တရားဟောဆရာ ဒေးဗစ်လား အာမခံလျှောက်ထားချက် တရားရုံးပယ်ချ

တရားဟောဆရာဒေးဗစ်လား (လယ်) (ဇွန် ၀၃၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကိုဗစ်ကပ်ရောဂါကာလအတွင်း လူစုလူဝေး မလုပ်ဖို့ မြန်မာတာဝန်ရှိသူတွေရဲ့တားမြစ်ချက်ကို ဖောက်ဖျက်ပြီး ဘာသာရေး ဆုတောင်းပွဲကျင်းပတာကြောင့် ဖမ်းဆီးတရားစွဲခံထားရတဲ့ ခရစ်ယာန် တရားဟောဆရာ ဒေးဗစ်လားက အာမခံပေးဖို့ လေ ျှာက်ထားတာကို တရားရုံးက ဒီကနေ့ ငြင်းပယ်လိုက်ပါတယ်။

ကနေဒါနိုင်ငံသားဖြစ်တဲ့ တရားဟောဆရာဒေးဗစ်လား ခရစ်ယာန်ဘုရားကျောင်းတခုမှာကျင်းပခဲ့တဲ့ ဘာသာရေးပွဲကနေ သူအပါအဝင် လူ ၂၀ လောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ ဘာသာရေးပွဲလုပ်ခဲ့တဲ့ ပြစ်မှုနဲ့ ဒေးဗစ်လားနဲ့အတူ ဦးဝေထွန်း (နဝရတ်တေးသံသွင်း) တို့ တရားရင်ဆိုင်နေရတာပါ။ မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၅ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အပြင် ငွေဒဏ်ပါ ချမှတ်ခံရနိုင်ပါတယ်။

တရားဟောဆရာဒေးဗစ်လားကို ဒီကနေ့ တရားရုံးထုတ်ချိန်မှာတော့ သတင်းထောက်တွေ တရားခွင်ထဲ ဝင်ရောက်ခွင့် မရခဲ့ပါဘူး။

ဒေးဗစ်လား ကျင်းပခဲတဲ့ ဘာသာရေးပွဲနဲ့ ဆက်စပ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၇ ဦးထိရှိခဲ့တယ်လို့ မြန်မာကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရသူ ဦးသာထွန်းကျော်က ပြောပါတယ်။ ဒေးဗစ်လားတို့ကို ဇွန်လ ၈ ရက်နေ့မှာနောက်တကြိမ်ရုံးထုတ်မှာပါ။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ဒီကနေ့မနက်ပိုင်းက နောက်ထပ် ၁ ယောက် ထပ်တိုးတဲ့အတွက် စုစုပေါင်း ၂၃၃ ဦးရှိသွားပြီဖြစ်ပါတယ်။ ဓာတ်ခွဲနမူနာစုစုပေါင်း ၁,၈၆၂ ခုကို စစ်ဆေးတာမှာ အတည်ပြုလူနာသစ် တစ်ဦးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံး ရောဂါပိုးကူးစက်သူဟာ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ကဖြစ်ပြီး ရောဂါပိုးကူးစက်တယ်လို့ အတည်ပြုထားသူတွေနဲ့ ထိတွေ့မှုမရှိပေမဲ့ မကြာသေးခင်က ထိုင်းနိုင်ငံကနေ ပြန်လာသူဖြစ်ပါတယ်။

ရောဂါပိုးကူးစက်ခံထားရသူတွေထဲက ၁၄၃ ဦး ရောဂါပိုးကင်းစင်သွားပြီဖြစ်ပြီး ၆ ဦး သေဆုံးထားကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
တရားေဟာဆရာ ေဒးဗစ္လား အာမခံေလွ်ာက္ထားခ်က္ တရား႐ုံးပယ္ခ်

