ကျောက်ဖြူဒေသခံ သားဖနှစ်ဦးကို AA ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မိသားစုပြောကြား


(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်ချောင်းအုပ်စုမှာနေထိုင်တဲ့ အသက် ၈၁ နှစ်အရွယ် ဦးဝေကျန်အောင်နဲ့ အသက် ၄၆ နှစ်အရွယ် ဦးမောင်မောင်ညိုတို့ သားဖနှစ်ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ညနေပိုင်းက အေအေ အဖွဲ့ကဖမ်းဆီးသွားတာဖြစ်တယ်လို့ မိသားစုက RFA ကိုဒီနေ့ပြောပါတယ်။

သူတို့နှစ်ဦးဟာ ဇွန်လ ၁ ရက်နေ့ညနေက ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ ကမ်းခြေဘက်ကို ဆိုင်ကယ်နဲ့ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားတာလို့ ဦးမောင်မောင်ညိုရဲ့ ဇနီး ဒေါ်သန္တာငြိမ်းက ပြောပါတယ်။

“တနင်္လာနေ့ ညနေ ၄ နာရီလောက်မှာ အိမ်က ထွက်သွားပါတယ်။ အိမ်ကို ပြန်မရောက်ဘူး။ ည ၆ နာရီထိုးပေမယ့် မရောက်၊ ၈ နာရီ လောက်မှာလည်း မရောက်၊ ၉ နာရီလောက်မှာတော့ ကျွန်မတို့ လိုက်ရှာကြပါတယ်။ အဲလို လိုက်ရှာတဲ့အခါမှာ ည ၁၁ နာရီလောက်မှာ ဆိုင်ကယ်ရယ်၊ သူ့အဖေမှာ ပါသွားတဲ့ ဓားနဲ့ ခမောက် ကိုပဲ တွေ့တော့တယ်”

ဦးဝေကျန်အောင်ရဲ့သား၊ ဦးမောင်မောင်ညိုရဲ့ အစ်ကိုဖြစ်သူ ဦးဇင်း ဦးဝဇီရာဝုဓ က အေအေက ဖမ်းသွားတယ်ဆိုတဲ့ သက်သေတွေ ရထားတယ်လို့ မိန့်ပါတယ်။

အဲဒီ သက်သေတွေနဲ့ ပတ်သက်လို့ RFA က မေးမြန်းလျှောက်ထားရာမှာ ကာယကံရှင်တွေရဲ့ လုံခြုံရေးအရ ဆိုပြီး ထုတ်ဖော်ပြောလို့ မရဘူးလို့ ဦးဇင်း ဦးဝဇီရာဝုဓက မိန့်ပါတယ်။

“ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အထွေထွေ နောက်ကျပြီးတော့ စစ်တပ်ကိုလည်း ကြောက်နေရ၊ အေအေကိုလည်း ကြောက်နေရတဲ့ ဦးဇင်းတို့ရဲ့မိဘပြည်သူများကို လွန်စွာသနားတော်မူတဲ့ ဘုန်းကြီးတစ်ပါး အနေနဲ့ ဦးဇင်းဟာ ဒီကိစ္စကို လျှို့ဝှက်ထားချင်ပါတယ်။ အေအေက ဖမ်းသွားတယ်ဆိုတာက လုံးဝသေချာပါတယ်။ တပ်မတော်နဲ့ ပြည်သူ့ရဲတွေ ဖမ်းဖို့ အကြောင်းမရှိပါဘူး”

ဖမ်းဆီးခံရတဲ့ အသက် ၈၀ ကျော်အရွယ် ဦးဝေကျန်အောင်ဟာ ဇင်ချောင်းအုပ်စု ကုန်ဘောင်ကြီးရွာမှာ အခြေချနေထိုင်ပြီး လယ်ယာစိုက်ပျိုးရေး အလုပ်ကို လုပ်ကိုင်နေသူပါ။

သူနဲ့အတူ ဖမ်းဆီးခံရတဲ့ သားဖြစ်သူ ဦးမောင်မောင်ညိုကတော့ ကျောက်ဖြူမြို့ ဓညဝတီရေတပ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ပင်စင်ယူပြီးတော့ ရန်ကုန်မှာ သွားရောက် အလုပ်လုပ်နေသူပါ။

