လာမယ့်နှစ် အထက်တန်းစာသင်ရက်လျှော့ချထား

ဇွန်လ ၁ ရက်နေ့ ၂၀၁၂ ခုနှစ်တုန်းက ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းတခုမှာ တွေ့ရတဲ့ ပထမဦးဆုံးကျောင်းဖွင့်ရက် မြင်ကွင်း။ (ဇွန် ၀၁၊ ၂၀၁၂)
(Unicode)⤵⤵⤵
ဇူလိုင်လကုန်ပိုင်းလောက်မှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တဲ့အခါ အဆင်သင့်ဖြစ်အောင် ကြိုးပမ်းနေတဲ့ အခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

COVID 19 ကပ်ရောဂါကြောင့် အခြေခံပညာကျောင်းတွေကို တစ်လကျော်နောက်ကျပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြန်ဖွင့်တဲ့အခါ ကျန်းမာရေးအတွက် စိုးရိမ်မှုတွေ ရှိနေကြပေမဲ့ ကြိုတင်ကာကွယ်ရေး အစီအမံတွေ ချမှတ်ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့ အညီ ကြိုတင်ပြင်ဆင်နိုင်ဖို့ကို ကျောင်းတိုင်းကို ညွှန်ကြားထားပြီးဖြစ်သလို ကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ထောက်ပံ့ပေးဖို့ ကျန်းမာရေးအတွက် အကာအကွယ်ပစ္စည်းတွေကိုလည်း ပြင်ဆင်ထားပြီးဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။

“ကိုဗစ်ကာလ အထူးအနေနဲ့ ကျနော်တို့က ကျောင်းသူကျောင်းသား ၉,၇၀၀,၀၀၀ နှင့် ဆရာဆရာမ ၄၅၀,၀၀၀ နှင့် ရုံးဝန်ထမ်းတွေပေါင်းရင် ၁၀ သန်းခွဲလောက်ရှိပါတယ်။ အဲ့ဒီ ၁၀ သန်းခွဲကို တစ်ယောက်ကို အဝတ် Mask နှစ် ခုနဲ့ ၂၁ သန်း အခုလတ်တလောမှာ ကျနော်တို့ ဖြန့်ဝေနေပါပြီ။ အခမဲ့ဖြန့်ဝေတာပါ။ နောက်တခါ တစ်ယောက်ကို Face Shield တစ်ခုစီနဲ့ ၁၀ သန်းခွဲ တနိုင်ငံလုံး ဖြန့်ဝေနေပါတယ်။ နောက် သာမိုမီတာလည်း ကျောင်းသား ၁၀၀ နဲ့ ၁၀၀ အောက် ရှိတဲ့ကျောင်းကို တစ်ခု ၅၀၀ အောက်ကို နှစ် ခုနှင့် ၁,၀၀၀ အောက်ကို ၃ ခုနဲ့ ၁,၀၀၀ နဲ့ အထက်ကို ၅ ခု ကျနော်တို့ ဖြန့်ဝေဖို့ရာအတွက် သာမိုမီတာ ၇၅,၀၀၀ ကိုလည်းပဲ ကျနော်တို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါကတော့ ကျနော်တို့ရဲ့ စီစဉ်ဆောင်ရွက်မှု အခြေအနေပေါ့။”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ ကျောင်းသားတွေ တစ်ယောက်နဲ့ တစ်ယောက် ၆ ပေ အကွာမှာနေကြဖို့ အပါအဝင်ကျောင်းသားတွေ ကျောင်းသားမိဘတွေနဲ့ ဆရာ၊ ဆရာမတွေ လိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန် ကိစ္စတွေကို အသိပေးထားတယ်လို့လည်း ပြောပါတယ်။ ခါတိုင်းနှစ်ထက် စာသင်ရက်နည်းပြီး သင်ခန်းစာတွေ လျှော့ချထားရတဲ့အတွက်လည်း သင်ကြားမှုအပိုင်းတွေကို ပြင်ဆင်ထားတယ်လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“သင်ရိုးလျှော့တာကျတော့ စပြီးဖွင့်ကတည်းကိုက အထက်တန်းအဆင့်မှာ ကျနော်တို့ ၅၁ ရက်နောက်ကျပြီးမှ ကျနော်တို့ ဖွင့်ရတယ်။ စုစုပေါင်း စာသင်ပတ်ကလည်း ကျနော်တို့က ၂၉ ပတ်ပဲ ရှိတော့မယ်။ နောက်ကျောင်းသူ ကျောင်းသားဦးရေ၊ ဆရာဦးရေ စာသင်ခုံ စာသင်ခန်းဦးရေနဲ့ ဆိုလို့ရှိရင် တစ်ခန်းကို လူ ၂၀ ပဲ ထားရမယ့်ခါကျတော့ ဆရာဆရာမတွေလည်း ပိုပြီးတော့ လိုလာမယ်။ လိုတာတွေကို ဖြည့်ဆည်းဖို့လည်း ကျနော်တို့ လုပ်ထားတယ်။ နောက်တခါ ကျောင်းတွေကို ပုံစံလေးမျိုး ပုံမှန်ဖွင့်တဲ့ ကျောင်းရှိမယ်။ တပတ်ခြားရှိမယ်၊ တပတ်ခြား နှစ်သုတ်တက်ရှိမယ်၊ တပတ်ခြား နှစ်သုတ်တက် သုံးရက်သင်ရှိမယ် ဆိုပြီးတော့ လေး မျိုးခွဲလိုက်တဲ့အခါမှာ အများစုကတော့ အလယ်ခေါင်နှစ်ခုထဲမှာ ပါတဲ့အတွက်ကြောင့်မို့လို့ စာသင်မယ့် အခွင့်အလမ်းက ၅၀ ရာခိုင်နှုန်းပဲ ရတဲ့အတွက်ကြောင့်မို့ သင်ရိုးညွှန်းတမ်းကိုလည်း ၅၀ ရာခိုင်နှုန်း သာသာလောက်ပဲ ယာထားတာရှိပါတယ်။”

