မိတ္ထီလာက ဆရာဝန် ကို ဘာသာရေးပုဒ်မတွေနဲ့ နေ့ချင်းပြီး အမိန့်ချ

သက်သေ ငါးဦးကို စစ်ဆေးခဲ့ပြီး နေ့ချင်းပြီး အမိန့်ချ
(Unicode)⤵⤵⤵
လူမှုကွန်ရက်ပေါ်မှာ သံဃာတော်တွေကို ဝေဖန်ခဲ့တဲ့ Kyaw Win Thant အကောင့်ပိုင်ရှင်ဆရာဝန်ကို မေလ ၁၉ ရက်နေ့က ဖမ်းဆီးထားခဲ့ပြီး သာသနာညှိုးနွမ်းစေမှုအပါအဝင် ဘာသာရေးစိတ်ကို နာကြည်းစေအောင် ဆောင်ရွက်မှုပုဒ်မ နဲ့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် တရားရုံးက ဇွန်လ ၂ ရက်နေ့ မှာ ထောင်ဒဏ် ၁ နှစ် ၉ လ ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်လို့ ချမ်းအေးသာစံမြို့နယ် မန္တလေးတိုင်း တရားရုံး ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက ပြောပါတယ်။

သူ့ကို ပုဒ်မ ၂၉၄ (ခ)အရ ထောင်ဒဏ် ၃ လနဲ့ ပုဒ်မ ၂၉၅ (က) အရ ၁ နှစ် ၆ လ သီးခြားစီ ကျခံစေဖို့ အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့လည်း ဦးကျော်မျိုးဝင်းက ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် ဆရာဝန်တစ်ဦးဖြစ်တဲ့ Kyaw Win Thant အကောင့်ပိုင်ရှင် ကိုကျော်ဝင်းသန့်ဟာ သံဃာတော်တွေကို ဝေဖန်တဲ့စာတွေကို လူမှုကွန်ရက်ပေါ်မှာ မေလ အတွင်း ကရေးတင်ခဲ့ပြီးနောက် မိတ္ထီလာမြို့လူထုအကြား မကျေနပ်မှုများ ဖြစ်ပေါ်လာရာကနေ တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ သံဃာတော်တွေကို ပြင်းပြင်းထန် ပုတ်ခတ်ရေးသားခဲ့တဲ့သူ့က မိတ္တီလာမှာ မေလ ၁၉ ရက်နေ့မှာ လာရောက်တောင်းပန် ဖြေရှင်းတဲ့ပွဲလုပ်ခဲ့ပေမယ့် လူအုပ်ကို မထိန်းနိုင်ဖြစ်ခဲ့ပြီး ရဲက အဲဒီလူကို ဖမ်းပြီး ခေါ်ထုတ်သွားခဲ့ရတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။
အမှုနှစ်မှု အတွက် သီးခြားစီကျခံဖို့ အမိန့်ချ
မေလ ၁၉ ရက်နေ့က ဒေသခံတချို့က ရဲစခန်းထိ လိုက်လာတဲ့အတွက် သူ့ကို မန္တလေးမြို့ကို လွှဲပြောင်းပေးလိုက်ပြီး သာသနာညှိုးနွမ်းစေမှုနဲ့ အမှုဖွင့်ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ သိရှိထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက ပြောထားပါတယ်။

အခြေခံပညာ ဒသမတန်း သင်ရိုးသစ်မှာပါတဲ့ Sex Education အကြောင်းနဲ့ ဆက်စပ်ပြီး လူမှုကွန်ရက်မှာ ဝေဖန်ရင်း သူက ဗုဒ္ဓသာသာ သံဃာတော်ကို ဆဲဆိုခဲ့သလို အလုပ်မလုပ်သူတွေလို့လည်း ဝေဖန်ခဲ့ပါတယ်။

မိတ္တီလာမြို့က ဆရာတော်တွေကတော့ သူက နောက်ပိုင်း လူကိုယ်တိုင်လာ တောင်းပန်ပေမယ့် မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်ရေးအတွက် ဥပဒေကြောင်းအရပဲ ရှင်းဖို့ပြောခဲ့တဲ့အတွက် ပုတ်ခတ်ရေးသားခဲ့သူဟာ ဥပဒေကြောင်းအရ ရှင်းဖို့ ဖြစ်ခဲ့ပါတယ်။

