ရုရှား- မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုပြီး တိုးမြှင့်သင့် (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)

ရုရှားနိုင်ငံ RT သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားနေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဇွန် ၂၄၊ ၂၀၂၀။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
(Unicode)⤵⤵⤵
ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးမှာ စစ်ရေးသာမက စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံမှာ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သင့်တယ်လို့ အလားအလာရှိတဲ့ မြန်မာ့ အနာဂတ်ခေါင်းဆောင်အဖြစ် ရုရှားရုပ်သံတခုရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံ RT သတင်းဌာနက ဇွန်လ ၂၆ ရက်နေ့က ထုတ်လွှင့်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှား-မြန်မာ ဆက်ဆံရေး ခိုင်မာပြီး တိုးတက်ဖို့ လုပ်ဆောင်သင့်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်ကို ပြောဆိုခဲ့တာပါ။

ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ဇွန်လ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ Victory Day of Great Patriotic War ၇၅ နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို RT သတင်းဌာနက တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေး ထိပ်ပိုင်းမှာရှိနေတဲ့ တပ်မတော်ခေါင်းဆောင်တဦး အနေနဲ့ တကယ်လို့ အနာဂတ်မှာလည်း ဒီလို ထိပ်ပိုင်းနေရာမျိုးမှာ ဆက်ပြီးရှိနေမယ်ဆိုရင် ရုရှားနဲ့ဆက်ဆံရေး ပိုပြီး တိုးတက်ကောင်းမွန်ဖို့ သီးခြားရည်ရွယ်ချက်တွေ ရှိပါသလားလို့ သတင်းထောက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မေးတဲ့အခါမှာ သူက အခုလို ဖြေဆိုခဲ့ပါတယ်။

"ကျနော်ကတော့ ဘယ်နေရာရောက်ရောက် ပူးပေါင်းဆောင်ရွက်ရေး ပိုပြီးခိုင်မာအောင် ဆောင်ရွက်မှာပါ။ ကဏ္ဍပေါင်းစုံမှာ တိုးမြှင့်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု ပိုပြီး တိုးမြှင့်သင့်ပါတယ်။ ဒေသတွင်း တည်ငြိမ်ရေး လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးပါတယ်။"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သက်တမ်း ၉ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူတဦး အနေနဲ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းမှာ နောက်လာမယ့် ခေါင်းဆောင်သစ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် စဉ်းစားကြည့်ရင်ရောလို့ မေးတဲ့အခါမှာတော့ ဗိုလ်ချုပ်မှူးကြီးက အတိအကျ ဖြေကြားခဲ့ခြင်း မရှိပါဘူး။

နှစ်ပေါင်း ၂၀ ကျော် ရှိလာပြီဖြစ်တဲ့ ရုရှားနဲ့ မြန်မာ စစ်ဘက် နည်းပညာဆက်ဆံရေးမှာ ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ခိုင်မာဖို့လည်း အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် မတ်လ ၂၇ ရက်နေ့က မကျင်းပဖြစ်ခဲ့တဲ့ တပ်မတော် ၇၅ နှစ် စိန်ရတုနှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားကို မိုးရာသီအကုန်မှာ ခမ်းခမ်းနားနား ကျင်းပဖို့ စဉ်းစားနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က RT သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးရဲ့ တပတ်ကြာ ရုရှားနိုင်ငံခရီးစဉ် အပြန်မှာ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ရုရှားကနေ မြန်မာကို ပြန်ဖို့ အခက်အခဲရှိနေတဲ့ ပညာတော်သင် သင်တန်းသား၊ သင်တန်းသူ ၂၂ ဦးတို့ကိုလည်း တပါတည်း ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
႐ုရွား- ျမန္မာ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ ပိုၿပီး တိုးျမႇင့္သင့္ (ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္)

႐ုရွားႏိုင္ငံနဲ႔ ဆက္ဆံေရးမွာ စစ္ေရးသာမက စီးပြားေရးနဲ႔ က႑ေပါင္းစုံမွာ ခိုင္မာတဲ့ ပူးေပါင္းေဆာင္႐ြက္မႈကို တိုးျမႇင့္သင့္တယ္လို႔ အလားအလာရွိတဲ့ ျမန္မာ့ အနာဂတ္ေခါင္းေဆာင္အျဖစ္ ႐ုရွား႐ုပ္သံတခုရဲ႕ ေတြ႕ဆုံေမးျမန္းခန္းမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ပါတယ္။

