အပစ်ရပ်ကြေငြာထားတဲ့ဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေ

TNLA ခေါ် တအာင်း(ပလောင်)တပ်ဖွဲ့က တပ်ဖွဲ့ဝင်တချို့။ (ဇန်နဝါရီ ၁၂၊ ၂၀၁၄)
(Unicode)⤵⤵⤵
ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ ကရင်ပြည်နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားတဲ့ သတင်းတွေကို စုစည်းတင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ဆက်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့က တပ်မတော်ယာဉ်တန်းကို TNLA ခေါ် တအာင်း (ပလောင်) တိုက်ခိုက်ခဲ့တဲ့နောက် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

ဒီနေ့ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာ့အိုက်ကျော်က အခုလို ပြောပါတယ်။

“ဒီနေ့မှာ ဒီ ကွတ်ခိုင်မြို့နယ် ရွှေမှော်ကျေးရွာ အထက်နား တိုက်ပွဲဖြစ်သွားတာ ရှိတယ်။ မနက် ၁၀ နာရီ ၁၅လောက်ကနေ ၁၀ နာရီ ၄၅ အထိပေါ့။ အဲဒါက မြန်မာစစ်တပ် တပ်မ ၈၈ က ဖတ်တော့ရွာကနေ တက်လာပြီးတော့မှ ကျနော်တို့ ရှိတဲ့နေရာကို ထိုးစစ်ဆင်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားတာ။ အဲဒီ နမ့်ဖတ်ကာ စစ်တပ်ကနေ ဖတ်တော့ရွာ၊ ရွှေမှော်ဘက်အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ နေ့လည်အထိပဲ။ ၁၀ကြိမ်လောက်တော့ ရှိတယ်။”

ဒီလ ၃ ရက်နေ့ မနက်ပိုင်းကလည်း ကွတ်ခိုင်မြို့နယ် ကောင်းနိမ်ကျေးရွာ အနီးမှာ တိုက်ပွဲ နာရီဝက်လောက်ဖြစ်ခဲ့ကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ အစိုးရနဲ့ KIA ကချင်၊ TNLA တအာင်း (ပလောင်)၊ MNDAA ကိုးကန့်၊ AA ရခိုင်အဖွဲ့တွေအကြားမှာ Bilateral နှစ်ဘက်အပစ်ရပ်စာချုပ်ချုပ်ဆိုနိုင်ရေး ဆွေးနွေးပွဲတွေဟာလည်း ရပ်တန့်နေပါတယ်။

ဒီလ ၃ ရက်နေ့မှာပဲ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့နယ်အတွင်းမှာ NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေနဲ့ အစိုးရတပ်အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို RCSS က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းခမ်းစံက အခုလို ပြောပါတယ်။

“မနေ့က ၁၀ နာရီကနေ ၁၂ နာရီလောက်အထိဖြစ်တယ်ခင်ဗျ။ တပ်ရင်း ခလရ ၆၅ ရယ်၊ BGF ၁၀၀၇ ရယ်ပေါ့နော။ သူတို့က ကျနော်တို့ ဆီကို ၆၀ မော်တာနဲ့ ပစ်တယ်။ နောက်ပြီး 40mm ပေါ့နော်။ M 79 တွေနဲ့ပစ်တယ်။ နောက် သူတို့လူတွေ ထပ်ဖြည့်တယ်။ ထပ်ဖြည့်တော့ ၁၂ နာရီ ဝန်းကျင်လောက်မှာ ကျနော်တို့ RCSS ဘက်မှာ တပ်ဆုတ်ပေးလိုက်တာပေါ့။ အခုလောလောဆယ်ကျတော့ မဖြစ်တော့ဘူးဗျ။ ငြိမ်နေတယ်။ ငြိမ်တဲ့အနေအထားရှိနေပေမဲ့ သူတို့ဘက်က မဆုတ်သေးဘူး။ ကျနော်တို့ဘက်ကတော့ ခွာပေးထားလိုက်တာပေါ့။ မနက်က မနက် ၇ နာရီခွဲအချိန်လောက်မှာ ဖြစ်ပါတယ်။”

RCSS ဗဟိုကတော့ တိုက်ပွဲထပ်မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့ အောက်ခြေတပ်တွေကို ညွှန်ကြားထားကြောင်း ပြောပါတယ်။

ဒီတိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက VOA ကို အခုလို ပြောပါတယ်။

“မနေ့ကတော့ ကျနော်တို့ RCSS နဲ့ ဖြစ်ခဲ့တာရှိတယ်။ သူကတော့ မိုင်းတုံဘက်မှာ ခြေတော်ရာ ဘုရားနားအထိ RCSS/SSA အယောက် ၂၀ ကျော်၊ ၃၀ နီးပါးရောက်တယ်။ နယ်မြေကျော်လွန်ရောက်ရှိနေတာပေါ့။ ရောက်ရှိနေတော့ သတင်းအရ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါ ထိတွေ့မှုဖြစ်တယ်။ နှစ်ဘက် ထိခိုက်ဒဏ်ရာရတာမရှိဘူး။”