ဇနီးဖြစ်သူ ဒေါ်သန္တာငြိမ်းက သူတို့ နှစ်ဦးစလုံးဟာ ရိုးရိုးသားသား လုပ်ကိုင်စားသောက် နေသူတွေဖြစ်တာကြောင့် ကျန်းကျန်းမာမာနဲ့ ပြန်လည် လွတ်မြောက်လာစေချင်တယ်လို့ ပြောပါတယ်။

“သူပင်စင်ယူပြီးနောက် ရန်ကုန်မှာ သွားနေခဲ့ပါတယ်။ ရန်ကုန်မှာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေ တွေကြောင့် ရွာကို ပြန်ရောက်နေတာပါ။ ဦးမောင်မောင်ညိုမှာ ဘာပြဿနာမှ မရှိပါဘူး။ ရွာမှာလည်း ရပ်ရေး ရွာရေးတွေ လုပ်ပါတယ်။ လူမှုရေးတွေလည်း လုပ်ပါတယ်။ ကွာရန်တင်းစင်တာမှာ တစ်လလောက် ဝင်လုပ် ပြီးတော့ အဲဒီကနေ ထွက်လာတာ တစ်ညပဲ ရှိသေးတယ်။ သူ့ရဲ့အဖေ ဦးဝေကျန်အောင်လည်း အသက်ကြီး နေပြီဆိုတော့ သူတို့နှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်”

ဦးဝေကျန်အောင်နဲ့ ဦးမောင်မောင်ညို တို့သားဖနှစ်ဦးကို အေအေ အဖွဲ့က ဖမ်းသွားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုချက် ရနိုင်ဖို့အတွက် မျက်မြင်တွေကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ကျောက်ဖြူမြို့မ ရဲစခန်းမှူး ဒုရဲမှူးကျော်ဇောက ဒီလူ နှစ်ယောက်ကိစ္စနဲ့ ပတ်သက်လို့ မသိသေးသလို ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတာလည်း မရှိသေးဘူးလို့ RFA ကိုပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ဦးမောင်မောင်ညိုရဲ့ဇနီး ဒေါ်သန္တာငြိမ်းက ဖမ်းဆီးခံတဲ့ ကိစ္စအပေါ် ဇင်ချောင်းနယ်မြေရဲစခန်းမှာ အသိပေးထားပေမယ့် အမှုဖွင့်ထားတာ မရှိဘူးလို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ရက္ခိုင့်တပ်တော်အနေနဲ့ မြန်မာ့တပ်မတော်ရဲ့ အမာခံတွေ၊ သတင်းပေးတွေ၊ ရိက္ခာထောက်ပံ့ ပေးပို့နေသူတွေ၊ မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးကို အထောက်အကူ ပြုနေသူတွေကို ရံဖန်ရံခါ ခေါ်ယူစစ်ဆေးမေးမြန်းလေ့ရှိပြီး အပြစ်မရှိသူတွေကို လုံခြုံစိတ်ချရတဲ့ အခြေအနေနဲ့ သင့်တော်တဲ့အချိန်မှာ ပြန်လွှတ်ပေးလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။

ကျောက်ဖြူမြို့နယ်က သားဖနှစ်ဦးကို အေအေက ဖမ်းဆီးသွားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခက ဒီလိုဖမ်းသွားတယ်လို့ ပြောဆိုတဲ့ ကိစ္စဟာ သက်သက် အခြေအမြစ်မရှိ စွပ်စွဲချက်တွေသာဖြစ်ကြောင်း၊ ဒီလိုမျိုးဖြစ်စဉ် လုံးဝမရှိကြောင်း၊ AA အနေနဲ့ ဖမ်းဆီးထားတာ လုံးဝမဟုတ်ကြောင်း RFA ကို ဖြေကြားပါတယ်။

သားဖနှစ်ဦးဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ သတင်းမရရှိသေးကြောင်း RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးကာလအတွင်း မသင်္ကာလို့ ဖမ်းဆီးခံရမှုတွေကို တပ်မတော်ရော၊ အေအေ ပါ နှစ်ဘက်စလုံးက လုပ်ဆောင်နေတာပါ။ အဲဒီလို ဖမ်းဆီးခံရရင်း  ပြန်လည် လွတ်မြောက်လာသူတွေ ရှိသလို စစ်ကြောရေးမှာ လက်လွန်ပြီး သေဆုံးသွားတာတွေ၊ ဘာသတင်းအစအနမှ မရတော့ဘဲ ပျောက်ဆုံး သွားတာတွေလည်း ရှိနေပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ လက်နက်ကြီး၊ လက်နက်ငယ်၊ မိုင်း စတာတွေ၊ ညှဉ်းပမ်း နှိပ်စက်ခံရတာတွေ၊ အမည်မသိ လက်နက်ကိုင်တွေက သတ်ဖြတ်သွားတာတွေ စတာတွေကြောင့် သေဆုံးတဲ့ အရပ်သားဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ အခုနှစ် ဇွန်လ ၂ ရက်နေ့အထိ ၂၅၇ ဦးအထိ ရှိနေသလို ဒဏ်ရာရသူ အရေအတွက်ဟာလည်း ၅၆၀ အထိရှိနေပါတယ်။

