ရေဦးမြို့နယ်၌ မိုးကြိုးပစ်ခံရ၍ နှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

ရွာအလယ် လမ်းဘေး၌ စုထိုင် စကားပြောနေစဉ် မိုးကြိုးပစ်ခံရ သည့်နေရာ။။ ဓါတ်ပုံ - facebook
(Unicode)⤵⤵⤵
ရေဦး ဇွန် ၃

စစ်ကိုင်းတိုင်းဒေသကြီး    ရေဦးမြို့နယ်   ဇီးကန်ကျေးရွာ၌   ဇွန် ၃ ရက် ညနေပိုင်းက မိုးကြိုးပစ်ခံရ၍  သားအမိနှစ်ဦးသေဆုံးခဲ့ပြီး  ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ရေဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၃ ရက် ညနေ ၅ နာရီခန့်က ရေဦးမြို့နယ် ဇီးကန်ကျေးရွာ၌ မိုးကြိုးပစ်ခံရ၍  ဇီးကန်ကျေးရွာနေ  ဒေါ်ငွေ (၃၂ နှစ်) နှင့် သမီးဖြစ်သူ မိညို (၁၄ နှစ်) တို့နှစ်ဦး သေဆုံးခဲ့ပြီး  ပတ်ဝန်းကျင်ရှိ အမျိုးသမီး နှစ်ဦး၊ ကလေး (ကျား) နှစ်ဦး၊ ကလေး (မ) တစ် ဦး စုစုပေါင်း ငါးဦးမှာ မိုးကြိုးစက်ကွင်းမိသဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ရေဦးမြို့မရဲစခန်းက သေမှုသေခင်းဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
                                       
မိုးသောက် (ရွှေဘို) - Myanmaalinn
---------------------------------------
(Zawgyi)⤵⤵⤵
ေရဦးၿမိဳ႕နယ္၌ မိုးႀကိဳးပစ္ခံရ၍ ႏွစ္ဦးေသဆုံး၊ ငါးဦးဒဏ္ရာရ

ေရဦး ဇြန္ ၃

စစ္ကိုင္းတိုင္းေဒသႀကီး    ေရဦးၿမိဳ႕နယ္   ဇီးကန္ေက်း႐ြာ၌   ဇြန္ ၃ ရက္ ညေနပိုင္းက မိုးႀကိဳးပစ္ခံရ၍  သားအမိႏွစ္ဦးေသဆုံးခဲ့ၿပီး  ငါးဦးဒဏ္ရာ ရရွိခဲ့ေၾကာင္း ေရဦးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးၫြန္႔ဝင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ဇြန္ ၃ ရက္ ညေန ၅ နာရီခန္႔က ေရဦးၿမိဳ႕နယ္ ဇီးကန္ေက်း႐ြာ၌ မိုးႀကိဳးပစ္ခံရ၍  ဇီးကန္ေက်း႐ြာေန  ေဒၚေငြ (၃၂ ႏွစ္) ႏွင့္ သမီးျဖစ္သူ မိညိဳ (၁၄ ႏွစ္) တို႔ႏွစ္ဦး ေသဆုံးခဲ့ၿပီး  ပတ္ဝန္းက်င္ရွိ အမ်ိဳးသမီး ႏွစ္ဦး၊ ကေလး (က်ား) ႏွစ္ဦး၊ ကေလး (မ) တစ္ ဦး စုစုေပါင္း ငါးဦးမွာ မိုးႀကိဳးစက္ကြင္းမိသျဖင့္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

 ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရဦးၿမိဳ႕မရဲစခန္းက ေသမႈေသခင္းဖြင့္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။
                                       
မိုးေသာက္ (ေ႐ႊဘို) - Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရေဦးမြို့နယ်၌ မိုးကြိုးပစ်ခံရ၍ နှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ ရေဦးမြို့နယ်၌ မိုးကြိုးပစ်ခံရ၍ နှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 09:10 Rating: 5
Powered by Blogger.