ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲ ဝင်မပြိုင်ဖို့ တင်ပြထား၊ ပါတီက လက်မခံသေး လို့ ဦးဝင်းထိန်ပြော

ဦးဖြိုးမင်းသိန်းဟာ အန်အယ်လ်ဒီပါတီရဲ့ စီအီးစီအဖွဲ့ဝင်တွေထဲ အသက်အငယ်ဆုံး ဖြစ်ပါတယ်။
(Unicode)⤵⤵⤵
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ကျန်းမာရေးအရ ဝင်မပြိုင်ဖို့ ပါတီကို တင်ပြထားပြီး ပါတီကတော့ ဒီကိစ္စကို လက်မခံသေးဘူးလို့ အန်အယ်လ်ဒီပါတီရဲ့ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ဘီဘီစီကိုပြောပါတယ်။

"သူကတော့ မပြိုင်တော့ဘူးလို့ ပြောတယ်။ ကျန်းမာရေးကြောင့်ပေါ့။ နှလုံးကခွဲထားတာကိုး။ အဓိကက stress တွေမခံနိုင်ဘူး။ သေချာတယ်။ ဒါဆက်လုပ်နေရင် သူ့ကျန်းမာရေး ထိမှာပေါ့။ ဒါကြောင့်ပါ။ ဒါပေမယ့် ပါတီဘက်ကတော့ လက်မခံသေးဘူး" လို့ ဦးဝင်းထိန်နဲ့ ဘီဘီစီတို့ ဇွန် ၃ ရက်က သီးသန့်တွေ့ဆုံခန်းမှာ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာလည်း ကျန်းမာရေးအခြေအနေကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ဖို့အခြေအနေ ဘယ်လိုရှိသလဲလို့ မေးမြန်းရာမှာတော့ ဒေါက်တာဇော်မြင့်မောင်က ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်းရွေးချယ်ရေးကိစ္စအပါအဝင် ပါတီလုပ်ငန်းတာဝန်တွေ ဆောင်ရွက်ဖို့ရှိတယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်က လာမယ့်ရွေးကောက်ပွဲအတွက် ပါတီက တာဝန်ပေးမှုအပေါ် မူတည်ပြီးဆောင်ရွက်မယ်လို့ မေ ၃၁ ရက်က ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ သတင်းထောက်တွေကို ပြောကြားထားပါတယ်။

ဒါပေမယ့် အဲဒီအစည်းအဝေးအပြီးမှာ ရန်ကုန်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်နှစ်ဦး ကျန်းမာရေးအခြေအနေအရ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ မသေချာဘူးလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါကြောင့် ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ ဒီကိစ္စဟာ အစည်းအဝေးအစီအစဉ်ထဲမှာလည်း မပါခဲ့သလို ဒါကို ဆွေးနွေးခဲ့ခြင်းလည်းမရှိဘူးလို့ ဖြေကြားထားပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုဗစ်ကာလအတွင်း ဗိုလ်တထောင်စေတီမှာ ရှင်ဥပဂုတ္တ မထေရ်မြတ် ရေချ ပူဇော်ပွဲပြုလုပ် ခဲ့မှုနဲ့ပတ်သက်လို့ သမ္မတရုံးက ထုချေလွှာ တောင်းထားတာဟာလည်း ဒီအဆင့်နဲ့ပဲ ပြီးသွားမှာပဲလို့ ဦးဝင်းထိန်ကပြောပါတယ်။

"(ဝန်ကြီးချုပ်) ဖြိုးမင်းသိန်းက စကားပြောတာမရှင်းတာပေါ့။ ဘာဖြစ်လဲ။ ဒီပွဲလုပ်မိတယ်။ မထင်မှတ်ဘဲ လူအုံသွားတယ်။ အဲဒီအတွက် တာဝန်ရှိ ပါတယ်ပေါ့။ ပြီးတာပဲ။ စစ်အစိုးရတုန်းကတောင် ဒီထက်ဆိုးတာတွေအများကြီးပဲ ခံခဲ့ရတာ။ ဒီလောက်ကတော့မမှုဘူးလေ။ အခု သမ္မတရုံးက သူ့ကိုထုချေလွှာတောင်းထားတယ်။ ထုချေလွှာတင်ပြီးရင် ပြီးတာပဲ။ ဘာမှမဟုတ်ဘူး" လို့ ဦးဝင်းထိန်က ဆိုပါတယ်။