RFA Burmese
----------------------------------
(Zawgyi)⤵⤵⤵
ေက်ာက္ျဖဴေဒသခံ သားဖႏွစ္ဦးကို AA ဖမ္းဆီး ေခၚေဆာင္သြားတယ္လို႔ မိသားစုေျပာၾကား

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ ဇင္ေခ်ာင္းအုပ္စုမွာေနထိုင္တဲ့ အသက္ ၈၁ ႏွစ္အ႐ြယ္ ဦးေဝက်န္ေအာင္နဲ႔ အသက္ ၄၆ ႏွစ္အ႐ြယ္ ဦးေမာင္ေမာင္ညိဳတို႔ သားဖႏွစ္ဦးကို ၿပီးခဲ့တဲ့ ဇြန္လ ၁ ရက္ေန႔ညေနပိုင္းက ေအေအ အဖြဲ႕ကဖမ္းဆီးသြားတာျဖစ္တယ္လို႔ မိသားစုက RFA ကိုဒီေန႔ေျပာပါတယ္။

သူတို႔ႏွစ္ဦးဟာ ဇြန္လ ၁ ရက္ေန႔ညေနက ႐ြာနဲ႔ ႏွစ္မိုင္ေလာက္ေဝးတဲ့ ကမ္းေျခဘက္ကို ဆိုင္ကယ္နဲ႔ ထြက္သြားၿပီးေနာက္ ေပ်ာက္ဆုံးသြားတာလို႔ ဦးေမာင္ေမာင္ညိဳရဲ႕ ဇနီး ေဒၚသႏၲာၿငိမ္းက ေျပာပါတယ္။

“တနလၤာေန႔ ညေန ၄ နာရီေလာက္မွာ အိမ္က ထြက္သြားပါတယ္။ အိမ္ကို ျပန္မေရာက္ဘူး။ ည ၆ နာရီထိုးေပမယ့္ မေရာက္၊ ၈ နာရီ ေလာက္မွာလည္း မေရာက္၊ ၉ နာရီေလာက္မွာေတာ့ ကြၽန္မတို႔ လိုက္ရွာၾကပါတယ္။ အဲလို လိုက္ရွာတဲ့အခါမွာ ည ၁၁ နာရီေလာက္မွာ ဆိုင္ကယ္ရယ္၊ သူ႔အေဖမွာ ပါသြားတဲ့ ဓားနဲ႔ ခေမာက္ ကိုပဲ ေတြ႕ေတာ့တယ္”

ဦးေဝက်န္ေအာင္ရဲ႕သား၊ ဦးေမာင္ေမာင္ညိဳရဲ႕ အစ္ကိုျဖစ္သူ ဦးဇင္း ဦးဝဇီရာဝုဓ က ေအေအက ဖမ္းသြားတယ္ဆိုတဲ့ သက္ေသေတြ ရထားတယ္လို႔ မိန႔္ပါတယ္။

အဲဒီ သက္ေသေတြနဲ႔ ပတ္သက္လို႔ RFA က ေမးျမန္းေလွ်ာက္ထားရာမွာ ကာယကံရွင္ေတြရဲ႕ လုံၿခဳံေရးအရ ဆိုၿပီး ထုတ္ေဖာ္ေျပာလို႔ မရဘူးလို႔ ဦးဇင္း ဦးဝဇီရာဝုဓက မိန႔္ပါတယ္။

“ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊ လူမႈေရး အေထြေထြ ေနာက္က်ၿပီးေတာ့ စစ္တပ္ကိုလည္း ေၾကာက္ေနရ၊ ေအေအကိုလည္း ေၾကာက္ေနရတဲ့ ဦးဇင္းတို႔ရဲ႕မိဘျပည္သူမ်ားကို လြန္စြာသနားေတာ္မူတဲ့ ဘုန္းႀကီးတစ္ပါး အေနနဲ႔ ဦးဇင္းဟာ ဒီကိစၥကို လွ်ိဳ႕ဝွက္ထားခ်င္ပါတယ္။ ေအေအက ဖမ္းသြားတယ္ဆိုတာက လုံးဝေသခ်ာပါတယ္။ တပ္မေတာ္နဲ႔ ျပည္သူ႔ရဲေတြ ဖမ္းဖို႔ အေၾကာင္းမရွိပါဘူး”

