ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ ကြိုတင်ပြင်ဆင်နေ


(Unicode)⤵⤵⤵
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးရက်ကို  မကြေညာသေးပေမယ့် အာဏာရပါတီနဲ့ နိုင်ငံရေးပါတီတချို့ကတော့ ပြင်ဆင်ရွေးချယ်တာတွေ  စတင်ပြုလုပ်နေကြပါပြီ။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ခါတိုင်းလိုပဲ နိုဝင်ဘာလမှာကျင်းပမယ်လို့  ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က အရိပ်အမြွက် ပြောဆိုခဲ့ပြီးနောက်မှာတော့ ပါတီကြီးတွေကတော့ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်တာတွေ၊ ကိုယ်စားလှယ်လောင်းရွေးချယ်တာတွေ ပြုလုပ်နေပါပြီ။

အင်အားကြီး အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာလည်း ကိုယ်စားလှယ် ရွေးချယ်တာတွေကို အောက်ခြေမှာ စတင်နေပြီလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

"အောက်ခြေကတော့ လုပ်နေတယ်၊ ခုထိ စိစစ်နေတာ မပျက်သေးဘူး၊ ကျနော်တို့ကတော့ ပြည်သူလက်ခံ သော၊ အောက်ခြေပါတီဝင်တွေ လက်ခံသော ပုဂ္ဂိုလ်များကို စီစစ်လက်ခံနေတဲ့ကာလဖြစ်ပါတယ်၊ ပြည်သူ လူထုအပေါ်မှာ သိတတ်သော၊ အခုတမျိုးတော်ကြာတမျိုး မပြောတတ်သောသူများဖြစ်အောင် နိုင်ငံနဲ့ လူမျိုးကို အမှန်တကယ် အလုပ်အကြွေးပြုတဲ့သူ ဒီပေတံနဲ့ အဓိက တိုင်းပါတယ်"

အာဏာရပါတီ အမျိုးသားဒီမျိုကရေစီအဖွဲ့ချုပ် NLD ကတော့  ဒီလထဲမှာ ကိုယ်စားလှယ်လောင်းစာရင်း ပေးပို့ကြဖို့ မြို့နယ်ရုံးခွဲတွေကို ညွှန်ကြားလိုက်ပါပြီ။

ကိုယ်စားလှယ်တွေကို အချက် နှစ်ချက်နဲ့ ရွေးချယ်မယ်လို့ NLD ပါတီပြန်ကြားရေးအဖွဲ့က မုံရွာ အောင်ရှင်က ပြောပါတယ်။

"အဓိကတော့ နှစ်ချက်ပါပဲ သက်ဆိုင်ရာမြို့နယ်စည်းရုံးရေးကော်မတီရယ်၊ NLD ပါတီဝင်ဖြစ်သော မြို့မိမြို့ဖ ငါးဦးပေါ့နော် အဲဒါတွေ ပူးပေါင်းပြီးရွေးရမယ်၊ ရွေးပြီးတော့ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ရုံးတွေတင်ရမယ်၊ ပြီးတော့မှ ဗဟိုကိုတင်ရမယ်၊ သို့သော်လည်း အဓိကဆုံးဖြတ်မှာက ဗဟို CEC က ဆုံးဖြတ်မှာပါ၊ အဲတာမူပါပဲ"

၂၀၁၅ မှာ NLD ပါတီဟာ မဲဆန္ဒနယ်မြေအများစုမှာ အနိုင်ရတဲ့အတွက်  အစိုးရဖွဲ့နိုင်ခဲ့ပြီးနောက်ပိုင်း ဝန်ကြီးချုပ် နဲ့  ဝန်ကြီးတချို့ တာဝန်မကျေပွန်လို့ အရေးယူခံရတာ၊ လွှတ်တော်ကိုယ်စားလှယ်တချို့ သက်ဆိုင်ရာ မဲဆန္ဒနယ် အတွက် အလုပ်မလုပ်ကြလို့ ဝေဖန်ခံရတာတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် ၂၀၂၀ မှာ ပြည်သူတွေအနေနဲ့ လူကိုမကြည့်ဘဲ ပါတီကိုပဲကြည့်ပြီး မဲပေးမလား၊ ကိုယ်စားလှယ်ကိုပဲ ကြည့်ပြီး မဲပေးမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ လူထုထောက်ခံမှုများတဲ့ NLD ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့လိုအပ်တယ်လို့ သုံးသပ်ပါတယ်။

