အမေရိကန်သမ္မတထရမ့်မှာ စစ်တပ်စေလွှတ်နိုင်တဲ့ အာဏာရှိသလား

 စစ်တပ်ရဲ့ အရန်တပ် အမျိုးသားလုံခြုံရေးတပ် ဟောလိဝုဒ်ရဲ့ လမ်းတွေမှာရောက်ရှိ
ဂျိတ်ခ် ဟော်တန် BBC Reality Check

(Unicode)⤵⤵⤵
အမေရိကန်နိုင်ငံ တဝန်းမှာ ဆန္ဒပြမှုတွေ ဖြစ်နေချိန်မှာ အဲဒီမငြိမ်မသက်မှုတွေ အဆုံးသတ်သွားအောင် စစ်တပ်ကို လွှတ်လိုက်မယ်လို့ သမ္မတ ထရမ့်က ခြိမ်းခြောက်ပါတယ်။

မြို့တွေနဲ့ ပြည်နယ်တွေမှာ ပြဿနာကို ဖြေရှင်းဖို့ ပျက်ကွက်ရင် စစ်တပ်ကို လွှတ်လိုက်မယ်လို့ ထရမ့် ပြောတာပါ။

ဒါပေမဲ့ တချို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကတော့ သူတို့ရဲ့ ခွင့်ပြုချက်မရဘဲ ထရမ့်အစိုးရမှာ ဗဟိုအဆင့် ပြည်ထောင်စု တပ်ဖွဲ့တွေ လွှတ်ဖို့ အာဏာမရှိဘူးလို့ ပြောပါတယ်။

သမ္မတမှာ တပ်ဖြန့်နိုင်တဲ့ အာဏာရှိလား

အတိုချုံးပြောရရင် ရှိပါတယ်။ တချို့ အခြေအနေတွေမှာ တပ်တွေ လွှတ်လိုက်နိုင်ပါတယ်။

အခုလည်း အမေရိကန်စစ်တပ်ရဲ့ အရန်တပ်ဖွဲ့ ဖြစ်တဲ့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် ထောင်ချီပြီး ဆန္ဒပြပွဲတွေ ရှိတဲ့ မြို့တွေကို ပို့ထားပြီးပါပြီ။

အဲဒီတပ်ဖွဲ့ဝင်တွေဟာ အမေရိကန် တဝန်းက ပြည်နယ် ၂၀ ကျော်မှာ ဆန္ဒပြမှုတွေကို ဖြိုခွဲဖို့ လုပ်နေပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ မြို့တွေနဲ့ ပြည်နယ်တွေ ကိုယ်တိုင်က တောင်းဆိုလို့ ရောက်လာကြသူတွေပါ။
အိမ်ဖြူတော် နှင်းဆီဥယျာဉ်မျာ ထရမ့် မိန့်ခွန်းပြော
ဒါပေမဲ့ ၁၉ ရာစုတုန်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအရလည်း ပြည်နယ်တွေရဲ့ ခွင့်ပြုချက်မလိုဘဲ ဝါရှင်တန် ဗဟိုအစိုးရက ကြားဝင်စွက်ဖက်နိုင်ပါတယ်။

ပြည်နယ်တစ်ခုမှာ တရားဥပဒေ စိုးမိုးရေးကို မလုပ်နိုင်တဲ့ အခြေအနေ ဒါမှမဟုတ် လူထုရဲ့ အခွင့်အရေးတွေ ထိပါးလာတဲ့ အခြေအနေလို့ သမ္မတက ယူဆချိန်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ ခွင့်ပြုချက်ယူဖို့ မလိုဘူးလို့ ပုန်ကန်သောင်းကျန်းမှု နှိမ်နင်းရေး အက်ဥပဒေက ခွင့်ပြုထားပါတယ်။

ဒီဥပဒေကို ၁၈၀၇ ခုနှစ်မှာ အတည်ပြုခဲ့တာပါ။ အင်ဒီးယန်းတွေရဲ့ ပြင်းထန်တဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ သမ္မတက စစ်တပ်အရန်တပ်ကို ခေါ်ဖို့ ခွင့်ပြုခဲ့တဲ့ ဥပဒေပါ။ တစ်ဆက်တည်းမှာပဲ ပြည်တွင်းမတည်ငြိမ်မှုတွေနဲ့ လူထုရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ အမေရိကန် စစ်တပ်ကို သုံးဖို့ပါ ခွင့်ပြုခဲ့ပါတယ်။

၁၈၇၈ မှာ အတည်ပြုခဲ့တဲ့ နောက်ထပ် ဥပဒေမှာတော့ ပြည်တွင်းမှာ စစ်တပ် သုံးမယ်ဆိုရင် ကွန်ဂရက် လွှတ်တော်ရဲ့ အတည်ပြုချက် ရဖို့ လိုပါတယ်။

