သမ္မတထရမ့်ကို သူ့ကာကွယ်ရေးဝန်ကြီးဟောင်းက ဝေဖန်ရှုတ်ချ

ဂျိမ်းမက်တစ်(ဘယ်)နဲ့ ထရမ့်(ညာ)
(Unicode)⤵⤵⤵
သမ္မတဒေါ်နယ်ထရမ့်ဟာ ပြည်သူတွေ သွေးကွဲအောင် ရည်ရွယ်ချက်ရှိရှိနဲ့ မီးထိုးပေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဟောင်း ဂျိမ်းမက်တစ်က ဝေဖန်ရှုတ်ချလိုက်ပါတယ်။

လူမည်းအမျိုးသား ဂျော့ဖလွိုက်သေဆုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေအပေါ် သမ္မတထရမ့်ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဒေါသထွက်စိတ်ပျက်မိတယ်လို့လည်း သူက ဆိုပါတယ်။

သမ္မတထရမ့်ဟာ အာဏာအလွဲသုံးစားလုပ်နေတယ်လို့လည်း အပြစ်တင်ပါတယ်။

ဆန္ဒပြသူတွေကိုတော့ သူတို့ဟာ အမေရိကန်တန်ဖိုးတွေကို ဆုပ်ကိုင်နေကြတာလို့ သမ္မတဟောင်း ဘားရက်အိုဘားမားနည်းတူပြောဆိုပြီး ထောက်ခံခဲ့ပါတယ်။

သမ္မတထရမ့်က ဝန်ကြီးဟောင်း ဂျိမ်းမက်တစ်ကို “ထင်သလောက် သိပ်အဖြစ်မရှိတဲ့ ဗိုလ်ချုပ်ကြီး”လို့ ဆိုခဲ့ဖူးပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ ဆီးရီးယားက ဆုတ်ခွာဖို့ သမ္မတထရမ့်ဆုံးဖြတ်ခဲ့ချိန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ ဂျိမ်းမက်တစ် ရာထူးက နုတ်ထွက်ခဲ့တာပါ။

ရာထူးနုတ်ထွက်ချိန်နောက်ပိုင်းမှာ သူဟာ ဘာမှပြောဆိုဝေဖန်မှုမရှိခဲ့ပါဘူး။ ဒါပေမယ့် မနေ့က မေလ ၃ ရက် ဗုဒ္ဓဟူးနေ့မှာတော့ သမ္မတထရမ့်နဲ့ပတ်သက်တဲ့ အပြစ်တင်ဝေဖန်မှုတွေဟာ အတ္တလန္တိတ်မဂ္ဂဇင်းမှာ ပါလာခဲ့ပါတယ်။

သူ့အပေါ်ကျရောက်လာတဲ့ ဝေဖန်မှုအသစ်ကို တွစ်တာကနေ စာတိုတွေ စီးရီးလိုက်တင်ပြီး သမ္မတထရမ့်က တုံ့ပြန်ခဲ့ပါတယ်။ မစ္စတာမက်တစ်ကို သူရာထူးက ဖြုတ်ပစ်ခဲ့တာလို့ ဆိုထားပါတယ်။

“သူ့ရဲ့ခေါင်းဆောင်မှုပေးတဲ့ပုံစံ အပါအဝင် သူမကြိုက်တာတွေ အများကြီးပဲလို့ သမ္မတထရမ့်က ဆိုပြီး တခြားလူတွေကလည်း သူ့သဘောနဲ့ တထပ်တည်းပဲ”လို့ ဆိုပါတယ်။

သူထွက်သွားတာ ဝမ်းသာပါတယ်လို့လည်း ပြောလိုက်ပါသေးတယ်။
ဂျိမ်းမက်တစ်ဟာ သမ္မတထရမ့်ရဲ့ ပထမဆုံး ကာကွယ်ရေးဝန်ကြီး၊ ၂၀၁၈ မှာ အနားယူ
ဂျော့ဖလွိုက်သေဆုံးမှု ဖြစ်ပွားစေခဲ့တဲ့ ရဲအရာရှိ ၄ ယောက်ကို တရားစွဲဆိုမှု အသစ်တွေ ပြုလုပ်ပြီးနောက်ပိုင်းမှာ အခုလို သမ္မတထရမ့်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဂျိမ်းမက်တစ်တို့ရဲ့ အပြန်အလှန်ပြောဆိုချက်တွေ ထွက်ပေါ်လာတာပါ။

