ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်-"အုပ်ချုပ်ရေးအတွေ့ အကြုံ ကျွန်တော့်မှာ အများကြီးရှိတယ်"

ပါတီစုံဒီမိုကရေစီစနစ်ကိုမယိမ်းယိုင်အောင် တပ်မတော်က ဆောင်ရွက်နေတယ်လို့ တပ်ချုပ်က ပြောပါတယ်။
(Unicode)⤵⤵⤵
တပ်မတော်တွင်း နှစ်လေးဆယ်ကျော် စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံများစွာရှိကြောင်းနဲ့ ပြည်သူ့ဆန္ဒပေါ်မူတည်ပြီး နိုင်ငံရေးကို ဆက်လုပ်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှအခြေစိုက်သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ပြောကြားလိုက်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ရေးက တပ်မတော်ရဲ့ နံပါတ် ၁ ဦးစားပေးလုပ်ငန်းဖြစ်တယ်လို့ လည်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားပါတယ်။

ဇွန် ၂၅ ရက်က ရုရှနိုင်ငံခရီးစဉ်အတွင်း ရုရှအခြေစိုက် Aruments and Facts သတင်းဌာန နဲ့တွေ့ဆုံ မေးမြန်းခန်းမှာ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကာလမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါလာနိုင်မလဲလို့ သတင်းဌာနရဲ့မေးမြန်းမှုကို တပ်ချုပ်က ပြန်လည်ဖြေကြားရာမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ယုံကြည်စိတ်ချရမှုရှိတယ်ဆိုရင် နိုင်ငံရေးကို ဘယ်လိုပါဝင်ရမယ်ဆိုတာကို စဉ်းစားဖို့ ဖြစ်လာမယ်လို့ ခုလို ဆက်ပြောပါတယ်။

"အရေးကြီးတာကတော့ ရွေးကောက်ပွဲလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နံပါတ် ၁ အရေးအကြီးဆုံးပါ။ ဒါကို ကျွန်တော်တို့ ကအောင်မြင်အောင် လုပ်ပေးပါ့မယ်။ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာတဲ့အချိန်ကျမှ သက်ဆိုင်ရာရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပါတီတွေရှိတယ်။ နောက်အဖွဲ့အစည်းတွေရှိတယ်။ အဲဒီမှာ အမျိုးမျိုး ဆန္ဒပြုခဲ့ကြတယ်။ ပြည်သူတွေရဲ့ဆန္ဒရှိတယ်။ ဒီအပေါ် မူတည်ပြီး ကျွန်တော်ကလည်း ဆက်လုပ်သွားမယ်" လို့ ပြောခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးရင့်ကျက်တည်ငြိမ်သွားရင် တပ်မတော်က သူ့လမ်းကြောင်းအတိုင်းပဲ သွားဖို့ရှိတယ်လို့တပ်ချုပ်က ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ တပ်ချုပ်က သူ့မှာ တပ်မတော်အတွင်း နှစ်လေးဆယ်ကျော်အတွေ့အကြုံနဲ့ အုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံ များစွာရှိပြီး ဒါတွေက တပ်မတော်၊ ပြည်သူနဲ့ တိုင်းပြည်အတွက် အထောက်အကူရမယ်လို့ ယုံကြည်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

"ကျွန်တော်က တပ်မတော်ထဲမှာ နှစ်ပေါင်း ၄ဝ ကျော် အတွေ့ အကြုံတွေ၊ အရာရှိငယ်ဒုဗိုလ်ဘဝက နေပြီးတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး ရာထူးအထိ အဆင့်ပေါင်း များစွာ ခြေလျင်တပ်စုမှူးက စပြီးတော့ ကျွန်တော် Commander အဆင့်ဆင့် ကျွန်တော် လုပ်ခဲ့တယ်။ စစ်ရေး အတွေ့အကြုံ ကျွန်တော့်မှာရှိတယ်။ နောက်ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေး အတွေ့ အကြုံ၊ စောစောကပြောတဲ့ ခေတ်တွေ ကျွန်တော်မီတယ်။ ကျွန်တော်မြင်တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အထိ ကျွန်တော်မီတယ်။ တပ်မတော်အစိုးရနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခေတ်သုံး ခေတ်ကို ကျွန်တော် တပ်မတော်သားဘဝနဲ့ ဖြတ်သန်းလာတာ"လို့ တပ်ချုပ်ကပြောပါတယ်။

