အီရန်မှာဖမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား ပြန်လွတ်


(Unicode)⤵⤵⤵
အီရန်မှာ ၂ နှစ်နီးပါး အဖမ်းခံနေရတဲ့ အမေရိကန် ရေတပ်သားဟောင်း Michael White ကို အီရန်အစိုးရက ကြာသပတေးနေ့မှာ ပြန်လွှတ်ပေးလိုက်ပါပြီ။

သူဟာ ဆွစ်ဇလန်အစိုးရ လေယာဉ်နဲ့ အီရန်ကနေ Zurich မြို့ကို ထွက်ခွါခဲ့ပြီး အဲဒီမှာ အီရန်ဆိုင်ရာ အမေရိကန်အထူးသံတမန် Brian Hook နဲ့ ရော ဆရာဝန်နဲ့ပါ တွေ့ဆုံပြီးမှ အမေရိကန်နိုင်ငံကို ပြန်မှာ ဖြစ်ပါတယ်။

သူ့မိခင်ကတော့ သားဖြစ်သူ အမေရိကန် လက်ထဲ ပြန်ရောက်လာပြီး အိမ်ပြန်လာနိုင်တော့မယ်လို့ ဝမ်းမြောက်ဝမ်းသာ ကြေညာခဲ့သလို အခုလို သားဖြစ်သူ ပြန်လွတ်လာတာအောင် အီရန်တွေကိုတွန်းအားပေးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Bill Richardson တို့ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အီရန်မှာ ၆၈၃ ရက်ကြာ အဖမ်းခံနေရတဲ့ ရေတပ်သားဟောင်း Michael White ဟာ အီရန်ကနေ ထွက်ခွါဖို့ ဆွစ်ဇလန်လေယာဉ်ပေါ် ရောက်နေပြီဖြစ်ပြီး မကြာခင်မှာ အိမ်ပြန်လာနိုင်တော့မှာဖြစ်လို့ ဝမ်းမြောက်ကြောာင်းနဲ့ ဆွစ်ဇလန်နိုင်ငံကို ကျေးဇူးတင်ကြောင်း သူ့တွစ်တာမှာ ရေးပါတယ်။

အီရန်အမျိုးသမီးတဦးနဲ့ အင်တာနက်မှာ ချစ်ကျွမ်းဝင်ခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ်သား White ဟာ အီရန်ကိုအလည်သွားချိန် ၂၀၁၈ မှာ အဖမ်းခံခဲ့ရတာပါ။ သူဟာ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei ကိုစော်ကားမှုနဲ့ ထောင်ဒဏ် ၁၃ နှစ် အပြစ်ပေးတာ ခံခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ နာမကျန်းဖြစ်နေပြီး သူ့ကို မတ်လတုန်းက ဆေးသက်သာခွင့်နဲ့ ဆွစ်ဇလန်အစိုးရ လက်ထဲ လွှဲပေးခဲ့တာ ဖြစ်ကြောင်း သူ့မိသားစုကပြောပါတယ်။ ပြီးခဲ့တဲ့လတုန်းကတော့ သူ့မှာ COVID-19 ရောဂါလက္ခဏာ တွေ့ရလို့ ဆေးရုံတင်ပေးခဲ့ရတာပါ။

အခုလို White ကို လွှတ်ပေးတာဟာ ၂၀၁၆ ခုနှစ်ကတည်းက အမေရိကန်မှာ တရားရင်ဆိုင်ရတာ ဒါမှမဟုတ် အဖမ်းခံနေရတဲ့ အီရန်နိုင်ငံသား သိပ္ပံပညာရှင် Sirous Asghari ကို ဒီသီတင်းပတ်ထဲ အမေရိကန်က ဌာနေပြန် ပို့ပေးခဲ့တာနဲ့ သက်ဆိုင်မှုတော့ မရှိဘူးလို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------
(Zawgyi)⤵⤵⤵
အီရန္မွာဖမ္းခံထားရတဲ့ အေမရိကန္ႏိုင္ငံသား ျပန္လြတ္

အီရန္မွာ ၂ ႏွစ္နီးပါး အဖမ္းခံေနရတဲ့ အေမရိကန္ ေရတပ္သားေဟာင္း Michael White ကို အီရန္အစိုးရက ၾကာသပေတးေန႔မွာ ျပန္လႊတ္ေပးလိုက္ပါၿပီ။

