ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနဲ့ တိုက်ပွဲဖြစ်


(Unicode)⤵⤵⤵
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း တစ်လျှောက် လုံခြုံရေး ဆောင်ရွက်နေတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့  ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ဇွန်လ ၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့၀င်တွေ့ ဇွန်လ ၄ရက်နေ့ ညနေ ၄ နာရီ ခွဲခန့်က နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၃၄ နဲ့ ဘီပီ-၃၅ အကြား အရောက်မှာ မီးဒိုက် ကျေးရွာဘက်ကနေ နယ်စပ်ခြံစည်းရိုးဘက်ကို ထွက်ခွာလာတဲ့ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၂၅ ဦးခန့်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ညနေ ၅ နာရီအထိ  အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေ့ အရှေ့တောင်ဘက်ကို ဆုတ်ခွာ ထွက်ပြေး သွားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
 
အဆိုပါတိုက်ပွဲမှာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေဆီကနေ ပြောက်ကျား ယူနီဖောင်းဝတ် အလောင်း ၂ လောင်းနဲ့ သေနတ် ၂ လက်၊  ခဲယမ်းဆက်စပ်ပစ္စည်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

BY သစ်ထူးလွင်
-----------------------------------------
(Zawgyi)⤵⤵⤵
 ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားနဲ႔ တိုက္ပြဲျဖစ္

ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္မ်ဥ္း တစ္ေလွ်ာက္ လုံၿခဳံေရး ေဆာင္႐ြက္ေနတဲ့ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕နဲ႔  ARSA အစြန္းေရာက္ ဘဂၤါလီ အၾကမ္းဖက္သမားမ်ား ဇြန္လ ၄ ရက္ေန႔ ညေန ၄ နာရီခြဲခန႔္က တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။

နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕၀င္ေတြ႕ ဇြန္လ ၄ရက္ေန႔ ညေန ၄ နာရီ ခြဲခန႔္က နယ္စပ္မွတ္တိုင္အမွတ္ ဘီပီ-၃၄ နဲ႔ ဘီပီ-၃၅ အၾကား အေရာက္မွာ မီးဒိုက္ ေက်း႐ြာဘက္ကေန နယ္စပ္ၿခံစည္း႐ိုးဘက္ကို ထြက္ခြာလာတဲ့ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမား ၂၅ ဦးခန႔္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာပါ။

ညေန ၅ နာရီအထိ  အျပန္အလွန္ထိေတြ႕ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ARSA အစြန္းေရာက္ ဘဂၤါလီ အၾကမ္းဖက္သမားေတြ႕ အေရွ႕ေတာင္ဘက္ကို ဆုတ္ခြာ ထြက္ေျပး သြားခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ပါတယ္။
 
အဆိုပါတိုက္ပြဲမွာ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားေတြဆီကေန ေျပာက္က်ား ယူနီေဖာင္းဝတ္ အေလာင္း ၂ ေလာင္းနဲ႔ ေသနတ္ ၂ လက္၊  ခဲယမ္းဆက္စပ္ပစၥည္းေတြနဲ႔အတူ သိမ္းဆည္းရမိခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရပါတယ္။

BY သစ္ထူးလြင္

ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနဲ့ တိုက်ပွဲဖြစ်  ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနဲ့ တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 04:14 Rating: 5
Powered by Blogger.