"နောက် အုပ်ချုပ်ရေးအတွေ့ အကြုံ ကျွန်တော့်မှာ အများကြီးရှိတယ်။ တိုင်းမှူးလုပ်ခဲ့တာရှိတယ်။ နောက်ပြည်နယ် ဥက္ကဋ္ဌ လုပ်ခဲ့တာ ရှိတယ်။ ဒီအတွေ့အကြုံတွေက တပ်မတော် အတွက် ကော၊ တိုင်းပြည် အတွက်ကော၊ ပြည်သူ့အတွက်ကော၊ ဘယ်လိုပဲဖြစ်ဖြစ် အထောက်အကူရမယ့် ဟာလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်က တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော်ကာလအတွင်းမှာ တိုင်းပြည်အတွက်၊ ပြည်သူအတွက်လုပ်ခဲ့တာ၊ ကျွန်တော်ဆက်ပြီးတော့ ဒီလိုပဲသွားမှာပါ" လို့ ပြောခဲ့တာဖြစ်ပါတယ်။

လွှတ်တော်ထဲ တပ်မတော်သားကိုယ်စားလှယ်တွေကို ဘယ်အချိန်လောက်မှာ အနားယူသွားဖို့ရှိလဲလို့ သတင်းဌာနကအမေးကို တပ်ချုပ်က လက်နက် ကိုင်ပဋိပက္ခတွေ ရှိနေတာကြောင့် လုံခြုံရေးအရ တည်ငြိမ်မှုမရှိသေးသလို ပါတီစုံစနစ်ကူးပြောင်းချိန်မှာလည်း နိုင်ငံရေးရင့်ကျက်မှုမရှိသေးတာကြောင့် တပ်မတော်က ဒါကိုလုပ်ပေးနေတာဖြစ်ပြီး တကယ်လို့ တည်ငြိမ်မှုတွေရှိသွားပြီဆိုရင်တော့ တပ်မတော်က သူ့ရဲ့လမ်းကြောင်းအတိုင်းပဲ သွားဖို့ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ်မှာ တပ်ချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၆ ခုနှစ်မှာ အသက် ၆၀ ပြည့်ခဲ့ပြီဖြစ်ပြီး အဲဒီတုန်းက အငြိမ်းစားယူဖို့ အစီအစဉ်မရှိသေးကြောင်း အဲဒီနှစ်မေလကပြုလုပ်တဲ့ တပ်မတော်နဲ့ သတင်းမီဒီယာတွေတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီးကပြောကြားထားပါတယ်။

အဲဒီနှစ်အစောပိုင်းမှာပဲ ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စတဲ့ မြန်မာ စစ်တပ် ရဲ့ အကြီးအမှူး ရာထူး နေရာတွေက သူတွေ အငြိမ်းစား ပင်စင် ယူရမယ့် အသက် ကို အသက် ၆၅ နှစ် အထိ ၅နှစ် သက်တမ်းတိုးခဲ့တာလည်းရှိခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၂၀ရွေးကောက်ပွဲအလွန်မှာ သမ္မတလောင်းဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်တချို့ရဲ့ သုံးသပ်မှုတွေလည်း ရှိထားပါတယ်။

ဒါနဲ့ပတ်သက်လို့တော့ တပ်ချုပ်ကိုယ်တိုင်ရော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပါ တိတိကျကျ ထုတ်ဖော်ပြောကြားတာမျိုး မရှိသေးပါဘူး။

