အာတိတ်စက်ဝိုင်းထဲ ဒီဇယ်ဆီဖိတ်စဉ်မှု ရုရှား အရေးပေါ် အခြေအနေကြေညာ

ယိုစိမ့်တဲ့နေရာကနေ ခုနစ်မိုင်ခွဲအကွာလောက်ထိ ဆီတွေပျံ့ကုန်ပါတယ်။
(Unicode)⤵⤵⤵
အာတိတ်စက်ဝိုင်း ဧရိယာထဲက မြစ်တစ်စင်းမှာ ဒီဇယ်ဆီ တန်နှစ်သောင်း ယိုစိမ့် မျောပါသွားတဲ့အတွက် ရုရှားသမ္မတ ပူတင်က အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

ဒီဇယ်ဆီတွေ ဖိတ်စဉ်မှုဟာ သောကြာနေ့တုန်းက နာရိစ်ခ်မြို့နားက ဓာတ်အားပေးစက်ရုံတစ်ရုံမှာ လောင်စာဆီကန် ပြိုလဲကျမှုကနေ ဖြစ်ခဲ့တာပါ။

ဖိတ်ကျယိုစိမ့်လာနေတဲ့ လောင်စာဆီတွေဟာ မတော်တဆ ဖြစ်ခဲ့တဲ့နေရာကနေ ခုနစ်မိုင်ခွဲလောက်အထိ မျောပါနေပါတယ်။ အဲဒါကြောင့် ဆီတွေမျောပါနေတဲ့ အမ်ဘန်နာယာ မြစ်ထဲမှာ ကြက်သွေးရောင် စီးကြောင်းတွေ ပေါ်လာပါတယ်။

အရေးပေါ်အခြေအနေကြေညာလိုက်တယ်ဆိုတာက အဲဒီနေရာမှာ ကူညီ ရှင်းလင်းရေးလုပ်ငန်းအတွက် တပ်ဖွဲ့တွေ ထပ်ပို့ဖို့ ဖြစ်ပါတယ်။

ဒီလို ဖြစ်ပျက်ခဲ့တာကို နှစ်ရက်ကြာပြီးမှ သိရတဲ့အတွက် တာဝန်ရှိသူတွေကို သမ္မတက စိတ်ဆိုးဒေါသထွက်နေပါတယ်။

ဒီစက်ရုံကို နော်ရိစ်ခ် နစ်ကယ် Norilsk Nickel လုပ်ငန်းက ပိုင်ဆိုင်တာ ဖြစ်ပြီး အဲဒီ လုပ်ငန်းက ကမ္ဘာ့ထိပ်တန်း နီကယ်နဲ့ ပလေဒီယမ် သတ္တု ထုတ်လုပ်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က လုပ်တဲ့ ဗီဒီယိုကွန်ဖရင့်အစည်းအဝေးမှာ ကုမ္ပဏီရဲ့ တုံ့ပြန်ဆောင်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီ အကြီးအကဲကို မစ္စတာ ပူတင်က အပြင်းအထန် ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

"ဒီအခြေအနေတွေကို ဘာလို့ နှစ်ရက်ကြာမှ အစိုးရ ဌာနတွေက သိရတာလဲ။ အရေးပေါ်အခြေအနေတွေဖြစ်နေတာကို ဆိုရှယ်မီဒီယာကနေမှ သိရတော့မှာလား" လို့ ကုမ္ပဏီ အရာရှိ ဆာဂေး လီပင်းကို ပူတင်က မေးခွန်းထုတ်ပါတယ်။
အချိန်နောက်ကျပြီးမှ သိရလို့ သမ္မတပူတင် ဒေါသထွက်
ဒီဇယ်ဆီ ယိုဖိတ်မှုကို ဆိုရှယ်မီဒီယာတွေမှာ သတိပေးတဲ့ သတင်းတွေ တက်လာပြီးနောက်ပိုင်း တနင်္ဂနွေနေ့မှ သိရတယ်လို့ ဒေသအုပ်ချုပ်ရေးမှူး အလက်ဇန္ဒား အပ်စ်က သမ္မတပူတင်ကို အစောပိုင်းက ပြောခဲ့ပါတယ်။

ဒီယိုဖိတ်မှုကြောင့် စတုရန်း ၁၃၅ မိုင် ညစ်ညမ်းကုန်တယ်လို့ အစိုးရ မီဒီယာက ထုတ်ပြန်ပါတယ်။

