏၵပ်က္ျပားေအာင္ လုပ္ေဆာင္ခဲ့တာေတြရွိတယ္လို႔လည္း ဆိုပါတယ္။

အေဆာင္ A မွာ ႏိုင္ငံျခားသားေတြေနထိုင္တဲ့ တိုက္ခန္း ၃၃ ခန္းရွိၿပီး အဲဒီထဲမွာ ႏိုင္ဂ်ီးရီးယား ႏိုင္ငံသားေတြ ေနထိုင္တဲ့ အခန္း ၁၀ ခန္း ရွိတယ္လို႔ သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ မရမ္းကုန္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ရွင္းကေတာ့  မုဒိတာအိမ္ရာမွာ ႏိုင္ဂ်ီးရီးယားႏိုင္ငံသား ေဘာလုံးသမား သုံးေယာက္ေလာက္ ေနထိုင္တယ္လို႔ RFA ကို ေျပာပါတယ္။

ဖမ္းဆီးခံရသူ အပါအဝင္ က်န္တဲ့ႏိုင္ဂ်ီးရီးယားႏိုင္ငံသားေတြရဲ႕ အလုပ္အကိုင္ကို တိတိက်က် မသိရသလို ဘယ္လိုဗီဇာအမ်ိဳးအစားနဲ႔ ေနထိုင္ေနတယ္ ဆိုတာမသိရေသးဘူးလို႔  လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။

အနီးပတ္ဝန္းက်င္က စိစစ္ေပးေစခ်င္တဲ့အတြက္ ဇန္နဝါရီလမွာ ဝန္ႀကီးခ်ဳပ္ကို တင္ျပခဲ့သလို အခုလည္း ၫႊန္ၾကားစိစစ္ေပးဖို႔ ဆက္တင္ျပသြားမယ္လို႔ ဦးရန္ရွင္းက ေျပာပါတယ္။

ရန္ကုန္တိုင္း လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးလည္းျဖစ္၊ မရမ္းကုန္းရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးလည္းျဖစ္တဲ့ ေဒၚမိုးမိုးစုၾကည္ကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မရွိပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese
ရန်ကုန်က နိုင်ဂျီးရီးယားနိုင်ငံသားများ နေထိုင်တဲ့နေရာကို ရဲဝင်စစ် ရန်ကုန်က နိုင်ဂျီးရီးယားနိုင်ငံသားများ နေထိုင်တဲ့နေရာကို ရဲဝင်စစ် Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.