ဒါပေမဲ့ ပုန်ကန်သောင်းကျန်းမှု နှိမ်နင်းရေး ဥပဒေ တစ်ခုတည်းနဲ့တင် သမ္မတက စစ်တပ်ချထားဖို့ ဥပဒေအရ အကျုံးဝင်တယ်လို့ ဥပေဒ ပညာရှင် တစ်ယောက်က ဘီဘီစီကို ပြောပြပါတယ်။

အခုလို အခြေအနေတွေမှာ ပြည်နယ်တွေရဲ့ ခွင့်ပြုချက်မလိုဘဲ သမ္မတက စစ်တပ် ချထားပိုင်ခွင့်ဟာ တရားဝင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။
ဆန္ဒပြမှုဖြိုခွဲရေး ဝတ်စုံဝတ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့
အဓိကက စစ်တပ် သုံးမသုံးဆိုတာ သမ္မတရဲ့ ဆုံးဖြတ်ချက်ပဲ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက အကူအညီတောင်းမှ လုပ်စရာ မလိုဘူးလို့ တက္ကဆက် တက္ကသိုလ် ဥပဒေ ပါမောက္ခ ရောဘတ် ချက်စနီက ပြောပါတယ်။

ဒီဥပဒေ အရင်က သုံးဖူးသလား

နှစ် ၃၀ လောက်အတွင်း ဒီဥပဒေကို မသုံးခဲ့ပေမဲ့ အရင်က ဒါကို အကြိမ် ဆယ်ချီ သုံးဖူးတယ်လို့ ကွန်ဂရက် သုတေသနအဖွဲ့ Congressional Research Service ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၁၉၉၂ သမ္မတ ဂျော့ချ် အိတ်ချ် ဒဘယ်လျူ ဘွတ်ရှ် လက်ထက် လော့အိန်ဂျယ်လိစ် လူမျိုးရေး အဓိကရုဏ်းမှာ ဒီဥပဒေကို နောက်ဆုံး သုံးခဲ့ဖူးပါတယ်။

ပြီးတော့ ဒီဥပဒေကို ၁၉၅၀ နဲ့ ၁၉၆၀ နှစ်တွေမှာလည်း တောက်လျှောက်သုံးခဲ့ပါတယ်။ အဲဒီကာလတွေမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာ သမ္မတ သုံးဆက် လက်ထက်မှာ သုံးခဲ့တာပါ။ အဲဒီအချိန်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ကန့်ကွက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

အာကန်ဆောက လူမည်းနဲ့ လူဖြူကလေးတွေ အတူစာသင်တဲ့ ကျောင်းတစ်ခုမှာ ဆန္ဒပြတာကို ထိန်းချုပ်ဖို့အတွက် အမေရိကန်တပ်တွေ လွှတ်ဖို့ သမ္မတ ဒွိုက်အိုက်စင်ဟောင်ဝါ ၁၉၅၇ မှာ ဒီဥပဒေကို သုံးတော့ ကန့်ကွက်တာတွနဲ့ ကြုံခဲ့ပါတယ်။

၁၉၆၀ နှစ်တွေ နောက်ပိုင်းမှာတော့ ဒီဥပဒေ သုံးတာ နည်းလာပါတယ်။

ကက်ထရီနာ ဟာရီကိန်း မုန်တိုင်းတိုက်ခတ်အပြီးမှာ စစ်တပ်ရဲ့ အကူအညီကို ထိထိရောက်ရောက် ယူနိုင်ဖို့ ကွန်ဂရက်က ၂၀၀၆ မှာ ဒီဥပဒေကို ပြင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ကန့်ကွက်ခဲ့လို့ ပြင်ဆင်ချက်ကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။

BBC Burmese
-----------------------
(Zawgyi)⤵⤵⤵
အေမရိကန္သမၼတထရမ့္မွာ စစ္တပ္ေစလႊတ္ႏိုင္တဲ့ အာဏာရွိသလား

ဂ်ိတ္ခ္ ေဟာ္တန္ BBC Reality Check

အေမရိကန္ႏိုင္ငံ တဝန္းမွာ ဆႏၵျပမႈေတြ ျဖစ္ေနခ်ိန္မွာ အဲဒီမၿငိမ္မသက္မႈေတြ အဆုံးသတ္သြားေအာင္ စစ္တပ္ကို လႊတ္လိုက္မယ္လို႔ သမၼတ ထရမ့္က ၿခိမ္းေျခာက္ပါတယ္။