ဒီမတော်တဆမှုကို စုံစမ်း စစ်ဆေးဖို့ မစ္စတာပူတင်က အမိန့်ပေးထားပြီး ဓာတ်အားပေးစက်ရုံ မန်နေဂျာကို အဲဒီ အချိန်ကတည်းက ထိန်းသိမ်းထားပါတယ်။

နော်ရိစ်ခ် နစ်ကယ်က ထုတ်ပြန်ချက်မှာတော့ ဒီဖြစ်စဉ်ကို အချိန်နဲ့တပြေးညီ သင့်လျော်တဲ့နည်းလမ်းနဲ့ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒီမတော်တဆမှုဟာ လောင်စာဆီ သိုလှောင်ကန်တစ်ခုရဲ့ ထောက်တိုင်တွေ ကျွံဝင်သွားရာကနေ ဖြစ်ခဲ့တာပါ။

အဲဒီနေရာဟာ ရေခဲမှတ်အောက် အမြဲအေးတဲ့ မြေလွှာပေါ်မှာ တည်ဆောက်ထားပြီး ရာသီဥတု ပူနွေးလာတာနဲ့အမျှ မြေလွှာတွေပျော်ကျလာနေတဲ့ နေရာလည်း ဖြစ်ပါတယ်။

အခု အဖြစ်အပျက်ဟာ ခေတ်သစ်ရုရှား သမိုင်းမှာ ပမာဏအားဖြင့် ဒုတိယအများဆုံး မတော်တဆမှု ဖြစ်ဖွယ်ရှိတယ်လို့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့က ပညာရှင် တစ်ယောက်က အေအက်ဖ်ပီ သတင်းအေဂျင်စီကို ပြောပါတယ်။

ဘယ်လိုရှင်းလင်းနိုင်မလဲ

မှောက်ကျခဲ့တဲ့ ပမာဏနဲ့ မြစ်ရဲ့ ပထဝီဝင် အနေအထားအရ သန့်ရှင်းရေးလုပ်ဖို့ ခက်ခဲတဲ့ အခြေအနေ ဖြစ်တယ်လို့ ဒီဖြစ်စဉ်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ကြီးကြီးမားမား သတိပေးလိုက်ပါတယ်။

ဒီဖြစ်စဉ်ကို ၁၉၈၉ ခုနှစ်က အလက်စကားမှာ ဖြစ်ခဲ့တဲ့ အက်စန် ဗယ်လ်ဒီးဇ် Exxon Valdez ဘေးအန္တရာယ်ကျရောက်မှုနဲ့ ဂရင်းပိစ်အဖွဲ့က နှိုင်းယှဉ်ခဲ့ပါတယ်။
ရှင်းလင်းရေးလုပ်ငန်းက ခက်ခဲမယ်လို့ ပညာရှင်တွေက သတိပေးထား
အာတိတ်ဇုန်ထဲမှာ ဒီလို မတော်တဆမှုမျိုး မဖြစ်ဖူးဘူးလို့လည်း ရုရှား သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေး အဖွဲ့ Rosprirodnadzor ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်ဟောင်းက ပြောပါတယ်။

ဒီယိုစိမ့်မှုကို ရှင်းလင်းဖို့ အမေရိကန်ဒေါ်လာ သန်းတစ်ထောင့်ငါးရာလောက်ကုန်ကျပြီး အချိန် ငါးနှစ်ကနေ ၁၀ နှစ်လောက် ကြာလိမ့်မယ်လို့ သူက ခန့်မှန်းပါတယ်။

အခု လောင်စာဆီ ယိုဖိတ်မှုဟာ နော်ရိစ်ခ် နစ်ကယ်အတွက် ပထဆုံးတော့ မဟုတ်ပါဘူး။

၂၀၁၆ ခုနှစ်တုန်းကလည်း စက်ရုံနားက မြစ်ရေတွေ နီကုန်တာမှာ သူတို့ စက်ရုံတစ်ရုံက မတော်တဆမှုကြောင့် ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ယိုစိမ့်မှုဖြစ်ခဲ့တဲ့ နော်ရိစ်ခ်ရဲ့ စက်ရုံ တစ်နေရာ
ဒီ ဖိတ်ကျနေတဲ့ လောင်စာဆီတွေကို မီးရှို့ဖျက်ဆီးပစ်တဲ့နည်းကို သဘောမတူဘူးလို့ ရုရှား သဘာဝရင်းမြစ် ဝန်ကြီး ဒီမစ်ထရီ ကော်ဘျဲကီးန်က ပြောပါတယ်။