ဂျော့ဖလွိုက်သေဆုံးမှုအတွက် အဓိက တာဝန်ရှိသူ ဒဲရက်ချော်ဗင်ကို မူလက တတိယအဆင့်လူသတ်မှုနဲ့ စွပ်စွဲထားရာကနေ အခု ဒုတိယအဆင့်လူသတ်မှုနဲ့ ပြောင်းလဲ စွဲဆိုလိုက်တာ ဖြစ်သလို ကျန်တဲ့ ရဲအရာရှိ ၃ ယောက်ကိုလည်း အရင်က အမှုမဖွင့်ဘဲ ထားရာကနေ အခုတော့ လူသတ်မှုမှာ ပါဝင် အားပေးသူတွေ အဖြစ် တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ဂျော့ဖလွိုက်သေဆုံးမှုဟာ အမေရိကန်ပြည်ထောင်းစုတဝန်းမှာ ကြီးမားတဲ့ ဆန္ဒပြပွဲကြီးတွေ ဖြစ်ပေါ်လာစေတဲ့ မီးပွားလေးတစ ဖြစ်ခဲ့ပါတယ်။
ဂျော့ဖလွိုက်သေဆုံးမှုကြောင့် ကမ္ဘာတလွှား ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့
ပြီးခဲ့တဲ့ ၉ ရက် အတွင်းဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်သူ အများစုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာ ဖြစ်ပေမယ့် တချို့အကြမ်းပတမ်း လုပ်ဆောင်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့ကြောင့် မြို့တချို့မှာ ညမထွက်ရ ကာဖျူးအမိန့်ထုတ်ပြန်ထားပါတယ်။

ဂျိမ်းမက်တစ် ဘာပြောလဲ

“အမေရိကန်ပြည်သူတွေ သွေးစည်းညီညွတ်လာဖို့ မကြိုးစားတဲ့ သမ္မတမျိုးကို သူ့တသက်မှာ ဒီတခါပဲတွေ့ဖူးသေးတယ်။ သမ္မတထရမ့်ဟာ အမေရိကန်ပြည်သူတွေ သွေးစည်းလာအောင် ဟန်ဆောင်ပန်ဆောင်လေးတောင် ကြိုးစားမပြရုံသာမက သွေးကွဲအောင်တောင် လုပ်လိုက်ပါသေးတယ်”လို့ ဂျိမ်းမက်တစ်က အန္တလန္တိတ် မဂ္ဂဇင်းမှာရေးသားခဲ့ပါတယ်။

အဲသလို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာမျိုးကို ကျွန်တော်တို့ ၃ နှစ်လုံးလုံး ကြုံတွေ့ခဲ့ရပြီးပါပြီ။ ၃ နှစ်အတွင်းမှာ ရင့်ကျက်တဲ့ ခေါင်းဆောင်မှုမျိုး ကင်းမဲ့နေခဲ့ပါတယ်လို့လည်း သူက ဆက်လက်ရေးသားပါတယ်။

အသားအရောင်ခွဲခြားမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကိုလည်း ဂျိမ်းမက်တစ်က ဆက်လက်ရည်ညွှန်း ပြောဆိုပါတယ်။

“ဥပဒေချိုးဖောက်တဲ့ လူနည်းစုလေးကိုပဲ အာရုံပြုလို့ မဖြစ်ဘူး။ ဆန္ဒပြပွဲတွေဟာ လူပေါင်းသောင်းဂဏန်းများစွာရဲ့ ယုံကြည်မှုတွေက ထွက်ပေါ်လာတာ။ အဲဒီယုံကြည်မှုဆိုတာတွေကလည်း အမေရိကန်ပြည်ထောင်စုရယ်လို့ ဖြစ်ပေါ်လာစေတဲ့ တန်ဖိုးတွေကို ခုခံကာကွယ်နေတဲ့ ယုံကြည်မှုတွေ”လို့ ဂျိမ်းမက်တစ်က ဆိုပါတယ်။

အငြိမ်းစားဗိုလ်ချုပ်ကြီး ဂျိမ်းမက်တစ်က သမ္မတရဲ့ နိုင်ငံခြားရေးမူဝါဒတခုလုံးကိုလည်း ဝေဖန်ခဲ့သလို ဆန္ဒပြပွဲတွေကို ထိန်းသိမ်းဖို့ စစ်တပ် အသုံးပြုတာကိုလည်း ရှုတ်ချခဲ့ပါတယ်။

“နိုင်ငံသားတွေရဲ့ အခြေခံဥပဒေပါ အခွင့်အရေးတွေကို သွေဖည်အောင်လုပ်ရမယ့် အခြေအနေမျိုးအတွက် စစ်တပ်ကို အမိန့်ပေးအသုံးချခံရလိမ့်မယ်လို့ အရင်က အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး”လို့ သူက ဆိုပါတယ်။

“ဝါရှင်တန်ဒီစီမှာ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရသလိုမျိုး စစ်တပ်အသုံးပြု ချထားလိုက်တာဟာ စစ်တပ်နဲ့ပြည်သူအကြား ပဋိပက္ခဖြစ်အောင် လုပ်တာပါပဲ”လို့ သူက ဖြည့်စွက်ရေးသားပါတယ်။

