ဂူတာပြင်ကိစ္စ အရေးယူခံရသူတွေရဲ့ပြစ်ဒဏ်တွေကို ထုတ်ပြောဖို့မရှိကြောင်း တပ်မတော် ပြော

ဂူတာပြင်ဖြစ်စဉ်ကို တစ်နှစ်ကျော်အကြာ စစ်ဆေးအပြီးမှာ ခုလိုအရေးယူတဲ့အကြောင်း ထုတ်ပြန်တာဖြစ်
(Unicode)⤵⤵⤵
ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ အဓိက တာဝန်ရှိသူ အရာရှိကြီးတစ်ဦးအပါအဝင် သုံးဦးကို စစ်တရားရုံးကနေ ပြစ်ဒဏ်တွေချမှတ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

အေပီသတင်းဌာနရဲ့၂၀၁၈ ခုနှစ်က ဖော်ပြခဲ့တဲ့ သတင်းထဲမှာ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေ ရဲ့ စစ်ရေးဆောင်ရွက် ချက်တွေကြောင့် ဂူတာပြင်က ရွာသား ၄ဝဝ ခန့် သေဆုံးခဲ့နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ရောက် ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေကို ကိုးကားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ဂူတာပြင် ရုပ်အလောင်းတွေ ကို တပ်မတော်က ဖျောက်ဖျက်ဖို့ စီစဉ်ခဲ့တယ်လို့လည်း ပါရှိပါတယ်။

ဒါတွေကို တပ်မတော်က ပယ်ချထားပြီး နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အာဆာအဖွဲ့နဲ့ ပူးပေါင်းပြီး ရွာသားတွေက အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်နှိမ်နင်းတာသာဖြစ်တယ် လို့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဒီဖြစ်စဉ်မှာ သေဆုံးသူ ၁၉ ဦးသာရှိပြီး အားလုံးဟာလည်း အကြမ်းဖက်သမားနဲ့ ဆက်နွှယ်သူတွေဖြစ် တယ်လို့ သူက ဆက်ပြောပါတယ်။
ဂူတာပြင်မှာ ရွာသားလေးရာလောက်သေဆုံးတယ်လို့ သတင်းတွေကဖော်ပြပါတယ်။
ဒီလို ဂူတာပြင်မှာ လူသေအလောင်းအများအပြားတွေ့ရှိခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့က စလို့ ဘူးသီးတောင်မြို့ နယ်မြေခံတပ်မှာ စစ်တရားရုံးနဲ့ စတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်မှာ စစ်ဆေးမှုတွေအားလုံးပြီးဆုံးခဲ့ပြီး ဒီဇွန်လအတွင်းမှာတော့ အဓိက တာဝန်ရှိသူ အရာရှိကြီးတစ်ဦး၊ အရာရှိတစ်ဦးနဲ့ အခြားအဆင့်စစ်သည်တစ်ဦးတို့ကို ပြစ်မှုပြစ်ဒဏ်တွေကျခံဖို့ စစ်တရားရုံးက အမိန့်ချခဲ့တာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အကြမ်းဖက်သမားနဲ့ဆက်နွှယ်တယ်ဆိုတဲ့ လူ ၁၉ ဦးသေဆုံးမှုကို ဘာကြောင့် တပ်မတော်က အခုလိုအရေး ယူရသလဲလို့ မေးတဲ့အခါမှာတော့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက

"မြေပြင်မှာဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေက အကြမ်းဖက်သမားတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အမာခံရွာသားတွေနဲ့ပူးပေါင်းပြီး အင်အားသုံးပြီး ဝိုင်းဝန်းခြိမ်းခြောက်တိုက်ခိုက်ခဲ့တဲ့ အခြေအနေဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း အကြမ်းဖက်သမားတွေကို ခုခံတိုက်ခိုက် ထိန်းသိမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ရတယ်။ အဲဒီလိုပစ်ခတ်တဲ့အခါမှာ ညွှန်ကြားချက်တွေကို လိုက်နာ ဖို့ ပျက်ကွက်ခဲ့တာရှိတယ်။ ဒါကလည်း ညွှန်ကြားချက်ကို ချိုးဖောက်ဖို့ intention နဲ့ဆောင်ရွက်ခဲ့တာမဟုတ်ဘူး။ အခြေအနေအချိန်အခါနဲ့ ဝိုင်းဝန်းခြိမ်းခြောက်တိုက်ခိုက်ခဲ့တာ ကြောင့် ဖြစ်တယ်။ "လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

