ပြန်လာတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင်ဖန်တီးရေး ဘယ်လိုလုပ်ကြမလဲ

မြဝတီနယ်စပ် ဂိတ်ကနေ နေရပ်ပြန်လာကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ။ (မတ် ၂၃၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကိုဗစ်ကပ်ရောဂါကြောင့် နေရပ်ပြန်သောင်းချီတဲ့ မြန်မာလုပ်သားတွေနဲ့ ပြည်တွင်းပိတ်သိမ်းစက်ရုံတွေကြောင့် မြန်မာနိုင်ငံမှာ လုပ်သားပိုလျှံမှုတွေ ဖြစ်နေပါတယ်။ ဒီလိုပိုလျှံနေတဲ့ လုပ်သားအရင်းအမြစ်ကို ယာယီအလုပ်အကိုင်တွေ ဖန်တီးပေးဖို့ စီးပွားရေးပညာရှင်တချို့ အကြံပြုတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြမှာပါ။

ကမ္ဘာ့ကပ်ရောဂါဖြစ်နေတဲ့အချိန် ပြည်ပရောက် မြန်မာအလုပ်သမားတွေ အလုံးအရင်းနဲ့ နေရပ်ကို ပြန်လာကြတာပါ။ ပြည်တွင်းမှာလည်း ပိုလျှံနေတဲ့ အလုပ်အကိုင်နည်းသလို သူတို့ လုပ်ငန်းမကျွမ်းကျင်မှာကိုလည်း ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

တဆက်တည်းမှာပဲ ပြည်တွင်းကလုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်သေးပါဘူး။ ပြန်ဖွင့်တဲ့လုပ်ငန်း တချို့မှာလည်း ရှိပြီးသား လုပ်သားအင်အားကို အပြည့်အဝ မသုံးနိုင်သေးတဲ့အခြေအနေမို့ နေရပ်ပြန်သူတွေအတွက် အခက်အခဲရှိကြောင်း ပြည်ထောင်စုလွှတ်တော် စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်းက ပြောပါတယ်။

“လက်ရှိ ရှိနေတဲ့ အလုပ်သမားတွေတောင် ပြည့်ပြည့်ဝဝပြန်ပြီးတော့ အလုပ်ပေးဖို့ရာ အခက်အခဲရှိနေဆဲ ဖြစ်တယ်ပေါ့နော်။ သိပ်အားကိုးလောက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းကတော့ သိပ်ပြီးတော့ မရှိလောက်သေးဘူးလို့ပဲ ဆရာတော့တွက်မိပါတယ်။”

လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေးနဲ့ ငါးဖမ်းလုပ်ငန်း။ ဒီကဏ္ဍတွေမှာ ကျွမ်းကျင်မှုရှိတယ်ဆို လတ်တလောအလုပ်အကိုင် ရရှိရေးအတွက် အဆင်ပြေနိုင်မယ်လို့ သူကပြောပါတယ်။

ကိုဗစ်ရောဂါနဲ့အတူ အလုပ်လက်မဲ့နှုန်းကလည်း တကမ္ဘာလုံးအတိုင်းအတာနဲ့ တက်နေကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံအမေရိကန်ရဲ့ အလုပ်လက်မဲ့နှုန်းတောင် ၂၀ ရာခိုင်နှုန်း ထိရောက်ခဲ့တာပါ။

ဒီလိုခက်ခဲနေတဲ့အချိန် နေရပ်ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အစိုးရက အလုပ်အကိုင်ဖန်တီးပေးဖို့ဆိုရင် လုပ်ငန်းကျွမ်းကျင်မှုနဲ့ အသက်အရွယ် စာရင်းပြုစုပြီး အချိန်ယူလုပ်ဆောင်ရမယ်လို့ ဒေါက်တာအောင်ကိုကိုက အခုလိုပြောပါတယ်။