ၿမိဳ႕ေတြနဲ႔ ျပည္နယ္ေတြမွာ ျပႆနာကို ေျဖရွင္းဖို႔ ပ်က္ကြက္ရင္ စစ္တပ္ကို လႊတ္လိုက္မယ္လို႔ ထရမ့္ ေျပာတာပါ။

ဒါေပမဲ့ တခ်ိဳ႕ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြကေတာ့ သူတို႔ရဲ႕ ခြင့္ျပဳခ်က္မရဘဲ ထရမ့္အစိုးရမွာ ဗဟိုအဆင့္ ျပည္ေထာင္စု တပ္ဖြဲ႕ေတြ လႊတ္ဖို႔ အာဏာမရွိဘူးလို႔ ေျပာပါတယ္။

သမၼတမွာ တပ္ျဖန္႔ႏိုင္တဲ့ အာဏာရွိလား

အတိုခ်ဳံးေျပာရရင္ ရွိပါတယ္။ တခ်ိဳ႕ အေျခအေနေတြမွာ တပ္ေတြ လႊတ္လိုက္ႏိုင္ပါတယ္။

အခုလည္း အေမရိကန္စစ္တပ္ရဲ႕ အရန္တပ္ဖြဲ႕ ျဖစ္တဲ့ အမ်ိဳးသားလုံၿခဳံေရးတပ္ဖြဲ႕ဝင္ ေထာင္ခ်ီၿပီး ဆႏၵျပပြဲေတြ ရွိတဲ့ ၿမိဳ႕ေတြကို ပို႔ထားၿပီးပါၿပီ။

အဲဒီတပ္ဖြဲ႕ဝင္ေတြဟာ အေမရိကန္ တဝန္းက ျပည္နယ္ ၂၀ ေက်ာ္မွာ ဆႏၵျပမႈေတြကို ၿဖိဳခြဲဖို႔ လုပ္ေနပါတယ္။ ဒါေပမဲ့ သူတို႔ေတြဟာ ၿမိဳ႕ေတြနဲ႔ ျပည္နယ္ေတြ ကိုယ္တိုင္က ေတာင္းဆိုလို႔ ေရာက္လာၾကသူေတြပါ။

ဒါေပမဲ့ ၁၉ ရာစုတုန္းက ျပ႒ာန္းခဲ့တဲ့ ဥပေဒအရလည္း ျပည္နယ္ေတြရဲ႕ ခြင့္ျပဳခ်က္မလိုဘဲ ဝါရွင္တန္ ဗဟိုအစိုးရက ၾကားဝင္စြက္ဖက္ႏိုင္ပါတယ္။

ျပည္နယ္တစ္ခုမွာ တရားဥပေဒ စိုးမိုးေရးကို မလုပ္ႏိုင္တဲ့ အေျခအေန ဒါမွမဟုတ္ လူထုရဲ႕ အခြင့္အေရးေတြ ထိပါးလာတဲ့ အေျခအေနလို႔ သမၼတက ယူဆခ်ိန္မွာ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြရဲ႕ ခြင့္ျပဳခ်က္ယူဖို႔ မလိုဘူးလို႔ ပုန္ကန္ေသာင္းက်န္းမႈ ႏွိမ္နင္းေရး အက္ဥပေဒက ခြင့္ျပဳထားပါတယ္။

ဒီဥပေဒကို ၁၈၀၇ ခုႏွစ္မွာ အတည္ျပဳခဲ့တာပါ။ အင္ဒီးယန္းေတြရဲ႕ ျပင္းထန္တဲ့ က်ဴးေက်ာ္တိုက္ခိုက္မႈေတြကို ကာကြယ္ဖို႔ သမၼတက စစ္တပ္အရန္တပ္ကို ေခၚဖို႔ ခြင့္ျပဳခဲ့တဲ့ ဥပေဒပါ။ တစ္ဆက္တည္းမွာပဲ ျပည္တြင္းမတည္ၿငိမ္မႈေတြနဲ႔ လူထုရဲ႕ အခြင့္အေရးေတြကို ကာကြယ္ဖို႔ အေမရိကန္ စစ္တပ္ကို သုံးဖို႔ပါ ခြင့္ျပဳခဲ့ပါတယ္။

၁၈၇၈ မွာ အတည္ျပဳခဲ့တဲ့ ေနာက္ထပ္ ဥပေဒမွာေတာ့ ျပည္တြင္းမွာ စစ္တပ္ သုံးမယ္ဆိုရင္ ကြန္ဂရက္ လႊတ္ေတာ္ရဲ႕ အတည္ျပဳခ်က္ ရဖို႔ လိုပါတယ္။