အိမ်ဖြူတော်အနီး ဥယျာဉ်ထဲက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆံတွေ အသုံးပြု လူစုခွဲခဲ့တဲ့ ဒီသီတင်းပတ်စောစောပိုင်းတုန်းက အဖြစ်အပျက်ကို မစ္စတာ မက်တစ်က ဆိုလိုတာ ဖြစ်ပါတယ်။

အဲသလို ဖြစ်ပျက်ခဲ့ပြီးနောက် မငြိမ်မသက်မှုတွေအတွင်း မီးရှို့မှုကြောင့် ပျက်ဆီးမှုတချို့ဖြစ်ခဲ့တဲ့ ဘုရာရှိခိုးကျောင်းရှေ့မှာ မစ္စတာ ထရမ့်က ဓာတ်ပုံရိုက်ခံခဲ့ပါတယ်။

အဲသလို ဓာတ်ပုံရိုက်ခံခဲ့တဲ့ အတွက် ဒီမိုကရက်ပါတီခေါင်းဆောင်ပိုင်းနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။ ဓာတ်ပုံရိုက်တဲ့ ရည်ရွယ်ချက်ဟာ ဆန္ဒပြသူတွေကို ပစ်မှတ်ထားတာပဲလို့ စွပ်စွဲဝေဖန်ကြတာပါ။

အဲဒီဓာတ်ပုံနဲ့ ပတ်သက်ပြီး အလွန်ထူးဆန်းတဲ့ ဓာတ်ပုံပါပဲလို့ မစ္စတာမက်တစ်က ရယ်သွမ်းသွေးခဲ့ပါတယ်။

ဆန္ဒပြသူတွေကို ဥယျာဉ်ထဲက ဖယ်ရှားခဲ့တဲ့လုပ်ရပ်ကိုလည်း သမ္မတ အာဏာ အလွဲသုံးစားလုပ်မှု လို့ သူက ဆိုပါတယ်။

ဒီလိုဆန္ဒပြမှုမျိုးကို ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုလို့ ခေါ်နိုင်သလားလို့ သမ္မတထရမ့်က အကြိမ်ကြိမ်မေးခွန်းထုတ်ခဲ့ပါတယ်။ ပန်းခြံကို ဖြတ်လျှောက်ပြီး ဘုရားရှိခိုးကျောင်းရှေ့မှာ သူဓာတ်ပုံရိုက်ခဲ့တာကိုလည်း လူတွေက သဘောကျကြတယ်လို့ သူက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက အိမ်ဖြူတော် ပြန်ကြားရေး အတွင်းဝန်ဟောင်း ရှောင်စပိုက်ဆာနဲ့ အင်တာဗျူးမှာလည်း သူက ဒီအချက်ကို ခုခံပြောကြားသွားခဲ့ပါတယ်။ ဒီဆောင်ရွက်ချက်ကို ဘာသာရေးခေါင်းဆောင်တွေက နှစ်သက်ကြတယ်လို့ ဆိုသွားပါတယ်။

သမ္မတဟောင်းအိုဘားမားရဲ့ ဆန္ဒပြပွဲအပေါ်အမြင်
ထရမ့်(ဘယ်)နဲ့ အိုဘားမား(ညာ)
“အခုလောလောဆယ်ဆန္ဒပြပွဲ အရှိန်အဟုန်တွေကနေ အပြောင်းအလဲ တခုအတွက် လမ်းကြောင်းဖော်ဆောင်နိုင်ရေးဟာ အလွန်အရေးကြီးတဲ့အချက်”လို့ သမ္မတဟောင်း အိုဘားမားက ဆိုပါတယ်။

“သူ့တသက်ကြုံဖူးသမျှထဲမှာ အခုဆန္ဒပြပွဲတွေဟာ အလေးနက်ဆုံးပဲ”လို့ မစ္စတာဖလွိုက်သေဆုံးမှုနဲ့ ပတ်သက်တဲ့ ပထမဆုံးသူ့ဗွီဒီယိုထဲမှာ မစ္စတာအိုဘားမားက ပြောခဲ့ပါတယ်။

“လူ့အဖွဲ့အစည်းအတွင်းမှာခိုအောင်းနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အတွက် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကြပါ”လို့ အမေရိကန်ပြည်သူတွေကို သူက ဆော်သြခဲ့ပါတယ်။

“အကြမ်းပတမ်းလုပ်ဆောင်ချက်တချို့ဟာ ခင်ဗျားတို့အတွက် ဆောင်ရွက်ပေးရမယ့်သူ၊ ခင်ဗျားတို့ကို အကာအကွယ်ပေးရမယ့်သူတွေဆီက ထွက်ပေါ်လာတာလည်း မကြာခဏ ဖြစ်တတ်ပါတယ်” လို့ မစ္စတာ အိုဘားမားက သတိပေးခဲ့ပါတယ်။

