မူဆယ်အတည်ပြုလူနာကြောင့် ဒေသခံများစိုးရိမ်


(Unicode)⤵⤵⤵
မူဆယ်မြို့ COVID -19 အတည်ပြုလူနာ အမှတ် ၂၃၁ ကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မုံးပေါ်ဒေသကျေးလက်ကျန်းမာရေးမှူးဖြစ်လည်းဖြစ်တဲ့ အတည်ပြုလူနာ အမျိုးသမီးဟာ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ (၄၅)ကုန်းမှာ နေထိုင်သူဖြစ်ပြီး သူနဲ့ထိတွေ့ဆက်ဆံခဲ့သူတွေ များပြားလွန်းလို့ ဒေသခံပြည်သူတွေ စိုးရိမ်မကင်းဖြစ်နေကြတာပါ။

(၂)လကြာရပ်နားထားတဲ့ အဝေးပြေးယာဉ်လိုင်းတွေ၊ စည်ပင်ဈေးနဲ့ အခြားဈေးဆိုင်တွေကို မူဆယ်မြို့ မှာ ဇွန်(၁)ရက်နေ့က ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုခဲ့ပြီးမှ Possitive လူနာကို ထပ်မံတွေ့ခဲ့တာလည်းဖြစ်ပါတယ်။

ပိုးတွေ့လူနာနဲ့ထိတွေ့ဆက်ဆံသူတွေများပြားပြီး အသွားအလာကန့်သတ်ထားသူမဟုတ်တဲ့အတွက် ရောဂါပိုမိုပြန့်ပွားသွားမှာကို စိုးရိမ်မိတယ်လို့ မူဆယ်မြို့၊ ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဌဦးသောင်းထွန်း ကပြောပါတယ်။

အရင်က မူဆယ်မြို့မှာ အတည်ပြုလူနာတစ်ဦးတွေ့ရှိခဲ့ဖူးပြီး  မေ(၉)ရက်နေ့က ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ပေးခဲ့ပါတယ်။အဲဒီနောက်မှာ ကန့်သတ်မှုတစ်ချို့ကို ဖြေလျော့ပေးခဲ့လို့ မူဆယ်မြို့ဟာ ပြန်လည်စည်ကားလာခဲ့တာပါ။

ဇွန်(၂)ရက်ည(၈)နာရီအချိန်သတင်းထုတ်ပြန်ပြီးတဲ့နောက်မှာတာဝန်ရှိသူတွေကတော့ အတည်ပြုလူနာအိမ်ကို ပိုးသတ်ဆေးဖျန်းတာ၊ ရပ်ကွက်ဝင်ထွက်လမ်းတွေကို ပိတ်ဆို့ကန့်သတ်တာတွေပြုလုပ်ခဲ့ပါတယ်။

အဲဒီအပြင် အနီးကပ်ထိတွေ့တဲ့ မိသားစုဝင်တွေနဲ့ ထိတွေဆက်ဆံသူတစ်ချို့ကိုလည်း စောင့်ကြည့်လူနာဆောင်မှာ ကန့်သတ်ကြည့်ရှုမှုတွေပြုလုပ်တဲ့အပြင် အိမ်နီးနားချင်းတွေကို Home Quarantine အဖြစ်ထားရှိထားပါတယ်။

အတည်ပြုလူနာအမှတ်(၂၃၁)ဟာ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်အချက်နဲ့အညီ မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေက ကုသမှုများပြုလုပ်ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။

သတင်း-ထန်းထန်၊ မိုင်းဘဉာဏ်(ကွတ်ခိုင်) - One News Myanmar
------------------------------------------
(Zawgyi)⤵⤵⤵
မူဆယ္အတည္ျပဳလူနာေၾကာင့္ ေဒသခံမ်ားစိုးရိမ္

မူဆယ္ၿမိဳ႕ COVID -19 အတည္ျပဳလူနာ အမွတ္ ၂၃၁ ေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။