"အဲဒီလို ရပ်မိရပ်ဖတွေပါပါပြီးတော့ ကော်မတီနဲ့ရွေးချယ်တာဟာ ပိုပြီးတော့ ပိုပြီးလျော်ကန်တယ်၊ ပိုပြီးသင့်မြတ်တယ်ဆိုနိုင်ပေမယ့် တဘက်မှာလည်း ဒီလို့ရပ်မိရပ်ဖတွေရွေးချယ်ပြီး ကော်မတီကနေတဆင့် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့နေရာမှာ မလိုလားအပ်တဲ့ဘက်လိုက်မှုတွေ၊ မလိုလားအပ်တဲ့ အဂတိ ပြဿနာတွေ၊ ဒါမျိုးတွေဖြစ်လာနိုင်တဲ့အနေအထားကိုလည်းပဲ ကြိုတင်တွက်ဆပြီးတော့ ပါတီအနေနဲ့ ပြင်ဆင်ဖို့လိုအပ်တယ်လို့ မြင်ပါတယ်"

NLD ကနေ မကြာသေးမီကမှ ထွက်ခွာခဲ့သူတချို့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီမှာလည်း ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေရှိနေပါပြီ။

ရွေးကောက်ပွဲပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည့်သူ့ရှေ့ဆောင်ပါတီက  အမတ်လောင်းရွေးချယ်မှုကို ဂရုတစိုက်လုပ်ကိုင်နေတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင် ကပြောပါတယ်။

"ရွေးနေပြီရှင်။ စံတွေကတော့  နံပါတ်တစ် ၂၀၀၈ အခြေခံဥပဒေမှာပါတဲ့ ကိုယ်စားလှယ်လောင်း အရည် အချင်းနဲ့လည်း ပြည်စုံရမယ်ပေါနော်၊ နောက်တခုက ကျမတို့ပါတီက ချမှတ်ထားတာက ငါးချက်ပါရှင်၊ ကျမတို့ပါတီက ချမှတ်ထားတဲ့ စံတန်ဖိုးတွေ၊ အခြေခံမူတွေ၊ ကျင့်ဝတ်တွေကို လိုက်နာနိုင်တဲ့ပါတီဝင် ဖြစ်ရမယ့်ပေါ့နော်၊ အဲတာတော့ နံပါတ်တစ်ပါရှင့်၊ သက်ဆိုင်ရာမြို့နယ်ရဲ့  ပြည်သူလူထုရဲ့ လေးစား ယုံကြည်မှု ရှိပြီးတော့မှ အတတ်ပညာအသိပညာရှိရမယ့်ပေါနော်"

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ပါဝင်ခဲ့သူတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီတာဝန်ရှိသူတွေကို ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့ အခြေအနေမေးမြန်းရာမှာတော့ လတ်တလော မပြောလိုသေးဘူးလို့ အကြောင်းပြန်ပါတယ်။

တိုင်းရင်းသားပါတီတွေထဲမှာ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကတော့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း ရွေးချယ်ရာမှာ အမျိုးသမီးနဲ့လူငယ်တွေကို ဦးစားပေးမယ်လို့ SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။

"အဓိကတော့ အမျိုးသမီး၊ လူငယ်၊ ဒေသခံပေါနော်၊ အမျိုးသမီးဦးစားပေးဖြစ်ရမယ်၊ လူငယ်ဦးစားပေး ဖြစ်ရမယ်၊ နောက်ဒေသခံဦးစားပေးဖြစ်ရမယ်၊ အဲဒီအချက် သုံးချက်အပြင် ပြည်သူလူထု လက်ခံပြီးတော့မှ အကျင့်စာရိတ္တကောင်းမွန်တဲ့ ပါတီဝင်ထဲကပဲ ရွေးမယ်ပေါ့နော်၊ အကြမ်းအားဖြင့် ဒီလောက်ပဲရှိပါတယ်"