မကြာသေးခင်က တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အဂတိလိုက်စားမှုနဲ့ ထောင်နှစ် ၃၀ ချမှတ်ခံရတဲ့အပေါ် စိတ်မချမ်းမသာဖြစ်ရကြောင်း ဦးဝင်းထိန်ကပြောပါတယ်။

ဒီအမှုဟာ အဂတိကော်မရှင်က တိုက်ရိုက်ကိုင်တွယ်တာဖြစ်သလို ဒေါ်လဲ့လဲ့မော်ဟာ ကင်ဆာဝေဒနာခံစားနေရသူဖြစ်တဲ့အတွက် ကျန်းမာရေးအရ အာမခံလျှောက်ထားပေမယ့် မပေးခဲ့ဘူးလို့ ဦးဝင်းထိန်ကပြောပါတယ်။ ဒါကြောင့်ဒီအမှုမှာ အပေါ်က ဖိအားတွေရှိနေသလားလို့ သုံးသပ်မိတယ်လို့ သူက ဆက်ပြောပါတယ်။

အမှုအခြေအနေတွေနဲ့ စစ်ချက်တွေကိုလည်း သူအမြဲလေ့လာခဲ့ပြီး ငွေပေးငွေယူကိစ္စတွေမှာ ဒေါက်တာလဲ့လဲ့မော်ဟာ သူတစ်ဦးတည်း သဘောနဲ့ လုပ်ခဲ့တာမဟုတ်ဘဲ ကက်ဘိနက်အစည်းအဝေး(အစိုးရအဖွဲ့အစည်းအဝေး)သဘောတူညီချက်နဲ့လုပ်ခဲ့တာဖြစ်တယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။

ဒါပေမယ့် တရားစီရင်ရေးမဏ္ဍိုင်ကို စွက်ဖက်ရာကျမှာမျိုးဖြစ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီးမပြောလိုပေမယ့် ဒေါက်တာလဲ့လဲ့မော်အတွက် စိတ်မချမ်းသာရကြောင်း သူက ဆက်ပြောပါတယ်။

ဒေါက်တာလဲ့လဲ့မော်ဟာ ဦးဝင်းထိန် ကိုယ်တိုင် ရွေးချယ်ပြီး ခန့်အပ်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။
ရန်ကုန်ကို ပြောင်းလာတာ တစ်နှစ်ရှိပြီလို့ ဦးဝင်းထိန်ကပြောပါတယ်။
ဦးဝင်းထိန်က သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ဆက်ဆံရေးနဲ့ပတ်သက်လို့ သူနဲ့ အဆက်အသွယ်မရှိတာ အနည်းငယ်ကြာနေပြီးဖြစ်ပြီး သူ့ဇနီးနဲ့တော့ ဒေါ်အောင်ဆန်းစုကြည် အမြဲအဆက်အသွယ်ရှိတယ်လို့ ပြောပါတယ်။

ဦးဝင်းထိန်ဟာ သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကော်မရှင်ကို သက်တမ်းထပ်မတိုးတော့ကတည်းက နေပြည်တော်ကနေ ရန်ကုန်ကို ပြောင်းပြီး နေထိုင်လာတာ တစ်နှစ်ရှိပြီလို့ ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီအနိုင်ရဖို့အလားအလာနဲ့ပတ်သက်လို့တော့ အရင်ရွေးကောက်ပွဲလောက် အနိုင်ရဖို့ မလွယ်ကြောင်းနဲ့ အစိုးရဖွဲ့နိုင်တဲ့အထိတော့ နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့်နေ့ကို ကိုဗစ်ရောဂါထိန်းချုပ်ရေးအခြေအနေပေါ်မူတည်ပြီး ထုတ်ပြန်ကြေညာမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။

အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်းတွေကို ဇွန်လအတွင်း အပြီးသတ်ရွေးချယ်သွားဖို့ ရှိပါတယ်။

