၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာမှာ ကျင်းပမည်

(Unicode)⤵⤵⤵
လာမယ့်အထွေထွေရွေးကောက်ပွဲကို အရင်ရွေးကောက်ပွဲတွေနည်းတူ ပုံမှန်ကျင်းပနေကျဖြစ်တဲ့ နိုဝင်ဘာလထဲမှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန် ၄ရက် ဒီနေ့ ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲ ရက် အတိအကျ မထုတ်ပြန်သေးတဲ့အပေါ် ဝေဖန်မှုတချို့ ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်တဲ့အပေါ်မူတည်ပြီး လာမယ့်အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို သတ်မှတ်ကြေညာပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ဇွန် ၂ရက်နေ့မှာ ကော်မရှင်အဖွဲ့ဝင်တွေကို ပြောခဲ့ပေမယ့် ဒီနေ့ ဇွန် ၄ရက်နေ့မှာ သတင်းမီဒီယာတချို့နဲ့ တွေ့ဆုံရာမှာတော့ ပုံမှန်ကျင်းပနေကျဖြစ်တဲ့ နိုဝင်ဘာလအတွင်း ရွေးကောက်ပွဲကို ဖြစ်အောင်ကျင်းပသွားမယ်လို့ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောလိုက်တာပါ။

"အခုချိန်မှာ ကျွန်တော်တို့ မပြောင်းလဲသေးဘူး။ ကိုဗစ်ကိုလည်း ထိန်းချုပ်နိုင်သေးတာပေါ့။ လကလည်း လိုသေးတယ်။ ကျင်းပမယ့်ရက်ကလည်း လိုသေးတာဆိုတော့ နဂို ကျွန်တော်တို့ ပြောခဲ့တဲ့အတိုင်းပဲ ပြောင်းလဲမှုမရှိသေးပါဘူး။”

နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေနဲ့ ဆန္ဒမဲပေးရမယ့် လုပ်ငန်းစဉ်တွေကိုတော့ ကပ်ရောဂါကာလအတွင်း ထုတ်ပြန်ထားတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်သွားရမယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်တွေနဲ့ ဝ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိ၊ မရှိ အခြေအနေကို တိုင်ပင်ဆွေးနွေးနေတယ်လို့ ဦးမြင့်နိုင် က ပြောပါတယ်။

“ရခိုင်ကိစ္စတို့၊ ၀ ကိစ္စတို့ အဲဒီတွေမှာတော့ သက်ဆိုင်ရာတာဝန်ရှိတဲ့ဌာနတွေပေါ့၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ ကာကွယ်ရေးဝန်ကြီးဌာနတို့၊ ပြည်ထောင်စုအစိုးရအဖွဲ့တို့နဲ့ မေးမြန်းထားတယ်။ သူတို့ဆီက ပြန်ကျမလာ သေးဘူး။”

လာမယ့်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိပြီး အဲဒီထဲမှာ တပ်မတော်သားမိသားစုဝင်တွေရဲ့ ဆန္ဒမဲအရေအတွက်တော့ မပါသေးပါဘူး။ ကော်မရှင်က တပ်မတော်သားမိသားစုဝင်တွေရဲ့ ဆန္ဒမဲစာရင်းကို ကောက်ယူနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲရက်ကို တိတိကျကျ မကြေညာသေးတဲ့အတွက် နိုင်ငံရေးပါတီခေါင်းဆောင်တချို့က ဝေဖန်နေ ကြပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရက်ကိုကပ်ပြီး ကြေညာတာဟာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံး ပြင်ဆင်ရတဲ့ ကာလနည်းသွားပြီး လက်ရှိအနိုင်ရပါတီကပဲ အသာစီးရအောင်လုပ်သလို ဖြစ်နေတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောပါတယ်။

“ကပ်ပြီးကြေညာခြင်းအားဖြင့် လုပ်ရတဲ့နိုင်ငံရေးပါတီတွေ လုပ်ရတဲ့ရက်တိုသွားတယ်၊ အနိုင်ရပါတီအနေနဲ့ နည်းအမျိုးမျိုး ခေါင်းစဉ်အမျိုးမျိုးနဲ့ သူတို့တွေ သွားလာလှုပ်ရှားလို့ရတဲ့ အခွင့်အရေးရတဲ့အတွက် ဒီလို ရွေးကောက်ပွဲနီးမှ ကြေညာတာမျိုးသည် အာဏာရပါတီကို အသာစီးရအောင် လုပ်ဆောင်နေတဲ့လုပ်ရပ် မျိုးဖြစ်တယ်လို့ ကျနော်ဒီလိုမျိုးပြောရမှာဖြစ်ပါတယ်"