ရွေးကောက်ပွဲ နီးကပ်လာနေပေမယ့်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့  တိုက်ပွဲတွေကြောင့် ဘယ်မြို့ နယ်မှာ ရွေးကောက်ပွဲဖြစ်မယ် မဖြစ်ဘူးဆိုတာကို မသေချာသေးပါဘူး။ ဒါကြောင့် ကိုယ်စားလှယ် မရွေးရ သေးဘူးလို့ ရခိုင်အမျိုးသားပါတီ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ပြောပါတယ်။

"ရခိုင်ပြည်ရဲ့အနေအထားအရ ရွေးကောက်ပွဲဟာ ဘယ်နေရာတွေမှာ ကျင်းပမလဲဆိုတာတောင်မှ တိတိကျကျ မသိရသေးတဲ့အချိန်၊ နောက်တခု ရခိုင်ပြည်နယ်မြောက်ပိုင်းလို့ ပြောတဲ့ဒေသမှာဆိုရင် စစ်ဘေးဒုက္ခသည်တွေ နဲ့ပဲ ရွာတွေ၊ လူတွေ ဒုက္ခမျိုးစုံခံနေရတဲ့ အဲအချိန်မှာ ရွေးကောက်ပွဲလုပ်မယ် မလုပ်မယ် ဆိုတာမသိရသေး ဘဲနဲ့ ဒီပါတီရဲ့ကိုယ်စားလှယ်လောင်းတွေကဖြင့် ဘယ်သူတွေဖြစ်တယ်လို့ ဘယ်လိုဆောင်ရွက်မလဲ"

ရခိုင်အမျိုးသားပါတီအနေနဲ့ ၂၀၁၀၊၂၀၁၅ နဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းရွေးချယ်မှုအကြောင်း ကြေညာပြီးမှသာ ရွေးချယ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

တိုက်ပွဲ အဆက်မပြတ်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အများအပြားနဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့မှာ ဒီနှစ် ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေက မရေမရာ ဖြစ်နေပါတယ်။

ယခင် ရွေးကောက်ပွဲတွေမှာလည်း ရှမ်းပြည်နယ်၊ ဝဒေသမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ်လို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ပြောကြားထားပါတယ်။

ကျော်လွင်ဦး / RFA Burmese
--------------------------------------

(Zawgyi)⤵⤵⤵
ေ႐ြးေကာက္ပြဲအတြက္ ႏိုင္ငံေရးပါတီေတြ ႀကိဳတင္ျပင္ဆင္ေန

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္း အမည္စာရင္း တင္သြင္းရမယ့္ ေနာက္ဆုံးရက္ကို  မေၾကညာေသးေပမယ့္ အာဏာရပါတီနဲ႔ ႏိုင္ငံေရးပါတီတခ်ိဳ႕ကေတာ့ ျပင္ဆင္ေ႐ြးခ်ယ္တာေတြ  စတင္ျပဳလုပ္ေနၾကပါၿပီ။

၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲကို ခါတိုင္းလိုပဲ ႏိုဝင္ဘာလမွာက်င္းပမယ္လို႔  ျပည္ေထာင္စု ေ႐ြးေကာက္ ပြဲေကာ္မရွင္က အရိပ္အႁမြက္ ေျပာဆိုခဲ့ၿပီးေနာက္မွာေတာ့ ပါတီႀကီးေတြကေတာ့ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္ ျပင္ဆင္တာေတြ၊ ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္တာေတြ ျပဳလုပ္ေနပါၿပီ။

အင္အားႀကီး အတိုက္အခံပါတီတစ္ခုျဖစ္တဲ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီမွာလည္း ကိုယ္စားလွယ္ ေ႐ြးခ်ယ္တာေတြကို ေအာက္ေျခမွာ စတင္ေနၿပီလို႔ ပါတီေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာပါတယ္။

"ေအာက္ေျခကေတာ့ လုပ္ေနတယ္၊ ခုထိ စိစစ္ေနတာ မပ်က္ေသးဘူး၊ က်ေနာ္တို႔ကေတာ့ ျပည္သူလက္ခံ ေသာ၊ ေအာက္ေျခပါတီဝင္ေတြ လက္ခံေသာ ပုဂၢိဳလ္မ်ားကို စီစစ္လက္ခံေနတဲ့ကာလျဖစ္ပါတယ္၊ ျပည္သူ လူထုအေပၚမွာ သိတတ္ေသာ၊ အခုတမ်ိဳးေတာ္ၾကာတမ်ိဳး မေျပာတတ္ေသာသူမ်ားျဖစ္ေအာင္ ႏိုင္ငံနဲ႔ လူမ်ိဳးကို အမွန္တကယ္ အလုပ္အေႂကြးျပဳတဲ့သူ ဒီေပတံနဲ႔ အဓိက တိုင္းပါတယ္"