ဖမ္းဆီးခံရတဲ့ အသက္ ၈၀ ေက်ာ္အ႐ြယ္ ဦးေဝက်န္ေအာင္ဟာ ဇင္ေခ်ာင္းအုပ္စု ကုန္ေဘာင္ႀကီး႐ြာမွာ အေျခခ်ေနထိုင္ၿပီး လယ္ယာစိုက္ပ်ိဳးေရး အလုပ္ကို လုပ္ကိုင္ေနသူပါ။

သူနဲ႔အတူ ဖမ္းဆီးခံရတဲ့ သားျဖစ္သူ ဦးေမာင္ေမာင္ညိဳကေတာ့ ေက်ာက္ျဖဴၿမိဳ႕ ဓညဝတီေရတပ္ဌာနခ်ဳပ္မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ စစ္မႈထမ္းေဟာင္းတစ္ဦး ျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္က ပင္စင္ယူၿပီးေတာ့ ရန္ကုန္မွာ သြားေရာက္ အလုပ္လုပ္ေနသူပါ။

ဇနီးျဖစ္သူ ေဒၚသႏၲာၿငိမ္းက သူတို႔ ႏွစ္ဦးစလုံးဟာ ႐ိုး႐ိုးသားသား လုပ္ကိုင္စားေသာက္ ေနသူေတြျဖစ္တာေၾကာင့္ က်န္းက်န္းမာမာနဲ႔ ျပန္လည္ လြတ္ေျမာက္လာေစခ်င္တယ္လို႔ ေျပာပါတယ္။

“သူပင္စင္ယူၿပီးေနာက္ ရန္ကုန္မွာ သြားေနခဲ့ပါတယ္။ ရန္ကုန္မွာ ကို႐ိုနာဗိုင္းရပ္စ္ အေျခအေန ေတြေၾကာင့္ ႐ြာကို ျပန္ေရာက္ေနတာပါ။ ဦးေမာင္ေမာင္ညိဳမွာ ဘာျပႆနာမွ မရွိပါဘူး။ ႐ြာမွာလည္း ရပ္ေရး ႐ြာေရးေတြ လုပ္ပါတယ္။ လူမႈေရးေတြလည္း လုပ္ပါတယ္။ ကြာရန္တင္းစင္တာမွာ တစ္လေလာက္ ဝင္လုပ္ ၿပီးေတာ့ အဲဒီကေန ထြက္လာတာ တစ္ညပဲ ရွိေသးတယ္။ သူ႔ရဲ႕အေဖ ဦးေဝက်န္ေအာင္လည္း အသက္ႀကီး ေနၿပီဆိုေတာ့ သူတို႔ႏွစ္ဦးကို အျမန္ဆုံး ျပန္လႊတ္ေပးေစခ်င္ပါတယ္”

ဦးေဝက်န္ေအာင္နဲ႔ ဦးေမာင္ေမာင္ညိဳ တို႔သားဖႏွစ္ဦးကို ေအေအ အဖြဲ႕က ဖမ္းသြားတယ္ဆိုတဲ့ ေျပာဆိုခ်က္နဲ႔ ပတ္သက္လို႔ RFA က သီးျခားအတည္ျပဳခ်က္ ရႏိုင္ဖို႔အတြက္ မ်က္ျမင္ေတြကို ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။