"အဓိကကတော့ တပ်မတော်က ညွှန်ကြားထားတဲ့ စစ်ဆင်ရေးညွှန်ကြားချက်တွေရှိတယ်။ ပစ်ခတ်မှုလုပ်တဲ့အခါ ဘယ်လိုပဲလုပ်သင့်တယ်၊ ဘယ်လိုပဲလုပ်ရမယ်ဆိုတာရှိတယ်။ အဲဒီညွှန်ကြားချက်ကို ချိုးဖောက်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရှိရတယ်။ ဒါကြောင့် ကျွန်တော်တို့ ကအပြစ်ပေးတာဖြစ်ပါတယ်" လို့ သူကပြောပါတယ်။

ဒါကြောင့် အခု အရေးယူခံရတဲ့သုံးဦးရဲ့ ရာထူးအဆင့်နဲ့ ပြစ်ဒဏ်တွေကိုမေးတဲ့အခါ ထုတ်ဖော်ပြောကြား ဖို့မရှိဘူးလို့ သူက အခုလိုပြောပါတယ်။

"စစ်သည်တွေက ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို ဒီနိုင်ငံမှာ သာမန်ထက် ခက်ခဲစွာနဲ့ စွန့်လွှတ် စွန့်စားမှုတွေနဲ့ ထမ်းဆောင်နေရတာဖြစ်တယ်။ စစ်သည်တွေစိတ်ထဲမှာ ဥပဒေကိုချိုးဖောက်ရင် အရေးယူခံရမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာက သွေးထိုးလှုံ့ဆော်မှုတွေအမြဲတမ်းရှိတယ်။ စစ်သည်တွေစိတ်ထဲမှာ တာဝန်လည်း ထမ်းဆောင်ရသေးတယ်။ အရေးယူလည်းခံရသေးတယ်ဆိုတဲ့ လွဲမှားတဲ့စိတ်တွေ ဖြစ်မသွားဖို့အရေးကြီးတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ရဲဘော်ရဲဘက်စိတ်၊ စစ်ဆင်ရေးတာဝန်ထမ်းဆောင်လိုစိတ်တွေကို မထိခိုက်ဖို့လိုတယ်။ ဒါတွေလိုအပ်တာကြောင့် ကျွန်တော်တို့က မထုတ်ပြန်တာဖြစ်တယ်" လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီလို မထုတ်ပြန်တာဟာ ပြည်တွင်းပြည်ပက ဝေဖန်မှုတွေနဲ့ ကြုံလာရနိုင်ပြီး ဒါကို တပ်မတော်အနေနဲ့ ဘယ်လိုစဉ်းစားထားလဲဆိုတဲ့အပေါ် သူက မစဉ်းစားထားကြောင်းနဲ့ မြန်မာနိုင်ငံလို လက်နက်ကိုင်ပဋိပက္ခတွေရှိပြီး ဘယ်တပ်မတော်မဆို စစ်ဆင်ရေးတာဝန်ထမ်းဆောင်လိုစိတ်ပေါ်အခြေခံပြီး ဆောင်ရွက်တာသာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တပ်မတော်သားတွေကိုအရေးယူတဲ့ဖြစ်စဉ်ကို ကြိုဆိုကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးအေးလွင်က ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ပုံရိပ်က တော်တော်ဆိုးဆိုးရွားရွားဖြစ်နေပါတယ်။ ဖြစ်ခဲ့တဲ့ကိစ္စရပ်တွေကလည်း ဘယ်လိုမှ ဖုံးဖိလို့မရဘူးလေ။ အဲဒီတော့ ဒါတွေကိုအသိအမှတ်ပြုပြီးတော့စုံစမ်းတယ်။ စစ်ဆေးတယ်။ အရေးယူတယ်ဆိုတော့ အားလုံးအတွက်ကောင်းသောခြေလှမ်းတစ်ခုဖြစ်ပါတယ်။ နောက်ထပ် အဲဒီလိုမတရားမှုခံထားရတဲ့ကိစ္စတွေကိုလည်းအရေးယူဆောင်ရွယ်မယ်ဆိုရင် အခြေအနေက တော်တော်လေးကောင်းလာမယ်ထင်ပါတယ်။ တစ်ခုပဲ စိုးရိမ်တာက အဲဒီလိုအရေးယူဆောင်ရွက်ပြီးတော့ ဟိုတစ်ခေါက်ကလို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်လိုက်တယ်ဆိုရင်လည်း ဒါဟာ ပုံရိပ်က ကောင်းမလိုလိုနဲ့ ပြန်ပြီးဆိုးသွားနိုင်စရာရှိပါတယ်" လို့ ဦးအေးလွင်ကပြောပါတယ်။

