ချင်းတွင်းမြစ်အတွင်း ရေနစ်ပျောက်ဆုံးသည့် လူငယ် ၃ ဦးအလောင်း ပြန်တွေ့


(Zawgyi)⤵⤵⤵
မုံရွာမြို့ ကွေးကြီးရပ်ကွက်ရှိ ကျောက်မျက်ဆိပ်ကမ်းမှာ ချင်းတွင်းမြစ်အတွင်း ရေနစ်ပျောက်ဆုံးတဲ့ လူငယ် ၃ ဦးရဲ့ အလောင်းကို ဒီနေ့(ဇွန်လ ၅ ရက်) ညနေပိုင်းက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကလေးငယ်တွေဟာ ဒီနေ့ (ဇွန်လ ၅ ရက်) နေလယ် ၁၁ နာရီ၄၅မိနစ်အချိန်လောက်က ရေချိုးဆင်းရာမှ ပျောက်ဆုံးခဲ့တာပါ။
သူတို့ကို မုံရွာခရိုင်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတအဖွဲ့တွေပူးပေါင်းပြီး ရှာဖွေခဲ့ကြပါတယ်။

" ညနေပိုင်းမှာပဲ ရှာဖွေတွေ့ရှိတယ်။ ၃ဦးထဲမှာ ပထမဆုံးညနေ ၅ နာရီမှာ မောင်ဘိုဘိုထွန်းတွေ့တယ်။ မောင်အေးကိုကိုခိုင်က ညနေ ၅နာရီ၁၅မိနစ်အချိန်က တွေ့တယ်။ မောင်ဇော်မျိုးသက် ၅နာရီ ၄၄မိနစ်က တွေ့တယ်။ အလောင်းတွေကြီးပဲတွေ့တာ"ဟု မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ပြောပါတယ်။

ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်း ၃ လောင်းကို မုံရွာမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးသူတွေဟာ မုံရွာမြို့၊ သလ္လာရပ်ကွက်နေထိုင်သူ မောင်အေးကိုကိုခိုင်အသက် ၁၈နှစ်၊ ဘုန်းစိုးရပ်ကွက်နေသူ မောင်ဘိုဘိုထွန်း အသက် ၁၇နှစ်နဲ့ မောင်ဇော်မျိုးသက် အသက် ၁၇ နှစ်အရွယ်တို့ဖြစ်ပါတယ်။

သတင်း-သူရိယထက်၊ ဘုန်းနိုင် / One News Myanmar
---------------------------------------------
(Unicode)⤵⤵⤵
ခ်င္းတြင္းျမစ္အတြင္း ေရနစ္ေပ်ာက္ဆုံးသည့္ လူငယ္ ၃ ဦးအေလာင္း ျပန္ေတြ႕

မုံ႐ြာၿမိဳ႕ ေကြးႀကီးရပ္ကြက္ရွိ ေက်ာက္မ်က္ဆိပ္ကမ္းမွာ ခ်င္းတြင္းျမစ္အတြင္း ေရနစ္ေပ်ာက္ဆုံးတဲ့ လူငယ္ ၃ ဦးရဲ႕ အေလာင္းကို ဒီေန႔(ဇြန္လ ၅ ရက္) ညေနပိုင္းက ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

ကေလးငယ္ေတြဟာ ဒီေန႔ (ဇြန္လ ၅ ရက္) ေနလယ္ ၁၁ နာရီ၄၅မိနစ္အခ်ိန္ေလာက္က ေရခ်ိဳးဆင္းရာမွ ေပ်ာက္ဆုံးခဲ့တာပါ။
သူတို႔ကို မုံ႐ြာခ႐ိုင္မီးသတ္တပ္ဖြဲ႕ဝင္ေတြနဲ႔ ပရဟိတအဖြဲ႕ေတြပူးေပါင္းၿပီး ရွာေဖြခဲ့ၾကပါတယ္။

" ညေနပိုင္းမွာပဲ ရွာေဖြေတြ႕ရွိတယ္။ ၃ဦးထဲမွာ ပထမဆုံးညေန ၅ နာရီမွာ ေမာင္ဘိုဘိုထြန္းေတြ႕တယ္။ ေမာင္ေအးကိုကိုခိုင္က ညေန ၅နာရီ၁၅မိနစ္အခ်ိန္က ေတြ႕တယ္။ ေမာင္ေဇာ္မ်ိဳးသက္ ၅နာရီ ၄၄မိနစ္က ေတြ႕တယ္။ အေလာင္းေတြႀကီးပဲေတြ႕တာ"ဟု မုံ႐ြာခ႐ိုင္မီးသတ္ဦးစီးမႉး ဦးညီညီေဇာ္က ေျပာပါတယ္။

ျပန္လည္ရွာေဖြေတြ႕ရွိခဲ့တဲ့ အေလာင္း ၃ ေလာင္းကို မုံ႐ြာၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးကို ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

ေရနစ္ေသဆုံးသူေတြဟာ မုံ႐ြာၿမိဳ႕၊ သလႅာရပ္ကြက္ေနထိုင္သူ ေမာင္ေအးကိုကိုခိုင္အသက္ ၁၈ႏွစ္၊ ဘုန္းစိုးရပ္ကြက္ေနသူ ေမာင္ဘိုဘိုထြန္း အသက္ ၁၇ႏွစ္နဲ႔ ေမာင္ေဇာ္မ်ိဳးသက္ အသက္ ၁၇ ႏွစ္အ႐ြယ္တို႔ျဖစ္ပါတယ္။

သတင္း-သူရိယထက္၊ ဘုန္းႏိုင္ / One News Myanmar
https://www.facebook.com/onenewsmyan
ချင်းတွင်းမြစ်အတွင်း ရေနစ်ပျောက်ဆုံးသည့် လူငယ် ၃ ဦးအလောင်း ပြန်တွေ့ ချင်းတွင်းမြစ်အတွင်း ရေနစ်ပျောက်ဆုံးသည့် လူငယ် ၃ ဦးအလောင်း ပြန်တွေ့ Reviewed by THITHTOOLWIN on 22:43 Rating: 5
Powered by Blogger.