ဒီလောင်စာဆီတွေကို ဓာတုပစ္စည်းတွေသုံးပြီး အားပျော့ ဖြိုခွဲရှင်းလင်းတဲ့နည်းကို သုံးဖို့ အဆိုပြုထားပါတယ်။

သူပြောတဲ့နည်းကို သုံးမယ်ဆိုရင် စစ်တပ်အကူအညီနဲ့ အရေးပေါ်ကယ်ဆယ်ရေး ဌာနကပဲ လုပ်နိုင်မယ်လို့ ဆိုပါတယ်။

အမ်ဘန်နာယာမြစ်က တိမ်လွန်းတဲ့အတွက် ရေယာဉ်တွေနဲ့ လိုက်ခပ်ပြီး ဆယ်ယူရေးက မဖြစ်နိုင်ဘူးလို့ သူက သတိပေးပါတယ်။

အနီးအနားက လွင်ပြင်ပေါ်ကို ဆီတွေ စုပ်ထုတ်ဖို့ သူက အကြံပေးပါတယ်။

သမ္မတ ပူတင်ကလည်း အဲဒီနေရာက မြေကြီးတွေဟာ လောင်စာတွေနဲ့ ပျော်ဝင်ပြီးနေလောက်ပြီလို့ ပြောပါတယ်။

BBC Burmese
-------------------------------------
(Zawgyi)⤵⤵⤵
အာတိတ္စက္ဝိုင္းထဲ ဒီဇယ္ဆီဖိတ္စဥ္မႈ ႐ုရွား အေရးေပၚ အေျခအေနေၾကညာ

အာတိတ္စက္ဝိုင္း ဧရိယာထဲက ျမစ္တစ္စင္းမွာ ဒီဇယ္ဆီ တန္ႏွစ္ေသာင္း ယိုစိမ့္ ေမ်ာပါသြားတဲ့အတြက္ ႐ုရွားသမၼတ ပူတင္က အေရးေပၚအေျခအေန ေၾကညာလိုက္ပါတယ္။

ဒီဇယ္ဆီေတြ ဖိတ္စဥ္မႈဟာ ေသာၾကာေန႔တုန္းက နာရိစ္ခ္ၿမိဳ႕နားက ဓာတ္အားေပးစက္႐ုံတစ္႐ုံမွာ ေလာင္စာဆီကန္ ၿပိဳလဲက်မႈကေန ျဖစ္ခဲ့တာပါ။

ဖိတ္က်ယိုစိမ့္လာေနတဲ့ ေလာင္စာဆီေတြဟာ မေတာ္တဆ ျဖစ္ခဲ့တဲ့ေနရာကေန ခုနစ္မိုင္ခြဲေလာက္အထိ ေမ်ာပါေနပါတယ္။ အဲဒါေၾကာင့္ ဆီေတြေမ်ာပါေနတဲ့ အမ္ဘန္နာယာ ျမစ္ထဲမွာ ၾကက္ေသြးေရာင္ စီးေၾကာင္းေတြ ေပၚလာပါတယ္။

အေရးေပၚအေျခအေနေၾကညာလိုက္တယ္ဆိုတာက အဲဒီေနရာမွာ ကူညီ ရွင္းလင္းေရးလုပ္ငန္းအတြက္ တပ္ဖြဲ႕ေတြ ထပ္ပို႔ဖို႔ ျဖစ္ပါတယ္။

ဒီလို ျဖစ္ပ်က္ခဲ့တာကို ႏွစ္ရက္ၾကာၿပီးမွ သိရတဲ့အတြက္ တာဝန္ရွိသူေတြကို သမၼတက စိတ္ဆိုးေဒါသထြက္ေနပါတယ္။

