ဗိုလ်ချုပ်ပုံသုံးပြီးမဲမဆွယ်ရေးအချက် ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေ သဘောတူညီမှုမရ

ဗိုလ်ချုပ်ပုံရိပ်ကို သုံးပြီးမဲမဆွယ်ဖို့ ပါတီအချို့တောင်းဆို
(Unicode)⤵⤵⤵
အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံရိပ်ကိုအသုံးပြုပြီး မဲမဆွယ်ရဆိုတဲ့အချက်ကို ရွေးကောက် ပွဲဆိုင်ရာကျင့်ဝတ်မှာထည့်သွင်းရေးကို ဇွန် ၂၇ ရက်နေ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေတွေ့ဆုံပွဲမှာထပ်မံဆွေးနွေးခဲ့ပေမဲ့ ကော်မရှင်ဘက်က သဘောမတူခဲ့ဘူး လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဘီဘီစီကိုပြောပါ တယ်။

ဆွစ်ဇာလန်သံရုံးကနေ ကြီးမှူးပြီး ၇လကြာပြုလုပ်ဆွေးနွေးခဲ့ကြတဲ့ ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်တွေကို နိုင်ငံရေးပါတီတွေ သဘောတူလက်မှတ်ထိုးပွဲကို ဇွန်၂၆ ရက်နေ့ကပြုလုပ်ခဲ့ပေမယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက် ရေးပါတီအပါအဝင် ပါတီ ၂၀ကျော်က လက်မှတ်မထိုးခဲ့ကြပါဘူး။

လက်မှတ်ရေးထိုးပွဲမတိုင်ခင် ရွေးကောက်ပွဲကျင့်ဝတ်ကို ပြုစုရေးဆွဲတဲ့စဉ်က အမျိုးသားခေါင်းဆောင်ပုံရိပ် ကိုအသုံးပြုပြီးမဲမဆွယ်ဖို့တဲ့အချက်ထည့်ဖို့ကို မဲခွဲ ဆုံးဖြတ်တဲ့အခါ သုံးပါတီက ကန့်ကွက်ပြီး၊ တစ်ပါတီကကြားနေနဲ့ထောက်ခံတဲ့ပါတီက ၁၂ပါတီရှိခဲ့တယ်လို့သိရပါတယ်။

' ' ဒါကို COC ပြီးသွားလည်း ဒီအချက်လေးကိုပါ အကျုံးဝင်ပါတယ်ဆိုပြီးထည့်ပေးရင်တော့ ကျွန်တော်တို့ လက်မှတ်ထိုးပေးပါမယ်ဆိုတာကို မထည့်ပေးတော့လက်မှတ်မထိုးတာပေါ့။ မြန်မာနိုင်ငံမှာကအမျိုးသား ခေါင်းဆောင်ပုံရိပ်က လူထုအကြားရှိပြီးသား။ ဒါကြောင့် သမာသမတ်ကျကျယှဉ်ပြိုင်မယ်ဆိုရင်တော့ မသုံးသင့်ဘူးလို့ ယူဆလို့ ဒီအချက်ကိုတောင်းဆိုတာပါ။'' လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ပြောရေးဆိုခွင့်ရှိသူဦးလှသိန်းက ဘီဘီစီကိုပြောပါတယ်။

ဒီအချက်အပြင် ယခင် ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲကျင့်ဝတ်မှာ ခွင့်ပြုခဲ့တဲ့ ဘာသာရေးအဆောက်အအုံတွေမှာ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေက ခွင့်ပြုရင် ပါတီတွေအနေနဲ့ လူထုနဲ့တွေ့ဆုံပွဲတွေ လုပ်လို့ရတယ်ဆိုတဲ့ အချက်ကိုလည်း ပယ်ဖျက်လိုက်တဲ့အပေါ် တိုင်းရင်းသားပါတီအများစုက ကန့်ကွက်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။