“ခင်ဗျားတို့ဟာ အရေးပါသူတွေ ဖြစ်တယ်။ ခင်ဗျားတို့ ဘဝတွေဟာ အရေးပါတယ်။ ခင်ဗျားတို့ အိပ်မက်တွေဟာလည်း အရေးပါတယ်ဆိုတာ သိစေချင်တယ်”လို့လည်း သူက ဆိုပါတယ်။
ဘရွတ်ကလင်းမှာ ဆန္ဒပြကြသူတွေ
“အရင်ကရှိထားတဲ့ ခံယူချက်တွေ ပြောင်းလဲလာပြီ။ ကျွန်တော်တို့ ပိုကောင်းအောင် ပြုပြင်နိုင်တယ်လို့ အသိအမှတ်ပြုလာကြပြီ”လို့မစ္စတာအိုဘားမားက ဆက်လက် ပြောဆိုပါတယ်။

မစ္စတာ အိုဘားမားဟာ သမ္မတထရမ့်ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကို တိုက်ရိုက်မှတ်ချက်ပေးပြောဆိုတာမျိုး မလုပ်ပါဘူး။

ဒါပေမယ့် နိုင်ငံတဝန်းက မြို့ဝန်တွေအနေနဲ့ အင်အားသုံးတဲ့ပေါ်လစီကို ပြန်လည်သုံးသပ်ကြပါလို့ သူက တိုက်တွန်းခဲ့ပါတယ်။

ဗြိတိန်တော်ဝင်မင်းသားရဲ့ဇနီး ဆပ်ဆက်မြို့စားဘွဲ့ရ ရေချယ်မီဂန်မာကဲကလည်း မစ္စတာဖလွိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး “သူ့အသက်လည်း အဖိုးတန်တာပါပဲ။ အခုအဖြစ်အပျက်တွေဟာ စိတ်ထိခိုက်စရာတွေပါ”လို့ ပြောဆိုခဲ့ပါတယ်။

ကာဖျူးထုတ်ထားခဲ့ပေမယ့် ဗုဒ္ဓဟူးညမှာလည်း ဆယ်ဂဏန်းတချို့ရှိတဲ့မြို့တွေမှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

အများစုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ အကြမ်းပတမ်းမှုတွေရဲ့ အဆိုးဆုံးကာလကို ကျော်လွန်သွားခဲ့ပြီလို့ ယူဆပြီး တင်းကျပ်မှုတွေလျှော့ချပေးခဲ့တဲ့ လော့စ်အိန်ဂျယ်လိစ်၊ ရှီကာဂိုတို့ အပါအဝင် မြို့ကြီးတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးခဲ့ပါတယ်။

မစ္စတာဖလွိုက်ဟာ ဧပြီလဆန်းပိုင်းတုန်းက ကိုရိုနာဗိုင်းရပ်စ်ရခဲ့ဖူးတယ်လို့ ရင်ခွဲစစ်ဆေးမှု ရလဒ်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ သူသေဆုံးရတာဟာ ကိုရိုနာ ဖြစ်ခဲ့တာနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိဘူးလို့လည်းဆေးစာမှာ အလေးအနက်ထား ဖော်ပြထားပါတယ်။

BBC Burmese
--------------------------------
(Zawgyi)⤵⤵⤵
သမၼတထရမ့္ကို သူ႔ကာကြယ္ေရးဝန္ႀကီးေဟာင္းက ေဝဖန္ရႈတ္ခ်

သမၼတေဒၚနယ္ထရမ့္ဟာ ျပည္သူေတြ ေသြးကြဲေအာင္ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ မီးထိုးေပးေနတယ္လို႔ ကာကြယ္ေရးဝန္ႀကီးေဟာင္း ဂ်ိမ္းမက္တစ္က ေဝဖန္ရႈတ္ခ်လိုက္ပါတယ္။

လူမည္းအမ်ိဳးသား ေဂ်ာ့ဖလြိဳက္ေသဆုံးမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ ဆႏၵျပပြဲေတြအေပၚ သမၼတထရမ့္ကိုင္တြယ္ပုံနဲ႔ပတ္သက္ၿပီး ေဒါသထြက္စိတ္ပ်က္မိတယ္လို႔လည္း သူက ဆိုပါတယ္။

သမၼတထရမ့္ဟာ အာဏာအလြဲသုံးစားလုပ္ေနတယ္လို႔လည္း အျပစ္တင္ပါတယ္။

ဆႏၵျပသူေတြကိုေတာ့ သူတို႔ဟာ အေမရိကန္တန္ဖိုးေတြကို ဆုပ္ကိုင္ေနၾကတာလို႔ သမၼတေဟာင္း ဘားရက္အိုဘားမားနည္းတူေျပာဆိုၿပီး ေထာက္ခံခဲ့ပါတယ္။