မုံးေပၚေဒသေက်းလက္က်န္းမာေရးမႉးျဖစ္လည္းျဖစ္တဲ့ အတည္ျပဳလူနာ အမ်ိဳးသမီးဟာ မူဆယ္ၿမိဳ႕၊ ဟိုမြန္ရပ္ကြက္၊ (၄၅)ကုန္းမွာ ေနထိုင္သူျဖစ္ၿပီး သူနဲ႔ထိေတြ႕ဆက္ဆံခဲ့သူေတြ မ်ားျပားလြန္းလို႔ ေဒသခံျပည္သူေတြ စိုးရိမ္မကင္းျဖစ္ေနၾကတာပါ။

(၂)လၾကာရပ္နားထားတဲ့ အေဝးေျပးယာဥ္လိုင္းေတြ၊ စည္ပင္ေဈးနဲ႔ အျခားေဈးဆိုင္ေတြကို မူဆယ္ၿမိဳ႕ မွာ ဇြန္(၁)ရက္ေန႔က ျပန္လည္ဖြင့္လွစ္ဖို႔ ခြင့္ျပဳခဲ့ၿပီးမွ Possitive လူနာကို ထပ္မံေတြ႕ခဲ့တာလည္းျဖစ္ပါတယ္။

ပိုးေတြ႕လူနာနဲ႔ထိေတြ႕ဆက္ဆံသူေတြမ်ားျပားၿပီး အသြားအလာကန႔္သတ္ထားသူမဟုတ္တဲ့အတြက္ ေရာဂါပိုမိုျပန႔္ပြားသြားမွာကို စိုးရိမ္မိတယ္လို႔ မူဆယ္ၿမိဳ႕၊ က႐ုဏာလူမႈကူညီေရးအသင္း ဥကၠဌဦးေသာင္းထြန္း ကေျပာပါတယ္။

အရင္က မူဆယ္ၿမိဳ႕မွာ အတည္ျပဳလူနာတစ္ဦးေတြ႕ရွိခဲ့ဖူးၿပီး  ေမ(၉)ရက္ေန႔က ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ုံဆင္းခြင့္ေပးခဲ့ပါတယ္။အဲဒီေနာက္မွာ ကန႔္သတ္မႈတစ္ခ်ိဳ႕ကို ေျဖေလ်ာ့ေပးခဲ့လို႔ မူဆယ္ၿမိဳ႕ဟာ ျပန္လည္စည္ကားလာခဲ့တာပါ။

ဇြန္(၂)ရက္ည(၈)နာရီအခ်ိန္သတင္းထုတ္ျပန္ၿပီးတဲ့ေနာက္မွာတာဝန္ရွိသူေတြကေတာ့ အတည္ျပဳလူနာအိမ္ကို ပိုးသတ္ေဆးဖ်န္းတာ၊ ရပ္ကြက္ဝင္ထြက္လမ္းေတြကို ပိတ္ဆို႔ကန႔္သတ္တာေတြျပဳလုပ္ခဲ့ပါတယ္။

အဲဒီအျပင္ အနီးကပ္ထိေတြ႕တဲ့ မိသားစုဝင္ေတြနဲ႔ ထိေတြဆက္ဆံသူတစ္ခ်ိဳ႕ကိုလည္း ေစာင့္ၾကည့္လူနာေဆာင္မွာ ကန႔္သတ္ၾကည့္ရႈမႈေတြျပဳလုပ္တဲ့အျပင္ အိမ္နီးနားခ်င္းေတြကို Home Quarantine အျဖစ္ထားရွိထားပါတယ္။

အတည္ျပဳလူနာအမွတ္(၂၃၁)ဟာ လက္ရွိမွာ က်န္းမာေရးေကာင္းမြန္လ်က္ရွိၿပီး က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္အခ်က္နဲ႔အညီ မူဆယ္ၿမိဳ႕၊ ခ႐ိုင္ျပည္သူ႔ေဆး႐ုံမွာ က်န္းမာေရးဝန္ထမ္းေတြက ကုသမႈမ်ားျပဳလုပ္ေဆာင္႐ြက္ေပးသြားမယ္လို႔သိရပါတယ္။

သတင္း-ထန္းထန္၊ မိုင္းဘဉာဏ္(ကြတ္ခိုင္) - One News Myanmar
https://www.facebook.com/onenewsmyan
မူဆယ်အတည်ပြုလူနာကြောင့် ဒေသခံများစိုးရိမ် မူဆယ်အတည်ပြုလူနာကြောင့် ဒေသခံများစိုးရိမ် Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.