အမတ်လောင်းများ မဲဆွယ်ကာလ၌ စည်းကမ်းချက် အသစ်များ ထပ်မံ ရှိလာနိုင်ဟုဆို

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးအား ယနေ့ နေ့လယ်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
(Unicode)⤵⤵⤵
    နေပြည်တော်၊ ဇွန် ၄ ရက်(ဆင်ဟွာ)

    ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင် ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ကာလသည် COVID-19 ကာလနှင့် တိုက်ဆိုင်နေပါက စည်းကမ်းချက်အသစ်များ ထပ်မံ ထွက်ရှိလာနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ နေ့လယ်ပိုင်း၌ မီဒီယာများသို့ ဖြေကြားခဲ့သည်။

“စည်းကမ်းချက်အသစ်တွေ ဆိုတာကလည်း ကိုဗစ်ကာလအတွင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အခြားနိုင်ငံတွေ ရဲ့ လုပ်ရိုး လုပ်စဉ်၊ ကျင့်စဉ်တွေကို ယူရမှာပေါ့၊ နောက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်တဲ့ စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်သွားမှာပေါ့၊ အဲ့ဒါကြောင့် ဘယ်လို မဲဆွယ်မှုတွေ လုပ်မလဲ၊ ကိုဗစ်ကာလလည်းရှိနေတယ်ဆိုတဲ့အခါကျတော့ ကျွန်တော်တို့က ဒါကို အဆင်ပြေ ချောမွေ့အောင် ကျန်တဲ့နှစ်တွေနဲ့ မတူဘဲနဲ့ အဖွဲ့တစ်ဖွဲ့ပေါ့နော် ဖွဲ့ရပါမယ်” ဟု ၎င်းက ပြောကြားခဲ့ သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးအား ယနေ့ နေ့လယ်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
ထိုသို့ ဖွဲ့စည်းရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာန များပါဝင်သည့် အဖွဲ့ ရှစ်ဖွဲ့ သီးခြားစီဖွဲ့စည်းပြီး မည်သည့် အခြေအနေမျိုးတွင် မည်သည့် စည်းကမ်း ချက်များကို လိုက်နာရမည် စသည်ဖြင့် ညှိနှိုင်းပြီး လိုက်နာရမည့် စည်းကမ်းချက်များ ချမှတ်သွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ အားလုံးကို ကြိုတင် အသိပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် ၎င်းက ရွေးကောက်ပွဲကျင်းပမည့် နေ့နှင့် ပတ်သက်ပြီး  “ရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမလဲဆိုတာက အရင်လည်းဖြေပြီးပြီပေါ့၊ အဲဒီ အတိုင်း မပြောင်လဲဘူး၊ ပထမတစ်ကြိမ်မှာ နှစ်လနဲ့ ၂၄ ရက်၊ နောက်တစ်ကြိမ်မှာ လေးလ ကြိုပြီး ကြေညာတယ်။ အဲဒီအတိုင်းပဲ မပြောင်းလဲ ပါဘူး၊ အရင်တုန်းက ကျင်းပခဲ့တဲ့ နိုဝင်ဘာထဲမှာပဲ ဖြစ်မှာပါ၊ နဂိုအတိုင်းပဲ မပြောင်းလဲသေးဘူး” ဟု ထပ်မံ အတည်ပြု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ ရက်များ ကြေညာသည့်အခါ ရွေးကောက်ပွဲကျင်းပမည့် ရက် မကြေညာခင် မည်သည့် မဲဆန္ဒနယ်များအတွက် ကျင်းပမည်ဆိုသည်ကို ဦးစွာ ကြေညာရကြောင်း၊ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်၊ တိုင်းရင်းသားလူမျိုးလွှတ်တော်မဲဆန္ဒနယ်၊ စသည်တို့ကို ဦးစွာ အစဉ်လိုက် ကြေညာပြီးမှ ရွေးကောက်ပွဲ မည်သည့်နေ့ကျင်းပမည် ဆိုသည့် ရက်ကို သတ်မှတ်ကြေညာခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဖြေကြားခဲ့သည်။

(Xinhua)
-----------------------------
(Zawgyi)⤵⤵⤵
အမတ္ေလာင္းမ်ား မဲဆြယ္ကာလ၌ စည္းကမ္းခ်က္ အသစ္မ်ား ထပ္မံ ရွိလာႏိုင္ဟုဆို

    ေနျပည္ေတာ္၊ ဇြန္ ၄ ရက္(ဆင္ဟြာ)

    ၂၀၂၀ ပါတီစုံ အေထြေထြ ေ႐ြးေကာက္ပြဲအတြက္ လႊတ္ေတာ္အသီးသီးတြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္ ၾကမည့္ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းမ်ား၏ မဲဆြယ္ကာလသည္ COVID-19 ကာလႏွင့္ တိုက္ဆိုင္ေနပါက စည္းကမ္းခ်က္အသစ္မ်ား ထပ္မံ ထြက္ရွိလာႏိုင္သည္ဟု ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ဝင္ ဦးျမင့္ႏိုင္က ယေန႔ ေန႔လယ္ပိုင္း၌ မီဒီယာမ်ားသို႔ ေျဖၾကားခဲ့သည္။