Kyaw Win Thant အကောင့်ပိုင်ရှင်ဟာ ဒသမတန်း သင်ရိုးပါ Sex Education အကြောင်း ဝေဖန်ပြောကြားရင်း မိတ္တီလာမြို့ နဂါးရုံကျောင်းတိုက်က ကိုယ်တော်တွေဟာ မြို့လယ်က ဗီဒီယိုရုံမှာ လာကြည့်ကြတဲ့ အကြောင်း၊ ဘောလုံးပွဲလောင်းတဲ့အကြောင်း၊ လူတွေလုပ်တဲ့ အတိုင်း အကုန်လုပ်ပြီး၊ ကိုယ်တော်တွေက အလုပ်မလုပ်ကြကြောင်း စတာတွေကို ရေးသားခဲ့တာ တွေ့ရပါတယ်။
Sex Education အကြောင်း လူမှုကွန်ရက်မှာရေးသားရင်း သံဃာတော်တွေကို ပုတ်ခတ်ရေးသားခဲ့
Sex Education အကြောင်း လူမှုကွန်ရက်မှာရေးသားရင်း သံဃာတော်တွေကို ပုတ်ခတ်ရေးသားခဲ့သူဟာ မိတ္တီလာမှာ နေထိုင်ခဲ့တဲ့ ဆရာဝန်တစ်ဦးဖြစ်ပြီး အခု ရန်ကုန်မြို့ မှာ နေထိုင်သူဖြစ်ကြောင်း သူ့မိဘတွေကတော့ မိတ္တီလာမှာ နေထိုင်သူတွေဖြစ်တယ်လို့လည်း မိတ္တီလာမြို့ခံ ကိုကျော်စိုးမိုးက ဘီဘီစီကို ပြောပါတယ်။

မိတ္တီလာမြို့ခံတွေဟာ သူ့ကို ဘုန်းကြီးကျောင်းကနေ ရဲတပ်ဖွဲ့ကခေါ်ထုတ်သွားစဉ်မှာ စိတ်ဆိုးဒေါသထွက်ကြပြီးတော့ ရဲကားကို လည်း ခဲတွေနဲ့ ပစ်ပေါက်တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့လည်း ကိုကျော်စိုးမိုးက ပြောပါတယ်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် တရားရုံးက ဇွန်လ ၂ ရက်နေ့ က သက်သေ ငါးဦးကို စစ်ဆေးခဲ့ပြီးသူက လည်း အပြစ်ရှိကြောင်းဝန်ခံတဲ့အတွက် နေ့ချင်းပြီး အမိန့်ချလိုက်တာဖြစ်တယ်လို့လည်း မန္တလေးဒေသခံ သတင်းထောက်တွေက ပြောပါတယ်။

BBC Burmese
--------------------------------------
(Zawgyi)⤵⤵⤵
မိတၳီလာက ဆရာဝန္ ကို ဘာသာေရးပုဒ္မေတြနဲ႔ ေန႔ခ်င္းၿပီး အမိန္႔ခ်

လူမႈကြန္ရက္ေပၚမွာ သံဃာေတာ္ေတြကို ေဝဖန္ခဲ့တဲ့ Kyaw Win Thant အေကာင့္ပိုင္ရွင္ဆရာဝန္ကို ေမလ ၁၉ ရက္ေန႔က ဖမ္းဆီးထားခဲ့ၿပီး သာသနာညႇိဳးႏြမ္းေစမႈအပါအဝင္ ဘာသာေရးစိတ္ကို နာၾကည္းေစေအာင္ ေဆာင္႐ြက္မႈပုဒ္မ နဲ႔ မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံးက ဇြန္လ ၂ ရက္ေန႔ မွာ ေထာင္ဒဏ္ ၁ ႏွစ္ ၉ လ က်ခံဖို႔ အမိန္႔ခ်မွတ္လိုက္တယ္လို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္ မႏၲေလးတိုင္း တရား႐ုံး ျပန္ၾကားေရးအရာရွိ ဦးေက်ာ္မ်ိဳးဝင္းက ေျပာပါတယ္။

သူ႔ကို ပုဒ္မ ၂၉၄ (ခ)အရ ေထာင္ဒဏ္ ၃ လနဲ႔ ပုဒ္မ ၂၉၅ (က) အရ ၁ ႏွစ္ ၆ လ သီးျခားစီ က်ခံေစဖို႔ အမိန႔္ခ်မွတ္လိုက္တာျဖစ္တယ္လို႔လည္း ဦးေက်ာ္မ်ိဳးဝင္းက ေျပာပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ ဆရာဝန္တစ္ဦးျဖစ္တဲ့ Kyaw Win Thant အေကာင့္ပိုင္ရွင္ ကိုေက်ာ္ဝင္းသန္႔ဟာ သံဃာေတာ္ေတြကို ေဝဖန္တဲ့စာေတြကို လူမႈကြန္ရက္ေပၚမွာ ေမလ အတြင္း ကေရးတင္ခဲ့ၿပီးေနာက္ မိတၳီလာၿမိဳ႕လူထုအၾကား မေက်နပ္မႈမ်ား ျဖစ္ေပၚလာရာကေန တရားစြဲဆိုခံရတာ ျဖစ္ပါတယ္။

ဗုဒၶဘာသာ သံဃာေတာ္ေတြကို ျပင္းျပင္းထန္ ပုတ္ခတ္ေရးသားခဲ့တဲ့သူ႔က မိတၱီလာမွာ ေမလ ၁၉ ရက္ေန႔မွာ လာေရာက္ေတာင္းပန္ ေျဖရွင္းတဲ့ပြဲလုပ္ခဲ့ေပမယ့္ လူအုပ္ကို မထိန္းႏိုင္ျဖစ္ခဲ့ၿပီး ရဲက အဲဒီလူကို ဖမ္းၿပီး ေခၚထုတ္သြားခဲ့ရတယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုးသန္းက ဘီဘီစီကို ေျပာခဲ့ပါတယ္။

