အင်းတကော်မြို့ ဆီဆိုင်ရှေ့တွင် ကားသုံးစီး ဆင့်တိုက်မှုဖြစ်ပွား


(Unicode)⤵⤵⤵
ပဲခူး ဇွန် ၂၈

ပဲခူးမြို့နယ်၊ အင်းတကော်မြို့ ရွှေလီဆီဆိုင်ရှေ့တွင် ယနေ့ညနေ (၅:၃၀) အချိန်က ကုန်ကားနှစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားရာ ပဲခူးဘက်မှ အင်းတကော်သို့ မောင်းနှင်လာသည့် CIC အထည်ချုပ် စက်ရုံ ဖယ်ရီကားမှ ထပ်မံဝင်တိုက်မိသဖြင့် အင်းတကော်မြို့ မီးသတ် တပ်ဖွဲ့ဝင်များ၊ ပဲခူးခရိုင် မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများ၊ ယာဉ်ကြောကြပ်တည်းမှုများ မဖြစ်ပေါ်စေရေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် စက်ရုံကား ယာဉ်မောင်းမှာ ကားအတွင်း ညပ်လျက်ရှိနေပြီး ကားပေါ်ရှိ ခရီးသည် ကျား ၂ ဦးနှင့် မ ၃၂ ဦး၊ စုစုပေါင်း (၃၄) ဦးတို့အား ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ကနဦးသိရှိရသည်။

ဟိန်းထက်(ပဲခူး) / MOI Webportal Myanmar
---------------------------------
(Zawgyi)⤵⤵⤵
အင္းတေကာ္ၿမိဳ႕ ဆီဆိုင္ေရွ႕တြင္ ကားသုံးစီး ဆင့္တိုက္မႈျဖစ္ပြား

ပဲခူး ဇြန္ ၂၈

ပဲခူးၿမိဳ႕နယ္၊ အင္းတေကာ္ၿမိဳ႕ ေ႐ႊလီဆီဆိုင္ေရွ႕တြင္ ယေန႔ညေန (၅:၃၀) အခ်ိန္က ကုန္ကားႏွစ္စီး ယာဥ္တိုက္မႈ ျဖစ္ပြားရာ ပဲခူးဘက္မွ အင္းတေကာ္သို႔ ေမာင္းႏွင္လာသည့္ CIC အထည္ခ်ဳပ္ စက္႐ုံ ဖယ္ရီကားမွ ထပ္မံဝင္တိုက္မိသျဖင့္ အင္းတေကာ္ၿမိဳ႕ မီးသတ္ တပ္ဖြဲ႕ဝင္မ်ား၊ ပဲခူးခ႐ိုင္ မီးသတ္ တပ္ဖြဲ႕ဝင္မ်ား၊ လူမႈကူညီေရး အသင္းအဖြဲ႕မ်ား၊ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕မ်ားႏွင့္ တာဝန္ရွိသူမ်ားက ကယ္ဆယ္ေရးလုပ္ငန္းမ်ား၊ ယာဥ္ေၾကာၾကပ္တည္းမႈမ်ား မျဖစ္ေပၚေစေရး ေဆာင္႐ြက္ခဲ့ၾကသည္။

အဆိုပါ ယာဥ္တိုက္မႈတြင္ စက္႐ုံကား ယာဥ္ေမာင္းမွာ ကားအတြင္း ညပ္လ်က္ရွိေနၿပီး ကားေပၚရွိ ခရီးသည္ က်ား ၂ ဦးႏွင့္ မ ၃၂ ဦး၊ စုစုေပါင္း (၃၄) ဦးတို႔အား ပဲခူးၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း ကနဦးသိရွိရသည္။

ဟိန္းထက္(ပဲခူး) / MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အင်းတကော်မြို့ ဆီဆိုင်ရှေ့တွင် ကားသုံးစီး ဆင့်တိုက်မှုဖြစ်ပွား အင်းတကော်မြို့ ဆီဆိုင်ရှေ့တွင် ကားသုံးစီး ဆင့်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.