႐ုရွားႏိုင္ငံ RT သတင္းဌာနက ဇြန္လ ၂၆ ရက္ေန႔က ထုတ္လႊင့္တဲ့ ေတြ႕ဆုံေမးျမန္းခန္းမွာ ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႐ုရွား-ျမန္မာ ဆက္ဆံေရး ခိုင္မာၿပီး တိုးတက္ဖို႔ လုပ္ေဆာင္သင့္တဲ့ ကိစၥရပ္ေတြနဲ႔ ပတ္သက္လို႔ သူ႔ရဲ႕အျမင္ကို ေျပာဆိုခဲ့တာပါ။

႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ေတာ္မွာ ဇြန္လ ၂၄ ရက္ေန႔က က်င္းပခဲ့တဲ့ Victory Day of Great Patriotic War ၇၅ ႏွစ္ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားကို တက္ေရာက္လာတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို RT သတင္းဌာနက ေတြ႕ဆုံေမးျမန္းခြင့္ ရခဲ့ပါတယ္။

ျမန္မာႏိုင္ငံ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အုပ္ခ်ဳပ္ေရး ထိပ္ပိုင္းမွာရွိေနတဲ့ တပ္မေတာ္ေခါင္းေဆာင္တဦး အေနနဲ႔ တကယ္လို႔ အနာဂတ္မွာလည္း ဒီလို ထိပ္ပိုင္းေနရာမ်ိဳးမွာ ဆက္ၿပီးရွိေနမယ္ဆိုရင္ ႐ုရွားနဲ႔ဆက္ဆံေရး ပိုၿပီး တိုးတက္ေကာင္းမြန္ဖို႔ သီးျခားရည္႐ြယ္ခ်က္ေတြ ရွိပါသလားလို႔ သတင္းေထာက္က ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ေမးတဲ့အခါမွာ သူက အခုလို ေျဖဆိုခဲ့ပါတယ္။

"က်ေနာ္ကေတာ့ ဘယ္ေနရာေရာက္ေရာက္ ပူးေပါင္းေဆာင္႐ြက္ေရး ပိုၿပီးခိုင္မာေအာင္ ေဆာင္႐ြက္မွာပါ။ က႑ေပါင္းစုံမွာ တိုးျမႇင့္ေဆာင္႐ြက္ဖို႔ လိုအပ္ေနပါတယ္။ စီးပြားေရးအရ ပူးေပါင္းေဆာင္႐ြက္မႈ ပိုၿပီး တိုးျမႇင့္သင့္ပါတယ္။ ေဒသတြင္း တည္ၿငိမ္ေရး လုံၿခဳံေရးအရ ပူးေပါင္းေဆာင္႐ြက္မႈကလည္း အေရးႀကီးပါတယ္။"

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ သက္တမ္း ၉ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့သူတဦး အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ အုပ္ခ်ဳပ္ေရးပိုင္းမွာ ေနာက္လာမယ့္ ေခါင္းေဆာင္သစ္အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ စဥ္းစားၾကည့္ရင္ေရာလို႔ ေမးတဲ့အခါမွာေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးက အတိအက် ေျဖၾကားခဲ့ျခင္း မရွိပါဘူး။

ႏွစ္ေပါင္း ၂၀ ေက်ာ္ ရွိလာၿပီျဖစ္တဲ့ ႐ုရွားနဲ႔ ျမန္မာ စစ္ဘက္ နည္းပညာဆက္ဆံေရးမွာ ဆက္လက္ၿပီးေတာ့ ပူးေပါင္းေဆာင္႐ြက္ေရး တိုးျမႇင့္ခိုင္မာဖို႔လည္း အေရးႀကီးေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ မတ္လ ၂၇ ရက္ေန႔က မက်င္းပျဖစ္ခဲ့တဲ့ တပ္မေတာ္ ၇၅ ႏွစ္ စိန္ရတုႏွစ္ပတ္လည္ေန႔ စစ္ေရးျပအခမ္းအနားကို မိုးရာသီအကုန္မွာ ခမ္းခမ္းနားနား က်င္းပဖို႔ စဥ္းစားေနေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က RT သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

ဇြန္လ ၂၅ ရက္ေန႔က ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕ တပတ္ၾကာ ႐ုရွားႏိုင္ငံခရီးစဥ္ အျပန္မွာ COVID-19 ေရာဂါ ျဖစ္ပြားမႈေၾကာင့္ ႐ုရွားကေန ျမန္မာကို ျပန္ဖို႔ အခက္အခဲရွိေနတဲ့ ပညာေတာ္သင္ သင္တန္းသား၊ သင္တန္းသူ ၂၂ ဦးတို႔ကိုလည္း တပါတည္း ျပန္လည္ေခၚေဆာင္လာခဲ့ေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/senior-general-min-aung-hlaing-interview-with-russia-rt/5481270.html
ရုရှား- မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုပြီး တိုးမြှင့်သင့် (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ရုရှား- မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုပြီး တိုးမြှင့်သင့် (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.