ပုဏ္ဏားကျွန်းမှာ တပ်မတော်စစ်ကြောင်းကို AA တိုက်ခိုက်၊ အရပ်သား တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီးမှာ ဒီနေ့ ၁၁ နာရီကျော်အချိန်က တပ်မတော် စစ်ကြောင်းတစ်ခုကို အေအေအဖွဲ့က မိုင်းနှစ်လုံးခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက RFA ကိုပြောပါတယ်။

တပ်မတော်စစ်ကြောင်း ထိခိုက်မှုနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးပေမယ့် မိုင်းခွဲတိုက်ခိုက်ချိန်အတွင်း အနီးကဖြတ်သွားတဲ့ အရပ်သား ဆိုင်ကယ်တစ်စီးကို ထိခိုက်သွားတာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို စတင်နိုင်ဖို့ဆိုပြီး နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲဖို့ တပ်မတော်ကိုကမ်းလှမ်းတဲ့ ကြေငြာချက်တစ်စောင်ကို မနေ့ကရက်စွဲနဲ့ ထုတ်ပြန်အပြီး နောက်တစ်နေ့မှာ အခုလို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးကို ပုဏ္ဏားကျွန်းမြို့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းမောင်က RFA ကိုပြောပါတယ်။

“သူတို့နှစ်ဦးက နှစ်ဘီးဆိုင်ကယ်နဲ့ သွားကြတာလို့ ပြောတယ်။ နှစ်ဘီးဆိုင်ကယ်မောင်းသူက ပုဏ္ဏားကျွန်း မြို့ပေါ်ကပဲ။ သူ့နာမည်က ဝင်းနိုင်စိုးပါ။ သူ့မှာတော့ လည်ပင်းမှာတစ်ချက် ရှပ်ထိသွားတာပေါ့။ နောက်တစ် ချက်ကတော့ လက်မောင်းမှာထိသွားတယ်လို့ ပြောတယ်။ လက်မောင်းထဲ ဖောက်ဝင်သွားတယ်ပေါ့။ ဆိုင်ကယ်ကယ်ရီနောက်က လိုက်လာတဲ့သူကတော့ နားတောင်းကျရွာကလို့ ပြောပါတယ်။ သူကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ နောက်စေ့မှာထိပြီးတော့ ဆုံးသွားတာ။ အခုသူတို့နှစ်ဦးစလုံး ပုဏ္ဏားကျွန်း ဆေးရုံမှာ”

သေဆုံးသူဟာ ပုဏားကျွန်းမြို့နယ် နားတောင်းကျကျေးရွာက အသက် ၃၅ နှစ်အရွယ် ဦးဇော်မင်းဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူက ပုဏ္ဏားကျွန်းမြို့ပေါ်မှာ နေထိုင်တဲ့ ဆိုင်ကယ် ကယ်ရီမောင်းသူ ကိုဝင်းနိုင်စိုးဖြစ်တယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်ကယ်ရီနဲ့ လမ်းမတိုင်း ထွက်လာရာမှာ မိုင်းခွဲတိုက်ခိုက်တာနဲ့ကြုံရလို့ ထိခိုက်သေဆုံးတာလို့ မြို့ခံတွေကပြောကြပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက တပ်မတော်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရတဲ့နေရာအနီးက ဆိုင်ခန်းတွေကို ပိတ်ထားလိုက်ရတယ်လို့ပြောပါတယ်။