သမၼတထရမ့္က ဝန္ႀကီးေဟာင္း ဂ်ိမ္းမက္တစ္ကို “ထင္သေလာက္ သိပ္အျဖစ္မရွိတဲ့ ဗိုလ္ခ်ဳပ္ႀကီး”လို႔ ဆိုခဲ့ဖူးပါတယ္။

အေမရိကန္တပ္ဖြဲ႕ေတြ ဆီးရီးယားက ဆုတ္ခြာဖို႔ သမၼတထရမ့္ဆုံးျဖတ္ခဲ့ခ်ိန္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာမွာ ဂ်ိမ္းမက္တစ္ ရာထူးက ႏုတ္ထြက္ခဲ့တာပါ။

ရာထူးႏုတ္ထြက္ခ်ိန္ေနာက္ပိုင္းမွာ သူဟာ ဘာမွေျပာဆိုေဝဖန္မႈမရွိခဲ့ပါဘူး။ ဒါေပမယ့္ မေန႔က ေမလ ၃ ရက္ ဗုဒၶဟူးေန႔မွာေတာ့ သမၼတထရမ့္နဲ႔ပတ္သက္တဲ့ အျပစ္တင္ေဝဖန္မႈေတြဟာ အတၱလႏၲိတ္မဂၢဇင္းမွာ ပါလာခဲ့ပါတယ္။

သူ႔အေပၚက်ေရာက္လာတဲ့ ေဝဖန္မႈအသစ္ကို တြစ္တာကေန စာတိုေတြ စီးရီးလိုက္တင္ၿပီး သမၼတထရမ့္က တုံ႔ျပန္ခဲ့ပါတယ္။ မစၥတာမက္တစ္ကို သူရာထူးက ျဖဳတ္ပစ္ခဲ့တာလို႔ ဆိုထားပါတယ္။

“သူ႔ရဲ႕ေခါင္းေဆာင္မႈေပးတဲ့ပုံစံ အပါအဝင္ သူမႀကိဳက္တာေတြ အမ်ားႀကီးပဲလို႔ သမၼတထရမ့္က ဆိုၿပီး တျခားလူေတြကလည္း သူ႔သေဘာနဲ႔ တထပ္တည္းပဲ”လို႔ ဆိုပါတယ္။

သူထြက္သြားတာ ဝမ္းသာပါတယ္လို႔လည္း ေျပာလိုက္ပါေသးတယ္။

ေဂ်ာ့ဖလြိဳက္ေသဆုံးမႈ ျဖစ္ပြားေစခဲ့တဲ့ ရဲအရာရွိ ၄ ေယာက္ကို တရားစြဲဆိုမႈ အသစ္ေတြ ျပဳလုပ္ၿပီးေနာက္ပိုင္းမွာ အခုလို သမၼတထရမ့္နဲ႔ ကာကြယ္ေရးဝန္ႀကီးေဟာင္း ဂ်ိမ္းမက္တစ္တို႔ရဲ႕ အျပန္အလွန္ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပါ။

ေဂ်ာ့ဖလြိဳက္ေသဆုံးမႈအတြက္ အဓိက တာဝန္ရွိသူ ဒဲရက္ေခ်ာ္ဗင္ကို မူလက တတိယအဆင့္လူသတ္မႈနဲ႔ စြပ္စြဲထားရာကေန အခု ဒုတိယအဆင့္လူသတ္မႈနဲ႔ ေျပာင္းလဲ စြဲဆိုလိုက္တာ ျဖစ္သလို က်န္တဲ့ ရဲအရာရွိ ၃ ေယာက္ကိုလည္း အရင္က အမႈမဖြင့္ဘဲ ထားရာကေန အခုေတာ့ လူသတ္မႈမွာ ပါဝင္ အားေပးသူေတြ အျဖစ္ တရားစြဲဆိုလိုက္တာ ျဖစ္ပါတယ္။

ေဂ်ာ့ဖလြိဳက္ေသဆုံးမႈဟာ အေမရိကန္ျပည္ေထာင္းစုတဝန္းမွာ ႀကီးမားတဲ့ ဆႏၵျပပြဲႀကီးေတြ ျဖစ္ေပၚလာေစတဲ့ မီးပြားေလးတစ ျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၉ ရက္ အတြင္းျဖစ္ပြားခဲ့တဲ့ ဆႏၵျပပြဲေတြမွာ ပါဝင္သူ အမ်ားစုဟာ ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ့တာ ျဖစ္ေပမယ့္ တခ်ိဳ႕အၾကမ္းပတမ္း လုပ္ေဆာင္မႈေတြ ထြက္ေပၚခဲ့ပါတယ္။ ဒါ့ေၾကာင့္ ၿမိဳ႕တခ်ိဳ႕မွာ ညမထြက္ရ ကာဖ်ဴးအမိန္႔ထုတ္ျပန္ထားပါတယ္။

