မြန်မာ့ကိုဗစ်တိုက်ဖျက်ရေးအစီအစဉ်အတွက် ကမ္ဘာ့ကာကွယ်ဆေးမဟာမိတ်အဖွဲ့ ကူညီမည်


(Unicode)⤵⤵⤵
မြန်မာနိုင်ငံရဲ့ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းတွေ ပိုမိုအားကောင်းလာစေဖို့ အမေရိကန် ဒေါ်လာ ၈ ဒဿမ ၈ သန်း ပေးအပ်သွားမယ် လို့ ကမ္ဘာ့ ကာကွယ်ဆေးဆိုင်ရာ မဟာမိတ်အဖွဲ့ (Global Alliance for Vaccines and Immunisation - GAVI) က ပြောပါတယ်။ ပုဂ္ဂလိကနဲ့ အစိုးရ လက်တွဲဆောင်ရွက်တဲ့ ကာကွယ်ဆေးဆိုင်ရာ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက် ပေးတဲ့ GAVI အဖွဲ့ က မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် တိုးတက်ခိုင်မာဖို့ ကနဦး လျာထားတဲ့ အဲဒီ အမေရိကန် ဒေါ်လာ ၈ ဒဿမ ၈ သန်းကို ကပ်ရောဂါ တိုက်ဖျက်ရာမှာ ပြောင်းလဲ သုံးစွဲမယ်လို့ ဇွန်လ ၃ ရက်နေ့မှာ ကြေညာခဲ့တာပါ။

GAVI က ပေးအပ်မယ့် ရန်ပုံငွေတွေကို ကျန်းမာရေး ဝန်ထမ်းတွေအတွက် အကာအကွယ် ပစ္စည်းတွေ ရရှိရေး၊ COIVD 19 ကူးစက်မှုကို လေ့လာ စောင့်ကြည့်ရေးနဲ့ ဓါတ်ခွဲ စမ်းသပ်စစ်ဆေးရေး၊ လူထု ပညာပေးရေးနဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးကိစ္စတွေမှာ အသုံးပြု သွားမယ်လို့ ပြောပါတယ်။ အမေရိကန် ဒေါ်လာ ၁ သန်းနီးပါးကိုတော့ အောက်ဆီဂျင်ပေးတဲ့စက်တွေ ရရှိရေးနဲ့ အသက်ရှူ အထောက် အကူပြု ဆေးရုံသုံး ကိရိယာတွေ ရရှိရေးမှာ သုံးစွဲသွားမှာ ဖြစ်ပါတယ်။

UNICEF နဲ့ GAVI တို့ ပူးတွဲ အထောက်အပံ့နဲ့ မေလ ၁၀ ရက်နေ့က စမ်းသပ် ကိရိယာ တစ်သောင်း ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပြီလို့လည်း GAVIအဖွဲ့က ပြောပါတယ်။

မနေ့ ဇွန်လ ၄ ရက်နေ့က COVID-19 ကာကွယ်ဆေး ကမ္ဘာလုံး ဆိုင်ရာ ညီလာခံကို ဗီဒီယိုကတဆင့် ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က ဦးဆောင်ကျင်းပခဲ့ပြီး ကုလသမဂ္ဂက ထောက်ခံမှုပေးထားတဲ့ GAVI အဖွဲ့အတွက် ရန်ပုံငွေ ရရှိရေး ဆွေးနွေးခဲ့ကြပါတယ်။ COVID-19 ကာကွယ်ဆေးအတွက် ရန်ပုံငွေ ၇ ဘီလီယံ ရရှိဖို့ မှန်းထားရာမှာ အဲဒီ ဆွေးနွေးပွဲမှာ GAVI အဖွဲ့အတွက် ဗြိတိန်နိုင်ငံက အမေရိကန် ဒေါ်လာ ၂ ဘီလီယံကျော်ကို ၅ နှစ်ခွဲပေးသွားမယ်လို့ ပြောသလို ဂျပန်နိုင်ငံကလည်း အမေရိကန် ဒေါ်လာ သန်း ၃၀၀ ပေးအပ်မယ် လို့ ကတိပေးခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------
(Zawgyi)⤵⤵⤵
ျမန္မာ့ကိုဗစ္တိုက္ဖ်က္ေရးအစီအစဥ္အတြက္ ကမာၻ႔ကာကြယ္ေဆးမဟာမိတ္အဖြဲ႕ ကူညီမည္