TNLA နဲ့ တိုက်ပွဲဖြစ်ပွားတဲ့သတင်းတော့ အသေးစိတ် မရရှိသေးကြောင်းနဲ့ ကရင်ပြည်နယ် ဖာပွန်ဘက်မှာလည်း မနေ့က ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“KNU နဲ့တော့ ဖာပွန်ဘက်မှာတော့ မနေ့က နေ့လယ် ၂ နာရီလောက်မှာ ဖြစ်ခဲ့တာရှိတယ်။ မဲ့သလောက်၊ သုမွဲထ နားလေးမှာပဲ။ အဲဒီမှာ ကျနော်တို့ စခန်းပတ်ဝန်းကျင် ရှင်းလင်းစဉ်မှာ စခန်းအရှေ့တောင်ဘက် မီတာ ၁၀၀၊ ၂၀၀လောက်ကနေပြီးတော့မှ KNU ငါးဦးလောက်က လာရောက်ပစ်ခတ်တာဖြစ်ပါတယ်။ လာရောက် ပစ်ခတ်တဲ့အတွက် ထိတွေ့မှုဖြစ်တာဖြစ်ပါတယ်။”

KNU ဘက်ကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ရှိ ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဒီကာလအတွင်း အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားချိန်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေလည်း ဖြစ်ပါတယ်။

ကိုမိုးဇော်  / ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------
(Zawgyi)⤵⤵⤵
အပစ္ရပ္ေၾကျငာထားတဲ့ေဒသေတြမွာ တိုက္ပြဲေတြျဖစ္ေန

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ အေရွ႕ပိုင္းနဲ႔ ကရင္ျပည္နယ္အတြင္းမွာ အစိုးရတပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြအၾကား တိုက္ပြဲျဖစ္ပြားတဲ့ သတင္းေတြကို စုစည္းတင္ျပပါမယ္။ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က တင္ဆက္ထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က တပ္မေတာ္ယာဥ္တန္းကို TNLA ေခၚ တအာင္း (ပေလာင္) တိုက္ခိုက္ခဲ့တဲ့ေနာက္ ဒီေန႔အထိ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနတာပါ။

ဒီေန႔ျဖစ္ပြားတဲ့ တိုက္ပြဲအေျခအေနကို TNLA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႈးတာ့အိုက္ေက်ာ္က အခုလို ေျပာပါတယ္။

“ဒီေန႔မွာ ဒီ ကြတ္ခိုင္ၿမိဳ႕နယ္ ေ႐ႊေမွာ္ေက်း႐ြာ အထက္နား တိုက္ပြဲျဖစ္သြားတာ ရွိတယ္။ မနက္ ၁၀ နာရီ ၁၅ေလာက္ကေန ၁၀ နာရီ ၄၅ အထိေပါ့။ အဲဒါက ျမန္မာစစ္တပ္ တပ္မ ၈၈ က ဖတ္ေတာ့႐ြာကေန တက္လာၿပီးေတာ့မွ က်ေနာ္တို႔ ရွိတဲ့ေနရာကို ထိုးစစ္ဆင္တိုက္ခိုက္လို႔ တိုက္ပြဲျဖစ္ပြားတာ။ အဲဒီ နမ့္ဖတ္ကာ စစ္တပ္ကေန ဖတ္ေတာ့႐ြာ၊ ေ႐ႊေမွာ္ဘက္အနီးပတ္ဝန္းက်င္ကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတာ ေန႔လည္အထိပဲ။ ၁၀ႀကိမ္ေလာက္ေတာ့ ရွိတယ္။”

ဒီလ ၃ ရက္ေန႔ မနက္ပိုင္းကလည္း ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းနိမ္ေက်း႐ြာ အနီးမွာ တိုက္ပြဲ နာရီဝက္ေလာက္ျဖစ္ခဲ့ေၾကာင္း ေျပာပါတယ္။

ေလာေလာဆယ္မွာေတာ့ အစိုးရနဲ႔ KIA ကခ်င္၊ TNLA တအာင္း (ပေလာင္)၊ MNDAA ကိုးကန႔္၊ AA ရခိုင္အဖြဲ႕ေတြအၾကားမွာ Bilateral ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ေရး ေဆြးေႏြးပြဲေတြဟာလည္း ရပ္တန႔္ေနပါတယ္။

ဒီလ ၃ ရက္ေန႔မွာပဲ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ခ႐ိုင္ ပုံပါက်င္ၿမိဳ႕နယ္အတြင္းမွာ NCA အပစ္ရပ္စာခ်ဳပ္လက္မွတ္ေရးထိုးထားတဲ့ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS တပ္ဖြဲ႕ေတြနဲ႔ အစိုးရတပ္အၾကား တိုက္ပြဲ ျဖစ္ပြားခဲ့ပါတယ္။

တိုက္ပြဲျဖစ္ပြားတဲ့အေျခအေနကို RCSS က ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႈးစိုင္းခမ္းစံက အခုလို ေျပာပါတယ္။