ရခိုင်မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအတွင်း အင်းဒင်ကျေးရွာမှာ ရုပ်အလောင်း ၁ဝ လောင်းတွေ့ ရှိခဲ့တဲ့အပေါ် အစိုးရ စစ်သားတွေ ပါဝင်ပတ်သက်မှု ရှိကြောင်း တပ်မတော်ဘက်က ပထမဆုံး အကြိမ် အသိအမှတ်ပြု ပြောဆိုခဲ့သလို ကျူးလွန်သူတွေကို အရေးယူတာရှိခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာ ဒီလူတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ် ပေးခဲ့လို့ဝေဖန်တာတွေရှိခဲ့ပါတယ်။

အင်းဒင်ကိစ္စမှာ ကျူးလွန်သူတွေကို လွှတ်ပေးလိုက်တာမဟုတ်ဘဲ ထိုက်သင့်တဲ့ပြစ်ဒဏ်ချမှတ်ပြီးသားဖြစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ အဆင့်ဆင့်သုံးသပ်တင်ပြပြီးမှ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တာသာဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

ဒါ့အပြင် မောင်နုကျေးရွာနဲ့ ချွတ်ပြင်ကျေးရွာမှာ ရွာသားတွေသေဆုံးခဲ့တဲ့ဖြစ်စဉ်အပေါ်မှာ စုံစမ်းစစ်ဆေးရေးခုံရုံးအဆင့်ဖွဲ့ပြီး စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

BBC Burmese
-------------------------------------------
(Zawgyi)⤵⤵⤵
ဂူတာျပင္ကိစၥ အေရးယူခံရသူေတြရဲ႕ျပစ္ဒဏ္ေတြကို ထုတ္ေျပာဖို႔မရွိေၾကာင္း တပ္မေတာ္ ေျပာ

ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဂူတာျပင္ေက်း႐ြာမွာ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၂၈ ရက္က ျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္မွာ အဓိက တာဝန္ရွိသူ အရာရွိႀကီးတစ္ဦးအပါအဝင္ သုံးဦးကို စစ္တရား႐ုံးကေန ျပစ္ဒဏ္ေတြခ်မွတ္ခဲ့တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ပါတယ္။

ေအပီသတင္းဌာနရဲ႕၂၀၁၈ ခုႏွစ္က ေဖာ္ျပခဲ့တဲ့ သတင္းထဲမွာ အစိုးရ လုံၿခဳံေရးတပ္ဖြဲ႕ေတြ ရဲ႕ စစ္ေရးေဆာင္႐ြက္ ခ်က္ေတြေၾကာင့္ ဂူတာျပင္က ႐ြာသား ၄ဝဝ ခန႔္ ေသဆုံးခဲ့ႏိုင္ေၾကာင္း ဘဂၤလားေဒ့ရွ္ ေရာက္ ဒုကၡသည္ေတြရဲ႕ ထြက္ဆိုခ်က္ေတြကို ကိုးကားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ေနတဲ့ ဂူတာျပင္ ႐ုပ္အေလာင္းေတြ ကို တပ္မေတာ္က ေဖ်ာက္ဖ်က္ဖို႔ စီစဥ္ခဲ့တယ္လို႔လည္း ပါရွိပါတယ္။