ဒါပေမဲ့ ခုရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုလောက်မှာ တပ်မတော်ဟာ ဖေ့စ်ဘွတ်ပြန်သုံးလာသလို တပ်မတော်ရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ သတင်းတွေ ကိုလည်း ပြန်လည်တင်ပြလာတာရှိပါတယ်။

ဒါဟာ ရွေးကောက်ပွဲအတွက်ရည်ရွယ်တာမဟုတ်ဘဲ တပ်မတော်ရဲ့ဆောင်ရွက်ချက်တွေကို ပြည်သူတွေသိရှိအောင် ခုလိုဖေ့စ်ဘွတ်ခ်ပြန်လည်သုံးစွဲ တာဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောကြားထားပါတယ်။

BBC Burmese
------------------------------------------
(Zawgyi)⤵⤵⤵
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္-"အုပ္ခ်ဳပ္ေရးအေတြ႕ အႀကဳံ ကြၽန္ေတာ့္မွာ အမ်ားႀကီးရွိတယ္"

(Zawgyi)⤵⤵⤵
တပ္မေတာ္တြင္း ႏွစ္ေလးဆယ္ေက်ာ္ စစ္ေရး၊ ႏိုင္ငံေရးနဲ႔ အုပ္ခ်ဳပ္ေရး အေတြ႕အႀကဳံမ်ားစြာရွိေၾကာင္းနဲ႔ ျပည္သူ႔ဆႏၵေပၚမူတည္ၿပီး ႏိုင္ငံေရးကို ဆက္လုပ္သြားမယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႐ုရွအေျခစိုက္သတင္းဌာနနဲ႔ ေတြ႕ဆုံခန္းမွာ ေျပာၾကားလိုက္ပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲကို လြတ္လပ္ၿပီး တရားမွ်တတဲ့ေ႐ြးေကာက္ပြဲျဖစ္ေအာင္ ေဆာင္႐ြက္ေရးက တပ္မေတာ္ရဲ႕ နံပါတ္ ၁ ဦးစားေပးလုပ္ငန္းျဖစ္တယ္လို႔ လည္း ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာၾကားပါတယ္။

ဇြန္ ၂၅ ရက္က ႐ုရွႏိုင္ငံခရီးစဥ္အတြင္း ႐ုရွအေျခစိုက္ Aruments and Facts သတင္းဌာန နဲ႔ေတြ႕ဆုံ ေမးျမန္းခန္းမွာ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္က ခုလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲကာလမွာ ဘယ္လိုအခန္းက႑ကေန ပါလာႏိုင္မလဲလို႔ သတင္းဌာနရဲ႕ေမးျမန္းမႈကို တပ္ခ်ဳပ္က ျပန္လည္ေျဖၾကားရာမွာ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္ ယုံၾကည္စိတ္ခ်ရမႈရွိတယ္ဆိုရင္ ႏိုင္ငံေရးကို ဘယ္လိုပါဝင္ရမယ္ဆိုတာကို စဥ္းစားဖို႔ ျဖစ္လာမယ္လို႔ ခုလို ဆက္ေျပာပါတယ္။

"အေရးႀကီးတာကေတာ့ ေ႐ြးေကာက္ပြဲလြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔ နံပါတ္ ၁ အေရးအႀကီးဆုံးပါ။ ဒါကို ကြၽန္ေတာ္တို႔ ကေအာင္ျမင္ေအာင္ လုပ္ေပးပါ့မယ္။ ေ႐ြးေကာက္ပြဲရလဒ္ထြက္ေပၚလာတဲ့အခ်ိန္က်မွ သက္ဆိုင္ရာေ႐ြးေကာက္ပြဲမွာ ပါဝင္ခဲ့တဲ့ ပါတီေတြရွိတယ္။ ေနာက္အဖြဲ႕အစည္းေတြရွိတယ္။ အဲဒီမွာ အမ်ိဳးမ်ိဳး ဆႏၵျပဳခဲ့ၾကတယ္။ ျပည္သူေတြရဲ႕ဆႏၵရွိတယ္။ ဒီအေပၚ မူတည္ၿပီး ကြၽန္ေတာ္ကလည္း ဆက္လုပ္သြားမယ္" လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ တပ္ခ်ဳပ္က သူ႔မွာ တပ္မေတာ္အတြင္း ႏွစ္ေလးဆယ္ေက်ာ္အေတြ႕အႀကဳံနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းမွာ အေတြ႕အႀကဳံ မ်ားစြာရွိၿပီး ဒါေတြက တပ္မေတာ္၊ ျပည္သူနဲ႔ တိုင္းျပည္အတြက္ အေထာက္အကူရမယ္လို႔ ယုံၾကည္ေၾကာင္း ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။