ဒီစက္႐ုံကို ေနာ္ရိစ္ခ္ နစ္ကယ္ Norilsk Nickel လုပ္ငန္းက ပိုင္ဆိုင္တာ ျဖစ္ၿပီး အဲဒီ လုပ္ငန္းက ကမာၻ႔ထိပ္တန္း နီကယ္နဲ႔ ပေလဒီယမ္ သတၱဳ ထုတ္လုပ္တဲ့ လုပ္ငန္း ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔က လုပ္တဲ့ ဗီဒီယိုကြန္ဖရင့္အစည္းအေဝးမွာ ကုမၸဏီရဲ႕ တုံ႔ျပန္ေဆာင္ေဆာင္႐ြက္မႈနဲ႔ ပတ္သက္ၿပီး ကုမၸဏီ အႀကီးအကဲကို မစၥတာ ပူတင္က အျပင္းအထန္ ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

"ဒီအေျခအေနေတြကို ဘာလို႔ ႏွစ္ရက္ၾကာမွ အစိုးရ ဌာနေတြက သိရတာလဲ။ အေရးေပၚအေျခအေနေတြျဖစ္ေနတာကို ဆိုရွယ္မီဒီယာကေနမွ သိရေတာ့မွာလား" လို႔ ကုမၸဏီ အရာရွိ ဆာေဂး လီပင္းကို ပူတင္က ေမးခြန္းထုတ္ပါတယ္။

ဒီဇယ္ဆီ ယိုဖိတ္မႈကို ဆိုရွယ္မီဒီယာေတြမွာ သတိေပးတဲ့ သတင္းေတြ တက္လာၿပီးေနာက္ပိုင္း တနဂၤေႏြေန႔မွ သိရတယ္လို႔ ေဒသအုပ္ခ်ဳပ္ေရးမႉး အလက္ဇႏၵား အပ္စ္က သမၼတပူတင္ကို အေစာပိုင္းက ေျပာခဲ့ပါတယ္။

ဒီယိုဖိတ္မႈေၾကာင့္ စတုရန္း ၁၃၅ မိုင္ ညစ္ညမ္းကုန္တယ္လို႔ အစိုးရ မီဒီယာက ထုတ္ျပန္ပါတယ္။

ဒီမေတာ္တဆမႈကို စုံစမ္း စစ္ေဆးဖို႔ မစၥတာပူတင္က အမိန္႔ေပးထားၿပီး ဓာတ္အားေပးစက္႐ုံ မန္ေနဂ်ာကို အဲဒီ အခ်ိန္ကတည္းက ထိန္းသိမ္းထားပါတယ္။

ေနာ္ရိစ္ခ္ နစ္ကယ္က ထုတ္ျပန္ခ်က္မွာေတာ့ ဒီျဖစ္စဥ္ကို အခ်ိန္နဲ႔တေျပးညီ သင့္ေလ်ာ္တဲ့နည္းလမ္းနဲ႔ တင္ျပခဲ့တယ္လို႔ ဆိုပါတယ္။

ဒီမေတာ္တဆမႈဟာ ေလာင္စာဆီ သိုေလွာင္ကန္တစ္ခုရဲ႕ ေထာက္တိုင္ေတြ ကြၽံဝင္သြားရာကေန ျဖစ္ခဲ့တာပါ။

အဲဒီေနရာဟာ ေရခဲမွတ္ေအာက္ အၿမဲေအးတဲ့ ေျမလႊာေပၚမွာ တည္ေဆာက္ထားၿပီး ရာသီဥတု ပူေႏြးလာတာနဲ႔အမွ် ေျမလႊာေတြေပ်ာ္က်လာေနတဲ့ ေနရာလည္း ျဖစ္ပါတယ္။

အခု အျဖစ္အပ်က္ဟာ ေခတ္သစ္႐ုရွား သမိုင္းမွာ ပမာဏအားျဖင့္ ဒုတိယအမ်ားဆုံး မေတာ္တဆမႈ ျဖစ္ဖြယ္ရွိတယ္လို႔ ကမာၻ႔ေတာ႐ိုင္းတိရစာၦန္ေစာင့္ေရွာက္ေရး ရန္ပုံေငြအဖြဲ႕က ပညာရွင္ တစ္ေယာက္က ေအအက္ဖ္ပီ သတင္းေအဂ်င္စီကို ေျပာပါတယ္။

ဘယ္လိုရွင္းလင္းႏိုင္မလဲ

ေမွာက္က်ခဲ့တဲ့ ပမာဏနဲ႔ ျမစ္ရဲ႕ ပထဝီဝင္ အေနအထားအရ သန္႔ရွင္းေရးလုပ္ဖို႔ ခက္ခဲတဲ့ အေျခအေန ျဖစ္တယ္လို႔ ဒီျဖစ္စဥ္ကို သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႕ေတြက ႀကီးႀကီးမားမား သတိေပးလိုက္ပါတယ္။

