စစ်တွေမြို့ပေါ်မှာ ရဲတပ်ကြပ် တစ်ဦး ဓားထိုးခံရပြီး သေဆုံး


(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်က မကျည်းမြိုင်ရပ်ကွက်မှာ ဇွန်လ ၂၉ ရက်နေ့ မနေ့ည ၈ နာရီခွဲလောက်က ရဲတပ်ကြပ်ကြီး တစ်ဦး ဓားထိုးခံရလို့ သေဆုံးသွားပါတယ်။

အမှတ် ၁ စစ်တွေမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ကြပ်ကြီး မောင်မောင်သန်းဟာ အိမ်ကို ပြန်လာချိန် သူ့နေအိမ်ရှေ့မှာ မည်သူမည်ဝါမှန်း မသိရတဲ့ အမျိုးသား နှစ်ဦးက ဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့ မကျည်းမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်က RFA ကို ပြောပါတယ်။

ရုပ်အလောင်းကို စစ်တွေဆေးကြီး ရင်ခွဲရုံကို ပို့ဆောင်ထားပါတယ်။

ရဲတပ်ကြပ်ကြီး မောင်မောင်သန်းဟာ မင်းပြားမြို့ဒေသခံဖြစ်ပြီး ဒေသတွင်း သတင်းသမားတွေကို အကူအညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

မကြာသေးခင် ကာလအတွင်း စစ်တွေမှာ လက်သည်မပေါ်တဲ့ ရာဇဝတ်မှုတချို့ ရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က ကျောင်းတက်လမ်းရပ်ကွက်မှာ နေအိမ်ပြန်လာတဲ့ ဦးညီညီအပါအဝင် နှစ်ဦးကို သေနတ်သမားတချို့က ပစ်ခတ်ခဲ့တဲ့အတွက် ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကလည်း   စစ်တွေမြို့ ကမ္ဘောဇဘဏ်ခွဲ (၂) ကနေ ကျပ်သိန်း ၁၅၀၀ ခန့်ကို အမျိုးသား လေးဦးက ဓားမြတိုက်ထွက်ပြေးခဲ့ပါတယ်။ 

ဇွန်လ ၁၉ ရက်နေ့က စစ်တွေမြို့တွင်းက ဆောက်လုပ်ဆဲအထပ်မြင့် အဆောက်အဦး တစ်ခုပေါ်မှာ မုန့်လက်ကောက်ရောင်းသူ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သတ်ဖြတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ထားတဲ့ စစ်တွေမြို့တွင်းထဲမှာ အခုလို ဥပဒေမဲ့သတ်ဖြတ်ခံရတဲ့ ကိစ္စတွေဖြစ်လာတာကြောင့် ဒေသခံတွေက လုံခြုံရေးကို စိုးရိမ်မှုတွေရှိနေပါတယ်။

RFA Burmese
----------------------------------------
(Zawgyi)⤵⤵⤵
စစ္ေတြၿမိဳ႕ေပၚမွာ ရဲတပ္ၾကပ္ တစ္ဦး ဓားထိုးခံရၿပီး ေသဆုံး

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ေပၚက မက်ည္းၿမိဳင္ရပ္ကြက္မွာ ဇြန္လ ၂၉ ရက္ေန႔ မေန႔ည ၈ နာရီခြဲေလာက္က ရဲတပ္ၾကပ္ႀကီး တစ္ဦး ဓားထိုးခံရလို႔ ေသဆုံးသြားပါတယ္။

အမွတ္ ၁ စစ္ေတြၿမိဳ႕မရဲစခန္းမွာ တာဝန္က်ေနတဲ့ ရဲတပ္ၾကပ္ႀကီး ေမာင္ေမာင္သန္းဟာ အိမ္ကို ျပန္လာခ်ိန္ သူ႔ေနအိမ္ေရွ႕မွာ မည္သူမည္ဝါမွန္း မသိရတဲ့ အမ်ိဳးသား ႏွစ္ဦးက ဓားနဲ႔ထိုးခဲ့တာျဖစ္တယ္လို႔ မက်ည္းၿမိဳင္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းေ႐ႊေမာင္က RFA ကို ေျပာပါတယ္။

႐ုပ္အေလာင္းကို စစ္ေတြေဆးႀကီး ရင္ခြဲ႐ုံကို ပို႔ေဆာင္ထားပါတယ္။

ရဲတပ္ၾကပ္ႀကီး ေမာင္ေမာင္သန္းဟာ မင္းျပားၿမိဳ႕ေဒသခံျဖစ္ၿပီး ေဒသတြင္း သတင္းသမားေတြကို အကူအညီေပးခဲ့သူလည္း ျဖစ္ပါတယ္။

မၾကာေသးခင္ ကာလအတြင္း စစ္ေတြမွာ လက္သည္မေပၚတဲ့ ရာဇဝတ္မႈတခ်ိဳ႕ ရွိခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ ၄ ရက္ေန႔က ေက်ာင္းတက္လမ္းရပ္ကြက္မွာ ေနအိမ္ျပန္လာတဲ့ ဦးညီညီအပါအဝင္ ႏွစ္ဦးကို ေသနတ္သမားတခ်ိဳ႕က ပစ္ခတ္ခဲ့တဲ့အတြက္ ဒဏ္ရာရရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၁၀ ရက္ေန႔ကလည္း   စစ္ေတြၿမိဳ႕ ကေမာၻဇဘဏ္ခြဲ (၂) ကေန က်ပ္သိန္း ၁၅၀၀ ခန႔္ကို အမ်ိဳးသား ေလးဦးက ဓားျမတိုက္ထြက္ေျပးခဲ့ပါတယ္။ 

ဇြန္လ ၁၉ ရက္ေန႔က စစ္ေတြၿမိဳ႕တြင္းက ေဆာက္လုပ္ဆဲအထပ္ျမင့္ အေဆာက္အဦး တစ္ခုေပၚမွာ မုန႔္လက္ေကာက္ေရာင္းသူ အသက္ ၁၃ ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦး သတ္ျဖတ္ခံရလို႔ ေသဆုံးခဲ့ပါတယ္။

ျပည္နယ္အစိုးရအဖြဲ႕ ႐ုံးစိုက္ထားတဲ့ စစ္ေတြၿမိဳ႕တြင္းထဲမွာ အခုလို ဥပေဒမဲ့သတ္ျဖတ္ခံရတဲ့ ကိစၥေတြျဖစ္လာတာေၾကာင့္ ေဒသခံေတြက လုံၿခဳံေရးကို စိုးရိမ္မႈေတြရွိေနပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
စစ်တွေမြို့ပေါ်မှာ ရဲတပ်ကြပ် တစ်ဦး ဓားထိုးခံရပြီး သေဆုံး စစ်တွေမြို့ပေါ်မှာ ရဲတပ်ကြပ် တစ်ဦး ဓားထိုးခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.