ဒါေပမဲ့ ပုန္ကန္ေသာင္းက်န္းမႈ ႏွိမ္နင္းေရး ဥပေဒ တစ္ခုတည္းနဲ႔တင္ သမၼတက စစ္တပ္ခ်ထားဖို႔ ဥပေဒအရ အက်ဳံးဝင္တယ္လို႔ ဥေပဒ ပညာရွင္ တစ္ေယာက္က ဘီဘီစီကို ေျပာျပပါတယ္။

အခုလို အေျခအေနေတြမွာ ျပည္နယ္ေတြရဲ႕ ခြင့္ျပဳခ်က္မလိုဘဲ သမၼတက စစ္တပ္ ခ်ထားပိုင္ခြင့္ဟာ တရားဝင္တယ္လို႔ က်ယ္က်ယ္ျပန္႔ျပန္႔ လက္ခံထားၾကပါတယ္။

အဓိကက စစ္တပ္ သုံးမသုံးဆိုတာ သမၼတရဲ႕ ဆုံးျဖတ္ခ်က္ပဲ၊ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြက အကူအညီေတာင္းမွ လုပ္စရာ မလိုဘူးလို႔ တကၠဆက္ တကၠသိုလ္ ဥပေဒ ပါေမာကၡ ေရာဘတ္ ခ်က္စနီက ေျပာပါတယ္။

ဒီဥပေဒ အရင္က သုံးဖူးသလား

ႏွစ္ ၃၀ ေလာက္အတြင္း ဒီဥပေဒကို မသုံးခဲ့ေပမဲ့ အရင္က ဒါကို အႀကိမ္ ဆယ္ခ်ီ သုံးဖူးတယ္လို႔ ကြန္ဂရက္ သုေတသနအဖြဲ႕ Congressional Research Service ရဲ႕ အခ်က္အလက္ေတြအရ သိရပါတယ္။

၁၉၉၂ သမၼတ ေဂ်ာ့ခ်္ အိတ္ခ်္ ဒဘယ္လ်ဴ ဘြတ္ရွ္ လက္ထက္ ေလာ့အိန္ဂ်ယ္လိစ္ လူမ်ိဳးေရး အဓိက႐ုဏ္းမွာ ဒီဥပေဒကို ေနာက္ဆုံး သုံးခဲ့ဖူးပါတယ္။

ၿပီးေတာ့ ဒီဥပေဒကို ၁၉၅၀ နဲ႔ ၁၉၆၀ ႏွစ္ေတြမွာလည္း ေတာက္ေလွ်ာက္သုံးခဲ့ပါတယ္။ အဲဒီကာလေတြမွာ ျဖစ္ခဲ့တဲ့ လူ႔အခြင့္အေရး လႈပ္ရွားမႈေတြမွာ သမၼတ သုံးဆက္ လက္ထက္မွာ သုံးခဲ့တာပါ။ အဲဒီအခ်ိန္မွာ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြက ကန္႔ကြက္ခဲ့တာေတြလည္း ရွိခဲ့ပါတယ္။

အာကန္ေဆာက လူမည္းနဲ႔ လူျဖဴကေလးေတြ အတူစာသင္တဲ့ ေက်ာင္းတစ္ခုမွာ ဆႏၵျပတာကို ထိန္းခ်ဳပ္ဖို႔အတြက္ အေမရိကန္တပ္ေတြ လႊတ္ဖို႔ သမၼတ ဒြိဳက္အိုက္စင္ေဟာင္ဝါ ၁၉၅၇ မွာ ဒီဥပေဒကို သုံးေတာ့ ကန္႔ကြက္တာတြနဲ႔ ႀကဳံခဲ့ပါတယ္။

၁၉၆၀ ႏွစ္ေတြ ေနာက္ပိုင္းမွာေတာ့ ဒီဥပေဒ သုံးတာ နည္းလာပါတယ္။

ကက္ထရီနာ ဟာရီကိန္း မုန္တိုင္းတိုက္ခတ္အၿပီးမွာ စစ္တပ္ရဲ႕ အကူအညီကို ထိထိေရာက္ေရာက္ ယူႏိုင္ဖို႔ ကြန္ဂရက္က ၂၀၀၆ မွာ ဒီဥပေဒကို ျပင္ခဲ့ပါတယ္။ ဒါေပမဲ့ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြက ကန္႔ကြက္ခဲ့လို႔ ျပင္ဆင္ခ်က္ကို ျပန္႐ုပ္သိမ္းခဲ့ရပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52909407
အမေရိကန်သမ္မတထရမ့်မှာ စစ်တပ်စေလွှတ်နိုင်တဲ့ အာဏာရှိသလား အမေရိကန်သမ္မတထရမ့်မှာ စစ်တပ်စေလွှတ်နိုင်တဲ့ အာဏာရှိသလား Reviewed by THITHTOOLWIN on 23:15 Rating: 5
Powered by Blogger.