“ဒေသ တခုနဲ့တခု သဘာဝချင်းမတူဘူး။ ဥပမာ ရှမ်းပြည်နယ်သဘာဝနဲ့ ရခိုင်ပြည်နယ်သဘာဝမတူဘူး။ ဒီတော့ အဲဒါတွေကိုကြည့်ပြီးတော့ ဘယ်လိုသုံးမလဲ။ ဒါတွေကတော့ ကျနော်ထင်ပါတယ်။ ကာလတခု အချိန်တခုယူပြီးတော့ သုံးသပ်ရလိမ့်မယ်။ အဲဒီအပေါ်မှာ ဘဏ္ဍာငွေဘယ်လောက်ထိသုံးမလဲ၊ ဘယ်လိုပုံစံသုံးမလဲ။ သုံးတဲ့အခါမှာရော ဘယ်လောက်ထိ သက်ရောက်မှုအပေါ် မျှော်လင့်ရမလဲ။ ဒါတွေကိုလည်း ကျနော်တို့အများကြီးစဉ်းစားဖို့ လိုပါလိမ့်မယ်။”

သူတို့ရဲ့သက်ဆိုင်ရာဒေသအလိုက် ဘယ်လိုအလုပ်အကိုင်တွေ ဖန်တီးပေးမလဲဆိုတာ ဘက်ပေါင်းစုံကနေ စဉ်းစားရမယ်လို့ သူကပြောပါတယ်။

မြန်မာအများစုရှိတဲ့ ထိုင်းနိုင်ငံမှာလည်း COVID နောက်ပိုင်း အခြေအနေကောင်းနိုင်ပေမဲ့ လူတိုင်းအလုပ်ပြန်ရဖို့ကိုတော့ မျှော်လင့်လို့ မရဘူးလို့ ထိုင်းရောက် မြန်မာ့အရေးကူညီသူ ကိုထူးချစ်က ပြောပါတယ်။

“တချို့စက်ရုံတွေက ကုန်ကြမ်းရောက်ပြီဆိုရင် ဇူလိုင်လလောက်မှာ လုပ်ငန်းတွေပြန်စမယ်ဆိုတဲ့ပုံစံမျိုးတော့ တချို့လုပ်ငန်းတွေ ပြောထားတာရှိတယ်။ ဒါကြောင့်မို့ လုပ်ငန်းသဘာဝပေါ်မှာ မူတည်တယ်လို့လည်း ကျနော်တို့အနေနဲ့ တွေ့ရှိရတာပေါ့။ အဓိကအားဖြင့်တော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကတော့ အနည်းဆုံးနောက်ထပ် ၄လ၊ ၅လလောက်မှ ပြန်ပြီးတော့ အလုပ်အကိုင်တွေပြန်စနိုင်မယ်လို့ မျှော်လင့်ရတယ်ဗျ။”

ဇွန်လ ၂ ရက် မနေ့တုန်းက တရုတ်၊ ထိုင်း၊ ကိုရီးယားက မြန်မာသံအမတ်တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အင်တာနက်ပေါ်မှာ တွေ့ခဲ့ပြီး မြန်မာလုပ်သားတွေ ပြန်ခေါ်ယူဖို့ ကိစ္စကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ ကပ်ရောဂါအပြီး မြန်မာနိုင်ငံသားတွေ သက်ဆိုင်ရာနိုင်ငံတွေမှာ ဘယ်နှစ်ယောက်အလုပ်ပြန်ရမလဲ ဒါတွေလည်း ရေရှည်စဉ်းစားဖို့ အတိုင်ပင်ခံက ပြောခဲ့ပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------
(Zawgyi)⤵⤵⤵
ျပန္လာတဲ့ အလုပ္သမားေတြအတြက္ အလုပ္အကိုင္ဖန္တီးေရး ဘယ္လိုလုပ္ၾကမလဲ

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေနရပ္ျပန္ေသာင္းခ်ီတဲ့ ျမန္မာလုပ္သားေတြနဲ႔ ျပည္တြင္းပိတ္သိမ္းစက္႐ုံေတြေၾကာင့္ ျမန္မာႏိုင္ငံမွာ လုပ္သားပိုလွ်ံမႈေတြ ျဖစ္ေနပါတယ္။ ဒီလိုပိုလွ်ံေနတဲ့ လုပ္သားအရင္းအျမစ္ကို ယာယီအလုပ္အကိုင္ေတြ ဖန္တီးေပးဖို႔ စီးပြားေရးပညာရွင္တခ်ိဳ႕ အႀကံျပဳတာကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက ေျပာျပမွာပါ။