ဒါေတြကို တပ္မေတာ္က ပယ္ခ်ထားၿပီး နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို အာဆာအဖြဲ႕နဲ႔ ပူးေပါင္းၿပီး ႐ြာသားေတြက အၾကမ္းဖက္တိုက္ခိုက္ခဲ့တာေၾကာင့္ ျပန္လည္ႏွိမ္နင္းတာသာျဖစ္တယ္ လို႔တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္း ထြန္းက ဘီဘီစီကို ေျပာပါတယ္။

ဒါ့အျပင္ ဒီျဖစ္စဥ္မွာ ေသဆုံးသူ ၁၉ ဦးသာရွိၿပီး အားလုံးဟာလည္း အၾကမ္းဖက္သမားနဲ႔ ဆက္ႏႊယ္သူေတြျဖစ္ တယ္လို႔ သူက ဆက္ေျပာပါတယ္။

ဒီလို ဂူတာျပင္မွာ လူေသအေလာင္းအမ်ားအျပားေတြ႕ရွိခဲ့တဲ့ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာ ၂၆ ရက္ေန႔က စလို႔ ဘူးသီးေတာင္ၿမိဳ႕ နယ္ေျမခံတပ္မွာ စစ္တရား႐ုံးနဲ႔ စတင္စစ္ေဆးခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ ၂၀၂၀ ျပည့္ႏွစ္ ဧၿပီလ ၃၀ ရက္မွာ စစ္ေဆးမႈေတြအားလုံးၿပီးဆုံးခဲ့ၿပီး ဒီဇြန္လအတြင္းမွာေတာ့ အဓိက တာဝန္ရွိသူ အရာရွိႀကီးတစ္ဦး၊ အရာရွိတစ္ဦးနဲ႔ အျခားအဆင့္စစ္သည္တစ္ဦးတို႔ကို ျပစ္မႈျပစ္ဒဏ္ေတြက်ခံဖို႔ စစ္တရား႐ုံးက အမိန႔္ခ်ခဲ့တာျဖစ္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

အၾကမ္းဖက္သမားနဲ႔ဆက္ႏႊယ္တယ္ဆိုတဲ့ လူ ၁၉ ဦးေသဆုံးမႈကို ဘာေၾကာင့္ တပ္မေတာ္က အခုလိုအေရး ယူရသလဲလို႔ ေမးတဲ့အခါမွာေတာ့ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက

"ေျမျပင္မွာျဖစ္ပ်က္ခဲ့တဲ့အေျခအေနေတြက အၾကမ္းဖက္သမားေတြက လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို အမာခံ႐ြာသားေတြနဲ႔ပူးေပါင္းၿပီး အင္အားသုံးၿပီး ဝိုင္းဝန္းၿခိမ္းေျခာက္တိုက္ခိုက္ခဲ့တဲ့ အေျခအေနျဖစ္ပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကလည္း အၾကမ္းဖက္သမားေတြကို ခုခံတိုက္ခိုက္ ထိန္းသိမ္းပစ္ခတ္မႈေတြျပဳလုပ္ခဲ့ရတယ္။ အဲဒီလိုပစ္ခတ္တဲ့အခါမွာ ၫႊန္ၾကားခ်က္ေတြကို လိုက္နာ ဖို႔ ပ်က္ကြက္ခဲ့တာရွိတယ္။ ဒါကလည္း ၫႊန္ၾကားခ်က္ကို ခ်ိဳးေဖာက္ဖို႔ intention နဲ႔ေဆာင္႐ြက္ခဲ့တာမဟုတ္ဘူး။ အေျခအေနအခ်ိန္အခါနဲ႔ ဝိုင္းဝန္းၿခိမ္းေျခာက္တိုက္ခိုက္ခဲ့တာ ေၾကာင့္ ျဖစ္တယ္။ "လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