၂၀၁၅ရွေးကောက်ပွဲမှာ အောင်နိုင်ရေး၊ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးတို့မှာ အဓိက ပါဝင်ခဲ့တဲ့ ဦးဝင်းထိန်ကတော့ လာမယ့်ရွေးကောက်ပွဲအတွက် ပါတီက တာဝန်ပေးအပ်ထားတာ လတ်တလောမရှိသေးဘူးလို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်၊ မတ်လက အန်အယ်လ်ဒီပါတီရဲ့ စီအီးစီကို ပြင်ဆင်ဖွဲ့စည်းပြီးတဲ့နောက် ပါတီခေါင်းဆောင်ပိုင်းကို တစ်စုတစ်စည်းတည်းတွေ့ရတာဖြစ်ပါတယ်။
အန်အယ်လ်ဒီပါတီရဲ့ စီအီးစီကို ၂၀၁၈ ခုနှစ်၊ မတ်လမှာ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နာယက သူရဦးတင်ဦး၊ သဘာပတိ ငါးဦးအဖြစ် ဦးလှဖေ၊ ဦးဝင်းထိန်၊ ဦးအုံးကြိုင်၊ ဦးကျော်ခင်နဲ့ ဦးမန်းဂျော်နီတို့ ဖြစ်ပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာတော့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ(၁) က ဦးဝင်းမြင့်နဲ့ ဒုဥက္ကဋ္ဌ (၂) က ဒေါက်တာဇော်မြင့်မောင်ဖြစ်ပါတယ်။

အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့က တာဝန်ယူထားပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအဖြစ် ဒေါက်တာမေဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမျိုးအောင်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာအောင်မိုးညို၊ ဦးညီပု၊ ဦးအောင်စိုး၊ ဒေါက်တာမျိုးညွန့်နဲ့ ဦးဖြိုးမင်းသိန်းတို့ ဖြစ်ပါ တယ်။

ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာမျိုးညွန့်တို့ကို ခန့်ထားခဲ့ပြီး ခုတော့ ဒေါက်တာဇော်မြင့်မောင်တစ်ဦးတည်းကိုပဲ ပြောရေးဆိုခွင့်တာဝန်ပေးထားပါတယ်။

ဒါ့အပြင် စီအီးစီအဖွဲ့ဝင် ဦးအောင်စိုးဟာ အခုအခါပါတီက နုတ်ထွက်ပြီး တစ်သီးပုဂ္ဂလရပ်တည်နေသလို ဦးဝင်းထိန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိထားပါတယ်။ သူဟာ ဒေါက်တာလဲ့လဲ့မော်ရဲ့ ခဲအိုတော်စပ်သူလည်း ဖြစ်ပါတယ်။

အဲဒီစီအီးစီပြင်ဆင်ဖွဲ့စည်းပြီးတဲ့နောက် ၂၀၁၈ ဇွန်လမှာ ဦးဝင်းထိန်ဟာ သြစတြေးလျနိုင်ငံကိုဆေးကုသဖို့ ထွက်ခွာသွားခဲ့ပြီး ထိုစဉ်က အခုလို ခရီးထွက်သွားတဲ့အပေါ် ပါတီကို တစ်စုံတစ်ရာအကြောင်းကြားတာမရှိခဲ့ဘူးလို့ ပါတီဘက်က ပြောကြားခဲ့တာတွေရှိခဲ့ပါတယ်။

ဦးဝင်းထိန်ကတော့ လက်ရှိမှာ သူ့ကိုပေးထားတဲ့ သဘာပတိရာထူးက ceremony role သာဖြစ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

BBC Burmese
------------------------------------
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ေ႐ြးေကာက္ပြဲ ဝင္မၿပိဳင္ဖို႔ တင္ျပထား၊ ပါတီက လက္မခံေသး လို႔ ဦးဝင္းထိန္ေျပာ

ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းဟာ လာမယ့္၂၀၂၀ ေ႐ြးေကာက္ပြဲမွာ က်န္းမာေရးအရ ဝင္မၿပိဳင္ဖို႔ ပါတီကို တင္ျပထားၿပီး ပါတီကေတာ့ ဒီကိစၥကို လက္မခံေသးဘူးလို႔ အန္အယ္လ္ဒီပါတီရဲ႕ သဘာပတိအဖြဲ႕ဝင္ ဦးဝင္းထိန္က ဘီဘီစီကိုေျပာပါတယ္။