သင်ရိုးရဲ့ ၇၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်ကို ကျောင်းမှာသင်ပြီး ကျန်တဲ့ ၂၀၊ ၂၅ ရာခိုင်နှုန်းကို အိမ်ကနေလုပ်ရတဲ့ ပုံစံမျိုးနဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကျောင်းသား မိဘတွေအနေနဲ့ကတော့ ဒီလို ကိုဗစ်ကာလမှာ ကလေးတွေ ကျောင်းပို့ဖို့ကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

မူလတန်းနဲ့ အလယ်တန်းကလေးတွေရဲ့ မိခင် ဒေါ်ခင်သန်းမြင့်က သူရဲ့ စိုးရိမ်မှုနဲ့ သဘောထားကို ခုလိုပြောပြပါတယ်။

“စိုးရိမ်မှုတော့ရှိတာပေါ့။ ဒါပေမဲ့ ပညာရေးဆိုတော့လည်း မထားလို့ကလည်းမဖြစ် အစိုးရကလည်း ပြန်ဖွင့်တယ်ဆိုလို့ရှိရင် ထားရတာပေါ့၊ စိုးရိမ်မှကတော့ အမြဲတမ်း ဂရုကတော့ စိုက်နေရတာပေါ့။ ကလေးတွေနဲ့ပဲဖြစ်ဖြစ် လူကြီးတွေနဲ့ပဲဖြစ်ဖြစ် အရမ်းကြီး အရင်တုန်းကလိုမျိုးတော့ တအားကြီးရင်းရင်းနှီးနှီး အနီးကပ်မနေဖို့တော့ မှာထားတယ်။”

ကိုဗစ်ကာလမှာ ကျောင်းတွေ ပြန်ဖွင့်တယ်ဆိုပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ အတိုင်းအတိအကျ ပြင်ဆင်ထားတာကြောင့် မိဘတွေအနေနဲ့ စိုးရိမ်မနေဘဲ ကူးစက်ရောဂါက ကာကွယ်နိုင်ဖို့ကို ပူးပေါင်းဆောင်ရွက်ကြဖို့ အခြေခံပညာဦးစီးဌာနက တိုက်တွန်းထားပါတယ်ရှင်။

အိမ့်သန္တာထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------------------
(Zawgyi)⤵⤵⤵
လာမယ့္ႏွစ္ အထက္တန္းစာသင္ရက္ေလွ်ာ့ခ်ထား

ဇူလိုင္လကုန္ပိုင္းေလာက္မွာ အေျခခံပညာေက်ာင္းေတြ ျပန္ဖြင့္တဲ့အခါ အဆင္သင့္ျဖစ္ေအာင္ ႀကိဳးပမ္းေနတဲ့ အေျခအေနေတြကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပေပးပါမယ္။