"အဓိကကေတာ့ တပ္မေတာ္က ၫႊန္ၾကားထားတဲ့ စစ္ဆင္ေရးၫႊန္ၾကားခ်က္ေတြရွိတယ္။ ပစ္ခတ္မႈလုပ္တဲ့အခါ ဘယ္လိုပဲလုပ္သင့္တယ္၊ ဘယ္လိုပဲလုပ္ရမယ္ဆိုတာရွိတယ္။ အဲဒီၫႊန္ၾကားခ်က္ကို ခ်ိဳးေဖာက္ခဲ့တယ္ဆိုတာ ကြၽန္ေတာ္တို႔ ေတြ႕ရွိရတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ကအျပစ္ေပးတာျဖစ္ပါတယ္" လို႔ သူကေျပာပါတယ္။

ဒါေၾကာင့္ အခု အေရးယူခံရတဲ့သုံးဦးရဲ႕ ရာထူးအဆင့္နဲ႔ ျပစ္ဒဏ္ေတြကိုေမးတဲ့အခါ ထုတ္ေဖာ္ေျပာၾကား ဖို႔မရွိဘူးလို႔ သူက အခုလိုေျပာပါတယ္။

"စစ္သည္ေတြက ကာကြယ္ေရးနဲ႔ လုံၿခဳံေရးတာဝန္ကို ဒီႏိုင္ငံမွာ သာမန္ထက္ ခက္ခဲစြာနဲ႔ စြန႔္လႊတ္ စြန႔္စားမႈေတြနဲ႔ ထမ္းေဆာင္ေနရတာျဖစ္တယ္။ စစ္သည္ေတြစိတ္ထဲမွာ ဥပေဒကိုခ်ိဳးေဖာက္ရင္ အေရးယူခံရမယ္ဆိုတာ သိတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာက ေသြးထိုးလႈံ႕ေဆာ္မႈေတြအၿမဲတမ္းရွိတယ္။ စစ္သည္ေတြစိတ္ထဲမွာ တာဝန္လည္း ထမ္းေဆာင္ရေသးတယ္။ အေရးယူလည္းခံရေသးတယ္ဆိုတဲ့ လြဲမွားတဲ့စိတ္ေတြ ျဖစ္မသြားဖို႔အေရးႀကီးတယ္။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔က ရဲေဘာ္ရဲဘက္စိတ္၊ စစ္ဆင္ေရးတာဝန္ထမ္းေဆာင္လိုစိတ္ေတြကို မထိခိုက္ဖို႔လိုတယ္။ ဒါေတြလိုအပ္တာေၾကာင့္ ကြၽန္ေတာ္တို႔က မထုတ္ျပန္တာျဖစ္တယ္" လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဒီလို မထုတ္ျပန္တာဟာ ျပည္တြင္းျပည္ပက ေဝဖန္မႈေတြနဲ႔ ႀကဳံလာရႏိုင္ၿပီး ဒါကို တပ္မေတာ္အေနနဲ႔ ဘယ္လိုစဥ္းစားထားလဲဆိုတဲ့အေပၚ သူက မစဥ္းစားထားေၾကာင္းနဲ႔ ျမန္မာႏိုင္ငံလို လက္နက္ကိုင္ပဋိပကၡေတြရွိၿပီး ဘယ္တပ္မေတာ္မဆို စစ္ဆင္ေရးတာဝန္ထမ္းေဆာင္လိုစိတ္ေပၚအေျခခံၿပီး ေဆာင္႐ြက္တာသာျဖစ္တယ္လို႔ ဆိုပါတယ္။

အခုလို တပ္မေတာ္သားေတြကိုအေရးယူတဲ့ျဖစ္စဥ္ကို ႀကိဳဆိုေၾကာင္း ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ ကိုဖီအာနန္ဦးေဆာင္ခဲ့တဲ့ ရခိုင္ျပည္နယ္ဆိုင္ရာအႀကံေပးေကာ္မရွင္အဖြဲ႕ဝင္ေဟာင္း ဦးေအးလြင္က ေျပာပါတယ္။