“မြို့ထဲကနေ မိုင်းနှစ်လုံး ပေါက်ကွဲတာကိုကြားရတယ်။ ကျွန်တော်နည်းနည်း စုံစမ်းကြည့်လိုက်တော့ ပုဏ္ဏားကျွန်းမြို့အဝင် ရေဖြူကန်တံတားရဲ့ထိပ်မှာလို့ ကြားမိတယ် အဲဒီဗုံးပေါက်ကွဲတာလေ။ ကျွန်တော် ကြားရသလောက် တပ်မတော်စစ်ကြောင်းကို မိုင်းခွဲတာလို့ကြားတယ်။ လက်ရှိအခြေအနေကတော့ ပုဏ္ဏားကျွန်းမြို့က အဲဒီမိုင်း‌ပေါက်ကွဲတဲ့နေရာနားမှာ ဆိုင်တွေရှိတယ်။ အဲဒီဆိုင်တွေကိုပိတ်ပြီးတော့ မြို့ထဲဘက်ကို ဝင်လာကြတာတို့ ဘာတို့တော့ ကြားမိတယ်”

မိုင်းခွဲတိုက်ခိုက်တဲ့နေရာဟာ မြို့အဝင်နေရာမှာဖြစ်ပြီ လူနေအဆောက်အဦးတွေ၊ ဆိုင်တွေနဲ့နီးပါတယ်။

မြို့ခံတစ်ဦးဖြစ်တဲ့ ကိုသိန်းဝဏ္ဏကတော့ လူနေရပ်ကွက်၊ ကျေးရွာတွေနဲ့အနီးဆုံး နေရာတွေအနီးမှာ တိုက်ခိုက်တာမဖြစ်စေချင်ဘူးလို့ ပြောပါတယ်။

“ဒါတွေက ငြိမ်းချမ်းယူနိုင်အောင် ဆွေးနွေးပြီးတော့ မြို့နဲ့အနီးနားတွေမှာ မဖြစ်စေချင်ဘူး ကျွန်တော်တို့က။ မြို့လို့မဟုတ်ဘူး နယ်တွေမှာလည်း မဖြစ်စေချင်တော့ဘူး။ အဲဒါကြောင့်မို့ အတတ်နိုင်ဆုံး ငြိမ်းချမ်းရေး ယူလိုက်ပါ။ ကျွန်တော်တို့လိုချင်တာ အဲဒါပါပဲ”

ဒီနေ့ တပ်မတော်စစ်ကြောင်း တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့ မနက် ၁၁ နာရီကျော်မှာ ပုဏ္ဏားကျွန်းအဝင် ပင်းချောင်းတံတားအနီး ပြည်ထောင်စုလမ်းမပေါ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကြောင်း ကို အေအေက မိုင်း နှစ်လုံးခွဲ တိုက်ခိုက်ခဲ့တာရှိကြောင်း၊ ဒီတိုက်ခိုက်မှုကြောင့် တပ်မတော်သားတချို့ ထိခိုက် ဒဏ်ရာရခဲ့တာရှိကြောင်း RFA ကို အတည်ပြုပြောကြားပါတယ်။

ဒါ့အပြင် အခုလိုမိုင်းဆွဲတိုက်ခိုက်တာတွေကြောင့် တုံ့ပြန်ပစ်ခတ်ရင် တပ်မတော်ကိုသာ အပြစ်ပုံချလေ့ရှိကြောင်း၊ အခုလိုတိုက်ခိုက်မှုတွေကြောင့် မနေ့က ထုတ်ပြန်တဲ့ အပစ်ခတ်ရပ်စွဲရေး ကမ်းလှမ်းချက်ဟာ ယုံကြည့်ဖွယ်ရာမရှိကြောင်း၊ အကြမ်းဖက်အဖွဲ့ပီပီ ပြည်သူလူထုကို အကာကွယ်ယူပြီး အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လုပ်မှာသာဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီကိစ္စတွေအပါအဝင် အရပ်သားတွေနဲ့ အနီးဆုံးနေရာတွေမှာ တိုက်ခိုက်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒါပေမဲ့ ဒီသတင်းရေးသားနေချိန်အထိ AA ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ အကြား တိုက်ခိုက်မှုတွေဟာ ဒီနေ့အထိရှိနေသလို အရပ်သား ထိခိုက်သေဆုံးမှုတွေကလည်း နေ့စဉ်နဲ့အမျှ ရှိနေဆဲပါ။

