မန္တလေးကျုံးတောင်ဘက်ပစ်ခတ်မှု ကျူးလွန်သူ လေးဦးဖမ်းမိ


(Unicode)⤵⤵⤵
မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်းပေါ်က မီးပွိုင့်မှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ် ကျူးလွန်သူလေးဦးကို ဖမ်းဆီးရမိထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းအကူဌာနက ရဲအုပ်ဝင်းကျော်ဦးက ပြောပါတယ်။

အဲ့ဒီလေးဦးထဲက အဓိကကျူးလွန်သူကိုသင်္ကန်းဝတ်နဲ့ စစ်ကိုင်းမြို့နယ်မှာ ဖမ်းမိတာဖြစ်တယ်လို့ လည်း ရဲအုပ်ဝင်းကျော်ဦးက ဆိုပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၂၇ ရက် ညပိုင်းကအောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ ၈၀ လမ်းမီးပွိုင့်မှာ သမီးရည်းစားစုံတွဲ စီးလာတဲ့ ဆိုင်ကယ်ပေါ်က အမျိုးသားကို သေနတ်နဲ့ ပစ်တာဖြစ်တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

အပစ်ခံရတဲ့အမျိုးသားကို လက်ရှိမှာ မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အောင်မြေသာစံမြို့နယ်၊ အမှတ် ၂ နယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၇/၃၂၆ တို့နဲ့ အမှု့ဖွင့်စစ်ဆေးနေပါတယ်။

သတင်း-ဝေယံထက်ဝင်း / ဓာတ်ပုံ-မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ / One News Myanmar
-----------------------------

(Zawgyi)⤵⤵⤵






https://www.facebook.com/onenewsmyan
မန္တလေးကျုံးတောင်ဘက်ပစ်ခတ်မှု ကျူးလွန်သူ လေးဦးဖမ်းမိ မန္တလေးကျုံးတောင်ဘက်ပစ်ခတ်မှု ကျူးလွန်သူ လေးဦးဖမ်းမိ Reviewed by THITHTOOLWIN on 19:01 Rating: 5
Powered by Blogger.