ရွေးကောက်ပွဲနေ့ကို ပြတ်ပြတ်သားသား ပွင့်လင်းမြင်သာစွာ ကြေညာသင့်ပြီလို့လည်း သူက ပြောလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြန်ကြားရေးအဖွဲ့က မုံရွာအောင်ရှင်ကတော့ ကော်မရှင်က အနိုင်ရပါတီကို အသာစီးရအောင် လုပ်နေတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။

“ရွေးကောက်ပွဲကို နောက်ဆုတ်ဟာ အနိုင်ရပါတီကို အနိုင်ရအောင် အထောက်အကူဖြစ်အောင်လုပ်တယ် ဆိုတာတော့ ကျနော်လက်မခံဘူး၊ NLD ပါတီဟာ ရွေးကောက်ပွဲကို ဘယ်ချိန်ပဲလုပ်လုပ် အဆင့်သင့်ဖြစ် ပြီးသားလို့ ပြောချင်ပါတယ်”

ရွေးကောက်ပွဲရက် သတ်မှတ်မယ့်ကိစ္စကို နိုင်ငံရေးပါတီတွေအပါအဝင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည် သူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သတ်မှတ်သင့်တယ်လို့လည်း နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့တွေက လိုလားနေကြပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်မယ့်ပါတီတွေရဲ့ သဘောတူညီချက် ရယူသင့်တယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင် ဒါရိုက်တာစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

“နိုင်ငံရေးပါတီတွေနဲ့လည်း သဘောတူညီချက်ရယူသင့်တယ်၊ ဘယ်တော့လုပ်မလဲဆိုတာကိုလေ၊ ကော်မရှင် တဖွဲ့ထဲကနေ ဆန်းစစ်တာမျိုးက ကော်မရှင်အတွက် အန္တရာယ်ကြီးတယ်၊ ခုလောလောဆယ်လည်း ကော်မ ရှင်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကရှိနေတဲ့အခါမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ မတိုင်ပင်ဘဲ နဲ့ ဒီဟာမျိုးဆုံးဖြတ်မယ်ဆိုရင် ကော်မရှင်ကို ပြောစရာတွေဖြစ်လာမယ်”

ပါတီတွေ၊ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ကော်မရှင်ကတော့ တွေ့ဆုံဆွေးနွေးတာတွေ မလုပ်သေးပါဘူး။

၂၀၁၀ ရွေးကောက်ပွဲကိုတော့ နိုဝင်ဘာ ၇ ရက်နေ့မှာကျင်းပခဲ့ပြီး ရွေးကောက်ပွဲမကျင်းပမီ နှစ်လနဲ့  ၂၄ ရက် အလိုမှာ ကြေညာခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပခဲ့ကာ ရွေးကောက်ပွဲမကျင်းပမီ လေးလအလိုမှာ ကြေညာခဲ့တာပါ။ လာမယ့်ရွေးကောက်ပွဲအပေါ် ရန်ကုန် နဲ့ မန္တလေးမြို့မှာ နေထိုင်သူတချို့က စိတ်ဝင်စားကြပါတယ်။

ရန်ကုန်မြို့ခံ ဒေါ်အေးအေးဝင်းက ရွေးကောက်ပွဲကို စိတ်ဝင်စားကြောင်းနဲ့ အပြောင်းအလဲတစ်ခုဖြစ်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက်တော့ ဒီရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းတယ်လို့ ပြောပါတယ်။

“ကြားထဲမှာ ကမောက်ကမဖြစ်စရာတွေမရှိရင် သူဟာ သူပုံမှန်နိုဝင်ဘာထဲမှာပဲ ဖြစ်သွားမယ်ထင်တော့ အရမ်းကြီးစိတ်မပူဘူး၊ ဖြစ်သွားမယ်လို့ထင်တယ်၊ သူတို့လည်း ကြေညာဖို့ဆိုတာကတော့ ကိုဗစ် အခြေ အနေကို စောင့်ကြည်ရမှာပေါ့ အဲတာမသေချာပဲနဲ့တော့ သူတို့ကြေညာဖို့ ခက်ဦးမယ်ထင်တယ်၊ ရက်ဆိုတာက ခဏခဏရွှေ့လိုကောင်းတဲ့အရာ မဟုတ်ဘူးလေ၊ သူတို့စောင့်တယ်ဆိုတာ လက်တွေ့ကျတယ်ထင်တယ်”