COVID 19 ကပ္ေရာဂါေၾကာင့္ အေျခခံပညာေက်ာင္းေတြကို တစ္လေက်ာ္ေနာက္က်ၿပီး ဇူလိုင္လ ၂၁ ရက္ေန႔မွာ ျပန္ဖြင့္တဲ့အခါ က်န္းမာေရးအတြက္ စိုးရိမ္မႈေတြ ရွိေနၾကေပမဲ့ ႀကိဳတင္ကာကြယ္ေရး အစီအမံေတြ ခ်မွတ္ေဆာင္႐ြက္ေနတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ သတ္မွတ္ခ်က္ေတြနဲ႔ အညီ ႀကိဳတင္ျပင္ဆင္ႏိုင္ဖို႔ကို ေက်ာင္းတိုင္းကို ၫႊန္ၾကားထားၿပီးျဖစ္သလို ေက်ာင္းသားေတြနဲ႔ ပညာေရးဝန္ထမ္းေတြကို ေထာက္ပံ့ေပးဖို႔ က်န္းမာေရးအတြက္ အကာအကြယ္ပစၥည္းေတြကိုလည္း ျပင္ဆင္ထားၿပီးျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။

“ကိုဗစ္ကာလ အထူးအေနနဲ႔ က်ေနာ္တို႔က ေက်ာင္းသူေက်ာင္းသား ၉,၇၀၀,၀၀၀ ႏွင့္ ဆရာဆရာမ ၄၅၀,၀၀၀ ႏွင့္ ႐ုံးဝန္ထမ္းေတြေပါင္းရင္ ၁၀ သန္းခြဲေလာက္ရွိပါတယ္။ အဲ့ဒီ ၁၀ သန္းခြဲကို တစ္ေယာက္ကို အဝတ္ Mask ႏွစ္ ခုနဲ႔ ၂၁ သန္း အခုလတ္တေလာမွာ က်ေနာ္တို႔ ျဖန႔္ေဝေနပါၿပီ။ အခမဲ့ျဖန႔္ေဝတာပါ။ ေနာက္တခါ တစ္ေယာက္ကို Face Shield တစ္ခုစီနဲ႔ ၁၀ သန္းခြဲ တႏိုင္ငံလုံး ျဖန႔္ေဝေနပါတယ္။ ေနာက္ သာမိုမီတာလည္း ေက်ာင္းသား ၁၀၀ နဲ႔ ၁၀၀ ေအာက္ ရွိတဲ့ေက်ာင္းကို တစ္ခု ၅၀၀ ေအာက္ကို ႏွစ္ ခုႏွင့္ ၁,၀၀၀ ေအာက္ကို ၃ ခုနဲ႔ ၁,၀၀၀ နဲ႔ အထက္ကို ၅ ခု က်ေနာ္တို႔ ျဖန႔္ေဝဖို႔ရာအတြက္ သာမိုမီတာ ၇၅,၀၀၀ ကိုလည္းပဲ က်ေနာ္တို႔ စီစဥ္ေဆာင္႐ြက္ေနပါတယ္။ ဒါကေတာ့ က်ေနာ္တို႔ရဲ႕ စီစဥ္ေဆာင္႐ြက္မႈ အေျခအေနေပါ့။”

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္ေတြနဲ႔ အညီ ေက်ာင္းသားေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ ၆ ေပ အကြာမွာေနၾကဖို႔ အပါအဝင္ေက်ာင္းသားေတြ ေက်ာင္းသားမိဘေတြနဲ႔ ဆရာ၊ ဆရာမေတြ လိုက္နာရမယ့္ ေဆာင္ရန္၊ ေရွာင္ရန္ ကိစၥေတြကို အသိေပးထားတယ္လို႔လည္း ေျပာပါတယ္။ ခါတိုင္းႏွစ္ထက္ စာသင္ရက္နည္းၿပီး သင္ခန္းစာေတြ ေလွ်ာ့ခ်ထားရတဲ့အတြက္လည္း သင္ၾကားမႈအပိုင္းေတြကို ျပင္ဆင္ထားတယ္လို႔ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