"ျမန္မာႏိုင္ငံရဲ႕ပုံရိပ္က ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြားျဖစ္ေနပါတယ္။ ျဖစ္ခဲ့တဲ့ကိစၥရပ္ေတြကလည္း ဘယ္လိုမွ ဖုံးဖိလို႔မရဘူးေလ။ အဲဒီေတာ့ ဒါေတြကိုအသိအမွတ္ျပဳၿပီးေတာ့စုံစမ္းတယ္။ စစ္ေဆးတယ္။ အေရးယူတယ္ဆိုေတာ့ အားလုံးအတြက္ေကာင္းေသာေျခလွမ္းတစ္ခုျဖစ္ပါတယ္။ ေနာက္ထပ္ အဲဒီလိုမတရားမႈခံထားရတဲ့ကိစၥေတြကိုလည္းအေရးယူေဆာင္႐ြယ္မယ္ဆိုရင္ အေျခအေနက ေတာ္ေတာ္ေလးေကာင္းလာမယ္ထင္ပါတယ္။ တစ္ခုပဲ စိုးရိမ္တာက အဲဒီလိုအေရးယူေဆာင္႐ြက္ၿပီးေတာ့ ဟိုတစ္ေခါက္ကလို လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လႊတ္လိုက္တယ္ဆိုရင္လည္း ဒါဟာ ပုံရိပ္က ေကာင္းမလိုလိုနဲ႔ ျပန္ၿပီးဆိုးသြားႏိုင္စရာရွိပါတယ္" လို႔ ဦးေအးလြင္ကေျပာပါတယ္။

ရခိုင္မွာျဖစ္ခဲ့တဲ့ ျဖစ္စဥ္ေတြအတြင္း အင္းဒင္ေက်း႐ြာမွာ ႐ုပ္အေလာင္း ၁ဝ ေလာင္းေတြ႕ ရွိခဲ့တဲ့အေပၚ အစိုးရ စစ္သားေတြ ပါဝင္ပတ္သက္မႈ ရွိေၾကာင္း တပ္မေတာ္ဘက္က ပထမဆုံး အႀကိမ္ အသိအမွတ္ျပဳ ေျပာဆိုခဲ့သလို က်ဴးလြန္သူေတြကို အေရးယူတာရွိခဲ့ပါတယ္။ ဒါေပမဲ့ေနာက္ပိုင္းမွာ ဒီလူေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ျပန္လႊတ္ ေပးခဲ့လို႔ေဝဖန္တာေတြရွိခဲ့ပါတယ္။

အင္းဒင္ကိစၥမွာ က်ဴးလြန္သူေတြကို လႊတ္ေပးလိုက္တာမဟုတ္ဘဲ ထိုက္သင့္တဲ့ျပစ္ဒဏ္ခ်မွတ္ၿပီးသားျဖစ္ၿပီး လုပ္ထုံးလုပ္နည္းနဲ႔အညီ အဆင့္ဆင့္သုံးသပ္တင္ျပၿပီးမွ ျပစ္ဒဏ္ေလွ်ာ့ေပါ့ေပးခဲ့တာသာျဖစ္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေျပာပါတယ္။

ဒါ့အျပင္ ေမာင္ႏုေက်း႐ြာနဲ႔ ခြၽတ္ျပင္ေက်း႐ြာမွာ ႐ြာသားေတြေသဆုံးခဲ့တဲ့ျဖစ္စဥ္အေပၚမွာ စုံစမ္းစစ္ေဆးေရးခုံ႐ုံးအဆင့္ဖြဲ႕ၿပီး စတင္ေဆာင္႐ြက္ေနၿပီျဖစ္တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53237071
ဂူတာပြင်ကိစ္စ အရေးယူခံရသူတွေရဲ့ပြစ်ဒဏ်တွေကို ထုတ်ပြောဖို့မရှိကြောင်း တပ်မတော် ပြော ဂူတာပြင်ကိစ္စ အရေးယူခံရသူတွေရဲ့ပြစ်ဒဏ်တွေကို ထုတ်ပြောဖို့မရှိကြောင်း တပ်မတော် ပြော Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.