"ကြၽန္ေတာ္က တပ္မေတာ္ထဲမွာ ႏွစ္ေပါင္း ၄ဝ ေက်ာ္ အေတြ႕ အႀကဳံေတြ၊ အရာရွိငယ္ဒုဗိုလ္ဘဝက ေနၿပီးေတာ့ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီး ရာထူးအထိ အဆင့္ေပါင္း မ်ားစြာ ေျခလ်င္တပ္စုမႉးက စၿပီးေတာ့ ကြၽန္ေတာ္ Commander အဆင့္ဆင့္ ကြၽန္ေတာ္ လုပ္ခဲ့တယ္။ စစ္ေရး အေတြ႕အႀကဳံ ကြၽန္ေတာ့္မွာရွိတယ္။ ေနာက္ျဖတ္သန္းခဲ့ရတဲ့ ႏိုင္ငံေရး အေတြ႕ အႀကဳံ၊ ေစာေစာကေျပာတဲ့ ေခတ္ေတြ ကြၽန္ေတာ္မီတယ္။ ကြၽန္ေတာ္ျမင္တယ္။ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီ အထိ ကြၽန္ေတာ္မီတယ္။ တပ္မေတာ္အစိုးရနဲ႔ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္း ေခတ္သုံး ေခတ္ကို ကြၽန္ေတာ္ တပ္မေတာ္သားဘဝနဲ႔ ျဖတ္သန္းလာတာ"လို႔ တပ္ခ်ဳပ္ကေျပာပါတယ္။

"ေနာက္ အုပ္ခ်ဳပ္ေရးအေတြ႕ အႀကဳံ ကြၽန္ေတာ့္မွာ အမ်ားႀကီးရွိတယ္။ တိုင္းမႉးလုပ္ခဲ့တာရွိတယ္။ ေနာက္ျပည္နယ္ ဥကၠ႒ လုပ္ခဲ့တာ ရွိတယ္။ ဒီအေတြ႕အႀကဳံေတြက တပ္မေတာ္ အတြက္ ေကာ၊ တိုင္းျပည္ အတြက္ေကာ၊ ျပည္သူ႔အတြက္ေကာ၊ ဘယ္လိုပဲျဖစ္ျဖစ္ အေထာက္အကူရမယ့္ ဟာလို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ကြၽန္ေတာ္က တာဝန္ထမ္းေဆာင္ခဲ့တဲ့ ႏွစ္ေပါင္း ၄ဝ ေက်ာ္ကာလအတြင္းမွာ တိုင္းျပည္အတြက္၊ ျပည္သူအတြက္လုပ္ခဲ့တာ၊ ကြၽန္ေတာ္ဆက္ၿပီးေတာ့ ဒီလိုပဲသြားမွာပါ" လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