ဂ်ိမ္းမက္တစ္ ဘာေျပာလဲ

“အေမရိကန္ျပည္သူေတြ ေသြးစည္းညီၫြတ္လာဖို႔ မႀကိဳးစားတဲ့ သမၼတမ်ိဳးကို သူ႔တသက္မွာ ဒီတခါပဲေတြ႕ဖူးေသးတယ္။ သမၼတထရမ့္ဟာ အေမရိကန္ျပည္သူေတြ ေသြးစည္းလာေအာင္ ဟန္ေဆာင္ပန္ေဆာင္ေလးေတာင္ ႀကိဳးစားမျပ႐ုံသာမက ေသြးကြဲေအာင္ေတာင္ လုပ္လိုက္ပါေသးတယ္”လို႔ ဂ်ိမ္းမက္တစ္က အႏၲလႏၲိတ္ မဂၢဇင္းမွာေရးသားခဲ့ပါတယ္။

အဲသလို ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္တာမ်ိဳးကို ကြၽန္ေတာ္တို႔ ၃ ႏွစ္လုံးလုံး ႀကဳံေတြ႕ခဲ့ရၿပီးပါၿပီ။ ၃ ႏွစ္အတြင္းမွာ ရင့္က်က္တဲ့ ေခါင္းေဆာင္မႈမ်ိဳး ကင္းမဲ့ေနခဲ့ပါတယ္လို႔လည္း သူက ဆက္လက္ေရးသားပါတယ္။

အသားအေရာင္ခြဲျခားမႈ ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြကိုလည္း ဂ်ိမ္းမက္တစ္က ဆက္လက္ရည္ၫႊန္း ေျပာဆိုပါတယ္။

“ဥပေဒခ်ိဳးေဖာက္တဲ့ လူနည္းစုေလးကိုပဲ အာ႐ုံျပဳလို႔ မျဖစ္ဘူး။ ဆႏၵျပပြဲေတြဟာ လူေပါင္းေသာင္းဂဏန္းမ်ားစြာရဲ႕ ယုံၾကည္မႈေတြက ထြက္ေပၚလာတာ။ အဲဒီယုံၾကည္မႈဆိုတာေတြကလည္း အေမရိကန္ျပည္ေထာင္စုရယ္လို႔ ျဖစ္ေပၚလာေစတဲ့ တန္ဖိုးေတြကို ခုခံကာကြယ္ေနတဲ့ ယုံၾကည္မႈေတြ”လို႔ ဂ်ိမ္းမက္တစ္က ဆိုပါတယ္။

အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး ဂ်ိမ္းမက္တစ္က သမၼတရဲ႕ ႏိုင္ငံျခားေရးမူဝါဒတခုလုံးကိုလည္း ေဝဖန္ခဲ့သလို ဆႏၵျပပြဲေတြကို ထိန္းသိမ္းဖို႔ စစ္တပ္ အသုံးျပဳတာကိုလည္း ရႈတ္ခ်ခဲ့ပါတယ္။

“ႏိုင္ငံသားေတြရဲ႕ အေျခခံဥပေဒပါ အခြင့္အေရးေတြကို ေသြဖည္ေအာင္လုပ္ရမယ့္ အေျခအေနမ်ိဳးအတြက္ စစ္တပ္ကို အမိန္႔ေပးအသုံးခ်ခံရလိမ့္မယ္လို႔ အရင္က အိပ္မက္ေတာင္ မမက္ခဲ့ဖူးပါဘူး”လို႔ သူက ဆိုပါတယ္။

“ဝါရွင္တန္ဒီစီမွာ ကြၽန္ေတာ္တို႔ ႀကဳံေတြ႕ခဲ့ရသလိုမ်ိဳး စစ္တပ္အသုံးျပဳ ခ်ထားလိုက္တာဟာ စစ္တပ္နဲ႔ျပည္သူအၾကား ပဋိပကၡျဖစ္ေအာင္ လုပ္တာပါပဲ”လို႔ သူက ျဖည့္စြက္ေရးသားပါတယ္။

အိမ္ျဖဴေတာ္အနီး ဥယ်ာဥ္ထဲက ဆႏၵျပသူေတြကို မ်က္ရည္ယိုဗုံးနဲ႔ ရာဘာက်ည္ဆံေတြ အသုံးျပဳ လူစုခြဲခဲ့တဲ့ ဒီသီတင္းပတ္ေစာေစာပိုင္းတုန္းက အျဖစ္အပ်က္ကို မစၥတာ မက္တစ္က ဆိုလိုတာ ျဖစ္ပါတယ္။

