ကျောက်မဲအနီး တိုက်ပွဲကြောင့် ဒေသခံ ၇၀၀ ကျော် ထွက်ပြေးခဲ့ရ


(Unicode)⤵⤵⤵
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာအနီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့ တပ်မတော်နဲ့ RCSS တိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရသူ ၇ဝဝ ထက်မနည်း ရှိတယ်လို့ ဒေသခံတွေက ဒီကနေ့ ဇွန် ၃ဝ ရက်နေ့မှာ ပြောကြပါတယ်။

ပါကျန်၊ ဟဲကွီ၊ ပြိန်နင်း၊ မန်မိုင်၊ ရေဆန်စတဲ့ ကျေးရွာဆယ်ရွာက ရွာသား ၄၃၇ ဦးဟာ နောင်ပိန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရပြီး ပန်လော့ကျေးရွာမှာတော့ လူဦးရေ ၁၉၀ ကျော်၊ နမ့်ဖတ်ရွာမှာ လူဦးရေ ၆၀ ဝန်းကျင် ခိုလှုံနေကြတာပါ။

ပန်လော့ကျေးရွာ အုပ်ချုပ်ရေးမှူးကတော့ နှစ်ဖက်တပ်တွေ ဒေသအတွင်းကနေ ဒီကနေ့ ပြန်လည် ဆုတ်ခွာသွားကြပြီဖြစ်တာကြောင့် သူ့ရွာမှာ ခိုလုံနေသူတွေ မနက်ဖြန်မှာ နေရပ်ပြန်ဖွယ် ရှိတယ်လို့ပြောပါတယ်။

ဇွန် ၂၈ ရက်နေ့ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ ဦးလုံးစုကို  ဒီကနေ့ နောင်ပိန်ကျေးရွားမှာ သဂြိုလ်ခဲ့ပါတယ်။

ဒဏ်ရာရလို့ နောင်ပိန်တိုက်နယ်ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံနေတဲ့ အသက်ငါးဆယ်အရွယ် ပန်ကျန်ရွာသူ ပါမွမ်ဆိုင်က ကျေးရွာအနီး ပစ်ခတ်သံတွေကြားရတဲ့အချိန်မှာ မှတ်ပုံတင်နဲ့ အရေးကြီး ပစ္စည်းတွေယူပြီး ထွက်ပြေးဖို့ ကြိုးစားချိန်မှာ ကျည်ထိမှန်ခဲ့တာလို့  ပြောပါတယ်။ 

RFA Burmese
--------------------------------

(Zawgyi)⤵⤵⤵
ေက်ာက္မဲအနီး တိုက္ပြဲေၾကာင့္ ေဒသခံ ၇၀၀ ေက်ာ္ ထြက္ေျပးခဲ့ရ

ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕နယ္ ပန္က်န္ေက်း႐ြာအနီး ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ျဖစ္ပြားတဲ့ တပ္မေတာ္နဲ႔ RCSS တိုက္ပြဲေၾကာင့္ ေနရပ္စြန႔္ခြာခဲ့ရသူ ၇ဝဝ ထက္မနည္း ရွိတယ္လို႔ ေဒသခံေတြက ဒီကေန႔ ဇြန္ ၃ဝ ရက္ေန႔မွာ ေျပာၾကပါတယ္။

ပါက်န္၊ ဟဲကြီ၊ ၿပိန္နင္း၊ မန္မိုင္၊ ေရဆန္စတဲ့ ေက်း႐ြာဆယ္႐ြာက ႐ြာသား ၄၃၇ ဦးဟာ ေနာင္ပိန္ေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္းမွာ ခိုလႈံေနရၿပီး ပန္ေလာ့ေက်း႐ြာမွာေတာ့ လူဦးေရ ၁၉၀ ေက်ာ္၊ နမ့္ဖတ္႐ြာမွာ လူဦးေရ ၆၀ ဝန္းက်င္ ခိုလႈံေနၾကတာပါ။

ပန္ေလာ့ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးကေတာ့ ႏွစ္ဖက္တပ္ေတြ ေဒသအတြင္းကေန ဒီကေန႔ ျပန္လည္ ဆုတ္ခြာသြားၾကၿပီျဖစ္တာေၾကာင့္ သူ႔႐ြာမွာ ခိုလုံေနသူေတြ မနက္ျဖန္မွာ ေနရပ္ျပန္ဖြယ္ ရွိတယ္လို႔ေျပာပါတယ္။

ဇြန္ ၂၈ ရက္ေန႔ တိုက္ပြဲအတြင္း ေသဆုံးသြားတဲ့ ဦးလုံးစုကို  ဒီကေန႔ ေနာင္ပိန္ေက်း႐ြားမွာ သၿဂိဳလ္ခဲ့ပါတယ္။

ဒဏ္ရာရလို႔ ေနာင္ပိန္တိုက္နယ္ေဆး႐ုံမွာ တက္ေရာက္ ေဆးကုသမႈခံေနတဲ့ အသက္ငါးဆယ္အ႐ြယ္ ပန္က်န္႐ြာသူ ပါမြမ္ဆိုင္က ေက်း႐ြာအနီး ပစ္ခတ္သံေတြၾကားရတဲ့အခ်ိန္မွာ မွတ္ပုံတင္နဲ႔ အေရးႀကီး ပစၥည္းေတြယူၿပီး ထြက္ေျပးဖို႔ ႀကိဳးစားခ်ိန္မွာ က်ည္ထိမွန္ခဲ့တာလို႔  ေျပာပါတယ္။ 

RFA Burmese
https://www.facebook.com/rfaburmese
ကျောက်မဲအနီး တိုက်ပွဲကြောင့် ဒေသခံ ၇၀၀ ကျော် ထွက်ပြေးခဲ့ရ ကျောက်မဲအနီး တိုက်ပွဲကြောင့် ဒေသခံ ၇၀၀ ကျော် ထွက်ပြေးခဲ့ရ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.