လႊတ္ေတာ္ထဲ တပ္မေတာ္သားကိုယ္စားလွယ္ေတြကို ဘယ္အခ်ိန္ေလာက္မွာ အနားယူသြားဖို႔ရွိလဲလို႔ သတင္းဌာနကအေမးကို တပ္ခ်ဳပ္က လက္နက္ ကိုင္ပဋိပကၡေတြ ရွိေနတာေၾကာင့္ လုံၿခဳံေရးအရ တည္ၿငိမ္မႈမရွိေသးသလို ပါတီစုံစနစ္ကူးေျပာင္းခ်ိန္မွာလည္း ႏိုင္ငံေရးရင့္က်က္မႈမရွိေသးတာေၾကာင့္ တပ္မေတာ္က ဒါကိုလုပ္ေပးေနတာျဖစ္ၿပီး တကယ္လို႔ တည္ၿငိမ္မႈေတြရွိသြားၿပီဆိုရင္ေတာ့ တပ္မေတာ္က သူ႔ရဲ႕လမ္းေၾကာင္းအတိုင္းပဲ သြားဖို႔ရွိတယ္လို႔ ေျဖၾကားခဲ့ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ ၂၀၁၁ ခုႏွစ္မွာ တပ္ခ်ဳပ္အျဖစ္ စတင္တာဝန္ထမ္းေဆာင္ခဲ့တာျဖစ္ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ ၂၀၁၆ ခုႏွစ္မွာ အသက္ ၆၀ ျပည့္ခဲ့ၿပီျဖစ္ၿပီး အဲဒီတုန္းက အၿငိမ္းစားယူဖို႔ အစီအစဥ္မရွိေသးေၾကာင္း အဲဒီႏွစ္ေမလကျပဳလုပ္တဲ့ တပ္မေတာ္နဲ႔ သတင္းမီဒီယာေတြေတြ႕ဆုံပြဲမွာ ဗိုလ္ခ်ဳပ္မႉးႀကီးကေျပာၾကားထားပါတယ္။

အဲဒီႏွစ္အေစာပိုင္းမွာပဲ ဗိုလ္ခ်ဳပ္မႉးႀကီးနဲ႔ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စတဲ့ ျမန္မာ စစ္တပ္ ရဲ႕ အႀကီးအမႉး ရာထူး ေနရာေတြက သူေတြ အၿငိမ္းစား ပင္စင္ ယူရမယ့္ အသက္ ကို အသက္ ၆၅ ႏွစ္ အထိ ၅ႏွစ္ သက္တမ္းတိုးခဲ့တာလည္းရွိခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ ၂၀၂၀ေ႐ြးေကာက္ပြဲအလြန္မွာ သမၼတေလာင္းျဖစ္လာႏိုင္ဖြယ္ရွိတယ္လို႔ျပည္တြင္းျပည္ပ ႏိုင္ငံေရးအကဲခတ္တခ်ိဳ႕ရဲ႕ သုံးသပ္မႈေတြလည္း ရွိထားပါတယ္။

ဒါနဲ႔ပတ္သက္လို႔ေတာ့ တပ္ခ်ဳပ္ကိုယ္တိုင္ေရာ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကပါ တိတိက်က် ထုတ္ေဖာ္ေျပာၾကားတာမ်ိဳး မရွိေသးပါဘူး။

ဒါေပမဲ့ ခုေ႐ြးေကာက္ပြဲက်င္းပဖို႔ လပိုင္းအလိုေလာက္မွာ တပ္မေတာ္ဟာ ေဖ့စ္ဘြတ္ျပန္သုံးလာသလို တပ္မေတာ္ရဲ႕ လႈပ္ရွားမႈနဲ႔ပတ္သက္တဲ့ သတင္းေတြ ကိုလည္း ျပန္လည္တင္ျပလာတာရွိပါတယ္။

ဒါဟာ ေ႐ြးေကာက္ပြဲအတြက္ရည္႐ြယ္တာမဟုတ္ဘဲ တပ္မေတာ္ရဲ႕ေဆာင္႐ြက္ခ်က္ေတြကို ျပည္သူေတြသိရွိေအာင္ ခုလိုေဖ့စ္ဘြတ္ခ္ျပန္လည္သုံးစြဲ တာျဖစ္တယ္လို႔ တပ္မေတာ္ဘက္က ေျပာၾကားထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53204574
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်-"အုပ်ချုပ်ရေးအတွေ့ အကြုံ ကျွန်တော့်မှာ အများကြီးရှိတယ်" ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်-"အုပ်ချုပ်ရေးအတွေ့ အကြုံ ကျွန်တော့်မှာ အများကြီးရှိတယ်" Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.