လပွတ္တာမြို့နယ်တွင် မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ (၃) ဦးအတွက် ထောက်ပံ့ငွေများ ပေးအပ်


(Unicode)⤵⤵⤵
လပွတ္တာ   ဇွန်   ၄

လပွတ္တာခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ဇွန်လ ၁- ရက်နေ့၊ နေ့လယ်(၁)နာရီ အချိန်တွင် လပွတ္တာမြို့နယ် ညောင်ချောင်းကျေးရွာအုပ်စု၊ စာဆွဲ ကျေးရွာနှင့် နေ့လယ်(၂)နာရီအချိန်တွင် မောင်ငယ်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတို့၌ မိုးကြိုးပစ်ခတ်မှုကြောင့်သေဆုံးသူ(၂)ဦး၊ ဇွန်လ၂ ရက်နေ့၊ နေ့လယ်(၃)နာရီအချိန်တွင် ထင်းပုံကွင်းကျေးရွာ အုပ်စု၊ အောင်မင်္ဂလာကျေးရွာ၌မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ (၁)ဦး သေဆုံးသူ(၃)ဦးတို့အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို  ဇွန်လ ၃ ရက်နေ့ နံနက် (၁၀) နာရီခွဲ အချိန်က ဆောင်ရွက်ခဲ့သည်။

ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်ရုံးမှ တာဝန် ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ သေဆုံးသူ၏ မိသားစုဝင်များ ထံသို့ ထောက်ပံ့ငွေကျပ် (၉ဝဝဝဝဝိ/)၊ ကျပ်ကိုးသိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းကျော်မြင့်(ခရိုင်ပြန်/ဆက်)
---------------------------------------
(Zawgyi)⤵⤵⤵
လပြတၱာၿမိဳ႕နယ္တြင္ မိုးႀကိဳးပစ္ခတ္မႈေၾကာင့္ ေသဆုံးသူ (၃) ဦးအတြက္ ေထာက္ပံ့ေငြမ်ား ေပးအပ္

လပြတၱာ   ဇြန္   ၄

လပြတၱာခ႐ိုင္၊ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာနမွ တာဝန္ရွိသူမ်ားသည္ ဇြန္လ ၁- ရက္ေန႔၊ ေန႔လယ္(၁)နာရီ အခ်ိန္တြင္ လပြတၱာၿမိဳ႕နယ္ ေညာင္ေခ်ာင္းေက်း႐ြာအုပ္စု၊ စာဆြဲ ေက်း႐ြာႏွင့္ ေန႔လယ္(၂)နာရီအခ်ိန္တြင္ ေမာင္ငယ္ေက်း႐ြာအုပ္စု၊ အုန္းပင္စုေက်း႐ြာတို႔၌ မိုးႀကိဳးပစ္ခတ္မႈေၾကာင့္ေသဆုံးသူ(၂)ဦး၊ ဇြန္လ၂ ရက္ေန႔၊ ေန႔လယ္(၃)နာရီအခ်ိန္တြင္ ထင္းပုံကြင္းေက်း႐ြာ အုပ္စု၊ ေအာင္မဂၤလာေက်း႐ြာ၌မိုးႀကိဳးပစ္ခတ္မႈေၾကာင့္ ေသဆုံးသူ (၁)ဦး ေသဆုံးသူ(၃)ဦးတို႔အတြက္ ေထာက္ပံ့ေငြေပးအပ္ျခင္းကို  ဇြန္လ ၃ ရက္ေန႔ နံနက္ (၁၀) နာရီခြဲ အခ်ိန္က ေဆာင္႐ြက္ခဲ့သည္။

ခ႐ိုင္ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ လပြတၱာၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး၊ လႊတ္ေတာ္ကိုယ္စားလွယ္႐ုံးမွ တာဝန္ ရွိသူမ်ားက ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး၊ ရပ္ေက်းစာေရးတို႔ႏွင့္အတူ ေသဆုံးသူ၏ မိသားစုဝင္မ်ား ထံသို႔ ေထာက္ပံ့ေငြက်ပ္ (၉ဝဝဝဝဝိ/)၊ က်ပ္ကိုးသိန္း ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ဝင္းေက်ာ္ျမင့္(ခ႐ိုင္ျပန္/ဆက္)
https://www.moi.gov.mm/iprd/
လပွတ္တာမြို့နယ်တွင် မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ (၃) ဦးအတွက် ထောက်ပံ့ငွေများ ပေးအပ် လပွတ္တာမြို့နယ်တွင် မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ (၃) ဦးအတွက် ထောက်ပံ့ငွေများ ပေးအပ် Reviewed by THITHTOOLWIN on 04:14 Rating: 5
Powered by Blogger.