RFA က ရရှိထားတဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာကနေ ဒီနေ့ ဇွန်လ ၂ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၂၅၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ပေါင်းက ၅၆၀ အထိ ရှိပါတယ်။

RFA Burmese
------------------------------------------

(Zawgyi)⤵⤵⤵
ပုဏၰားကြၽန္းမွာ တပ္မေတာ္စစ္ေၾကာင္းကို AA တိုက္ခိုက္၊ အရပ္သား တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ

ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕အဝင္ ကင္းေခ်ာင္းတံတားအနီးမွာ ဒီေန႔ ၁၁ နာရီေက်ာ္အခ်ိန္က တပ္မေတာ္ စစ္ေၾကာင္းတစ္ခုကို ေအေအအဖြဲ႕က မိုင္းႏွစ္လုံးခြဲၿပီး တိုက္ခိုက္ခဲ့တယ္လို႔ ၿမိဳ႕ခံေတြက RFA ကိုေျပာပါတယ္။

တပ္မေတာ္စစ္ေၾကာင္း ထိခိုက္မႈနဲ႔ပတ္သက္လို႔ အေသးစိတ္ မသိရေသးေပမယ့္ မိုင္းခြဲတိုက္ခိုက္ခ်ိန္အတြင္း အနီးကျဖတ္သြားတဲ့ အရပ္သား ဆိုင္ကယ္တစ္စီးကို ထိခိုက္သြားတာေၾကာင့္ တစ္ဦးေသဆုံးၿပီး တစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ပါဝင္တဲ့ ညီေနာင္မဟာမိတ္သုံးဖြဲ႕က လက္ေတြ႕က်တဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြကို စတင္ႏိုင္ဖို႔ဆိုၿပီး ႏွစ္ဦးႏွစ္ဘက္ အပစ္အခတ္ရပ္စဲဖို႔ တပ္မေတာ္ကိုကမ္းလွမ္းတဲ့ ေၾကျငာခ်က္တစ္ေစာင္ကို မေန႔ကရက္စြဲနဲ႔ ထုတ္ျပန္အၿပီး ေနာက္တစ္ေန႔မွာ အခုလို တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးကို ပုဏၰားကြၽန္းၿမိဳ႕ေဆး႐ုံကို ပို႔ေဆာင္ထားတယ္လို႔ ပုဏၰားကြၽန္းၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဦးထြန္းေမာင္က RFA ကိုေျပာပါတယ္။

“သူတို႔ႏွစ္ဦးက ႏွစ္ဘီးဆိုင္ကယ္နဲ႔ သြားၾကတာလို႔ ေျပာတယ္။ ႏွစ္ဘီးဆိုင္ကယ္ေမာင္းသူက ပုဏၰားကြၽန္း ၿမိဳ႕ေပၚကပဲ။ သူ႔နာမည္က ဝင္းႏိုင္စိုးပါ။ သူ႔မွာေတာ့ လည္ပင္းမွာတစ္ခ်က္ ရွပ္ထိသြားတာေပါ့။ ေနာက္တစ္ ခ်က္ကေတာ့ လက္ေမာင္းမွာထိသြားတယ္လို႔ ေျပာတယ္။ လက္ေမာင္းထဲ ေဖာက္ဝင္သြားတယ္ေပါ့။ ဆိုင္ကယ္ကယ္ရီေနာက္က လိုက္လာတဲ့သူကေတာ့ နားေတာင္းက်႐ြာကလို႔ ေျပာပါတယ္။ သူကေတာ့ ပြဲခ်င္းၿပီးေသဆုံးသြားတယ္။ ေနာက္ေစ့မွာထိၿပီးေတာ့ ဆုံးသြားတာ။ အခုသူတို႔ႏွစ္ဦးစလုံး ပုဏၰားကြၽန္း ေဆး႐ုံမွာ”

