IMF က အမေရိကန်ဒေါ်လာသန်း ၇ဝဝ ချေးရေး လွှတ်တော်အတည်ပြု


(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွက် မြင့်တက်လာမယ့် နိုင်ငံတော်ဘတ်ဂျတ်လိုငွေကို ဖြည့်ဆည်းနိုင်ဖို့  အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ဆီက အမေရိကန်ဒေါ်လာ သန်း ရ၀၀ ချေးမယ့်ကိစ္စကို မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

ဒီချေးငွေကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၆ ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ဆွေးနွေးခဲ့ကြပြီးနောက် မနေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒီချေးငွေကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မြင့်တက်လာမယ့် နိုင်ငံတော်ရဲ့ ဘတ်ဂျတ်လိုငွေကို ဖြည့်ဆည်းဖို့ အသုံးပြုမှာ ဖြစ်ပြီး အခြားချေးငွေတွေလို စီမံကိန်းတစ်ခု ၊ ကဏ္ဍတစ်ခုအတွက် အသုံးပြုဖို့မဟုတ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက IMF ချေးငွေနဲ့ပတ်သက်ပြီး လွှတ်တော်ကို မနေ့က ရှင်းလင်းရာမှာ  ပြောပါတယ်။

နိုင်ငံတော်ရဲ့ဘတ်ဂျတ်ဟာ နှစ်စဉ်လိုငွေပြတဲ့ ဘတ်ဂျက်နဲ့သွားနေတာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဘတ်ဂျတ်ဟာ ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် မူလ လျာထားချက်မှာ မပါဝင်တဲ့ အသုံးစရိတ်တွေ သုံးစွဲရတာကြောင့် သာမန်နှစ်တွေထက်ပိုပြီး လိုငွေပြမယ့်နှစ်ဖြစ်တယ်လို့လည်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကပြောပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ဘတ်ဂျတ်လိုငွေ ကျပ်ဘီလျံ  ၂၉၀၀ ကျော် ဖြည့်ဆည်းခဲ့ရပြီး ၂၀၁၉-၂၀၂၀ အတွက်ကို နှစ်စ ကိန်းဂဏန်းအရ ကျပ် ၆၅၅၅ ဘီလျံနဲ့ ဖြည့်ဆည်းဖို့ လျာထားတာဖြစ်ပါတယ်။  အစိုးရအနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ဘတ်ဂျတ်အနေနဲ့ ဘီလျံ ကျပ် ၂၆၀၀ ကျော်ကို လွှတ်တော်ကို ထပ်မံ တောင်းခံထားပြီး ဒီဘတ်ဂျတ်လိုငွေကို ဖြည့်ဆည်းဖို့ IMF ကနေ ချေးယူမှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့်  နိုင်ငံတော် ဘတ်ဂျတ်လိုငွေကို ဖြည့်ဆည်းရာမှာ အစိုးရငွေတိုက်စာချုပ်၊ အစိုးရငွေတိုက်လက်မှတ်နဲ့ မြန်မာနိုင်ငံဗဟိုဘဏ်ကနေ ငွေချေးယူတဲ့ နည်းလမ်း ၃ ခုနဲ့ ဆောင်ရွက်တာဖြစ်ပြီး IMF ချေးငွေက အဲ့ဒီ ပြည်တွင်းကြွေးမြီတွေထက် အတိုးနှုန်းသက်သာပြီး ချေးငွေ သက်တမ်းလည်း ရှည်ကြာကြောင်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကပြောပါတယ်။

လက်တလောမှာ ငွေချေးယူရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့  IMFနဲ့ ဆွေးနွေးနေကြောင်းနဲ့  IMF ထံကချေးငွေ လျှောက်ထားတဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်ရှိပြီး IMF ကအတည်ပြုတဲ့နိုင်ငံပေါင်း ၆၀ ကျော် ရှိတယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်ထိ နိုင်ငံတော်ရဲ့ ပြည်ပကြွေးမြီလက်ကျန်က အမေရိကန် ဒေါ်လာ ၁၀.၂၄၅ ဘီလျံရှိပါတယ်။

RFA Burmese
-----------------------------------
(Zawgyi)⤵⤵⤵
IMF က အေမရိကန္ေဒၚလာသန္း ၇ဝဝ ေခ်းေရး လႊတ္ေတာ္အတည္ျပဳ

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါအတြက္ ျမင့္တက္လာမယ့္ ႏိုင္ငံေတာ္ဘတ္ဂ်တ္လိုေငြကို ျဖည့္ဆည္းႏိုင္ဖို႔  အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြ အဖြဲ႕ IMF ဆီက အေမရိကန္ေဒၚလာ သန္း ရ၀၀ ေခ်းမယ့္ကိစၥကို မေန႔က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးက ကန႔္ကြက္သူမရွိ အတည္ျပဳလိုက္ပါတယ္။

ဒီေခ်းေငြကိစၥနဲ႔ ပတ္သက္ၿပီး တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ၆ ဦးအပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၁ ဦးက ေဆြးေႏြးခဲ့ၾကၿပီးေနာက္ မေန႔က ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳလိုက္တာျဖစ္ပါတယ္။