ေက်ာက္ျဖဴၿမိဳ႕မ ရဲစခန္းမႉး ဒုရဲမႉးေက်ာ္ေဇာက ဒီလူ ႏွစ္ေယာက္ကိစၥနဲ႔ ပတ္သက္လို႔ မသိေသးသလို ရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားထားတာလည္း မရွိေသးဘူးလို႔ RFA ကိုေျပာပါတယ္။ ဖမ္းဆီးခံရတဲ့ ဦးေမာင္ေမာင္ညိဳရဲ႕ဇနီး ေဒၚသႏၲာၿငိမ္းက ဖမ္းဆီးခံတဲ့ ကိစၥအေပၚ ဇင္ေခ်ာင္းနယ္ေျမရဲစခန္းမွာ အသိေပးထားေပမယ့္ အမႈဖြင့္ထားတာ မရွိဘူးလို႔ ေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္(AA)က မေန႔က ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္တစ္ခုမွာ ရကၡိဳင့္တပ္ေတာ္အေနနဲ႔ ျမန္မာ့တပ္မေတာ္ရဲ႕ အမာခံေတြ၊ သတင္းေပးေတြ၊ ရိကၡာေထာက္ပံ့ ေပးပို႔ေနသူေတြ၊ ျမန္မာ့တပ္မေတာ္ရဲ႕ စစ္ဆင္ေရးကို အေထာက္အကူ ျပဳေနသူေတြကို ရံဖန္ရံခါ ေခၚယူစစ္ေဆးေမးျမန္းေလ့ရွိၿပီး အျပစ္မရွိသူေတြကို လုံၿခဳံစိတ္ခ်ရတဲ့ အေျခအေနနဲ႔ သင့္ေတာ္တဲ့အခ်ိန္မွာ ျပန္လႊတ္ေပးေလ့ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

ေက်ာက္ျဖဴၿမိဳ႕နယ္က သားဖႏွစ္ဦးကို ေအေအက ဖမ္းဆီးသြားတယ္ဆိုတဲ့ ေျပာဆိုခ်က္နဲ႔ ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ေျပာခြင့္ရသူ ခိုင္သုခကို RFA က ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။

AA ေျပာခြင့္ရသူ ခိုင္သုခက ဒီလိုဖမ္းသြားတယ္လို႔ ေျပာဆိုတဲ့ ကိစၥဟာ သက္သက္ အေျခအျမစ္မရွိ စြပ္စြဲခ်က္ေတြသာျဖစ္ေၾကာင္း၊ ဒီလိုမ်ိဳးျဖစ္စဥ္ လုံးဝမရွိေၾကာင္း၊ AA အေနနဲ႔ ဖမ္းဆီးထားတာ လုံးဝမဟုတ္ေၾကာင္း RFA ကို ေျဖၾကားပါတယ္။

သားဖႏွစ္ဦးဖမ္းဆီးခံရတဲ့ကိစၥနဲ႔ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကို RFA က ဆက္သြယ္ ေမးျမန္းခဲ့ပါတယ္။ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ဒီသတင္းနဲ႔ ပတ္သက္လို႔ တပ္မေတာ္အေနနဲ႔ သတင္းမရရွိေသးေၾကာင္း RFA ကို ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ စစ္ေရးကာလအတြင္း မသကၤာလို႔ ဖမ္းဆီးခံရမႈေတြကို တပ္မေတာ္ေရာ၊ ေအေအ ပါ ႏွစ္ဘက္စလုံးက လုပ္ေဆာင္ေနတာပါ။ အဲဒီလို ဖမ္းဆီးခံရရင္း  ျပန္လည္ လြတ္ေျမာက္လာသူေတြ ရွိသလို စစ္ေၾကာေရးမွာ လက္လြန္ၿပီး ေသဆုံးသြားတာေတြ၊ ဘာသတင္းအစအနမွ မရေတာ့ဘဲ ေပ်ာက္ဆုံး သြားတာေတြလည္း ရွိေနပါတယ္။

RFA က ရရွိထားတဲ့ အခ်က္အလက္ေတြအရ လက္နက္ႀကီး၊ လက္နက္ငယ္၊ မိုင္း စတာေတြ၊ ညႇဥ္းပမ္း ႏွိပ္စက္ခံရတာေတြ၊ အမည္မသိ လက္နက္ကိုင္ေတြက သတ္ျဖတ္သြားတာေတြ စတာေတြေၾကာင့္ ေသဆုံးတဲ့ အရပ္သားဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ဒီဇင္ဘာလကေန အခုႏွစ္ ဇြန္လ ၂ ရက္ေန႔အထိ ၂၅၇ ဦးအထိ ရွိေနသလို ဒဏ္ရာရသူ အေရအတြက္ဟာလည္း ၅၆၀ အထိရွိေနပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/father-and-son-arrested-by-aa-in-kyaukphyu-06052020083219.html
ကျောက်ဖြူဒေသခံ သားဖနှစ်ဦးကို AA ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မိသားစုပြောကြား ကျောက်ဖြူဒေသခံ သားဖနှစ်ဦးကို AA ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မိသားစုပြောကြား Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.