အာဏာရပါတီ အမ်ိဳးသားဒီမ်ိဳကေရစီအဖြဲ႕ခ်ဳပ္ NLD ကေတာ့  ဒီလထဲမွာ ကိုယ္စားလွယ္ေလာင္းစာရင္း ေပးပို႔ၾကဖို႔ ၿမိဳ႕နယ္႐ုံးခြဲေတြကို ၫႊန္ၾကားလိုက္ပါၿပီ။

ကိုယ္စားလွယ္ေတြကို အခ်က္ ႏွစ္ခ်က္နဲ႔ ေ႐ြးခ်ယ္မယ္လို႔ NLD ပါတီျပန္ၾကားေရးအဖြဲ႕က မုံ႐ြာ ေအာင္ရွင္က ေျပာပါတယ္။

"အဓိကေတာ့ ႏွစ္ခ်က္ပါပဲ သက္ဆိုင္ရာၿမိဳ႕နယ္စည္း႐ုံးေရးေကာ္မတီရယ္၊ NLD ပါတီဝင္ျဖစ္ေသာ ၿမိဳ႕မိၿမိဳ႕ဖ ငါးဦးေပါ့ေနာ္ အဲဒါေတြ ပူးေပါင္းၿပီးေ႐ြးရမယ္၊ ေ႐ြးၿပီးေတာ့ သက္ဆိုင္ရာတိုင္းနဲ႔ ျပည္နယ္႐ုံးေတြတင္ရမယ္၊ ၿပီးေတာ့မွ ဗဟိုကိုတင္ရမယ္၊ သို႔ေသာ္လည္း အဓိကဆုံးျဖတ္မွာက ဗဟို CEC က ဆုံးျဖတ္မွာပါ၊ အဲတာမူပါပဲ"

၂၀၁၅ မွာ NLD ပါတီဟာ မဲဆႏၵနယ္ေျမအမ်ားစုမွာ အႏိုင္ရတဲ့အတြက္  အစိုးရဖြဲ႕ႏိုင္ခဲ့ၿပီးေနာက္ပိုင္း ဝန္ႀကီးခ်ဳပ္ နဲ႔  ဝန္ႀကီးတခ်ိဳ႕ တာဝန္မေက်ပြန္လို႔ အေရးယူခံရတာ၊ လႊတ္ေတာ္ကိုယ္စားလွယ္တခ်ိဳ႕ သက္ဆိုင္ရာ မဲဆႏၵနယ္ အတြက္ အလုပ္မလုပ္ၾကလို႔ ေဝဖန္ခံရတာေတြ ရွိခဲ့ပါတယ္။

ဒါေၾကာင့္ ၂၀၂၀ မွာ ျပည္သူေတြအေနနဲ႔ လူကိုမၾကည့္ဘဲ ပါတီကိုပဲၾကည့္ၿပီး မဲေပးမလား၊ ကိုယ္စားလွယ္ကိုပဲ ၾကည့္ၿပီး မဲေပးမလားဆိုတာကေတာ့ စိတ္ဝင္စားစရာပါ။

ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ လူထုေထာက္ခံမႈမ်ားတဲ့ NLD ပါတီအေနနဲ႔ ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္ရာမွာ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ထားဖို႔လိုအပ္တယ္လို႔ သုံးသပ္ပါတယ္။