သူဟာ ဆြစ္ဇလန္အစိုးရ ေလယာဥ္နဲ႔ အီရန္ကေန Zurich ၿမိဳ႕ကို ထြက္ခြါခဲ့ၿပီး အဲဒီမွာ အီရန္ဆိုင္ရာ အေမရိကန္အထူးသံတမန္ Brian Hook နဲ႔ ေရာ ဆရာဝန္နဲ႔ပါ ေတြ႕ဆုံၿပီးမွ အေမရိကန္ႏိုင္ငံကို ျပန္မွာ ျဖစ္ပါတယ္။

သူ႔မိခင္ကေတာ့ သားျဖစ္သူ အေမရိကန္ လက္ထဲ ျပန္ေရာက္လာၿပီး အိမ္ျပန္လာႏိုင္ေတာ့မယ္လို႔ ဝမ္းေျမာက္ဝမ္းသာ ေၾကညာခဲ့သလို အခုလို သားျဖစ္သူ ျပန္လြတ္လာတာေအာင္ အီရန္ေတြကိုတြန္းအားေပးခဲ့တဲ့ အေမရိကန္ ႏိုင္ငံျခားေရးဌာနနဲ႔ ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ေဟာင္း Bill Richardson တို႔ကို ေက်းဇူးတင္ေၾကာင္း ေျပာပါတယ္။

သမၼတ ေဒၚနယ္ထရမ့္ကလည္း အီရန္မွာ ၆၈၃ ရက္ၾကာ အဖမ္းခံေနရတဲ့ ေရတပ္သားေဟာင္း Michael White ဟာ အီရန္ကေန ထြက္ခြါဖို႔ ဆြစ္ဇလန္ေလယာဥ္ေပၚ ေရာက္ေနၿပီျဖစ္ၿပီး မၾကာခင္မွာ အိမ္ျပန္လာႏိုင္ေတာ့မွာျဖစ္လို႔ ဝမ္းေျမာက္ေၾကာာင္းနဲ႔ ဆြစ္ဇလန္ႏိုင္ငံကို ေက်းဇူးတင္ေၾကာင္း သူ႔တြစ္တာမွာ ေရးပါတယ္။

အီရန္အမ်ိဳးသမီးတဦးနဲ႔ အင္တာနက္မွာ ခ်စ္ကြၽမ္းဝင္ခဲ့တဲ့ ကယ္လီဖိုးနီးယားျပည္နယ္သား White ဟာ အီရန္ကိုအလည္သြားခ်ိန္ ၂၀၁၈ မွာ အဖမ္းခံခဲ့ရတာပါ။ သူဟာ အီရန္ေခါင္းေဆာင္ႀကီး Ayatollah Ali Khamenei ကိုေစာ္ကားမႈနဲ႔ ေထာင္ဒဏ္ ၁၃ ႏွစ္ အျပစ္ေပးတာ ခံခဲ့ရတာ ျဖစ္ပါတယ္။

သူဟာ နာမက်န္းျဖစ္ေနၿပီး သူ႔ကို မတ္လတုန္းက ေဆးသက္သာခြင့္နဲ႔ ဆြစ္ဇလန္အစိုးရ လက္ထဲ လႊဲေပးခဲ့တာ ျဖစ္ေၾကာင္း သူ႔မိသားစုကေျပာပါတယ္။ ၿပီးခဲ့တဲ့လတုန္းကေတာ့ သူ႔မွာ COVID-19 ေရာဂါလကၡဏာ ေတြ႕ရလို႔ ေဆး႐ုံတင္ေပးခဲ့ရတာပါ။

အခုလို White ကို လႊတ္ေပးတာဟာ ၂၀၁၆ ခုႏွစ္ကတည္းက အေမရိကန္မွာ တရားရင္ဆိုင္ရတာ ဒါမွမဟုတ္ အဖမ္းခံေနရတဲ့ အီရန္ႏိုင္ငံသား သိပၸံပညာရွင္ Sirous Asghari ကို ဒီသီတင္းပတ္ထဲ အေမရိကန္က ဌာေနျပန္ ပို႔ေပးခဲ့တာနဲ႔ သက္ဆိုင္မႈေတာ့ မရွိဘူးလို႔ တာဝန္ခံ အရာရွိေတြက ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/iran-release-us-navy-veteran-prisoner/5450264.html
အီရန်မှာဖမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား ပြန်လွတ် အီရန်မှာဖမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား ပြန်လွတ် Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.