ေသဆုံးသူဟာ ပုဏားကြၽန္းၿမိဳ႕နယ္ နားေတာင္းက်ေက်း႐ြာက အသက္ ၃၅ ႏွစ္အ႐ြယ္ ဦးေဇာ္မင္းဦးျဖစ္ၿပီး ထိခိုက္ဒဏ္ရာရသူက ပုဏၰားကြၽန္းၿမိဳ႕ေပၚမွာ ေနထိုင္တဲ့ ဆိုင္ကယ္ ကယ္ရီေမာင္းသူ ကိုဝင္းႏိုင္စိုးျဖစ္တယ္လို႔ ဆိုပါတယ္။

ဆိုင္ကယ္ကယ္ရီနဲ႔ လမ္းမတိုင္း ထြက္လာရာမွာ မိုင္းခြဲတိုက္ခိုက္တာနဲ႔ႀကဳံရလို႔ ထိခိုက္ေသဆုံးတာလို႔ ၿမိဳ႕ခံေတြကေျပာၾကပါတယ္။

လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ၿမိဳ႕ခံတစ္ဦးက တပ္မေတာ္စစ္ေၾကာင္း မိုင္းခြဲတိုက္ခိုက္ခံရတဲ့ေနရာအနီးက ဆိုင္ခန္းေတြကို ပိတ္ထားလိုက္ရတယ္လို႔ေျပာပါတယ္။

“ၿမိဳ႕ထဲကေန မိုင္းႏွစ္လုံး ေပါက္ကြဲတာကိုၾကားရတယ္။ ကြၽန္ေတာ္နည္းနည္း စုံစမ္းၾကည့္လိုက္ေတာ့ ပုဏၰားကြၽန္းၿမိဳ႕အဝင္ ေရျဖဴကန္တံတားရဲ႕ထိပ္မွာလို႔ ၾကားမိတယ္ အဲဒီဗုံးေပါက္ကြဲတာေလ။ ကြၽန္ေတာ္ ၾကားရသေလာက္ တပ္မေတာ္စစ္ေၾကာင္းကို မိုင္းခြဲတာလို႔ၾကားတယ္။ လက္ရွိအေျခအေနကေတာ့ ပုဏၰားကြၽန္းၿမိဳ႕က အဲဒီမိုင္း‌ေပါက္ကြဲတဲ့ေနရာနားမွာ ဆိုင္ေတြရွိတယ္။ အဲဒီဆိုင္ေတြကိုပိတ္ၿပီးေတာ့ ၿမိဳ႕ထဲဘက္ကို ဝင္လာၾကတာတို႔ ဘာတို႔ေတာ့ ၾကားမိတယ္”

မိုင္းခြဲတိုက္ခိုက္တဲ့ေနရာဟာ ၿမိဳ႕အဝင္ေနရာမွာျဖစ္ၿပီ လူေနအေဆာက္အဦးေတြ၊ ဆိုင္ေတြနဲ႔နီးပါတယ္။

ၿမိဳ႕ခံတစ္ဦးျဖစ္တဲ့ ကိုသိန္းဝဏၰကေတာ့ လူေနရပ္ကြက္၊ ေက်း႐ြာေတြနဲ႔အနီးဆုံး ေနရာေတြအနီးမွာ တိုက္ခိုက္တာမျဖစ္ေစခ်င္ဘူးလို႔ ေျပာပါတယ္။

“ဒါေတြက ၿငိမ္းခ်မ္းယူႏိုင္ေအာင္ ေဆြးေႏြးၿပီးေတာ့ ၿမိဳ႕နဲ႔အနီးနားေတြမွာ မျဖစ္ေစခ်င္ဘူး ကြၽန္ေတာ္တို႔က။ ၿမိဳ႕လို႔မဟုတ္ဘူး နယ္ေတြမွာလည္း မျဖစ္ေစခ်င္ေတာ့ဘူး။ အဲဒါေၾကာင့္မို႔ အတတ္ႏိုင္ဆုံး ၿငိမ္းခ်မ္းေရး ယူလိုက္ပါ။ ကြၽန္ေတာ္တို႔လိုခ်င္တာ အဲဒါပါပဲ”