"အဲဒီလို ရပ္မိရပ္ဖေတြပါပါၿပီးေတာ့ ေကာ္မတီနဲ႔ေ႐ြးခ်ယ္တာဟာ ပိုၿပီးေတာ့ ပိုၿပီးေလ်ာ္ကန္တယ္၊ ပိုၿပီးသင့္ျမတ္တယ္ဆိုႏိုင္ေပမယ့္ တဘက္မွာလည္း ဒီလို႔ရပ္မိရပ္ဖေတြေ႐ြးခ်ယ္ၿပီး ေကာ္မတီကေနတဆင့္ ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္တဲ့ေနရာမွာ မလိုလားအပ္တဲ့ဘက္လိုက္မႈေတြ၊ မလိုလားအပ္တဲ့ အဂတိ ျပႆနာေတြ၊ ဒါမ်ိဳးေတြျဖစ္လာႏိုင္တဲ့အေနအထားကိုလည္းပဲ ႀကိဳတင္တြက္ဆၿပီးေတာ့ ပါတီအေနနဲ႔ ျပင္ဆင္ဖို႔လိုအပ္တယ္လို႔ ျမင္ပါတယ္"

NLD ကေန မၾကာေသးမီကမွ ထြက္ခြာခဲ့သူတခ်ိဳ႕ ဖြဲ႕စည္းထားတဲ့ ျပည္သူ႔ေရွ႕ေဆာင္ပါတီမွာလည္း ေ႐ြးေကာက္ပြဲ အတြက္ ျပင္ဆင္မႈေတြရွိေနပါၿပီ။

ေ႐ြးေကာက္ပြဲပထမဆုံးအႀကိမ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ျပည့္သူ႔ေရွ႕ေဆာင္ပါတီက  အမတ္ေလာင္းေ႐ြးခ်ယ္မႈကို ဂ႐ုတစိုက္လုပ္ကိုင္ေနတယ္လို႔ ပါတီဥကၠ႒ ေဒါက္တာ သက္သက္ခိုင္ ကေျပာပါတယ္။

"ေ႐ြးေနၿပီရွင္။ စံေတြကေတာ့  နံပါတ္တစ္ ၂၀၀၈ အေျခခံဥပေဒမွာပါတဲ့ ကိုယ္စားလွယ္ေလာင္း အရည္ အခ်င္းနဲ႔လည္း ျပည္စုံရမယ္ေပါေနာ္၊ ေနာက္တခုက က်မတို႔ပါတီက ခ်မွတ္ထားတာက ငါးခ်က္ပါရွင္၊ က်မတို႔ပါတီက ခ်မွတ္ထားတဲ့ စံတန္ဖိုးေတြ၊ အေျခခံမူေတြ၊ က်င့္ဝတ္ေတြကို လိုက္နာႏိုင္တဲ့ပါတီဝင္ ျဖစ္ရမယ့္ေပါ့ေနာ္၊ အဲတာေတာ့ နံပါတ္တစ္ပါရွင့္၊ သက္ဆိုင္ရာၿမိဳ႕နယ္ရဲ႕  ျပည္သူလူထုရဲ႕ ေလးစား ယုံၾကည္မႈ ရွိၿပီးေတာ့မွ အတတ္ပညာအသိပညာရွိရမယ့္ေပါေနာ္"

၈၈ မ်ိဳးဆက္ ပြင့္လင္းလူ႔အဖြဲ႕အစည္းမွာ ပါဝင္ခဲ့သူေတြ ဦးေဆာင္ဖြဲ႕စည္းထားတဲ့ ျပည္သူ႔ပါတီတာဝန္ရွိသူေတြကို ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္တဲ့ အေျခအေနေမးျမန္းရာမွာေတာ့ လတ္တေလာ မေျပာလိုေသးဘူးလို႔ အေၾကာင္းျပန္ပါတယ္။

တိုင္းရင္းသားပါတီေတြထဲမွာ အင္အားႀကီးပါတီတစ္ခုျဖစ္တဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ပါတီကေတာ့ ေ႐ြးေကာက္ပြဲဝင္မယ့္ အမတ္ေလာင္း ေ႐ြးခ်ယ္ရာမွာ အမ်ိဳးသမီးနဲ႔လူငယ္ေတြကို ဦးစားေပးမယ္လို႔ SNLD ေျပာေရးဆိုခြင့္ရွိသူ ဦးစိုင္းလိတ္က ေျပာပါတယ္။

