ခိုလမ်တွင် ကျွန်းသစ်တင် ကား ၁၃ စီး နှင့် အတူ ယာဉ်မောင်း တဦး ဖမ်းဆီးရ

Photo by cincds – ခိုလမ်တွင်မီနီဘတ်စ်အတွင်း ကျွန်းသစ်များတင်ဆောင်သည့် (မောင်းသူမဲ့ )ကားဖမ်းမိ
(Unicode)⤵⤵⤵
သျှမ်းပြည်တောင်ပိုင်း ရလခတိုင်းစိုက်ရာ ခိုလမ်မြို့နယ် အတွင်း ကျွန်းသစ် တင်ဆောင်သည့် မော်တော်ယာဉ်  ၁၃  စီး အားဖမ်းဆီးမိရာ   တရားခံ တဦးတည်းသာ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။

ဇွန် ၁ ရက် နေ့လည် ၁၁ နာရီက   ခိုလမ်မြို့နယ်ခွဲအတွင်း ခိုလမ်- ကွန်ဟိန်း ပြည်ထောင်စုလမ်းမကြီးပေါ် တွင် ရပ်တန့်ထားသည့် စူပါကာစတန် အမျိုးအစား ယာဉ်ငယ် ၁၃ စီးကို အာဏာပိုင်များ စစ်ဆေးရာ ကျွန်းခွဲသားပေါင်း (၈၃၇)ချောင်း (၁၅)တန် ကို ဖမ်းဆီးရမိခဲ့သော်လည်း ထိုကား ၁၃ စီးတွင် ကားသမား တဦးသာ ဖမ်းဆီးရမိကြောင်း ကျန်ကားသမား ၁၂ ဦး မှာ ထွက်ပြေးလွှတ်မြောက်နေကြောင်း လွိုင်လင်မြို့ နယ် သစ်တော ဦးစီးအရာရှိ ဦးပြည့်ဟိန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ယာဉ် ၁၃ စီးမှာ တစ်စီး က တရားခံ မိတယ်။ ၁၂ စီးက ပိုင်ရှင် မတွေ့ရှိရပဲ ဖမ်းဆီး ရမိတယ်” ဟု လွိုင်လင်မြို့နယ် သစ်တော ဦးစီးအရာရှိ ဦးပြည့်ဟိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။
Photo by cincds – ခိုလမ်တွင် ကျွန်းသစ်များတင်ဆောင်သည့် (မောင်းသူမဲ့ )ကားများဖမ်းမိ
တရားခံကို ဆက်လက်ရှာဖွေနေပြီး၊ လက်ရှိ ဖမ်းဆီးရမိသူကို ခိုလမ်ရဲစခန်းတွင် သစ်တော ဥပဒေ ပုဒ်မ (၄၃) (က) နှင့် အမှုဖွင့်ထားကြောင်း ဦးပြည့်ဟိန်း က ဆိုသည်။

ထိုနည်းတူ သျှမ်းပြည် တောင်ပိုင်း ကျိုင်းတောင်း မြို့နယ် တွင် ဇွန် ၂ ရက် မနက် ၁၁နာရီ ၌ တရားမဝင် ပိတောက်သစ်ခွဲသားဆိုဒ်စုံ ၁၀ တန် နှင့် ကျွန်းသစ်ခွဲသားဆိုဒ် စုံ ၂၀ တန်  တို့ကိုတင်ဆောင်လာသည့်  လိုင်စင်မဲ့ ယာဉ် ၅ စီး ကို ဖမ်းဆီးရမိကြောင်းသိရသည်။

ပြီးခဲ့သည့် မေ နောက်ဆုံး ပတ်ကလည်း လွိုင်လင်မြို့နယ်တွင် သစ်တံခါး ၉ ရွက် ကို အရေးပေါ် ကားဖြင့် တင်ဆောင်လာသည့် ဆရာဝန် တစ်ဦးကို ဖမ်းဆီးရမိကြောင်းသိရသည်။

By နန်းဆိုင်ဖူး - သျှမ်းသံတော်ဆင့်
--------------------------------------
(Zawgyi)⤵⤵⤵
ခိုလမ္တြင္ ကြၽန္းသစ္တင္ ကား ၁၃ စီး ႏွင့္ အတူ ယာဥ္ေမာင္း တဦး ဖမ္းဆီးရ