ေမလ ၁၉ ရက္ေန႔က ေဒသခံတခ်ိဳ႕က ရဲစခန္းထိ လိုက္လာတဲ့အတြက္ သူ႔ကို မႏၲေလးၿမိဳ႕ကို လႊဲေျပာင္းေပးလိုက္ၿပီး သာသနာညႇိဳးႏြမ္းေစမႈနဲ႔ အမႈဖြင့္ေဆာင္႐ြက္ဖို႔ စီစဥ္ထားတယ္လို႔ သိရွိထားေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးသန္းက ေျပာထားပါတယ္။

အေျခခံပညာ ဒသမတန္း သင္႐ိုးသစ္မွာပါတဲ့ Sex Education အေၾကာင္းနဲ႔ ဆက္စပ္ၿပီး လူမႈကြန္ရက္မွာ ေဝဖန္ရင္း သူက ဗုဒၶသာသာ သံဃာေတာ္ကို ဆဲဆိုခဲ့သလို အလုပ္မလုပ္သူေတြလို႔လည္း ေဝဖန္ခဲ့ပါတယ္။

မိတၱီလာၿမိဳ႕က ဆရာေတာ္ေတြကေတာ့ သူက ေနာက္ပိုင္း လူကိုယ္တိုင္လာ ေတာင္းပန္ေပမယ့္ မလိုလားအပ္တဲ့ ျပႆနာေတြ ထပ္မျဖစ္ေရးအတြက္ ဥပေဒေၾကာင္းအရပဲ ရွင္းဖို႔ေျပာခဲ့တဲ့အတြက္ ပုတ္ခတ္ေရးသားခဲ့သူဟာ ဥပေဒေၾကာင္းအရ ရွင္းဖို႔ ျဖစ္ခဲ့ပါတယ္။

Kyaw Win Thant အေကာင့္ပိုင္ရွင္ဟာ ဒသမတန္း သင္႐ိုးပါ Sex Education အေၾကာင္း ေဝဖန္ေျပာၾကားရင္း မိတၱီလာၿမိဳ႕ နဂါး႐ုံေက်ာင္းတိုက္က ကိုယ္ေတာ္ေတြဟာ ၿမိဳ႕လယ္က ဗီဒီယို႐ုံမွာ လာၾကည့္ၾကတဲ့ အေၾကာင္း၊ ေဘာလုံးပြဲေလာင္းတဲ့အေၾကာင္း၊ လူေတြလုပ္တဲ့ အတိုင္း အကုန္လုပ္ၿပီး၊ ကိုယ္ေတာ္ေတြက အလုပ္မလုပ္ၾကေၾကာင္း စတာေတြကို ေရးသားခဲ့တာ ေတြ႕ရပါတယ္။

Sex Education အေၾကာင္း လူမႈကြန္ရက္မွာေရးသားရင္း သံဃာေတာ္ေတြကို ပုတ္ခတ္ေရးသားခဲ့သူဟာ မိတၱီလာမွာ ေနထိုင္ခဲ့တဲ့ ဆရာဝန္တစ္ဦးျဖစ္ၿပီး အခု ရန္ကုန္ၿမိဳ႕ မွာ ေနထိုင္သူျဖစ္ေၾကာင္း သူ႔မိဘေတြကေတာ့ မိတၱီလာမွာ ေနထိုင္သူေတြျဖစ္တယ္လို႔လည္း မိတၱီလာၿမိဳ႕ခံ ကိုေက်ာ္စိုးမိုးက ဘီဘီစီကို ေျပာပါတယ္။

မိတၱီလာၿမိဳ႕ခံေတြဟာ သူ႔ကို ဘုန္းႀကီးေက်ာင္းကေန ရဲတပ္ဖြဲ႕ကေခၚထုတ္သြားစဥ္မွာ စိတ္ဆိုးေဒါသထြက္ၾကၿပီးေတာ့ ရဲကားကို လည္း ခဲေတြနဲ႔ ပစ္ေပါက္တိုက္ခိုက္တာေတြ ရွိခဲ့တယ္လို႔လည္း ကိုေက်ာ္စိုးမိုးက ေျပာပါတယ္။

မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံးက ဇြန္လ ၂ ရက္ေန႔ က သက္ေသ ငါးဦးကို စစ္ေဆးခဲ့ၿပီးသူက လည္း အျပစ္ရွိေၾကာင္းဝန္ခံတဲ့အတြက္ ေန႔ခ်င္းၿပီး အမိန႔္ခ်လိုက္တာျဖစ္တယ္လို႔လည္း မႏၲေလးေဒသခံ သတင္းေထာက္ေတြက ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52894393
မိတ္ထီလာက ဆရာဝန် ကို ဘာသာရေးပုဒ်မတွေနဲ့ နေ့ချင်းပြီး အမိန့်ချ မိတ္ထီလာက ဆရာဝန် ကို ဘာသာရေးပုဒ်မတွေနဲ့ နေ့ချင်းပြီး အမိန့်ချ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.