မန္တလေးမြို့ခံ ကိုစံယုကျော်ကလည်း နောက်အစိုးရသစ်နဲ့ ဥပဒေပြုမဏ္ဍိုင်အတွက် ကိုယ်စားလှယ်အသစ်တွေကို ရွေးချယ်ပေးရတာဖြစ်တာကြောင့် မဲပေးဖို့ စိတ်ဝင်စားတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရက်နီးမှ ကြေညာမယ်ဆိုရင် နိုင်ငံရေးပါတီတွေ လုပ်ရကိုင်ရခက်သွားပြီး ပြောစရာတစ်ခု ဖြစ်လာနိုင်တယ်လို့ ကိုစန်းယုကျော် က သူ့အမြင်ကို ပြောပါတယ်။

“ကိုဗစ်သည် ဘာမှအစိုးမရဘူး၊ မသိကိန်းဖြစ်တယ်၊ ရွေးကောက်ပွဲအပေါ်မှာ သက်ရောက်မှုရှိနိုင်တယ်၊ ဒါပေမဲ့ ကိုဗစ်ကြောင့်မို အကျပ်အတည်းနဲ့မို့ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရမယ့် အခြေအနေတွေ၊ လုပ်ရမယ်အခြေအနေတွေ၊ နည်းသွားမယ်ဆိုရင်တော့ ရွေးကောက်ပွဲ က ပြီးသာပြီးသွားမယ် အများပြောစရာဖြစ်မယ်လို့မြင်တယ်”

လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲကို ဘယ်နေ့ကျင်းပမယ့်ဆိုတာ မသိသေးပေမယ့် နိုင်ငံရေးပါတီတချို့ ကတော့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်နေပါပြီ။

ကိုရိုနာဗိုင်းရပ် ကာကွယ်ထိန်းချုပ်ရေးဥပဒေတွေ ထုတ်ပြန်ထားတဲ့ကာလအတောအတွင်းမှာ  နိုင်ငံရေးပါတီတွေ ဘက်က ကြိုတင်ပြင်ဆင်ဖို့ အခက်အခဲတွေ ရှိနေတာကြောင့် ရွေးကောက်ပွဲကျင်းပမယ့်နေ့ကို အမြန်ဆုံး သတ်မှတ်ကြေညာပေးဖို့ မျှော်လင့်နေကြပါတယ်။

ကျော်လွင်ဦး / RFA Burmese
------------------------------------

(Zawgyi)⤵⤵⤵
၂၀၂၀ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာမွာ က်င္းပမည္

လာမယ့္အေထြေထြေ႐ြးေကာက္ပြဲကို အရင္ေ႐ြးေကာက္ပြဲေတြနည္းတူ ပုံမွန္က်င္းပေနက်ျဖစ္တဲ့ ႏိုဝင္ဘာလထဲမွာ က်င္းပသြားမယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ဇြန္ ၄ရက္ ဒီေန႔ ေျပာလိုက္ပါတယ္။ ေ႐ြးေကာက္ပြဲ ရက္ အတိအက် မထုတ္ျပန္ေသးတဲ့အေပၚ ေဝဖန္မႈတခ်ိဳ႕ ရွိေနပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ႏိုင္တဲ့အေပၚမူတည္ၿပီး လာမယ့္အေထြေထြေ႐ြးေကာက္ပြဲ က်င္းပမယ့္ရက္ကို သတ္မွတ္ေၾကညာေပးသြားမယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးလွသိန္း က ဇြန္ ၂ရက္ေန႔မွာ ေကာ္မရွင္အဖြဲ႕ဝင္ေတြကို ေျပာခဲ့ေပမယ့္ ဒီေန႔ ဇြန္ ၄ရက္ေန႔မွာ သတင္းမီဒီယာတခ်ိဳ႕နဲ႔ ေတြ႕ဆုံရာမွာေတာ့ ပုံမွန္က်င္းပေနက်ျဖစ္တဲ့ ႏိုဝင္ဘာလအတြင္း ေ႐ြးေကာက္ပြဲကို ျဖစ္ေအာင္က်င္းပသြားမယ္လို႔ ေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္က ေျပာလိုက္တာပါ။