"အဓိကေတာ့ အမ်ိဳးသမီး၊ လူငယ္၊ ေဒသခံေပါေနာ္၊ အမ်ိဳးသမီးဦးစားေပးျဖစ္ရမယ္၊ လူငယ္ဦးစားေပး ျဖစ္ရမယ္၊ ေနာက္ေဒသခံဦးစားေပးျဖစ္ရမယ္၊ အဲဒီအခ်က္ သုံးခ်က္အျပင္ ျပည္သူလူထု လက္ခံၿပီးေတာ့မွ အက်င့္စာရိတၱေကာင္းမြန္တဲ့ ပါတီဝင္ထဲကပဲ ေ႐ြးမယ္ေပါ့ေနာ္၊ အၾကမ္းအားျဖင့္ ဒီေလာက္ပဲရွိပါတယ္"

ေ႐ြးေကာက္ပြဲ နီးကပ္လာေနေပမယ့္လည္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာေတာ့  တိုက္ပြဲေတြေၾကာင့္ ဘယ္ၿမိဳ႕ နယ္မွာ ေ႐ြးေကာက္ပြဲျဖစ္မယ္ မျဖစ္ဘူးဆိုတာကို မေသခ်ာေသးပါဘူး။ ဒါေၾကာင့္ ကိုယ္စားလွယ္ မေ႐ြးရ ေသးဘူးလို႔ ရခိုင္အမ်ိဳးသားပါတီ ဦးေဆာင္ေကာ္မတီဝင္ ေဒၚေအးႏုစိန္က ေျပာပါတယ္။

"ရခိုင္ျပည္ရဲ႕အေနအထားအရ ေ႐ြးေကာက္ပြဲဟာ ဘယ္ေနရာေတြမွာ က်င္းပမလဲဆိုတာေတာင္မွ တိတိက်က် မသိရေသးတဲ့အခ်ိန္၊ ေနာက္တခု ရခိုင္ျပည္နယ္ေျမာက္ပိုင္းလို႔ ေျပာတဲ့ေဒသမွာဆိုရင္ စစ္ေဘးဒုကၡသည္ေတြ နဲ႔ပဲ ႐ြာေတြ၊ လူေတြ ဒုကၡမ်ိဳးစုံခံေနရတဲ့ အဲအခ်ိန္မွာ ေ႐ြးေကာက္ပြဲလုပ္မယ္ မလုပ္မယ္ ဆိုတာမသိရေသး ဘဲနဲ႔ ဒီပါတီရဲ႕ကိုယ္စားလွယ္ေလာင္းေတြကျဖင့္ ဘယ္သူေတြျဖစ္တယ္လို႔ ဘယ္လိုေဆာင္႐ြက္မလဲ"

ရခိုင္အမ်ိဳးသားပါတီအေနနဲ႔ ၂၀၁၀၊၂၀၁၅ နဲ႔ ၾကားျဖတ္ေ႐ြးေကာက္ပြဲေတြမွာ ေ႐ြးေကာက္ပြဲေကာ္မရွင္က ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္မႈအေၾကာင္း ေၾကညာၿပီးမွသာ ေ႐ြးခ်ယ္မႈေတြျပဳလုပ္ခဲ့တယ္လို႔ ေဒၚေအးႏုစိန္က ေျပာပါတယ္။

တိုက္ပြဲ အဆက္မျပတ္ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္က ၿမိဳ႕နယ္အမ်ားအျပားနဲ႔ ခ်င္းျပည္နယ္ ပလက္ဝ ၿမိဳ႕နယ္တို႔မွာ ဒီႏွစ္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္မယ့္ အေျခအေနက မေရမရာ ျဖစ္ေနပါတယ္။

ယခင္ ေ႐ြးေကာက္ပြဲေတြမွာလည္း ရွမ္းျပည္နယ္၊ ဝေဒသမွာ ေ႐ြးေကာက္ပြဲ ျပဳလုပ္ႏိုင္ျခင္း မရွိခဲ့ပါဘူး။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကေတာ့ ေ႐ြးေကာက္ပြဲကို တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ က်င္းပမယ္လို႔ ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းမွာ ေျပာၾကားထားပါတယ္။

ေက်ာ္လြင္ဦး / RFA Burmese
https://www.rfa.org/burmese/program_2/politicial-parties-prepare-2020-election-06032020031535.html
ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ ကြိုတင်ပြင်ဆင်နေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ ကြိုတင်ပြင်ဆင်နေ Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.