အဲသလို ျဖစ္ပ်က္ခဲ့ၿပီးေနာက္ မၿငိမ္မသက္မႈေတြအတြင္း မီးရႈိ႕မႈေၾကာင့္ ပ်က္ဆီးမႈတခ်ိဳ႕ျဖစ္ခဲ့တဲ့ ဘုရာရွိခိုးေက်ာင္းေရွ႕မွာ မစၥတာ ထရမ့္က ဓာတ္ပုံ႐ိုက္ခံခဲ့ပါတယ္။

အဲသလို ဓာတ္ပုံ႐ိုက္ခံခဲ့တဲ့ အတြက္ ဒီမိုကရက္ပါတီေခါင္းေဆာင္ပိုင္းနဲ႔ ဘာသာေရးေခါင္းေဆာင္ေတြရဲ႕ ေဝဖန္မႈကို ခံခဲ့ရပါတယ္။ ဓာတ္ပုံ႐ိုက္တဲ့ ရည္႐ြယ္ခ်က္ဟာ ဆႏၵျပသူေတြကို ပစ္မွတ္ထားတာပဲလို႔ စြပ္စြဲေဝဖန္ၾကတာပါ။

အဲဒီဓာတ္ပုံနဲ႔ ပတ္သက္ၿပီး အလြန္ထူးဆန္းတဲ့ ဓာတ္ပုံပါပဲလို႔ မစၥတာမက္တစ္က ရယ္သြမ္းေသြးခဲ့ပါတယ္။

ဆႏၵျပသူေတြကို ဥယ်ာဥ္ထဲက ဖယ္ရွားခဲ့တဲ့လုပ္ရပ္ကိုလည္း သမၼတ အာဏာ အလြဲသုံးစားလုပ္မႈ လို႔ သူက ဆိုပါတယ္။

ဒီလိုဆႏၵျပမႈမ်ိဳးကို ၿငိမ္းခ်မ္းတဲ့ ဆႏၵျပမႈလို႔ ေခၚႏိုင္သလားလို႔ သမၼတထရမ့္က အႀကိမ္ႀကိမ္ေမးခြန္းထုတ္ခဲ့ပါတယ္။ ပန္းၿခံကို ျဖတ္ေလွ်ာက္ၿပီး ဘုရားရွိခိုးေက်ာင္းေရွ႕မွာ သူဓာတ္ပုံ႐ိုက္ခဲ့တာကိုလည္း လူေတြက သေဘာက်ၾကတယ္လို႔ သူက ဆိုပါတယ္။

ဗုဒၶဟူးေန႔တုန္းက အိမ္ျဖဴေတာ္ ျပန္ၾကားေရး အတြင္းဝန္ေဟာင္း ေရွာင္စပိုက္ဆာနဲ႔ အင္တာဗ်ဴးမွာလည္း သူက ဒီအခ်က္ကို ခုခံေျပာၾကားသြားခဲ့ပါတယ္။ ဒီေဆာင္႐ြက္ခ်က္ကို ဘာသာေရးေခါင္းေဆာင္ေတြက ႏွစ္သက္ၾကတယ္လို႔ ဆိုသြားပါတယ္။

သမၼတေဟာင္းအိုဘားမားရဲ႕ ဆႏၵျပပြဲအေပၚအျမင္

“အခုေလာေလာဆယ္ဆႏၵျပပြဲ အရွိန္အဟုန္ေတြကေန အေျပာင္းအလဲ တခုအတြက္ လမ္းေၾကာင္းေဖာ္ေဆာင္ႏိုင္ေရးဟာ အလြန္အေရးႀကီးတဲ့အခ်က္”လို႔ သမၼတေဟာင္း အိုဘားမားက ဆိုပါတယ္။

“သူ႔တသက္ႀကဳံဖူးသမွ်ထဲမွာ အခုဆႏၵျပပြဲေတြဟာ အေလးနက္ဆုံးပဲ”လို႔ မစၥတာဖလြိဳက္ေသဆုံးမႈနဲ႔ ပတ္သက္တဲ့ ပထမဆုံးသူ႔ဗြီဒီယိုထဲမွာ မစၥတာအိုဘားမားက ေျပာခဲ့ပါတယ္။

“လူ႔အဖြဲ႕အစည္းအတြင္းမွာခိုေအာင္းေနတဲ့ ျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔ အတြက္ အခြင့္အေရးကို အမိအရ ဆုပ္ကိုင္ၾကပါ”လို႔ အေမရိကန္ျပည္သူေတြကို သူက ေဆာ္ၾသခဲ့ပါတယ္။