"သူကေတာ့ မၿပိဳင္ေတာ့ဘူးလို႔ ေျပာတယ္။ က်န္းမာေရးေၾကာင့္ေပါ့။ ႏွလုံးကခြဲထားတာကိုး။ အဓိကက stress ေတြမခံႏိုင္ဘူး။ ေသခ်ာတယ္။ ဒါဆက္လုပ္ေနရင္ သူ႔က်န္းမာေရး ထိမွာေပါ့။ ဒါေၾကာင့္ပါ။ ဒါေပမယ့္ ပါတီဘက္ကေတာ့ လက္မခံေသးဘူး" လို႔ ဦးဝင္းထိန္နဲ႔ ဘီဘီစီတို႔ ဇြန္ ၃ ရက္က သီးသန႔္ေတြ႕ဆုံခန္းမွာ သူက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာလည္း က်န္းမာေရးအေျခအေနေၾကာင့္ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ဖို႔အေျခအေန ဘယ္လိုရွိသလဲလို႔ ေမးျမန္းရာမွာေတာ့ ေဒါက္တာေဇာ္ျမင့္ေမာင္က ေ႐ြးေကာက္ပြဲအတြက္ ပါတီကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္ေရးကိစၥအပါအဝင္ ပါတီလုပ္ငန္းတာဝန္ေတြ ေဆာင္႐ြက္ဖို႔ရွိတယ္လို႔ ဦးဝင္းထိန္ကေျပာပါတယ္။

ေဒါက္တာေဇာ္ျမင့္ေမာင္က လာမယ့္ေ႐ြးေကာက္ပြဲအတြက္ ပါတီက တာဝန္ေပးမႈအေပၚ မူတည္ၿပီးေဆာင္႐ြက္မယ္လို႔ ေမ ၃၁ ရက္က ပါတီဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးအၿပီးမွာ ဗီဒီယိုကြန္ဖရန္းဇင္းနဲ႔ သတင္းေထာက္ေတြကို ေျပာၾကားထားပါတယ္။

ဒါေပမယ့္ အဲဒီအစည္းအေဝးအၿပီးမွာ ရန္ကုန္နဲ႔ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ႏွစ္ဦး က်န္းမာေရးအေျခအေနအရ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ဖို႔ မေသခ်ာဘူးလို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

ဒါေၾကာင့္ ပါတီရဲ႕ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ေတြကို ဘီဘီစီက ဆက္သြယ္ေမးျမန္းတဲ့အခါ ဒီကိစၥဟာ အစည္းအေဝးအစီအစဥ္ထဲမွာလည္း မပါခဲ့သလို ဒါကို ေဆြးေႏြးခဲ့ျခင္းလည္းမရွိဘူးလို႔ ေျဖၾကားထားပါတယ္။

ဒါ့အျပင္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ကိုဗစ္ကာလအတြင္း ဗိုလ္တေထာင္ေစတီမွာ ရွင္ဥပဂုတၱ မေထရ္ျမတ္ ေရခ် ပူေဇာ္ပြဲျပဳလုပ္ ခဲ့မႈနဲ႔ပတ္သက္လို႔ သမၼတ႐ုံးက ထုေခ်လႊာ ေတာင္းထားတာဟာလည္း ဒီအဆင့္နဲ႔ပဲ ၿပီးသြားမွာပဲလို႔ ဦးဝင္းထိန္ကေျပာပါတယ္။

"(ဝန္ႀကီးခ်ဳပ္) ၿဖိဳးမင္းသိန္းက စကားေျပာတာမရွင္းတာေပါ့။ ဘာျဖစ္လဲ။ ဒီပြဲလုပ္မိတယ္။ မထင္မွတ္ဘဲ လူအုံသြားတယ္။ အဲဒီအတြက္ တာဝန္ရွိ ပါတယ္ေပါ့။ ၿပီးတာပဲ။ စစ္အစိုးရတုန္းကေတာင္ ဒီထက္ဆိုးတာေတြအမ်ားႀကီးပဲ ခံခဲ့ရတာ။ ဒီေလာက္ကေတာ့မမႈဘူးေလ။ အခု သမၼတ႐ုံးက သူ႔ကိုထုေခ်လႊာေတာင္းထားတယ္။ ထုေခ်လႊာတင္ၿပီးရင္ ၿပီးတာပဲ။ ဘာမွမဟုတ္ဘူး" လို႔ ဦးဝင္းထိန္က ဆိုပါတယ္။

မၾကာေသးခင္က တနသၤာရီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္ အဂတိလိုက္စားမႈနဲ႔ ေထာင္ႏွစ္ ၃၀ ခ်မွတ္ခံရတဲ့အေပၚ စိတ္မခ်မ္းမသာျဖစ္ရေၾကာင္း ဦးဝင္းထိန္ကေျပာပါတယ္။

ဒီအမႈဟာ အဂတိေကာ္မရွင္က တိုက္႐ိုက္ကိုင္တြယ္တာျဖစ္သလို ေဒၚလဲ့လဲ့ေမာ္ဟာ ကင္ဆာေဝဒနာခံစားေနရသူျဖစ္တဲ့အတြက္ က်န္းမာေရးအရ အာမခံေလွ်ာက္ထားေပမယ့္ မေပးခဲ့ဘူးလို႔ ဦးဝင္းထိန္ကေျပာပါတယ္။ ဒါေၾကာင့္ဒီအမႈမွာ အေပၚက ဖိအားေတြရွိေနသလားလို႔ သုံးသပ္မိတယ္လို႔ သူက ဆက္ေျပာပါတယ္။