“မေန႔က ၁၀ နာရီကေန ၁၂ နာရီေလာက္အထိျဖစ္တယ္ခင္ဗ်။ တပ္ရင္း ခလရ ၆၅ ရယ္၊ BGF ၁၀၀၇ ရယ္ေပါ့ေနာ။ သူတို႔က က်ေနာ္တို႔ ဆီကို ၆၀ ေမာ္တာနဲ႔ ပစ္တယ္။ ေနာက္ၿပီး 40mm ေပါ့ေနာ္။ M 79 ေတြနဲ႔ပစ္တယ္။ ေနာက္ သူတို႔လူေတြ ထပ္ျဖည့္တယ္။ ထပ္ျဖည့္ေတာ့ ၁၂ နာရီ ဝန္းက်င္ေလာက္မွာ က်ေနာ္တို႔ RCSS ဘက္မွာ တပ္ဆုတ္ေပးလိုက္တာေပါ့။ အခုေလာေလာဆယ္က်ေတာ့ မျဖစ္ေတာ့ဘူးဗ်။ ၿငိမ္ေနတယ္။ ၿငိမ္တဲ့အေနအထားရွိေနေပမဲ့ သူတို႔ဘက္က မဆုတ္ေသးဘူး။ က်ေနာ္တို႔ဘက္ကေတာ့ ခြာေပးထားလိုက္တာေပါ့။ မနက္က မနက္ ၇ နာရီခြဲအခ်ိန္ေလာက္မွာ ျဖစ္ပါတယ္။”

RCSS ဗဟိုကေတာ့ တိုက္ပြဲထပ္မျဖစ္ေအာင္ ထိန္းသိမ္းေဆာင္႐ြက္ဖို႔ ေအာက္ေျခတပ္ေတြကို ၫႊန္ၾကားထားေၾကာင္း ေျပာပါတယ္။

ဒီတိုက္ပြဲျဖစ္ပြားတာနဲ႔ ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းက VOA ကို အခုလို ေျပာပါတယ္။

“မေန႔ကေတာ့ က်ေနာ္တို႔ RCSS နဲ႔ ျဖစ္ခဲ့တာရွိတယ္။ သူကေတာ့ မိုင္းတုံဘက္မွာ ေျခေတာ္ရာ ဘုရားနားအထိ RCSS/SSA အေယာက္ ၂၀ ေက်ာ္၊ ၃၀ နီးပါးေရာက္တယ္။ နယ္ေျမေက်ာ္လြန္ေရာက္ရွိေနတာေပါ့။ ေရာက္ရွိေနေတာ့ သတင္းအရ နယ္ေျမရွင္းလင္းေရးလုပ္တဲ့အခါ ထိေတြ႕မႈျဖစ္တယ္။ ႏွစ္ဘက္ ထိခိုက္ဒဏ္ရာရတာမရွိဘူး။”

TNLA နဲ႔ တိုက္ပြဲျဖစ္ပြားတဲ့သတင္းေတာ့ အေသးစိတ္ မရရွိေသးေၾကာင္းနဲ႔ ကရင္ျပည္နယ္ ဖာပြန္ဘက္မွာလည္း မေန႔က ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္ဖြဲ႕နဲ႔ တိုက္ပြဲျဖစ္ခဲ့ေၾကာင္း ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“KNU နဲ႔ေတာ့ ဖာပြန္ဘက္မွာေတာ့ မေန႔က ေန႔လယ္ ၂ နာရီေလာက္မွာ ျဖစ္ခဲ့တာရွိတယ္။ မဲ့သေလာက္၊ သုမြဲထ နားေလးမွာပဲ။ အဲဒီမွာ က်ေနာ္တို႔ စခန္းပတ္ဝန္းက်င္ ရွင္းလင္းစဥ္မွာ စခန္းအေရွ႕ေတာင္ဘက္ မီတာ ၁၀၀၊ ၂၀၀ေလာက္ကေနၿပီးေတာ့မွ KNU ငါးဦးေလာက္က လာေရာက္ပစ္ခတ္တာျဖစ္ပါတယ္။ လာေရာက္ ပစ္ခတ္တဲ့အတြက္ ထိေတြ႕မႈျဖစ္တာျဖစ္ပါတယ္။”

KNU ဘက္ကို ေမးျမန္းႏိုင္ဖို႔ ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

လက္ရွိ ျဖစ္ပြားတဲ့ တိုက္ပြဲေတြဟာ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ အစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြအၾကား ပူးေပါင္းေဆာင္႐ြက္ဖို႔နဲ႔ ဒီကာလအတြင္း အပစ္အခတ္ ရပ္စဲေၾကာင္း ေၾကညာထားခ်ိန္မွာ ျဖစ္ပြားတဲ့ တိုက္ပြဲေတြလည္း ျဖစ္ပါတယ္။

ကိုမိုးေဇာ္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/cease-fire-eao-groups-military-shan-karen/5448957.html
အပစ်ရပ်ကြေငြာထားတဲ့ဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေ အပစ်ရပ်ကြေငြာထားတဲ့ဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေ Reviewed by THITHTOOLWIN on 19:57 Rating: 5
Powered by Blogger.