"အခုခ်ိန္မွာ ကြၽန္ေတာ္တို႔ မေျပာင္းလဲေသးဘူး။ ကိုဗစ္ကိုလည္း ထိန္းခ်ဳပ္ႏိုင္ေသးတာေပါ့။ လကလည္း လိုေသးတယ္။ က်င္းပမယ့္ရက္ကလည္း လိုေသးတာဆိုေတာ့ နဂို ကြၽန္ေတာ္တို႔ ေျပာခဲ့တဲ့အတိုင္းပဲ ေျပာင္းလဲမႈမရွိေသးပါဘူး။”

ႏိုင္ငံေရးပါတီေတြရဲ႕ မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းစဥ္ေတြနဲ႔ ဆႏၵမဲေပးရမယ့္ လုပ္ငန္းစဥ္ေတြကိုေတာ့ ကပ္ေရာဂါကာလအတြင္း ထုတ္ျပန္ထားတဲ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန လမ္းၫႊန္ခ်က္ေတြနဲ႔အညီ ေဆာင္႐ြက္သြားရမယ္လို႔လည္း ေျပာပါတယ္။

တိုက္ပြဲေတြ ရွိေနတဲ့ ရခိုင္ျပည္နယ္က မဲဆႏၵနယ္ေတြနဲ႔ ဝ ေဒသေတြမွာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေျခ ရွိ၊ မရွိ အေျခအေနကို တိုင္ပင္ေဆြးေႏြးေနတယ္လို႔ ဦးျမင့္ႏိုင္ က ေျပာပါတယ္။

“ရခိုင္ကိစၥတို႔၊ ၀ ကိစၥတို႔ အဲဒီေတြမွာေတာ့ သက္ဆိုင္ရာတာဝန္ရွိတဲ့ဌာနေတြေပါ့၊ ျပည္ထဲေရးဝန္ႀကီးဌာနတို႔ ကာကြယ္ေရးဝန္ႀကီးဌာနတို႔၊ ျပည္ေထာင္စုအစိုးရအဖြဲ႕တို႔နဲ႔ ေမးျမန္းထားတယ္။ သူတို႔ဆီက ျပန္က်မလာ ေသးဘူး။”

လာမယ့္ေ႐ြးေကာက္ပြဲမွာ ဆႏၵမဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ရွိၿပီး အဲဒီထဲမွာ တပ္မေတာ္သားမိသားစုဝင္ေတြရဲ႕ ဆႏၵမဲအေရအတြက္ေတာ့ မပါေသးပါဘူး။ ေကာ္မရွင္က တပ္မေတာ္သားမိသားစုဝင္ေတြရဲ႕ ဆႏၵမဲစာရင္းကို ေကာက္ယူေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။

ေ႐ြးေကာက္ပြဲရက္ကို တိတိက်က် မေၾကညာေသးတဲ့အတြက္ ႏိုင္ငံေရးပါတီေခါင္းေဆာင္တခ်ိဳ႕က ေဝဖန္ေန ၾကပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ရက္ကိုကပ္ၿပီး ေၾကညာတာဟာ ႏိုင္ငံေရးပါတီေတြ မဲဆြယ္စည္း႐ုံး ျပင္ဆင္ရတဲ့ ကာလနည္းသြားၿပီး လက္ရွိအႏိုင္ရပါတီကပဲ အသာစီးရေအာင္လုပ္သလို ျဖစ္ေနတယ္လို႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦး က ေျပာပါတယ္။

“ကပ္ၿပီးေၾကညာျခင္းအားျဖင့္ လုပ္ရတဲ့ႏိုင္ငံေရးပါတီေတြ လုပ္ရတဲ့ရက္တိုသြားတယ္၊ အႏိုင္ရပါတီအေနနဲ႔ နည္းအမ်ိဳးမ်ိဳး ေခါင္းစဥ္အမ်ိဳးမ်ိဳးနဲ႔ သူတို႔ေတြ သြားလာလႈပ္ရွားလို႔ရတဲ့ အခြင့္အေရးရတဲ့အတြက္ ဒီလို ေ႐ြးေကာက္ပြဲနီးမွ ေၾကညာတာမ်ိဳးသည္ အာဏာရပါတီကို အသာစီးရေအာင္ လုပ္ေဆာင္ေနတဲ့လုပ္ရပ္ မ်ိဳးျဖစ္တယ္လို႔ က်ေနာ္ဒီလိုမ်ိဳးေျပာရမွာျဖစ္ပါတယ္"