ကမာၻ႔ကပ္ေရာဂါျဖစ္ေနတဲ့အခ်ိန္ ျပည္ပေရာက္ ျမန္မာအလုပ္သမားေတြ အလုံးအရင္းနဲ႔ ေနရပ္ကို ျပန္လာၾကတာပါ။ ျပည္တြင္းမွာလည္း ပိုလွ်ံေနတဲ့ အလုပ္အကိုင္နည္းသလို သူတို႔ လုပ္ငန္းမကြၽမ္းက်င္မွာကိုလည္း ပညာရွင္ေတြက စိုးရိမ္ေနၾကပါတယ္။

တဆက္တည္းမွာပဲ ျပည္တြင္းကလုပ္ငန္းေတြ ပုံမွန္မလည္ပတ္ႏိုင္ေသးပါဘူး။ ျပန္ဖြင့္တဲ့လုပ္ငန္း တခ်ိဳ႕မွာလည္း ရွိၿပီးသား လုပ္သားအင္အားကို အျပည့္အဝ မသုံးႏိုင္ေသးတဲ့အေျခအေနမို႔ ေနရပ္ျပန္သူေတြအတြက္ အခက္အခဲရွိေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ စီးပြားေရးအႀကံေပး ဦးေဇာ္ေဖဝင္းက ေျပာပါတယ္။

“လက္ရွိ ရွိေနတဲ့ အလုပ္သမားေတြေတာင္ ျပည့္ျပည့္ဝဝျပန္ၿပီးေတာ့ အလုပ္ေပးဖို႔ရာ အခက္အခဲရွိေနဆဲ ျဖစ္တယ္ေပါ့ေနာ္။ သိပ္အားကိုးေလာက္တဲ့ အလုပ္အကိုင္အခြင့္အလမ္းကေတာ့ သိပ္ၿပီးေတာ့ မရွိေလာက္ေသးဘူးလို႔ပဲ ဆရာေတာ့တြက္မိပါတယ္။”

လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္း၊ တိရစာၦန္ေမြးျမဴေရးနဲ႔ ငါးဖမ္းလုပ္ငန္း။ ဒီက႑ေတြမွာ ကြၽမ္းက်င္မႈရွိတယ္ဆို လတ္တေလာအလုပ္အကိုင္ ရရွိေရးအတြက္ အဆင္ေျပႏိုင္မယ္လို႔ သူကေျပာပါတယ္။

ကိုဗစ္ေရာဂါနဲ႔အတူ အလုပ္လက္မဲ့ႏႈန္းကလည္း တကမာၻလုံးအတိုင္းအတာနဲ႔ တက္ေနေၾကာင္း စီးပြားေရးပညာရွင္ ေဒါက္တာေအာင္ကိုကိုက ေျပာပါတယ္။ ကမာၻ႔အင္အားႀကီးႏိုင္ငံအေမရိကန္ရဲ႕ အလုပ္လက္မဲ့ႏႈန္းေတာင္ ၂၀ ရာခိုင္ႏႈန္း ထိေရာက္ခဲ့တာပါ။

ဒီလိုခက္ခဲေနတဲ့အခ်ိန္ ေနရပ္ျပန္လာတဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြကို အစိုးရက အလုပ္အကိုင္ဖန္တီးေပးဖို႔ဆိုရင္ လုပ္ငန္းကြၽမ္းက်င္မႈနဲ႔ အသက္အ႐ြယ္ စာရင္းျပဳစုၿပီး အခ်ိန္ယူလုပ္ေဆာင္ရမယ္လို႔ ေဒါက္တာေအာင္ကိုကိုက အခုလိုေျပာပါတယ္။