' ' တိုင်းရင်းသားပါတီတွေ တော်တော်များများက ကန့်ကွက်တယ်။ သူတို့တောင်ပေါ်တွေမှာက ဘာသာရေး အဆောက်အအုံတွေပဲရှိတာ။ လူအများနဲ့တွေ့မယ်၊ရပ်ရွာတွေစုဝေးမယ်ဆိုရင် ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေမှာပဲလုပ်ရတာ။ ပြီးခဲ့တဲ့ ၂၀၁၀ ၂၀၁၅တွေလိုပဲ ခွင့်ပြုပေးဖို့ပြောပေမဲ့ လက်မခံခဲ့ဘူး''လို့လည်း ဦးလှသိန်းကဆက်လက် ပြောပြပါတယ်။

ဒီအချက်ကိုတော့ ဘာသာရေးဆိုင်ရာအဆောက်အအုံအချို့မှာ စုဝေးဟောပြောခွင့်ကို ပါတီတချို့ကို သာလက်ခံပြီးအချို့သောပါတီကိုတော့လက်မခံတာတွေရှိတဲ့အတွက် ပယ်ဖျယ်ခဲ့တာလို့ ကော်မရှင်ဘက်ကပြန်လည်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခွင့်ရှိတဲ့နိုင်ငံရေးပါတီ ၉၀ကျော်ရှိတဲ့အထဲမှာ ပါတီ ၆၀ကျော်က အသစ်ရေးဆွဲပြုစုခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်ကို ပါဝင်လက်မှတ်ရေး ထိုးထားကြပါတယ်။

' 'နိုင်ငံတော်အထိမ်းအမှတ်များစီရင်ကျင်းပခွင့်ကန့်သတ်တဲ့ဥပဒေပါအတိုင်းဆိုရင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေရုပ်ထုတွေမှတ်တမ်းတွေကို သာမန်လူတွေကယူပြီး သုံးစွဲခွင့်မပြုဘူး။ နိုင်ငံတော်အစိုးရကနေ သတ်မှတ်ထားတယ်။ ဒါကြောင့် မသုံးသင့်ဘူး''လို့ ရွေးကောက်ပွဲ ကျင့်ဝတ်ကို ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိတဲ့ NDFပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေကလည်း သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

ရွေးကောက်ပွဲကျင့်ဝတ်ပါအချက်တွေဟာ တရားဥပဒေတစ်ခုအအနေနဲ့ ထုတ်နုတ်ကိုးကားပြီး စွဲဆိုခြင်း မပြုရဘူးလို့သတ်မှတ်ထားပြီး လိုက်နာ နားလည်ရမယ့်ကျင့်ဝတ်သိက္ခာအဖြစ်သာ သတ်မှတ်ထား တာဖြစ်တယ်လို့လည်းသိရပါတယ်။

BBC Burmese
------------------------------------------
(Zawgyi)⤵⤵⤵
ဗိုလ္ခ်ဳပ္ပုံသုံးၿပီးမဲမဆြယ္ေရးအခ်က္ ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ပါတီေတြ သေဘာတူညီမႈမရ

အမ်ိဳးသားေခါင္းေဆာင္ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ပုံရိပ္ကိုအသုံးျပဳၿပီး မဲမဆြယ္ရဆိုတဲ့အခ်က္ကို ေ႐ြးေကာက္ ပြဲဆိုင္ရာက်င့္ဝတ္မွာထည့္သြင္းေရးကို ဇြန္ ၂၇ ရက္ေန႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီေတြေတြ႕ဆုံပြဲမွာထပ္မံေဆြးေႏြးခဲ့ေပမဲ့ ေကာ္မရွင္ဘက္က သေဘာမတူခဲ့ဘူး လို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးလွသိန္းက ဘီဘီစီကိုေျပာပါ တယ္။