ေ႐ြးေကာက္ပြဲေန႔ကို ျပတ္ျပတ္သားသား ပြင့္လင္းျမင္သာစြာ ေၾကညာသင့္ၿပီလို႔လည္း သူက ေျပာလိုက္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ျပန္ၾကားေရးအဖြဲ႕က မုံ႐ြာေအာင္ရွင္ကေတာ့ ေကာ္မရွင္က အႏိုင္ရပါတီကို အသာစီးရေအာင္ လုပ္ေနတယ္ဆိုတာ မဟုတ္ဘူးလို႔ ျငင္းပါတယ္။

“ေ႐ြးေကာက္ပြဲကို ေနာက္ဆုတ္ဟာ အႏိုင္ရပါတီကို အႏိုင္ရေအာင္ အေထာက္အကူျဖစ္ေအာင္လုပ္တယ္ ဆိုတာေတာ့ က်ေနာ္လက္မခံဘူး၊ NLD ပါတီဟာ ေ႐ြးေကာက္ပြဲကို ဘယ္ခ်ိန္ပဲလုပ္လုပ္ အဆင့္သင့္ျဖစ္ ၿပီးသားလို႔ ေျပာခ်င္ပါတယ္”

ေ႐ြးေကာက္ပြဲရက္ သတ္မွတ္မယ့္ကိစၥကို ႏိုင္ငံေရးပါတီေတြအပါအဝင္ ေ႐ြးေကာက္ပြဲ ေလ့လာေစာင့္ၾကည္ သူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီး သတ္မွတ္သင့္တယ္လို႔လည္း ႏိုင္ငံေရးပါတီေတြနဲ႔ အရပ္ဖက္အဖြဲ႕ေတြက လိုလားေနၾကပါတယ္။

ေ႐ြးေကာက္ပြဲဝင္ၿပိဳင္မယ့္ပါတီေတြရဲ႕ သေဘာတူညီခ်က္ ရယူသင့္တယ္လို႔ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔ လႈပ္ရွားမႈအဖြဲ႕ PACE ရဲ႕ အမႈေဆာင္ ဒါ႐ိုက္တာစိုင္းရဲေက်ာ္စြာျမင့္က ေျပာပါတယ္။

“ႏိုင္ငံေရးပါတီေတြနဲ႔လည္း သေဘာတူညီခ်က္ရယူသင့္တယ္၊ ဘယ္ေတာ့လုပ္မလဲဆိုတာကိုေလ၊ ေကာ္မရွင္ တဖြဲ႕ထဲကေန ဆန္းစစ္တာမ်ိဳးက ေကာ္မရွင္အတြက္ အႏၲရာယ္ႀကီးတယ္၊ ခုေလာေလာဆယ္လည္း ေကာ္မ ရွင္နဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြကရွိေနတဲ့အခါမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ႏိုင္ငံေရးပါတီေတြနဲ႔ မတိုင္ပင္ဘဲ နဲ႔ ဒီဟာမ်ိဳးဆုံးျဖတ္မယ္ဆိုရင္ ေကာ္မရွင္ကို ေျပာစရာေတြျဖစ္လာမယ္”

ပါတီေတြ၊ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ေတြနဲ႔ ေကာ္မရွင္ကေတာ့ ေတြ႕ဆုံေဆြးေႏြးတာေတြ မလုပ္ေသးပါဘူး။

၂၀၁၀ ေ႐ြးေကာက္ပြဲကိုေတာ့ ႏိုဝင္ဘာ ၇ ရက္ေန႔မွာက်င္းပခဲ့ၿပီး ေ႐ြးေကာက္ပြဲမက်င္းပမီ ႏွစ္လနဲ႔  ၂၄ ရက္ အလိုမွာ ေၾကညာခဲ့သလို ၂၀၁၅ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာ ၈ ရက္ေန႔မွာ က်င္းပခဲ့ကာ ေ႐ြးေကာက္ပြဲမက်င္းပမီ ေလးလအလိုမွာ ေၾကညာခဲ့တာပါ။ လာမယ့္ေ႐ြးေကာက္ပြဲအေပၚ ရန္ကုန္ နဲ႔ မႏၲေလးၿမိဳ႕မွာ ေနထိုင္သူတခ်ိဳ႕က စိတ္ဝင္စားၾကပါတယ္။