ဒီေန႔ တပ္မေတာ္စစ္ေၾကာင္း တိုက္ခိုက္ခံရတဲ့ကိစၥနဲ႔ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကို RFA က ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။

သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဒီေန႔ မနက္ ၁၁ နာရီေက်ာ္မွာ ပုဏၰားကြၽန္းအဝင္ ပင္းေခ်ာင္းတံတားအနီး ျပည္ေထာင္စုလမ္းမေပၚမွာ လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ စစ္ေၾကာင္း ကို ေအေအက မိုင္း ႏွစ္လုံးခြဲ တိုက္ခိုက္ခဲ့တာရွိေၾကာင္း၊ ဒီတိုက္ခိုက္မႈေၾကာင့္ တပ္မေတာ္သားတခ်ိဳ႕ ထိခိုက္ ဒဏ္ရာရခဲ့တာရွိေၾကာင္း RFA ကို အတည္ျပဳေျပာၾကားပါတယ္။

ဒါ့အျပင္ အခုလိုမိုင္းဆြဲတိုက္ခိုက္တာေတြေၾကာင့္ တုံ႔ျပန္ပစ္ခတ္ရင္ တပ္မေတာ္ကိုသာ အျပစ္ပုံခ်ေလ့ရွိေၾကာင္း၊ အခုလိုတိုက္ခိုက္မႈေတြေၾကာင့္ မေန႔က ထုတ္ျပန္တဲ့ အပစ္ခတ္ရပ္စြဲေရး ကမ္းလွမ္းခ်က္ဟာ ယုံၾကည့္ဖြယ္ရာမရွိေၾကာင္း၊ အၾကမ္းဖက္အဖြဲ႕ပီပီ ျပည္သူလူထုကို အကာကြယ္ယူၿပီး အၾကမ္းဖက္လုပ္ရပ္ေတြကို ဆက္လုပ္မွာသာျဖစ္ေၾကာင္းလည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဒီကိစၥေတြအပါအဝင္ အရပ္သားေတြနဲ႔ အနီးဆုံးေနရာေတြမွာ တိုက္ခိုက္တဲ့ကိစၥေတြနဲ႔ ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ေျပာခြင့္ရသူ ခိုင္သုခကို RFA က ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။

ဒါေပမဲ့ ဒီသတင္းေရးသားေနခ်ိန္အထိ AA ဘက္က တစ္စုံတစ္ရာ တုံ႔ျပန္ေျပာၾကားတာ မရွိေသးပါဘူး။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ အၾကား တိုက္ခိုက္မႈေတြဟာ ဒီေန႔အထိရွိေနသလို အရပ္သား ထိခိုက္ေသဆုံးမႈေတြကလည္း ေန႔စဥ္နဲ႔အမွ် ရွိေနဆဲပါ။

RFA က ရရွိထားတဲ့အခ်က္အလက္ေတြအရ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ၂၀၁၈ ဒီဇင္ဘာကေန ဒီေန႔ ဇြန္လ ၂ ရက္ေန႔အထိ ေသဆုံးတဲ့အရပ္သား ၂၅၇ ဦးနဲ႔ ထိခိုက္ဒဏ္ရာရသူ ေပါင္းက ၅၆၀ အထိ ရွိပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/aa-attack-army-ponnagyun-06022020060202.html
ပုဏ္ဏားကျွန်းမှာ တပ်မတော်စစ်ကြောင်းကို AA တိုက်ခိုက်၊ အရပ်သား တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ ပုဏ္ဏားကျွန်းမှာ တပ်မတော်စစ်ကြောင်းကို AA တိုက်ခိုက်၊ အရပ်သား တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.