စောဒေးဗစ်လား အာမခံလျှောက်ထားမှု တရားရုံး ပယ်ချ

(တရားဟောဆရာ စောဒေးဗစ်လားကို ၂၀၂၀၊ မေ ၂၀ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ တွေ့ရစဉ် ) ဓာတ်ပုံ - သန့်ဇင်ဦး/ RFA
(Unicode)⤵⤵⤵
ကပ်ဘေးကာလ ထုတ်ပြန်ထားတဲ့ အမိန့်တွေနဲ့ ဆန့်ကျင်ပြီး လူစုလူဝေးနဲ့ တရားပွဲ ပြုလုပ်ခဲ့မှုနဲ့ တရားစွဲခံနေရတဲ့ ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လား  ပြင်ပကနေ အမှုရင်ဆိုင်ဖို့ အာမခံလျှောက်ထားတာကို မရမ်းကုန်းမြို့နယ် တရားရုံးက ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။   

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အရ ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်လို့ရတဲ့ အမှုဖြစ်တာကြောင့် အာမခံပေးလို့မရတဲ့အတွက် ငြင်းပယ်လိုက်တာ ဖြစ်တယ်လို့ တရားရုံး သတင်းနဲ့ ပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးမိုးဆွေက ပြောပါတယ်။ ရာဇဝတ်ကျင့်ထုံးဥပဒေအရ သုံးနှစ်ကနေ သုံးနှစ်အထက် ပြစ်ဒဏ်ကျခံရနိုင်တဲ့ ပြစ်မှုတွေဆိုရင် အာမခံပေးလို့မရကြောင်း ပြဌာန်းထားတာကြောင့် မပေးတာလို့ ဆိုပါတယ်။လာမယ့် ဇူလိုင် ၈ ရက်နေ့ ရုံးချိန်းမှာ တရားလိုပြ သက်သေ နှစ်ဦးကို စတင်စစ်ဆေးမှာဖြစ်ပါတယ်။

ဧပြီလ ၇ ရက်နေ့ ညနေပိုင်းက မရမ်းကုန်းမြို့နယ် အမှတ် (၇) ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ညီအကိုများအသင်းတော်ဝန်းထဲမှာ စုဝေးခဲ့မှုမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် လူစုလူဝေးမပြုလုပ်ဖို့ အစိုးရထုတ်ပြန်တဲ့ အမိန့် ညွှန်ကြားချက်တွေကို ချိုးဖောက်တယ်ဆိုပြီး တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့ အမှုဖွင့်တိုင်ကြားခံရတာပါ။

သူတို့ ရင်ဆိုင်နေရတဲ့ ပုဒ်မဟာ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ရင် အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်ဟာ ရန်ကုန်ရဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ပျံ့နှံ့မှု အများဆုံးပေါ်ပေါက်ခဲ့ရာ လူစုလူဝေးပြုလုပ်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။   အဲဒီဘာသာရေးဆိုင်ရာ စုဝေးမှုမှာ ပါဝင်ခဲ့သူတချို့ကတော့ မူလက လူအများအပြား ပါဝင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ကပ်ဘေးကာလ အမိန့်တွေ၊ သတင်း ထုတ်ပြန်ချက်တွေကို သတိပြုမိကြောင့် လူအနည်းငယ်ပဲ စုဝေးခဲ့ပြီး ကျန်တဲ့ လူအများစု အွန်လိုင်းကနေ ပါဝင်လို့ရအောင် တိုက်ရိုက် ထုတ်လွှင့်ခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ဒီအခြေအနေမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ခေါင်းဆောင်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်တချို့ဟာ ဗိုလ်တထောင်ဘုရားမှာ အခမ်းအနားတစ်ခုပြုလုပ်စဉ် လူစုလူဝေးဖြစ်ခဲ့ပါတယ်။

အာဏာရပါတီကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ကို နှုတ်နဲ့ သတိပေးထားတယ်လို့ ပြောပါတယ်။

မြို့နယ် နှစ်ခုမှာတော့ လူတချို့က ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အမှုဖွင့်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

RFA Burmese
---------------------------------------
(Zawgyi)⤵⤵⤵
ေစာေဒးဗစ္လား အာမခံေလွ်ာက္ထားမႈ တရား႐ုံး ပယ္ခ်

ကပ္ေဘးကာလ ထုတ္ျပန္ထားတဲ့ အမိန႔္ေတြနဲ႔ ဆန႔္က်င္ၿပီး လူစုလူေဝးနဲ႔ တရားပြဲ ျပဳလုပ္ခဲ့မႈနဲ႔ တရားစြဲခံေနရတဲ့ ခရစ္ယာန္ တရားေဟာဆရာ ေစာေဒးဗစ္လား  ျပင္ပကေန အမႈရင္ဆိုင္ဖို႔ အာမခံေလွ်ာက္ထားတာကို မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးက ဒီကေန႔ ျငင္းဆိုလိုက္ပါတယ္။   

သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ဥပေဒပုဒ္မ ၂၅ အရ ေထာင္ဒဏ္ သုံးႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္လို႔ရတဲ့ အမႈျဖစ္တာေၾကာင့္ အာမခံေပးလို႔မရတဲ့အတြက္ ျငင္းပယ္လိုက္တာ ျဖစ္တယ္လို႔ တရား႐ုံး သတင္းနဲ႔ ျပန္ၾကားေရးအရာရွိ ၿမိဳ႕နယ္တရားသူႀကီး ဦးမိုးေဆြက ေျပာပါတယ္။ ရာဇဝတ္က်င့္ထုံးဥပေဒအရ သုံးႏွစ္ကေန သုံးႏွစ္အထက္ ျပစ္ဒဏ္က်ခံရႏိုင္တဲ့ ျပစ္မႈေတြဆိုရင္ အာမခံေပးလို႔မရေၾကာင္း ျပဌာန္းထားတာေၾကာင့္ မေပးတာလို႔ ဆိုပါတယ္။လာမယ့္ ဇူလိုင္ ၈ ရက္ေန႔ ႐ုံးခ်ိန္းမွာ တရားလိုျပ သက္ေသ ႏွစ္ဦးကို စတင္စစ္ေဆးမွာျဖစ္ပါတယ္။

ဧၿပီလ ၇ ရက္ေန႔ ညေနပိုင္းက မရမ္းကုန္းၿမိဳ႕နယ္ အမွတ္ (၇) ရပ္ကြက္၊ ကမာၻေအးဘုရားလမ္းမွာရွိတဲ့ ညီအကိုမ်ားအသင္းေတာ္ဝန္းထဲမွာ စုေဝးခဲ့မႈမွာ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ တိုက္ဖ်က္ေရးအတြက္ လူစုလူေဝးမျပဳလုပ္ဖို႔ အစိုးရထုတ္ျပန္တဲ့ အမိန႔္ ၫႊန္ၾကားခ်က္ေတြကို ခ်ိဳးေဖာက္တယ္ဆိုၿပီး တရားေဟာဆရာ ေစာေဒးဗစ္လားနဲ႔ နဝရတ္ေတးသံသြင္းက ဦးေဝထြန္းတို႔ အမႈဖြင့္တိုင္ၾကားခံရတာပါ။

သူတို႔ ရင္ဆိုင္ေနရတဲ့ ပုဒ္မဟာ အျပစ္ရွိေၾကာင္း တရား႐ုံးက ဆုံးျဖတ္ရင္ အမ်ားဆုံး ေထာင္ဒဏ္ သုံးႏွစ္အထိ ခ်မွတ္ႏိုင္တဲ့ ပုဒ္မ ျဖစ္ပါတယ္။

အဲဒီျဖစ္ရပ္ဟာ ရန္ကုန္ရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုး ကူးစက္ပ်ံ႕ႏွံ႔မႈ အမ်ားဆုံးေပၚေပါက္ခဲ့ရာ လူစုလူေဝးျပဳလုပ္မႈ တစ္ခု ျဖစ္ခဲ့ပါတယ္။   အဲဒီဘာသာေရးဆိုင္ရာ စုေဝးမႈမွာ ပါဝင္ခဲ့သူတခ်ိဳ႕ကေတာ့ မူလက လူအမ်ားအျပား ပါဝင္ဖို႔ ရည္႐ြယ္ခဲ့ေပမယ့္ ကပ္ေဘးကာလ အမိန႔္ေတြ၊ သတင္း ထုတ္ျပန္ခ်က္ေတြကို သတိျပဳမိေၾကာင့္ လူအနည္းငယ္ပဲ စုေဝးခဲ့ၿပီး က်န္တဲ့ လူအမ်ားစု အြန္လိုင္းကေန ပါဝင္လို႔ရေအာင္ တိုက္႐ိုက္ ထုတ္လႊင့္ခဲ့တယ္လို႔ ေျပာဆိုခဲ့ၾကပါတယ္။

ဒီအေျခအေနမွာ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ေခါင္းေဆာင္တဲ့ ရန္ကုန္တိုင္းေဒသႀကီးအစိုးရ အဖြဲ႕ဝင္တခ်ိဳ႕ဟာ ဗိုလ္တေထာင္ဘုရားမွာ အခမ္းအနားတစ္ခုျပဳလုပ္စဥ္ လူစုလူေဝးျဖစ္ခဲ့ပါတယ္။

အာဏာရပါတီကေတာ့ ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္ကို ႏႈတ္နဲ႔ သတိေပးထားတယ္လို႔ ေျပာပါတယ္။

ၿမိဳ႕နယ္ ႏွစ္ခုမွာေတာ့ လူတခ်ိဳ႕က ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကို အမႈဖြင့္ႏိုင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
စောဒေးဗစ်လား အာမခံလျှောက်ထားမှု တရားရုံး ပယ်ချ စောဒေးဗစ်လား အာမခံလျှောက်ထားမှု တရားရုံး ပယ်ချ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.