ရန္ကုန္ၿမိဳ႕ခံ ေဒၚေအးေအးဝင္းက ေ႐ြးေကာက္ပြဲကို စိတ္ဝင္စားေၾကာင္းနဲ႔ အေျပာင္းအလဲတစ္ခုျဖစ္ခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲထက္ေတာ့ ဒီေ႐ြးေကာက္ပြဲအေပၚ စိတ္ဝင္စားမႈ နည္းတယ္လို႔ ေျပာပါတယ္။

“ၾကားထဲမွာ ကေမာက္ကမျဖစ္စရာေတြမရွိရင္ သူဟာ သူပုံမွန္ႏိုဝင္ဘာထဲမွာပဲ ျဖစ္သြားမယ္ထင္ေတာ့ အရမ္းႀကီးစိတ္မပူဘူး၊ ျဖစ္သြားမယ္လို႔ထင္တယ္၊ သူတို႔လည္း ေၾကညာဖို႔ဆိုတာကေတာ့ ကိုဗစ္ အေျခ အေနကို ေစာင့္ၾကည္ရမွာေပါ့ အဲတာမေသခ်ာပဲနဲ႔ေတာ့ သူတို႔ေၾကညာဖို႔ ခက္ဦးမယ္ထင္တယ္၊ ရက္ဆိုတာက ခဏခဏေ႐ႊ႕လိုေကာင္းတဲ့အရာ မဟုတ္ဘူးေလ၊ သူတို႔ေစာင့္တယ္ဆိုတာ လက္ေတြ႕က်တယ္ထင္တယ္”

မႏၲေလးၿမိဳ႕ခံ ကိုစံယုေက်ာ္ကလည္း ေနာက္အစိုးရသစ္နဲ႔ ဥပေဒျပဳမ႑ိဳင္အတြက္ ကိုယ္စားလွယ္အသစ္ေတြကို ေ႐ြးခ်ယ္ေပးရတာျဖစ္တာေၾကာင့္ မဲေပးဖို႔ စိတ္ဝင္စားတယ္လို႔ ေျပာပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ရက္နီးမွ ေၾကညာမယ္ဆိုရင္ ႏိုင္ငံေရးပါတီေတြ လုပ္ရကိုင္ရခက္သြားၿပီး ေျပာစရာတစ္ခု ျဖစ္လာႏိုင္တယ္လို႔ ကိုစန္းယုေက်ာ္ က သူ႔အျမင္ကို ေျပာပါတယ္။

“ကိုဗစ္သည္ ဘာမွအစိုးမရဘူး၊ မသိကိန္းျဖစ္တယ္၊ ေ႐ြးေကာက္ပြဲအေပၚမွာ သက္ေရာက္မႈရွိႏိုင္တယ္၊ ဒါေပမဲ့ ကိုဗစ္ေၾကာင့္မို အက်ပ္အတည္းနဲ႔မို႔ ေ႐ြးေကာက္ပြဲဝင္မယ့္ပါတီေတြ၊ ကိုယ္စားလွယ္ေလာင္းေတြ မဲဆြယ္စည္း႐ုံးရမယ့္ အေျခအေနေတြ၊ လုပ္ရမယ္အေျခအေနေတြ၊ နည္းသြားမယ္ဆိုရင္ေတာ့ ေ႐ြးေကာက္ပြဲ က ၿပီးသာၿပီးသြားမယ္ အမ်ားေျပာစရာျဖစ္မယ္လို႔ျမင္တယ္”

လက္ရွိအခ်ိန္မွာေတာ့ ေ႐ြးေကာက္ပြဲကို ဘယ္ေန႔က်င္းပမယ့္ဆိုတာ မသိေသးေပမယ့္ ႏိုင္ငံေရးပါတီတခ်ိဳ႕ ကေတာ့ ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္ေနပါၿပီ။

ကို႐ိုနာဗိုင္းရပ္ ကာကြယ္ထိန္းခ်ဳပ္ေရးဥပေဒေတြ ထုတ္ျပန္ထားတဲ့ကာလအေတာအတြင္းမွာ  ႏိုင္ငံေရးပါတီေတြ ဘက္က ႀကိဳတင္ျပင္ဆင္ဖို႔ အခက္အခဲေတြ ရွိေနတာေၾကာင့္ ေ႐ြးေကာက္ပြဲက်င္းပမယ့္ေန႔ကို အျမန္ဆုံး သတ္မွတ္ေၾကညာေပးဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ေက်ာ္လြင္ဦး / RFA Burmese
https://www.rfa.org/burmese/news/election-will-take-place-2020-in-november-06042020063708.html
၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာမှာ ကျင်းပမည် ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာမှာ ကျင်းပမည် Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.