“စည္းကမ္းခ်က္အသစ္ေတြ ဆိုတာကလည္း ကိုဗစ္ကာလအတြင္းမွာ ေ႐ြးေကာက္ပြဲေတြ က်င္းပတဲ့ အျခားႏိုင္ငံေတြ ရဲ႕ လုပ္႐ိုး လုပ္စဥ္၊ က်င့္စဥ္ေတြကို ယူရမွာေပါ့၊ ေနာက္ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္တဲ့ စည္းကမ္းခ်က္ေတြနဲ႔အညီ ေဆာင္႐ြက္သြားမွာေပါ့၊ အဲ့ဒါေၾကာင့္ ဘယ္လို မဲဆြယ္မႈေတြ လုပ္မလဲ၊ ကိုဗစ္ကာလလည္းရွိေနတယ္ဆိုတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔က ဒါကို အဆင္ေျပ ေခ်ာေမြ႕ေအာင္ က်န္တဲ့ႏွစ္ေတြနဲ႔ မတူဘဲနဲ႔ အဖြဲ႕တစ္ဖြဲ႕ေပါ့ေနာ္ ဖြဲ႕ရပါမယ္” ဟု ၎က ေျပာၾကားခဲ့ သည္။

ထိုသို႔ ဖြဲ႕စည္းရာတြင္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန အပါအဝင္ သက္ဆိုင္ရာ ဝန္ႀကီးဌာန မ်ားပါဝင္သည့္ အဖြဲ႕ ရွစ္ဖြဲ႕ သီးျခားစီဖြဲ႕စည္းၿပီး မည္သည့္ အေျခအေနမ်ိဳးတြင္ မည္သည့္ စည္းကမ္း ခ်က္မ်ားကို လိုက္နာရမည္ စသည္ျဖင့္ ညႇိႏႈိင္းၿပီး လိုက္နာရမည့္ စည္းကမ္းခ်က္မ်ား ခ်မွတ္သြားမည္ ျဖစ္ေၾကာင္း၊ သက္ဆိုင္ရာ ႏိုင္ငံေရးပါတီမ်ား အားလုံးကို ႀကိဳတင္ အသိေပးေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းလည္း ၎က ေျပာခဲ့သည္။

ထို႔အျပင္ ၎က ေ႐ြးေကာက္ပြဲက်င္းပမည့္ ေန႔ႏွင့္ ပတ္သက္ၿပီး  “ေ႐ြးေကာက္ပြဲ ဘယ္ေတာ့ က်င္းပမလဲဆိုတာက အရင္လည္းေျဖၿပီးၿပီေပါ့၊ အဲဒီ အတိုင္း မေျပာင္လဲဘူး၊ ပထမတစ္ႀကိမ္မွာ ႏွစ္လနဲ႔ ၂၄ ရက္၊ ေနာက္တစ္ႀကိမ္မွာ ေလးလ ႀကိဳၿပီး ေၾကညာတယ္။ အဲဒီအတိုင္းပဲ မေျပာင္းလဲ ပါဘူး၊ အရင္တုန္းက က်င္းပခဲ့တဲ့ ႏိုဝင္ဘာထဲမွာပဲ ျဖစ္မွာပါ၊ နဂိုအတိုင္းပဲ မေျပာင္းလဲေသးဘူး” ဟု ထပ္မံ အတည္ျပဳ ေျပာၾကားခဲ့သည္။

ေ႐ြးေကာက္ပြဲဆိုင္ရာ ရက္မ်ား ေၾကညာသည့္အခါ ေ႐ြးေကာက္ပြဲက်င္းပမည့္ ရက္ မေၾကညာခင္ မည္သည့္ မဲဆႏၵနယ္မ်ားအတြက္ က်င္းပမည္ဆိုသည္ကို ဦးစြာ ေၾကညာရေၾကာင္း၊ ျပည္သူ႔ လႊတ္ေတာ္မဲဆႏၵနယ္၊ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ လႊတ္ေတာ္ မဲဆႏၵနယ္၊ တိုင္းရင္းသားလူမ်ိဳးလႊတ္ေတာ္မဲဆႏၵနယ္၊ စသည္တို႔ကို ဦးစြာ အစဥ္လိုက္ ေၾကညာၿပီးမွ ေ႐ြးေကာက္ပြဲ မည္သည့္ေန႔က်င္းပမည္ ဆိုသည့္ ရက္ကို သတ္မွတ္ေၾကညာျခင္း ျဖစ္ေၾကာင္းလည္း ၎က ေျဖၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com/myanmar/politics-law-military/27868-2020-06-04-09-45-30
အမတ်လောင်းများ မဲဆွယ်ကာလ၌ စည်းကမ်းချက် အသစ်များ ထပ်မံ ရှိလာနိုင်ဟုဆို အမတ်လောင်းများ မဲဆွယ်ကာလ၌ စည်းကမ်းချက် အသစ်များ ထပ်မံ ရှိလာနိုင်ဟုဆို Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.