ဒီေခ်းေငြကို ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ျမင့္တက္လာမယ့္ ႏိုင္ငံေတာ္ရဲ႕ ဘတ္ဂ်တ္လိုေငြကို ျဖည့္ဆည္းဖို႔ အသုံးျပဳမွာ ျဖစ္ၿပီး အျခားေခ်းေငြေတြလို စီမံကိန္းတစ္ခု ၊ က႑တစ္ခုအတြက္ အသုံးျပဳဖို႔မဟုတ္ေၾကာင္း စီမံကိန္း၊ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက IMF ေခ်းေငြနဲ႔ပတ္သက္ၿပီး လႊတ္ေတာ္ကို မေန႔က ရွင္းလင္းရာမွာ  ေျပာပါတယ္။

ႏိုင္ငံေတာ္ရဲ႕ဘတ္ဂ်တ္ဟာ ႏွစ္စဥ္လိုေငြျပတဲ့ ဘတ္ဂ်က္နဲ႔သြားေနတာျဖစ္ၿပီး ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ဘတ္ဂ်တ္ဟာ ကို႐ိုနာဗိုင္းရပ္စ္ ဂယက္ေၾကာင့္ မူလ လ်ာထားခ်က္မွာ မပါ၀င္တဲ့ အသုံးစရိတ္ေတြ သုံးစြဲရတာေၾကာင့္ သာမန္ႏွစ္ေတြထက္ပိုၿပီး လိုေငြျပမယ့္ႏွစ္ျဖစ္တယ္လို႔လည္း ဒုဝန္ႀကီး ဦးေမာင္ေမာင္ဝင္းကေျပာပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္မွာ ဘတ္ဂ်တ္လိုေငြ က်ပ္ဘီလ်ံ  ၂၉၀၀ ေက်ာ္ ျဖည့္ဆည္းခဲ့ရၿပီး ၂၀၁၉-၂၀၂၀ အတြက္ကို ႏွစ္စ ကိန္းဂဏန္းအရ က်ပ္ ၆၅၅၅ ဘီလ်ံနဲ႔ ျဖည့္ဆည္းဖို႔ လ်ာထားတာျဖစ္ပါတယ္။  အစိုးရအေနနဲ႔ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ ျဖည့္စြက္ဘတ္ဂ်တ္အေနနဲ႔ ဘီလ်ံ က်ပ္ ၂၆၀၀ ေက်ာ္ကို လႊတ္ေတာ္ကို ထပ္မံ ေတာင္းခံထားၿပီး ဒီဘတ္ဂ်တ္လိုေငြကို ျဖည့္ဆည္းဖို႔ IMF ကေန ေခ်းယူမွာျဖစ္ပါတယ္။

ပုံမွန္အားျဖင့္  ႏိုင္ငံေတာ္ ဘတ္ဂ်တ္လိုေငြကို ျဖည့္ဆည္းရာမွာ အစိုးရေငြတိုက္စာခ်ဳပ္၊ အစိုးရေငြတိုက္လက္မွတ္နဲ႔ ျမန္မာႏိုင္ငံဗဟိုဘဏ္ကေန ေငြေခ်းယူတဲ့ နည္းလမ္း ၃ ခုနဲ႔ ေဆာင္႐ြက္တာျဖစ္ၿပီး IMF ေခ်းေငြက အဲ့ဒီ ျပည္တြင္းေႂကြးၿမီေတြထက္ အတိုးႏႈန္းသက္သာၿပီး ေခ်းေငြ သက္တမ္းလည္း ရွည္ၾကာေၾကာင္း ဒုဝန္ႀကီး ဦးေမာင္ေမာင္ဝင္းကေျပာပါတယ္။

လက္တေလာမွာ ေငြေခ်းယူေရးကိစၥနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံအေနနဲ႔  IMFနဲ႔ ေဆြးေႏြးေနေၾကာင္းနဲ႔  IMF ထံကေခ်းေငြ ေလွ်ာက္ထားတဲ့ ႏိုင္ငံေပါင္း ၁၀၀ ေက်ာ္ရွိၿပီး IMF ကအတည္ျပဳတဲ့ႏိုင္ငံေပါင္း ၆၀ ေက်ာ္ ရွိတယ္လို႔ သိရပါတယ္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလကုန္ထိ ႏိုင္ငံေတာ္ရဲ႕ ျပည္ပေႂကြးၿမီလက္က်န္က အေမရိကန္ ေဒၚလာ ၁၀.၂၄၅ ဘီလ်ံရွိပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
IMF က အမေရိကန်ဒေါ်လာသန်း ၇ဝဝ ချေးရေး လွှတ်တော်အတည်ပြု IMF က အမေရိကန်ဒေါ်လာသန်း ၇ဝဝ ချေးရေး လွှတ်တော်အတည်ပြု Reviewed by THITHTOOLWIN on 04:57 Rating: 5
Powered by Blogger.