ဆြစ္ဇာလန္သံ႐ုံးကေန ႀကီးမႉးၿပီး ၇လၾကာျပဳလုပ္ေဆြးေႏြးခဲ့ၾကတဲ့ ေ႐ြးေကာက္ပြဲဆိုင္ရာ က်င့္ဝတ္ေတြကို ႏိုင္ငံေရးပါတီေတြ သေဘာတူလက္မွတ္ထိုးပြဲကို ဇြန္၂၆ ရက္ေန႔ကျပဳလုပ္ခဲ့ေပမယ့္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ဖြံ႕ၿဖိဳးတိုးတက္ ေရးပါတီအပါအဝင္ ပါတီ ၂၀ေက်ာ္က လက္မွတ္မထိုးခဲ့ၾကပါဘူး။

လက္မွတ္ေရးထိုးပြဲမတိုင္ခင္ ေ႐ြးေကာက္ပြဲက်င့္ဝတ္ကို ျပဳစုေရးဆြဲတဲ့စဥ္က အမ်ိဳးသားေခါင္းေဆာင္ပုံရိပ္ ကိုအသုံးျပဳၿပီးမဲမဆြယ္ဖို႔တဲ့အခ်က္ထည့္ဖို႔ကို မဲခြဲ ဆုံးျဖတ္တဲ့အခါ သုံးပါတီက ကန႔္ကြက္ၿပီး၊ တစ္ပါတီကၾကားေနနဲ႔ေထာက္ခံတဲ့ပါတီက ၁၂ပါတီရွိခဲ့တယ္လို႔သိရပါတယ္။

' ' ဒါကို COC ၿပီးသြားလည္း ဒီအခ်က္ေလးကိုပါ အက်ဳံးဝင္ပါတယ္ဆိုၿပီးထည့္ေပးရင္ေတာ့ ကြၽန္ေတာ္တို႔ လက္မွတ္ထိုးေပးပါမယ္ဆိုတာကို မထည့္ေပးေတာ့လက္မွတ္မထိုးတာေပါ့။ ျမန္မာႏိုင္ငံမွာကအမ်ိဳးသား ေခါင္းေဆာင္ပုံရိပ္က လူထုအၾကားရွိၿပီးသား။ ဒါေၾကာင့္ သမာသမတ္က်က်ယွဥ္ၿပိဳင္မယ္ဆိုရင္ေတာ့ မသုံးသင့္ဘူးလို႔ ယူဆလို႔ ဒီအခ်က္ကိုေတာင္းဆိုတာပါ။'' လို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ဖြံ႕ၿဖိဳးတိုးတက္ေရး ပါတီ ေျပာေရးဆိုခြင့္ရွိသူဦးလွသိန္းက ဘီဘီစီကိုေျပာပါတယ္။

ဒီအခ်က္အျပင္ ယခင္ ၂၀၁၅ ခုႏွစ္က ေ႐ြးေကာက္ပြဲက်င့္ဝတ္မွာ ခြင့္ျပဳခဲ့တဲ့ ဘာသာေရးအေဆာက္အအုံေတြမွာ ဘာသာေရးဆိုင္ရာပုဂၢိဳလ္ေတြက ခြင့္ျပဳရင္ ပါတီေတြအေနနဲ႔ လူထုနဲ႔ေတြ႕ဆုံပြဲေတြ လုပ္လို႔ရတယ္ဆိုတဲ့ အခ်က္ကိုလည္း ပယ္ဖ်က္လိုက္တဲ့အေပၚ တိုင္းရင္းသားပါတီအမ်ားစုက ကန႔္ကြက္ခဲ့တာေတြလည္း ရွိခဲ့တယ္လို႔ဆိုပါတယ္။