ျမန္မာႏိုင္ငံရဲ႕ COVID-19 တိုက္ဖ်က္ေရးလုပ္ငန္းေတြ ပိုမိုအားေကာင္းလာေစဖို႔ အေမရိကန္ ေဒၚလာ ၈ ဒႆမ ၈ သန္း ေပးအပ္သြားမယ္ လို႔ ကမာၻ႔ ကာကြယ္ေဆးဆိုင္ရာ မဟာမိတ္အဖြဲ႕ (Global Alliance for Vaccines and Immunisation - GAVI) က ေျပာပါတယ္။ ပုဂၢလိကနဲ႔ အစိုးရ လက္တြဲေဆာင္႐ြက္တဲ့ ကာကြယ္ေဆးဆိုင္ရာ လုပ္ငန္းေတြကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ ေပးတဲ့ GAVI အဖြဲ႕ က ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရးစနစ္ တိုးတက္ခိုင္မာဖို႔ ကနဦး လ်ာထားတဲ့ အဲဒီ အေမရိကန္ ေဒၚလာ ၈ ဒႆမ ၈ သန္းကို ကပ္ေရာဂါ တိုက္ဖ်က္ရာမွာ ေျပာင္းလဲ သုံးစြဲမယ္လို႔ ဇြန္လ ၃ ရက္ေန႔မွာ ေၾကညာခဲ့တာပါ။

GAVI က ေပးအပ္မယ့္ ရန္ပုံေငြေတြကို က်န္းမာေရး ဝန္ထမ္းေတြအတြက္ အကာအကြယ္ ပစၥည္းေတြ ရရွိေရး၊ COIVD 19 ကူးစက္မႈကို ေလ့လာ ေစာင့္ၾကည့္ေရးနဲ႔ ဓါတ္ခြဲ စမ္းသပ္စစ္ေဆးေရး၊ လူထု ပညာေပးေရးနဲ႔ အေရးေပၚ အေျခအေန တုံ႔ျပန္ေရးကိစၥေတြမွာ အသုံးျပဳ သြားမယ္လို႔ ေျပာပါတယ္။ အေမရိကန္ ေဒၚလာ ၁ သန္းနီးပါးကိုေတာ့ ေအာက္ဆီဂ်င္ေပးတဲ့စက္ေတြ ရရွိေရးနဲ႔ အသက္ရႉ အေထာက္ အကူျပဳ ေဆး႐ုံသုံး ကိရိယာေတြ ရရွိေရးမွာ သုံးစြဲသြားမွာ ျဖစ္ပါတယ္။

UNICEF နဲ႔ GAVI တို႔ ပူးတြဲ အေထာက္အပံ့နဲ႔ ေမလ ၁၀ ရက္ေန႔က စမ္းသပ္ ကိရိယာ တစ္ေသာင္း ရန္ကုန္ၿမိဳ႕ကို ေရာက္ရွိခဲ့ၿပီလို႔လည္း GAVIအဖြဲ႕က ေျပာပါတယ္။

မေန႔ ဇြန္လ ၄ ရက္ေန႔က COVID-19 ကာကြယ္ေဆး ကမာၻလုံး ဆိုင္ရာ ညီလာခံကို ဗီဒီယိုကတဆင့္ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ Boris Johnson က ဦးေဆာင္က်င္းပခဲ့ၿပီး ကုလသမဂၢက ေထာက္ခံမႈေပးထားတဲ့ GAVI အဖြဲ႕အတြက္ ရန္ပုံေငြ ရရွိေရး ေဆြးေႏြးခဲ့ၾကပါတယ္။ COVID-19 ကာကြယ္ေဆးအတြက္ ရန္ပုံေငြ ၇ ဘီလီယံ ရရွိဖို႔ မွန္းထားရာမွာ အဲဒီ ေဆြးေႏြးပြဲမွာ GAVI အဖြဲ႕အတြက္ ၿဗိတိန္ႏိုင္ငံက အေမရိကန္ ေဒၚလာ ၂ ဘီလီယံေက်ာ္ကို ၅ ႏွစ္ခြဲေပးသြားမယ္လို႔ ေျပာသလို ဂ်ပန္ႏိုင္ငံကလည္း အေမရိကန္ ေဒၚလာ သန္း ၃၀၀ ေပးအပ္မယ္ လို႔ ကတိေပးခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-covid-gavi-funding-/5451786.html
မြန်မာ့ကိုဗစ်တိုက်ဖျက်ရေးအစီအစဉ်အတွက် ကမ္ဘာ့ကာကွယ်ဆေးမဟာမိတ်အဖွဲ့ ကူညီမည် မြန်မာ့ကိုဗစ်တိုက်ဖျက်ရေးအစီအစဉ်အတွက် ကမ္ဘာ့ကာကွယ်ဆေးမဟာမိတ်အဖွဲ့ ကူညီမည် Reviewed by THITHTOOLWIN on 08:23 Rating: 5
Powered by Blogger.