“သင္႐ိုးေလွ်ာ့တာက်ေတာ့ စၿပီးဖြင့္ကတည္းကိုက အထက္တန္းအဆင့္မွာ က်ေနာ္တို႔ ၅၁ ရက္ေနာက္က်ၿပီးမွ က်ေနာ္တို႔ ဖြင့္ရတယ္။ စုစုေပါင္း စာသင္ပတ္ကလည္း က်ေနာ္တို႔က ၂၉ ပတ္ပဲ ရွိေတာ့မယ္။ ေနာက္ေက်ာင္းသူ ေက်ာင္းသားဦးေရ၊ ဆရာဦးေရ စာသင္ခုံ စာသင္ခန္းဦးေရနဲ႔ ဆိုလို႔ရွိရင္ တစ္ခန္းကို လူ ၂၀ ပဲ ထားရမယ့္ခါက်ေတာ့ ဆရာဆရာမေတြလည္း ပိုၿပီးေတာ့ လိုလာမယ္။ လိုတာေတြကို ျဖည့္ဆည္းဖို႔လည္း က်ေနာ္တို႔ လုပ္ထားတယ္။ ေနာက္တခါ ေက်ာင္းေတြကို ပုံစံေလးမ်ိဳး ပုံမွန္ဖြင့္တဲ့ ေက်ာင္းရွိမယ္။ တပတ္ျခားရွိမယ္၊ တပတ္ျခား ႏွစ္သုတ္တက္ရွိမယ္၊ တပတ္ျခား ႏွစ္သုတ္တက္ သုံးရက္သင္ရွိမယ္ ဆိုၿပီးေတာ့ ေလး မ်ိဳးခြဲလိုက္တဲ့အခါမွာ အမ်ားစုကေတာ့ အလယ္ေခါင္ႏွစ္ခုထဲမွာ ပါတဲ့အတြက္ေၾကာင့္မို႔လို႔ စာသင္မယ့္ အခြင့္အလမ္းက ၅၀ ရာခိုင္ႏႈန္းပဲ ရတဲ့အတြက္ေၾကာင့္မို႔ သင္႐ိုးၫႊန္းတမ္းကိုလည္း ၅၀ ရာခိုင္ႏႈန္း သာသာေလာက္ပဲ ယာထားတာရွိပါတယ္။”

သင္႐ိုးရဲ႕ ၇၅ ရာခိုင္ႏႈန္းကေန ၈၀ ရာခိုင္ႏႈန္းေလာက္ကို ေက်ာင္းမွာသင္ၿပီး က်န္တဲ့ ၂၀၊ ၂၅ ရာခိုင္ႏႈန္းကို အိမ္ကေနလုပ္ရတဲ့ ပုံစံမ်ိဳးနဲ႔ ေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။

ေက်ာင္းသား မိဘေတြအေနနဲ႔ကေတာ့ ဒီလို ကိုဗစ္ကာလမွာ ကေလးေတြ ေက်ာင္းပို႔ဖို႔ကို စိုးရိမ္မႈေတြ ရွိေနၾကပါတယ္။

မူလတန္းနဲ႔ အလယ္တန္းကေလးေတြရဲ႕ မိခင္ ေဒၚခင္သန္းျမင့္က သူရဲ႕ စိုးရိမ္မႈနဲ႔ သေဘာထားကို ခုလိုေျပာျပပါတယ္။

“စိုးရိမ္မႈေတာ့ရွိတာေပါ့။ ဒါေပမဲ့ ပညာေရးဆိုေတာ့လည္း မထားလို႔ကလည္းမျဖစ္ အစိုးရကလည္း ျပန္ဖြင့္တယ္ဆိုလို႔ရွိရင္ ထားရတာေပါ့၊ စိုးရိမ္မွကေတာ့ အၿမဲတမ္း ဂ႐ုကေတာ့ စိုက္ေနရတာေပါ့။ ကေလးေတြနဲ႔ပဲျဖစ္ျဖစ္ လူႀကီးေတြနဲ႔ပဲျဖစ္ျဖစ္ အရမ္းႀကီး အရင္တုန္းကလိုမ်ိဳးေတာ့ တအားႀကီးရင္းရင္းႏွီးႏွီး အနီးကပ္မေနဖို႔ေတာ့ မွာထားတယ္။”

ကိုဗစ္ကာလမွာ ေက်ာင္းေတြ ျပန္ဖြင့္တယ္ဆိုေပမဲ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္ေတြ အတိုင္းအတိအက် ျပင္ဆင္ထားတာေၾကာင့္ မိဘေတြအေနနဲ႔ စိုးရိမ္မေနဘဲ ကူးစက္ေရာဂါက ကာကြယ္ႏိုင္ဖို႔ကို ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ အေျခခံပညာဦးစီးဌာနက တိုက္တြန္းထားပါတယ္ရွင္။

အိမ့္သႏၲာထြန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-education/5481523.html
လာမယ့်နှစ် အထက်တန်းစာသင်ရက်လျှော့ချထား လာမယ့်နှစ် အထက်တန်းစာသင်ရက်လျှော့ချထား Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.