အမႈအေျခအေနေတြနဲ႔ စစ္ခ်က္ေတြကိုလည္း သူအၿမဲေလ့လာခဲ့ၿပီး ေငြေပးေငြယူကိစၥေတြမွာ ေဒါက္တာလဲ့လဲ့ေမာ္ဟာ သူတစ္ဦးတည္း သေဘာနဲ႔ လုပ္ခဲ့တာမဟုတ္ဘဲ ကက္ဘိနက္အစည္းအေဝး(အစိုးရအဖြဲ႕အစည္းအေဝး)သေဘာတူညီခ်က္နဲ႔လုပ္ခဲ့တာျဖစ္တယ္လို႔ ဦးဝင္းထိန္ကေျပာပါတယ္။

ဒါေပမယ့္ တရားစီရင္ေရးမ႑ိဳင္ကို စြက္ဖက္ရာက်မွာမ်ိဳးျဖစ္လို႔ ဒီကိစၥနဲ႔ပတ္သက္ၿပီး အမ်ားႀကီးမေျပာလိုေပမယ့္ ေဒါက္တာလဲ့လဲ့ေမာ္အတြက္ စိတ္မခ်မ္းသာရေၾကာင္း သူက ဆက္ေျပာပါတယ္။

ေဒါက္တာလဲ့လဲ့ေမာ္ဟာ ဦးဝင္းထိန္ ကိုယ္တိုင္ ေ႐ြးခ်ယ္ၿပီး ခန႔္အပ္ခဲ့တဲ့ တိုင္းနဲ႔ျပည္နယ္အစိုးရအဖြဲ႕ ထိပ္တန္းေခါင္းေဆာင္ေတြထဲက တစ္ဦး ျဖစ္ခဲ့ပါတယ္။

ဦးဝင္းထိန္က သူနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ၾကား ဆက္ဆံေရးနဲ႔ပတ္သက္လို႔ သူနဲ႔ အဆက္အသြယ္မရွိတာ အနည္းငယ္ၾကာေနၿပီးျဖစ္ၿပီး သူ႔ဇနီးနဲ႔ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ အၿမဲအဆက္အသြယ္ရွိတယ္လို႔ ေျပာပါတယ္။

ဦးဝင္းထိန္ဟာ သူရဦးေ႐ႊမန္းဦးေဆာင္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ားေလ့လာဆန္းစစ္သုံးသပ္ေရးေကာ္မရွင္မွာ အဖြဲ႕ဝင္ျဖစ္ခဲ့သူ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီေကာ္မရွင္ကို သက္တမ္းထပ္မတိုးေတာ့ကတည္းက ေနျပည္ေတာ္ကေန ရန္ကုန္ကို ေျပာင္းၿပီး ေနထိုင္လာတာ တစ္ႏွစ္ရွိၿပီလို႔ ေျပာပါတယ္။

လာမယ့္ေ႐ြးေကာက္ပြဲမွာ အန္အယ္လ္ဒီအႏိုင္ရဖို႔အလားအလာနဲ႔ပတ္သက္လို႔ေတာ့ အရင္ေ႐ြးေကာက္ပြဲေလာက္ အႏိုင္ရဖို႔ မလြယ္ေၾကာင္းနဲ႔ အစိုးရဖြဲ႕ႏိုင္တဲ့အထိေတာ့ ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။

ေ႐ြးေကာက္ပြဲက်င္းပမယ့္ေန႔ကို ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရးအေျခအေနေပၚမူတည္ၿပီး ထုတ္ျပန္ေၾကညာမယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာၾကားထားပါတယ္။

အန္အယ္လ္ဒီပါတီက ကိုယ္စားလွယ္ေလာင္းေတြကို ဇြန္လအတြင္း အၿပီးသတ္ေ႐ြးခ်ယ္သြားဖို႔ ရွိပါတယ္။

၂၀၁၅ေ႐ြးေကာက္ပြဲမွာ ေအာင္ႏိုင္ေရး၊ ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္ေရးတို႔မွာ အဓိက ပါဝင္ခဲ့တဲ့ ဦးဝင္းထိန္ကေတာ့ လာမယ့္ေ႐ြးေကာက္ပြဲအတြက္ ပါတီက တာဝန္ေပးအပ္ထားတာ လတ္တေလာမရွိေသးဘူးလို႔ ဆိုပါတယ္။