“အၾကမ္းပတမ္းလုပ္ေဆာင္ခ်က္တခ်ိဳ႕ဟာ ခင္ဗ်ားတို႔အတြက္ ေဆာင္႐ြက္ေပးရမယ့္သူ၊ ခင္ဗ်ားတို႔ကို အကာအကြယ္ေပးရမယ့္သူေတြဆီက ထြက္ေပၚလာတာလည္း မၾကာခဏ ျဖစ္တတ္ပါတယ္” လို႔ မစၥတာ အိုဘားမားက သတိေပးခဲ့ပါတယ္။

“ခင္ဗ်ားတို႔ဟာ အေရးပါသူေတြ ျဖစ္တယ္။ ခင္ဗ်ားတို႔ ဘဝေတြဟာ အေရးပါတယ္။ ခင္ဗ်ားတို႔ အိပ္မက္ေတြဟာလည္း အေရးပါတယ္ဆိုတာ သိေစခ်င္တယ္”လို႔လည္း သူက ဆိုပါတယ္။

“အရင္ကရွိထားတဲ့ ခံယူခ်က္ေတြ ေျပာင္းလဲလာၿပီ။ ကြၽန္ေတာ္တို႔ ပိုေကာင္းေအာင္ ျပဳျပင္ႏိုင္တယ္လို႔ အသိအမွတ္ျပဳလာၾကၿပီ”လို႔မစၥတာအိုဘားမားက ဆက္လက္ ေျပာဆိုပါတယ္။

မစၥတာ အိုဘားမားဟာ သမၼတထရမ့္ရဲ႕ ကိုင္တြယ္ေဆာင္႐ြက္ပုံကို တိုက္႐ိုက္မွတ္ခ်က္ေပးေျပာဆိုတာမ်ိဳး မလုပ္ပါဘူး။

ဒါေပမယ့္ ႏိုင္ငံတဝန္းက ၿမိဳ႕ဝန္ေတြအေနနဲ႔ အင္အားသုံးတဲ့ေပၚလစီကို ျပန္လည္သုံးသပ္ၾကပါလို႔ သူက တိုက္တြန္းခဲ့ပါတယ္။

ၿဗိတိန္ေတာ္ဝင္မင္းသားရဲ႕ဇနီး ဆပ္ဆက္ၿမိဳ႕စားဘြဲ႕ရ ေရခ်ယ္မီဂန္မာကဲကလည္း မစၥတာဖလြိဳက္ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး “သူ႔အသက္လည္း အဖိုးတန္တာပါပဲ။ အခုအျဖစ္အပ်က္ေတြဟာ စိတ္ထိခိုက္စရာေတြပါ”လို႔ ေျပာဆိုခဲ့ပါတယ္။

ကာဖ်ဴးထုတ္ထားခဲ့ေပမယ့္ ဗုဒၶဟူးညမွာလည္း ဆယ္ဂဏန္းတခ်ိဳ႕ရွိတဲ့ၿမိဳ႕ေတြမွာ ဆႏၵျပပြဲေတြ ဆက္လက္ျဖစ္ပြားခဲ့ပါတယ္။

အမ်ားစုဟာ ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ့ၾကပါတယ္။ အၾကမ္းပတမ္းမႈေတြရဲ႕ အဆိုးဆုံးကာလကို ေက်ာ္လြန္သြားခဲ့ၿပီလို႔ ယူဆၿပီး တင္းက်ပ္မႈေတြေလွ်ာ့ခ်ေပးခဲ့တဲ့ ေလာ့စ္အိန္ဂ်ယ္လိစ္၊ ရွီကာဂိုတို႔ အပါအဝင္ ၿမိဳ႕ႀကီးေတြမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ၿပီးဆုံးခဲ့ပါတယ္။

မစၥတာဖလြိဳက္ဟာ ဧၿပီလဆန္းပိုင္းတုန္းက ကို႐ိုနာဗိုင္းရပ္စ္ရခဲ့ဖူးတယ္လို႔ ရင္ခြဲစစ္ေဆးမႈ ရလဒ္မွာ ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ သူေသဆုံးရတာဟာ ကို႐ိုနာ ျဖစ္ခဲ့တာနဲ႔ ဘယ္လိုမွ ပတ္သက္မႈ မရွိဘူးလို႔လည္းေဆးစာမွာ အေလးအနက္ထား ေဖာ္ျပထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52926418
သမ္မတထရမ့်ကို သူ့ကာကွယ်ရေးဝန်ကြီးဟောင်းက ဝေဖန်ရှုတ်ချ သမ္မတထရမ့်ကို သူ့ကာကွယ်ရေးဝန်ကြီးဟောင်းက ဝေဖန်ရှုတ်ချ Reviewed by THITHTOOLWIN on 04:14 Rating: 5
Powered by Blogger.