ကိုဗစ္ကပ္ေရာဂါကာလအတြင္း လူစုလူေဝး မလုပ္ဖို႔ ျမန္မာတာဝန္ရွိသူေတြရဲ႕တားျမစ္ခ်က္ကို ေဖာက္ဖ်က္ၿပီး ဘာသာေရး ဆုေတာင္းပြဲက်င္းပတာေၾကာင့္ ဖမ္းဆီးတရားစြဲခံထားရတဲ့ ခရစ္ယာန္ တရားေဟာဆရာ ေဒးဗစ္လားက အာမခံေပးဖို႔ ေလ ွ်ာက္ထားတာကို တရား႐ုံးက ဒီကေန႔ ျငင္းပယ္လိုက္ပါတယ္။

ကေနဒါႏိုင္ငံသားျဖစ္တဲ့ တရားေဟာဆရာေဒးဗစ္လား ခရစ္ယာန္ဘုရားေက်ာင္းတခုမွာက်င္းပခဲ့တဲ့ ဘာသာေရးပြဲကေန သူအပါအဝင္ လူ ၂၀ ေလာက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရတယ္လို႔ တာဝန္ရွိသူေတြက သတင္းထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလမွာ ဘာသာေရးပြဲလုပ္ခဲ့တဲ့ ျပစ္မႈနဲ႔ ေဒးဗစ္လားနဲ႔အတူ ဦးေဝထြန္း (နဝရတ္ေတးသံသြင္း) တို႔ တရားရင္ဆိုင္ေနရတာပါ။ ျမန္မာႏိုင္ငံရဲ႕ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ပုဒ္မ ၂၅ အရ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားရင္ ေထာင္ဒဏ္ ၃ ႏွစ္အျပင္ ေငြဒဏ္ပါ ခ်မွတ္ခံရႏိုင္ပါတယ္။

တရားေဟာဆရာေဒးဗစ္လားကို ဒီကေန႔ တရား႐ုံးထုတ္ခ်ိန္မွာေတာ့ သတင္းေထာက္ေတြ တရားခြင္ထဲ ဝင္ေရာက္ခြင့္ မရခဲ့ပါဘူး။

ေဒးဗစ္လား က်င္းပခဲတဲ့ ဘာသာေရးပြဲနဲ႔ ဆက္စပ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၆၇ ဦးထိရွိခဲ့တယ္လို႔ ျမန္မာက်န္းမာေရးဝန္ႀကီးဌာနေျပာခြင့္ရသူ ဦးသာထြန္းေက်ာ္က ေျပာပါတယ္။ ေဒးဗစ္လားတို႔ကို ဇြန္လ ၈ ရက္ေန႔မွာေနာက္တႀကိမ္႐ုံးထုတ္မွာပါ။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူ ဒီကေန႔မနက္ပိုင္းက ေနာက္ထပ္ ၁ ေယာက္ ထပ္တိုးတဲ့အတြက္ စုစုေပါင္း ၂၃၃ ဦးရွိသြားၿပီျဖစ္ပါတယ္။ ဓာတ္ခြဲနမူနာစုစုေပါင္း ၁,၈၆၂ ခုကို စစ္ေဆးတာမွာ အတည္ျပဳလူနာသစ္ တစ္ဦးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

အခုေနာက္ဆုံး ေရာဂါပိုးကူးစက္သူဟာ ပဲခူးတိုင္း၊ ေညာင္ေလးပင္ၿမိဳ႕နယ္ကျဖစ္ၿပီး ေရာဂါပိုးကူးစက္တယ္လို႔ အတည္ျပဳထားသူေတြနဲ႔ ထိေတြ႕မႈမရွိေပမဲ့ မၾကာေသးခင္က ထိုင္းႏိုင္ငံကေန ျပန္လာသူျဖစ္ပါတယ္။

ေရာဂါပိုးကူးစက္ခံထားရသူေတြထဲက ၁၄၃ ဦး ေရာဂါပိုးကင္းစင္သြားၿပီျဖစ္ၿပီး ၆ ဦး ေသဆုံးထားေၾကာင္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/david-lah-covid/5447380.html
တရားဟောဆရာ ဒေးဗစ်လား အာမခံလျှောက်ထားချက် တရားရုံးပယ်ချ တရားဟောဆရာ ဒေးဗစ်လား အာမခံလျှောက်ထားချက် တရားရုံးပယ်ချ Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.