အန္အယ္လ္ဒီပါတီရဲ႕ စီအီးစီကို ၂၀၁၈ ခုႏွစ္၊ မတ္လမွာ ျပင္ဆင္ဖြဲ႕စည္းခဲ့ၿပီး နာယက သူရဦးတင္ဦး၊ သဘာပတိ ငါးဦးအျဖစ္ ဦးလွေဖ၊ ဦးဝင္းထိန္၊ ဦးအုံးႀကိဳင္၊ ဦးေက်ာ္ခင္နဲ႔ ဦးမန္းေဂ်ာ္နီတို႔ ျဖစ္ပါတယ္။

ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕မွာေတာ့ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္၊ ဒုဥကၠ႒(၁) က ဦးဝင္းျမင့္နဲ႔ ဒုဥကၠ႒ (၂) က ေဒါက္တာေဇာ္ျမင့္ေမာင္ျဖစ္ပါတယ္။

အတြင္းေရးမႉးအဖြဲ႕ဝင္အျဖစ္ ဦးဉာဏ္ဝင္းနဲ႔ ဦးဟံသာျမင့္တို႔က တာဝန္ယူထားပါတယ္။

ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ေတြအျဖစ္ ေဒါက္တာေမဝင္းျမင့္၊ ေဒၚနန္းခင္ေထြးျမင့္၊ ေဒါက္တာမ်ိဳးေအာင္၊ ဦးထြန္းထြန္းဟိန္၊ ေဒါက္တာေအာင္မိုးညိဳ၊ ဦးညီပု၊ ဦးေအာင္စိုး၊ ေဒါက္တာမ်ိဳးၫြန႔္နဲ႔ ဦးၿဖိဳးမင္းသိန္းတို႔ ျဖစ္ပါ တယ္။

ေျပာေရးဆိုခြင့္ရွိသူေတြအျဖစ္ ေဒါက္တာေဇာ္ျမင့္ေမာင္နဲ႔ ေဒါက္တာမ်ိဳးၫြန႔္တို႔ကို ခန႔္ထားခဲ့ၿပီး ခုေတာ့ ေဒါက္တာေဇာ္ျမင့္ေမာင္တစ္ဦးတည္းကိုပဲ ေျပာေရးဆိုခြင့္တာဝန္ေပးထားပါတယ္။

ဒါ့အျပင္ စီအီးစီအဖြဲ႕ဝင္ ဦးေအာင္စိုးဟာ အခုအခါပါတီက ႏုတ္ထြက္ၿပီး တစ္သီးပုဂၢလရပ္တည္ေနသလို ဦးဝင္းထိန္နဲ႔ နီးကပ္တဲ့ ဆက္ဆံေရးရွိထားပါတယ္။ သူဟာ ေဒါက္တာလဲ့လဲ့ေမာ္ရဲ႕ ခဲအိုေတာ္စပ္သူလည္း ျဖစ္ပါတယ္။

အဲဒီစီအီးစီျပင္ဆင္ဖြဲ႕စည္းၿပီးတဲ့ေနာက္ ၂၀၁၈ ဇြန္လမွာ ဦးဝင္းထိန္ဟာ ၾသစေၾတးလ်ႏိုင္ငံကိုေဆးကုသဖို႔ ထြက္ခြာသြားခဲ့ၿပီး ထိုစဥ္က အခုလို ခရီးထြက္သြားတဲ့အေပၚ ပါတီကို တစ္စုံတစ္ရာအေၾကာင္းၾကားတာမရွိခဲ့ဘူးလို႔ ပါတီဘက္က ေျပာၾကားခဲ့တာေတြရွိခဲ့ပါတယ္။

ဦးဝင္းထိန္ကေတာ့ လက္ရွိမွာ သူ႔ကိုေပးထားတဲ့ သဘာပတိရာထူးက ceremony role သာျဖစ္တယ္လို႔ ဘီဘီစီကိုေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52908540
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲ ဝင်မပြိုင်ဖို့ တင်ပြထား၊ ပါတီက လက်မခံသေး လို့ ဦးဝင်းထိန်ပြော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲ ဝင်မပြိုင်ဖို့ တင်ပြထား၊ ပါတီက လက်မခံသေး လို့ ဦးဝင်းထိန်ပြော Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.