ဒီျဖစ္စဥ္ကို ၁၉၈၉ ခုႏွစ္က အလက္စကားမွာ ျဖစ္ခဲ့တဲ့ အက္စန္ ဗယ္လ္ဒီးဇ္ Exxon Valdez ေဘးအႏၲရာယ္က်ေရာက္မႈနဲ႔ ဂရင္းပိစ္အဖြဲ႕က ႏႈိင္းယွဥ္ခဲ့ပါတယ္။

အာတိတ္ဇုန္ထဲမွာ ဒီလို မေတာ္တဆမႈမ်ိဳး မျဖစ္ဖူးဘူးလို႔လည္း ႐ုရွား သဘာဝပတ္ဝန္းက်င္ ေလ့လာေစာင့္ၾကည့္ေရး အဖြဲ႕ Rosprirodnadzor ရဲ႕ ဒုတိယအဖြဲ႕ေခါင္းေဆာင္ေဟာင္းက ေျပာပါတယ္။

ဒီယိုစိမ့္မႈကို ရွင္းလင္းဖို႔ အေမရိကန္ေဒၚလာ သန္းတစ္ေထာင့္ငါးရာေလာက္ကုန္က်ၿပီး အခ်ိန္ ငါးႏွစ္ကေန ၁၀ ႏွစ္ေလာက္ ၾကာလိမ့္မယ္လို႔ သူက ခန္႔မွန္းပါတယ္။

အခု ေလာင္စာဆီ ယိုဖိတ္မႈဟာ ေနာ္ရိစ္ခ္ နစ္ကယ္အတြက္ ပထဆုံးေတာ့ မဟုတ္ပါဘူး။

၂၀၁၆ ခုႏွစ္တုန္းကလည္း စက္႐ုံနားက ျမစ္ေရေတြ နီကုန္တာမွာ သူတို႔ စက္႐ုံတစ္႐ုံက မေတာ္တဆမႈေၾကာင့္ ျဖစ္တယ္လို႔ ဝန္ခံခဲ့ပါတယ္။

ဒီ ဖိတ္က်ေနတဲ့ ေလာင္စာဆီေတြကို မီးရႈိ႕ဖ်က္ဆီးပစ္တဲ့နည္းကို သေဘာမတူဘူးလို႔ ႐ုရွား သဘာဝရင္းျမစ္ ဝန္ႀကီး ဒီမစ္ထရီ ေကာ္ဘ်ဲကီးန္က ေျပာပါတယ္။

ဒီေလာင္စာဆီေတြကို ဓာတုပစၥည္းေတြသုံးၿပီး အားေပ်ာ့ ၿဖိဳခြဲရွင္းလင္းတဲ့နည္းကို သုံးဖို႔ အဆိုျပဳထားပါတယ္။

သူေျပာတဲ့နည္းကို သုံးမယ္ဆိုရင္ စစ္တပ္အကူအညီနဲ႔ အေရးေပၚကယ္ဆယ္ေရး ဌာနကပဲ လုပ္ႏိုင္မယ္လို႔ ဆိုပါတယ္။

အမ္ဘန္နာယာျမစ္က တိမ္လြန္းတဲ့အတြက္ ေရယာဥ္ေတြနဲ႔ လိုက္ခပ္ၿပီး ဆယ္ယူေရးက မျဖစ္ႏိုင္ဘူးလို႔ သူက သတိေပးပါတယ္။

အနီးအနားက လြင္ျပင္ေပၚကို ဆီေတြ စုပ္ထုတ္ဖို႔ သူက အႀကံေပးပါတယ္။

သမၼတ ပူတင္ကလည္း အဲဒီေနရာက ေျမႀကီးေတြဟာ ေလာင္စာေတြနဲ႔ ေပ်ာ္ဝင္ၿပီးေနေလာက္ၿပီလို႔ ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52923231
အာတိတ်စက်ဝိုင်းထဲ ဒီဇယ်ဆီဖိတ်စဉ်မှု ရုရှား အရေးပေါ် အခြေအနေကြေညာ အာတိတ်စက်ဝိုင်းထဲ ဒီဇယ်ဆီဖိတ်စဉ်မှု ရုရှား အရေးပေါ် အခြေအနေကြေညာ Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.