' ' တိုင္းရင္းသားပါတီေတြ ေတာ္ေတာ္မ်ားမ်ားက ကန႔္ကြက္တယ္။ သူတို႔ေတာင္ေပၚေတြမွာက ဘာသာေရး အေဆာက္အအုံေတြပဲရွိတာ။ လူအမ်ားနဲ႔ေတြ႕မယ္၊ရပ္႐ြာေတြစုေဝးမယ္ဆိုရင္ ဘုန္းႀကီးေက်ာင္းေတြ၊ ဘာသာေရး အေဆာက္အအုံေတြမွာပဲလုပ္ရတာ။ ၿပီးခဲ့တဲ့ ၂၀၁၀ ၂၀၁၅ေတြလိုပဲ ခြင့္ျပဳေပးဖို႔ေျပာေပမဲ့ လက္မခံခဲ့ဘူး''လို႔လည္း ဦးလွသိန္းကဆက္လက္ ေျပာျပပါတယ္။

ဒီအခ်က္ကိုေတာ့ ဘာသာေရးဆိုင္ရာအေဆာက္အအုံအခ်ိဳ႕မွာ စုေဝးေဟာေျပာခြင့္ကို ပါတီတခ်ိဳ႕ကို သာလက္ခံၿပီးအခ်ိဳ႕ေသာပါတီကိုေတာ့လက္မခံတာေတြရွိတဲ့အတြက္ ပယ္ဖ်ယ္ခဲ့တာလို႔ ေကာ္မရွင္ဘက္ကျပန္လည္ရွင္းလင္းခဲ့တယ္လို႔ဆိုပါတယ္။

လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာပါဝင္ယွဥ္ၿပိဳင္ခြင့္ရွိတဲ့ႏိုင္ငံေရးပါတီ ၉၀ေက်ာ္ရွိတဲ့အထဲမွာ ပါတီ ၆၀ေက်ာ္က အသစ္ေရးဆြဲျပဳစုခဲ့တဲ့ ေ႐ြးေကာက္ပြဲဆိုင္ရာက်င့္ဝတ္ကို ပါဝင္လက္မွတ္ေရး ထိုးထားၾကပါတယ္။

' 'ႏိုင္ငံေတာ္အထိမ္းအမွတ္မ်ားစီရင္က်င္းပခြင့္ကန႔္သတ္တဲ့ဥပေဒပါအတိုင္းဆိုရင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အပါအဝင္ ႏိုင္ငံေခါင္းေဆာင္ေတြရဲ႕ ဓာတ္ပုံေတြ႐ုပ္ထုေတြမွတ္တမ္းေတြကို သာမန္လူေတြကယူၿပီး သုံးစြဲခြင့္မျပဳဘူး။ ႏိုင္ငံေတာ္အစိုးရကေန သတ္မွတ္ထားတယ္။ ဒါေၾကာင့္ မသုံးသင့္ဘူး''လို႔ ေ႐ြးေကာက္ပြဲ က်င့္ဝတ္ကို ပါဝင္လက္မွတ္ေရးထိုးျခင္းမရွိတဲ့ NDFပါတီဥကၠ႒ဦးခင္ေမာင္ေဆြကလည္း သူ႔ရဲ႕အျမင္ကို ေျပာျပပါတယ္။

ေ႐ြးေကာက္ပြဲက်င့္ဝတ္ပါအခ်က္ေတြဟာ တရားဥပေဒတစ္ခုအအေနနဲ႔ ထုတ္ႏုတ္ကိုးကားၿပီး စြဲဆိုျခင္း မျပဳရဘူးလို႔သတ္မွတ္ထားၿပီး လိုက္နာ နားလည္ရမယ့္က်င့္ဝတ္သိကၡာအျဖစ္သာ သတ္မွတ္ထား တာျဖစ္တယ္လို႔လည္းသိရပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53203030
ဗိုလ်ချုပ်ပုံသုံးပြီးမဲမဆွယ်ရေးအချက် ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေ သဘောတူညီမှုမရ ဗိုလ်ချုပ်ပုံသုံးပြီးမဲမဆွယ်ရေးအချက် ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေ သဘောတူညီမှုမရ Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.