သွ်မ္းျပည္ေတာင္ပိုင္း ရလခတိုင္းစိုက္ရာ ခိုလမ္ၿမိဳ႕နယ္ အတြင္း ကြၽန္းသစ္ တင္ေဆာင္သည့္ ေမာ္ေတာ္ယာဥ္  ၁၃  စီး အားဖမ္းဆီးမိရာ   တရားခံ တဦးတည္းသာ ဖမ္းဆီးရမိေၾကာင္း စုံစမ္းသိရသည္။

ဇြန္ ၁ ရက္ ေန႔လည္ ၁၁ နာရီက   ခိုလမ္ၿမိဳ႕နယ္ခြဲအတြင္း ခိုလမ္- ကြန္ဟိန္း ျပည္ေထာင္စုလမ္းမႀကီးေပၚ တြင္ ရပ္တန႔္ထားသည့္ စူပါကာစတန္ အမ်ိဳးအစား ယာဥ္ငယ္ ၁၃ စီးကို အာဏာပိုင္မ်ား စစ္ေဆးရာ ကြၽန္းခြဲသားေပါင္း (၈၃၇)ေခ်ာင္း (၁၅)တန္ ကို ဖမ္းဆီးရမိခဲ့ေသာ္လည္း ထိုကား ၁၃ စီးတြင္ ကားသမား တဦးသာ ဖမ္းဆီးရမိေၾကာင္း က်န္ကားသမား ၁၂ ဦး မွာ ထြက္ေျပးလႊတ္ေျမာက္ေနေၾကာင္း လြိဳင္လင္ၿမိဳ႕ နယ္ သစ္ေတာ ဦးစီးအရာရွိ ဦးျပည့္ဟိန္း က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

“ယာဥ္ ၁၃ စီးမွာ တစ္စီး က တရားခံ မိတယ္။ ၁၂ စီးက ပိုင္ရွင္ မေတြ႕ရွိရပဲ ဖမ္းဆီး ရမိတယ္” ဟု လြိဳင္လင္ၿမိဳ႕နယ္ သစ္ေတာ ဦးစီးအရာရွိ ဦးျပည့္ဟိန္း က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။

တရားခံကို ဆက္လက္ရွာေဖြေနၿပီး၊ လက္ရွိ ဖမ္းဆီးရမိသူကို ခိုလမ္ရဲစခန္းတြင္ သစ္ေတာ ဥပေဒ ပုဒ္မ (၄၃) (က) ႏွင့္ အမႈဖြင့္ထားေၾကာင္း ဦးျပည့္ဟိန္း က ဆိုသည္။

ထိုနည္းတူ သွ်မ္းျပည္ ေတာင္ပိုင္း က်ိဳင္းေတာင္း ၿမိဳ႕နယ္ တြင္ ဇြန္ ၂ ရက္ မနက္ ၁၁နာရီ ၌ တရားမဝင္ ပိေတာက္သစ္ခြဲသားဆိုဒ္စုံ ၁၀ တန္ ႏွင့္ ကြၽန္းသစ္ခြဲသားဆိုဒ္ စုံ ၂၀ တန္  တို႔ကိုတင္ေဆာင္လာသည့္  လိုင္စင္မဲ့ ယာဥ္ ၅ စီး ကို ဖမ္းဆီးရမိေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ ေမ ေနာက္ဆုံး ပတ္ကလည္း လြိဳင္လင္ၿမိဳ႕နယ္တြင္ သစ္တံခါး ၉ ႐ြက္ ကို အေရးေပၚ ကားျဖင့္ တင္ေဆာင္လာသည့္ ဆရာဝန္ တစ္ဦးကို ဖမ္းဆီးရမိေၾကာင္းသိရသည္။

By နန္းဆိုင္ဖူး - သွ်မ္းသံေတာ္ဆင့္
https://burmese.shannews.org/archives/16923
ခိုလမ်တွင် ကျွန်းသစ်တင် ကား ၁၃ စီး နှင့် အတူ ယာဉ်မောင်း တဦး ဖမ်းဆီးရ ခိုလမ်တွင် ကျွန်းသစ်တင် ကား ၁၃ စီး နှင့် အတူ ယာဉ်မောင်း တဦး ဖမ်းဆီးရ Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.