“ေဒသ တခုနဲ႔တခု သဘာဝခ်င္းမတူဘူး။ ဥပမာ ရွမ္းျပည္နယ္သဘာဝနဲ႔ ရခိုင္ျပည္နယ္သဘာဝမတူဘူး။ ဒီေတာ့ အဲဒါေတြကိုၾကည့္ၿပီးေတာ့ ဘယ္လိုသုံးမလဲ။ ဒါေတြကေတာ့ က်ေနာ္ထင္ပါတယ္။ ကာလတခု အခ်ိန္တခုယူၿပီးေတာ့ သုံးသပ္ရလိမ့္မယ္။ အဲဒီအေပၚမွာ ဘ႑ာေငြဘယ္ေလာက္ထိသုံးမလဲ၊ ဘယ္လိုပုံစံသုံးမလဲ။ သုံးတဲ့အခါမွာေရာ ဘယ္ေလာက္ထိ သက္ေရာက္မႈအေပၚ ေမွ်ာ္လင့္ရမလဲ။ ဒါေတြကိုလည္း က်ေနာ္တို႔အမ်ားႀကီးစဥ္းစားဖို႔ လိုပါလိမ့္မယ္။”

သူတို႔ရဲ႕သက္ဆိုင္ရာေဒသအလိုက္ ဘယ္လိုအလုပ္အကိုင္ေတြ ဖန္တီးေပးမလဲဆိုတာ ဘက္ေပါင္းစုံကေန စဥ္းစားရမယ္လို႔ သူကေျပာပါတယ္။

ျမန္မာအမ်ားစုရွိတဲ့ ထိုင္းႏိုင္ငံမွာလည္း COVID ေနာက္ပိုင္း အေျခအေနေကာင္းႏိုင္ေပမဲ့ လူတိုင္းအလုပ္ျပန္ရဖို႔ကိုေတာ့ ေမွ်ာ္လင့္လို႔ မရဘူးလို႔ ထိုင္းေရာက္ ျမန္မာ့အေရးကူညီသူ ကိုထူးခ်စ္က ေျပာပါတယ္။

“တခ်ိဳ႕စက္႐ုံေတြက ကုန္ၾကမ္းေရာက္ၿပီဆိုရင္ ဇူလိုင္လေလာက္မွာ လုပ္ငန္းေတြျပန္စမယ္ဆိုတဲ့ပုံစံမ်ိဳးေတာ့ တခ်ိဳ႕လုပ္ငန္းေတြ ေျပာထားတာရွိတယ္။ ဒါေၾကာင့္မို႔ လုပ္ငန္းသဘာဝေပၚမွာ မူတည္တယ္လို႔လည္း က်ေနာ္တို႔အေနနဲ႔ ေတြ႕ရွိရတာေပါ့။ အဓိကအားျဖင့္ေတာ့ ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္းေတြမွာ လုပ္ကိုင္ေနတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကေတာ့ အနည္းဆုံးေနာက္ထပ္ ၄လ၊ ၅လေလာက္မွ ျပန္ၿပီးေတာ့ အလုပ္အကိုင္ေတြျပန္စႏိုင္မယ္လို႔ ေမွ်ာ္လင့္ရတယ္ဗ်။”

ဇြန္လ ၂ ရက္ မေန႔တုန္းက တ႐ုတ္၊ ထိုင္း၊ ကိုရီးယားက ျမန္မာသံအမတ္ေတြနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တို႔ အင္တာနက္ေပၚမွာ ေတြ႕ခဲ့ၿပီး ျမန္မာလုပ္သားေတြ ျပန္ေခၚယူဖို႔ ကိစၥကို အျပန္အလွန္ေဆြးေႏြးခဲ့ၾကပါတယ္။ ကပ္ေရာဂါအၿပီး ျမန္မာႏိုင္ငံသားေတြ သက္ဆိုင္ရာႏိုင္ငံေတြမွာ ဘယ္ႏွစ္ေယာက္အလုပ္ျပန္ရမလဲ ဒါေတြလည္း ေရရွည္စဥ္းစားဖို႔ အတိုင္ပင္ခံက ေျပာခဲ့ပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/mm-covid-migrant-labour/5447502.html
ပြန်လာတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင်ဖန်တီးရေး ဘယ်လိုလုပ်ကြမလဲ ပြန်လာတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင်ဖန်တီးရေး ဘယ်လိုလုပ်ကြမလဲ Reviewed by THITHTOOLWIN on 23:19 Rating: 5
Powered by Blogger.