နာဂဒေသ ပြောင်းခင်းတွေမှာ ပိုးကျလို့ အခက်တွေ့နေ


(Unicode)⤵⤵⤵
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ရှိ ပြောင်းစိုက်ကျေးရွာမှာ  ငမြောင်တောင်ပိုးကျတာနဲ့ ရင်ဆိုင်နေရတဲ့ရွာပေါင်း ၃၀ ကျော် ရှိတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပါတယ်။

ပြောင်းကိုဘဲ အဓိကစားသုံးတဲ့ ဒေသဖြစ်လို့ ခုလို ပိုးကျပျက်စီးမှုတွေကြောင့် စားနပ်ရိက္ခာ မဖူလုံမှုတွေ ကြုံတွေ့ရနိုင်တယ်လို့ ဦးစိမ်းမောင်က ပြောပါတယ်။

နန်းယွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးမြင့်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ယောင်ကွန်၊ ကျားဝမ်းနဲ့ ရှိတ်ညိုကျေးရွာတွေမှာ ဖျက်အားပြင်း ငမြောင်တောင်ပိုး ဝင်ရောက်တာကြောင့် ဧက၂၀၀ နီးပါး ပိုးကျနေပြီး ပိုးသတ်ဆေးဖျန်းတာ၊ ပိုးကောက်တာတွေ ပြုလုပ်ပေးနေတယ်လို့ပြောပါတယ်။

ပိုးကျတာ တစ်လနီးပါးရှိနေပြီး ပိုးသတ်ဆေး ဆက်လက်ဖြန်းပေးနေပြီး အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ ဦးမျိူးမြင့်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်ကတော့ စိုက်ပျိုးရေးဦးစီးဌာနက လမ်းမပေါ်ရှိ ကျေးရွာတွေမှာသာ ဆေးဖျန်းပေးနိုင်ပြီး လမ်းမနဲ့ဝေးတဲ့ ကျေးရွာတွေမှာ ပိုးကျနေတာတွေ အများကြီးရှိပြီး အကူညီလို အပ်နေတယ်လို့ ပြောပါတယ်။

အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ယောင်ကွန်ကျေးရွာက ဦးမောင်ဝင်းကတော့ သူတို့ ကျေးရွာပတ်လည်မှာ ပိုးကျနေပြီး စားသောက်ဖို့အတွက် အခက်အခဲ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

နန်းယွန်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ပြောင်းခင်းတွေမှာ နေရာကွက်ကြား ပိုးကျတာတွေဖြစ်ခဲ့ပြီး ဒီနှစ်ကတော့ ပိုဆိုးတယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။

RFA Burmese
------------------------------------------
(Zawgyi)⤵⤵⤵
နာဂေဒသ ေျပာင္းခင္းေတြမွာ ပိုးက်လို႔ အခက္ေတြ႕ေန

စစ္ကိုင္းတိုင္း နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နန္းယြန္းၿမိဳ႕နယ္ရွိ ေျပာင္းစိုက္ေက်း႐ြာမွာ  ငေျမာင္ေတာင္ပိုးက်တာနဲ႔ ရင္ဆိုင္ေနရတဲ့႐ြာေပါင္း ၃၀ ေက်ာ္ ရွိတယ္လို႔ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိမ္းေမာင္က ေျပာပါတယ္။

ေျပာင္းကိုဘဲ အဓိကစားသုံးတဲ့ ေဒသျဖစ္လို႔ ခုလို ပိုးက်ပ်က္စီးမႈေတြေၾကာင့္ စားနပ္ရိကၡာ မဖူလုံမႈေတြ ႀကဳံေတြ႕ရႏိုင္တယ္လို႔ ဦးစိမ္းေမာင္က ေျပာပါတယ္။

နန္းယြန္းၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာန ဦးစီးမႉး ဦးမ်ိဳးျမင့္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ေယာင္ကြန္၊ က်ားဝမ္းနဲ႔ ရွိတ္ညိဳေက်း႐ြာေတြမွာ ဖ်က္အားျပင္း ငေျမာင္ေတာင္ပိုး ဝင္ေရာက္တာေၾကာင့္ ဧက၂၀၀ နီးပါး ပိုးက်ေနၿပီး ပိုးသတ္ေဆးဖ်န္းတာ၊ ပိုးေကာက္တာေတြ ျပဳလုပ္ေပးေနတယ္လို႔ေျပာပါတယ္။

ပိုးက်တာ တစ္လနီးပါးရွိေနၿပီး ပိုးသတ္ေဆး ဆက္လက္ျဖန္းေပးေနၿပီး အေျခအေနကို ထိန္းခ်ဳပ္ႏိုင္ၿပီလို႔ ဦးမ်ိဴးျမင့္က ေျပာပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိမ္းေမာင္ကေတာ့ စိုက္ပ်ိဳးေရးဦးစီးဌာနက လမ္းမေပၚရွိ ေက်း႐ြာေတြမွာသာ ေဆးဖ်န္းေပးႏိုင္ၿပီး လမ္းမနဲ႔ေဝးတဲ့ ေက်း႐ြာေတြမွာ ပိုးက်ေနတာေတြ အမ်ားႀကီးရွိၿပီး အကူညီလို အပ္ေနတယ္လို႔ ေျပာပါတယ္။

အိမ္ေျခ ၁၀၀ ေက်ာ္ရွိတဲ့ ေယာင္ကြန္ေက်း႐ြာက ဦးေမာင္ဝင္းကေတာ့ သူတို႔ ေက်း႐ြာပတ္လည္မွာ ပိုးက်ေနၿပီး စားေသာက္ဖို႔အတြက္ အခက္အခဲ ျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္။

နန္းယြန္းၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း ေျပာင္းခင္းေတြမွာ ေနရာကြက္ၾကား ပိုးက်တာေတြျဖစ္ခဲ့ၿပီး ဒီႏွစ္ကေတာ့ ပိုဆိုးတယ္လို႔ ေဒသခံေတြက ယူဆေနၾကပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
နာဂဒေသ ပြောင်းခင်းတွေမှာ ပိုးကျလို့ အခက်တွေ့နေ နာဂဒေသ ပြောင်းခင်းတွေမှာ ပိုးကျလို့ အခက်တွေ့နေ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.