ကမာရွတ်မြို့နယ်တွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး သုံးဦးသေဆုံး


(Unicode)⤵⤵⤵
ကမာရွတ် ဇွန် ၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ဇွန်လ ၂ ရက် နံနက် ၆:၁၃ အချိန်တွင် အမှတ် ၄  ရပ်ကွက် ကမ်းနားလမ်း သင်္ဘောကျင်း မှတ်တိုင်အနီးတွင် YBS ၄၀  ခရီးသည်တင်ယာဉ်နှင့် TAXI အငှားယာဉ် ၁ စီး တိုက်မိပြီး Taxi ပေါ်ပါ ယာဉ်မောင်းအပါ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး စုစုပေါင်း (၃)ဦးသေဆုံး ၍ ပိတ်မိနေကြောင်း သိရသည်။

အဆိုပါ သေဆုံးပြီးပိတ်မိနေသူများအား အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်၍  စမ်းချောင်းမှ 191 ယာဉ် ၁ စီး၊ ကမာရွတ်မှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ကြည်မြင့်တိုင်မှ မီးငြှိမ်းသတ် ယာဉ် ၁ စီး၊ စုစုပေါင်းမီးငြှိမ်းသတ်ယာဉ် ၂ စီး၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များဖြင့်ကယ်ဆယ်ထုတ်ယူခဲ့ရာ ၆နာရီမိနစ်၄၀ခန့်တွင် ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်) - Myanmaalinn
----------------------------------------
(Zawgyi)⤵⤵⤵

ကမာရွတ် ဇွန် ၂



https://www.facebook.com/MYANMAALINNNEWS
ကမာရွတ်မြို့နယ်တွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး သုံးဦးသေဆုံး ကမာရွတ်မြို့နယ်တွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး သုံးဦးသေဆုံး Reviewed by THITHTOOLWIN on 22:16 Rating: 5
Powered by Blogger.